စစ်လက်နက်ပစ္စည်းများနှင့် ယန္တရားများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် တပ်မတော်လျှပ်စစ်နှင့်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေဖြင့် အင်ပြည့်အားပြည့်ဖြင့်ဆောင်ရွက် နိုင်ရမည်ဖြစ်

ေနျပည္ေတာ္၊ ဧၿပီ  ၂၇

တပ္မေတာ္သည္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ကုိထမ္းေဆာင္လ်က္ရွိၿပီး ထုိသုိ႔ကာကြယ္ေရးတာ၀န္မ်ား ထမ္းေဆာင္ခ်ိန္၌ တပ္မေတာ္တြင္အသုံးျပဳသည့္ စစ္လက္နက္မ်ား၊ ယႏၲရားမ်ားႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားအား စြမ္းအားျပည့္အသုံးျပဳ ႏုိင္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အသုံးျပဳသည့္ စစ္လက္နက္ပစၥည္းမ်ား စစ္ဆင္ေရးတာ၀န္ ထမ္းေဆာင္ခ်ိန္တြင္ ခ်ိဳ႕ယြင္းမႈမ်ားရွိပါကဆုံး႐ႈံးမႈမ်ားျဖစ္ေပၚႏုိင္ေၾကာင္း၊ ထုိကဲ့သုိ႔ ခ်ိဳ႕ယြင္းခ်က္မ်ားမျဖစ္ေပၚေစေရးအတြက္ ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ေနရသည့္ တပ္မေတာ္လွ်ပ္စစ္ႏွင့္အင္ဂ်င္နီယာတပ္ဖြဲ႕သည္ အေရးႀကီးသည့္ က႑တြင္ပါ၀င္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ျပင္ဦးလြင္တပ္နယ္ရွိ တပ္မေတာ္လွ်ပ္စစ္ႏွင့္ စက္မႈအင္ဂ်င္နီယာ ေက်ာင္းမွ နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစု၀င္မ်ားအား ယေန႔နံနက္ပုိင္းတြင္ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျပင္ဦးလြင္တပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစု၀င္မ်ား တက္ေရာက္ ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ စစ္လက္နက္ပစၥည္းမ်ားႏွင့္ ယႏၲရားမ်ား ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားအား စဥ္ဆက္မျပတ္ေဆာင္ရြက္ေနသည့္ တပ္မေတာ္လွ်ပ္စစ္ႏွင့္အင္ဂ်င္နီယာ တပ္ဖြဲ႕၀င္မ်ား အေနျဖင့္အင္ျပည့္အားျပည့္ျဖင့္ေဆာင္ရြက္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔သင္ၾကား ေပးလုိက္သည့္ သင္တန္းသားမ်ားအရည္အခ်င္းျပည့္၀ေစရန္အတြက္ အေျခခံမွစ၍ အဆင့္လုိက္ျမႇင့္တင္ ေလ့က်င့္ေပးရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရန္အတြက္ လုိအပ္သည့္သင္ေထာက္ကူ ေလ့က်င့္ေရး ပစၥည္းမ်ားအား ျဖည့္ဆည္းေဆာင္ရြက္ေပး ထားေၾကာင္း၊ နည္းျပမ်ားအေနျဖင့္လည္းမိမိတုိ႔ ကုိယ္တုိင္ တတ္ကြၽမ္းမႈရွိၿပီး