တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဧၿပီ – ၁၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးကာလာဒါရ္(ခ)ဦးေမာင္၀င္း ဦးေဆာင္ သည့္အဖြဲ႕အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ ေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံလုံးဆုိင္ရာေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕ခ်ဳပ္ ဥကၠ႒ႏွင့္အတူ နာယကဦးေမာ္နီလားလ္ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သမုိင္းတြင္ ေဂၚရခါးလူမ်ိဳးတပ္မေတာ္သားမ်ားသည္ သစၥာရွိစြာ၊ ရဲ၀ံ့စြန္႔စားစြာ ထူးထူးျခားျခား တာ၀န္ထမ္းေဆာင္ၾကသည့္ အစဥ္အလာေကာင္းရွိသူမ်ားျဖစ္ေၾကာင္း၊ စြမ္းရည္သတၱိ ဆုိင္ရာ အျမင့္ဆုံးဘြဲ႕တံဆိပ္ျဖစ္ေသာ ေအာင္ဆန္းသူရိယဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ခံရသူအထိ ပါ၀င္ခဲ့ၿပီး ယခုတုိင္စစ္မႈထမ္းဆဲအရာရွိ၊ စစ္သည္မ်ားစြာရွိေနသျဖင့္ဂုဏ္ယူပါေၾကာင္း၊ ေဂၚရခါးလူမ်ိဳးမ်ား၏ မူရင္းေဒသျဖစ္ေသာ နီေပါဖက္ဒေရးရွင္းသမၼတႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံတုိ႔သည္ မိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္ၾကေၾကာင္း၊ နီေပါႏုိင္ငံသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းက ခ်စ္ၾကည္ေရးခရီးစဥ္သြားေရာက္ခဲ့ၿပီး ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ ရင္းႏွီးမႈမ်ားတုိးျမႇင့္ေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္းဦးစြာေျပာၾကားသည္။

ျမန္မာႏုိင္ငံလုံးဆုိင္ရာ ေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕ခ်ဳပ္ဥကၠ႒က ျမန္မာသကၠရာဇ္ ၁၃၈၀ ျပည့္ႏွစ္၊ ႏွစ္သစ္ကူးအခါသမယတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္သားမ်ား၊ မိသားစု၀င္မ်ားအားလုံးစိတ္၏ခ်မ္းသာျခင္း၊ ကုိယ္၏က်န္းမာျခင္း မ်ားႏွင့္ျပည့္စုံ၍ ႏုိင္ငံတာ၀န္မ်ားေအာင္ျမင္စြာ ထမ္းေဆာင္ႏုိင္ၾကပါေစရန္ ဆုမြန္ေကာင္းေတာင္းပါေၾကာင္း၊ မိမိတို႔အဖြဲ႕သည္ ျမန္မာႏုိင္ငံတစ္၀န္းလုံးရွိ ေဂၚရခါး လူမ်ိဳးမ်ားအားလုံးကုိကုိယ္စားျပဳေသာ ႏုိင္ငံေတာ္မွတရား၀င္အသိအမွတ္ျပဳထားသည့္ အဖြဲ႕ျဖစ္ပါေၾကာင္း၊ ေဂၚရခါးလူမ်ိဳးမ်ားသည္ေအးခ်မ္း႐ုိးသားစြာ ေနထုိင္လုပ္ကုိင္ၾက၍ တပ္မေတာ္တြင္လည္း ႐ုိးသား၊ သစၥာရွိစြာတာ၀န္ထမ္းေဆာင္ျခင္း၊ ႏုိင္ငံေတာ္အေပၚ တြင္လည္း သစၥာေစာင့္သိ႐ုိေသျခင္း အစဥ္အလာေကာင္းတုိ႔ကုိ ယေန႔ထက္တုိင္ ထိန္းသိမ္းလ်က္ရွိပါေၾကာင္းျပန္လည္ေျပာၾကားသည္။

ထုိ႔ေနာက္ ျမန္မာႏုိင္ငံတြင္ ျမန္မာ-နီေပါခ်စ္ၾကည္ေရးအသင္း ဖြဲ႕စည္းေဆာင္ရြက္ ႏုိင္မည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရးႏွင့္ အျပန္အလွန္ကုန္သြယ္မႈ၊ ခရီးသြားလုပ္ငန္းမ်ားတုိးျမႇင့္ေဆာင္ရြက္ႏုိင္မည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံအတြင္း မည္သူမဆုိ တရားဥပေဒႏွင့္အညီ ေအးခ်မ္းစြာေနထုိင္ႏုိင္သည့္အေျခအေနမ်ားအား အျပန္အလွန္ ရင္းႏွီးခင္မင္စြာ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံလုံးဆုိင္ရာ ေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕ခ်ဳပ္ ဥကၠ႒ႏွင့္ အဖြဲ႕၀င္ မ်ားအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး ျမန္မာႏုိင္ငံလုံးဆုိင္ရာေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕ခ်ဳပ္ဥကၠ႒က တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္အား လက္ေဆာင္ပစၥည္းမ်ားျပန္လည္ေပးအပ္သည္။ ထုိ႔ေနာက္အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ – ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကာလာဒါရ်(ခ)ဦးမောင်ဝင်း ဦးဆောင် သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ နာယကဦးမော်နီလားလ်နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သမိုင်းတွင် ဂေါ်ရခါးလူမျိုးတပ်မတော်သားများသည် သစ္စာရှိစွာ၊ ရဲဝံ့စွန့်စားစွာ ထူးထူးခြားခြား တာဝန်ထမ်းဆောင်ကြသည့် အစဉ်အလာကောင်းရှိသူများဖြစ်ကြောင်း၊ စွမ်းရည်သတ္တိ ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော အောင်ဆန်းသူရိယဘွဲ့တံဆိပ် ချီးမြှင့်ခံရသူအထိ ပါ၀င်ခဲ့ပြီး ယခုတိုင်စစ်မှုထမ်းဆဲအရာရှိ၊ စစ်သည်များစွာရှိနေသဖြင့်ဂုဏ်ယူပါကြောင်း၊ ဂေါ်ရခါးလူမျိုးများ၏ မူရင်းဒေသဖြစ်သော နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြကြောင်း၊ နီပေါနိုင်ငံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုများတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်းဦးစွာပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်ဥက္ကဋ္ဌက မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ နှစ်သစ်ကူးအခါသမယတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများ၊ မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနှင့်ပြည့်စုံ၍ နိုင်ငံတာဝန်များအောင်မြင်စွာ ထမ်းဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ မိမိတို့အဖွဲ့သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဂေါ်ရခါး လူမျိုးများအားလုံးကိုကိုယ်စားပြုသော နိုင်ငံတော်မှတရားဝင်အသိအမှတ်ပြုထားသည့် အဖွဲ့ဖြစ်ပါကြောင်း၊ ဂေါ်ရခါးလူမျိုးများသည်အေးချမ်းရိုးသားစွာ နေထိုင်လုပ်ကိုင်ကြ၍ တပ်မတော်တွင်လည်း ရိုးသား၊ သစ္စာရှိစွာတာဝန်ထမ်းဆောင်ခြင်း၊ နိုင်ငံတော်အပေါ် တွင်လည်း သစ္စာစောင့်သိရိုသေခြင်း အစဉ်အလာကောင်းတို့ကို ယနေ့ထက်တိုင် ထိန်းသိမ်းလျက်ရှိပါကြောင်းပြန်လည်ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတွင် မြန်မာ-နီပေါချစ်ကြည်ရေးအသင်း ဖွဲ့စည်းဆောင်ရွက် နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အပြန်အလှန်ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း မည်သူမဆို တရားဥပဒေနှင့်အညီ အေးချမ်းစွာနေထိုင်နိုင်သည့်အခြေအနေများအား အပြန်အလှန် ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်ဥက္ကဋ္ဌက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား လက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်သည်။ ထို့နောက်အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။