သင္တန္းသား မ်ားအားတတ္ကြၽမ္းသည္အထိစနစ္တက်သင္ၾကား ေလ့က်င့္ေပးရန္လုိအပ္ၿပီး စြမ္းရည္ ျပည့္၀သည့္တပ္ဖြဲ႕တစ္ခုျဖစ္ေအာင္ေဆာင္ရြက္ရန္လုိေၾကာင္း၊ ထုိ႔အတူေခတ္ႏွင့္အညီ တုိးတက္ ေျပာင္းလဲလ်က္ရွိသည့္ နည္းပညာမ်ားအားမျပတ္ေလ့လာၿပီးမြမ္းမံသင္တန္းမ်ား ဖြင့္လွစ္၍ျမႇင့္တင္ေဆာင္ရြက္ ေနရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တာ၀န္ထမ္းေဆာင္မႈႏွင့္ပတ္သက္၍ မိမိတုိ႔တပ္မေတာ္သားမ်ားသည္ မိမိတုိ႔သေဘာ ဆႏၵအ ေလွ်ာက္ တပ္မေတာ္အတြင္း၀င္ေရာက္တာ၀န္ထမ္းေဆာင္ၾက သူမ်ားျဖစ္သျဖင့္ သတ္မွတ္ထားသည့္ စစ္မႈထမ္းသက္ျပည့္ေအာင္ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ မည္သူမဆုိသတ္မွတ္ခ်က္မ်ားႏွင့္ အညီတာ၀န္ ထမ္းေဆာင္ႏုိင္ခြင့္ရွိေၾကာင္း၊ မိမိတုိ႔လွ်ပ္စစ္ႏွင့္စက္မႈအင္ဂ်င္နီယာတပ္ဖြဲ႕မွအရာရွိ၊ စစ္သည္မ်ားအားပညာ ရွင္မ်ား ျဖစ္ေအာင္ တပ္မေတာ္မွႏွစ္ကာလမ်ားစြာအခ်ိန္ေပး၍ ေလ့က်င့္ေပးထားရသျဖင့္ သက္ျပည့္သည္အထိ တာ၀န္ထမ္းေဆာင္ၿပီး တပ္မေတာ္ကုိျပန္လည္အက်ိဳးျပဳေစလုိေၾကာင္း၊ ထုိ႔အတူအာဟာရျပည့္၀သည့္ ရိကၡာ မ်ားျပည့္၀စြာရရွိေရးအတြက္ ေဆာင္ရြက္ေပးထားေၾကာင္း၊ မိသားစုသက္သာေခ်ာင္ခ်ိေရးအတြက္ တစ္ဖက္ တစ္လမ္းမွအေထာက္အကူျပဳႏုိင္သည့္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးႏွင့္ တစ္ပုိင္တစ္ႏုိင္စုိက္ ပ်ိဳးေမြးျမဴေရးလုပ္ ငန္းမ်ားကုိလည္းေဆာင္ရြက္ရန္လုိေၾကာင္း၊ အလားတူမိမိတုိ႔၏၀င္ေငြႏွင့္ထြက္ေငြကုိလည္း မွ်တစြာသုံးစြဲရန္ လုိၿပီး မိမိကုိယ္တုိင္ႏွင့္ မိသားစုအားထိခုိက္ေစႏုိင္သည့္ အရက္ေသစာေသာက္စားျခင္းႏွင့္ အေပ်ာ္အပါး လုိက္စားမႈမ်ားကုိဆင္ျခင္တုံတရားျဖင့္ေရွာင္က်ဥ္ရန္လုိေၾကာင္းမွာၾကားသည္။

ယင္းေနာက္ အရည္အေသြးျပည့္မီသည့္ စစ္၀တ္ပစၥည္းမ်ားအား တပ္မေတာ္စက္႐ုံမ်ားမွထုတ္လုပ္ၿပီး သတ္မွတ္ခ်က္မ်ားႏွင့္အညီ ထုတ္ေပးလ်က္ရွိေၾကာင္း၊ ေနေရးအတြက္အဆင္ေျပေစရန္ အတြက္လည္း အေဆာက္အဦမ်ားျပည့္စုံ ေအာင္ေဆာက္လုပ္ထားရွိေပးလ်က္ရွိေၾကာင္း၊ ထုိ႔အတူတပ္မေတာ္သားမ်ား ပညာရည္ ျမင့္မားေရးအတြက္လည္း စီမံခ်က္မ်ားခ်မွတ္ၿပီးေဆာင္ရြက္ခဲ့ေၾကာင္း၊ မွီခုိသူ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ပညာရည္ျမင့္မားေရးအတြက္လည္း တပ္မေတာ္က တစ္ဖက္တစ္လမ္းမွ ေထာက္ပံ့ေပး ထားေၾကာင္း၊ မိမိတို႔မိဘမ်ားအေနျဖင့္လည္း သားသမီးမ်ားအားပညာအေမြေပးရန္လုိ္ၿပီး ပညာတတ္မွသာ မိမိတုိ႔၏သားသမီးမ်ားသည္ ကုိယ္တုိင္ရပ္တည္ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ကုိယ္တုိင္လည္း အသိပညာမ်ား တုိးတက္ေစရန္အတြက္စာဖတ္ရန္လုိေၾကာင္း၊ သုိ႔မွသာမိမိတုိ႔ဘ၀တုိးတက္မည္ ျဖစ္ေၾကာင္း၊ အလားတူက်န္းမာေရးႏွင့္ပတ္သက္၍ တပ္မေတာ္တြင္တပ္သားသစ္ စတင္၀င္ေရာက္ခ်ိန္မွစ၍ က်န္းမာေရး စစ္ေဆးမႈမ်ားျပဳလုပ္ေၾကာင္း၊ တပ္မေတာ္မွအရာရွိ၊ စစ္သည္မ်ားအားအဆင့္လုိက္သင္တန္းမ်ားတြင္ က်န္းမာေရးစစ္ေဆး ျခင္းမ်ားျပဳလုပ္ေပးလ်က္ရွိေၾကာင္း၊ မိမိတုိ႔၏က်န္းမာေရးေကာင္းမြန္ေစရန္အတြက္လည္း ကုိယ္တုိင္က်န္းမာေရးႏွင့္ေလ်ာ္ညီစြာေနထုိင္စားေသာက္ရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းေက်ာင္းမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ ေရႊဖီဦးအသင့္ေဖ်ာ္လက္ဘက္ရည္ထုတ္မ်ားအားေပးအပ္ရာ ေက်ာင္းအုပ္ႀကီးကလက္ခံရယူသည္။ ၎ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက သင္တန္းေက်ာင္းရွိ မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိေပးအပ္ရာ ေက်ာင္းအုပ္ႀကီး၏ဇနီးကလက္ခံရယူသည္။ ယင္းေနာက္ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္က သုတ/ရသ စာအုပ္စာေစာင္မ်ား ကုိလည္းေကာင္း၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက အားကစားပစၥည္းမ်ားကုိလည္းေကာင္း အသီးသီး ေပးအပ္ရာတာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ ဆက္ၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ယာဥ္ျပင္သင္တန္းလက္ေတြ႕သ႐ုပ္ျပခန္းအတြင္းရွိ သ႐ုပ္ျပေမာ္ေတာ္ယာဥ္ အစိတ္အပုိင္း မ်ားအားလွည့္လည္ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားကလုိက္လံရွင္းလင္းတင္ျပၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အနီးစခန္း ေတာင္စလင္း ဓာတ္ေတာ္ ေက်ာင္းတုိက္သုိ႔ေရာက္ရွိၾကၿပီး ဒုတိယတုိက္အုပ္ဆရာေတာ္ ဘဒၵႏၲေနမိႏၵအား ဖူးေျမာ္ၾကည္ညိဳ၍ ဗုဒၶျမတ္ စြာဘုရား၏ ဓာတ္ေတာ္မ်ားအားဖူးေျမာ္ ၾကည္ည္ိဳၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ မဟာဓာတုေစတီေတာ္ျမတ္ႀကီးအတြင္းရွိ ဗုဒၶ႐ုပ္ ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ သစ္သီးႏွင့္ ဆီမီးမ်ားကပ္လွဴပူေဇာ္ၿပီးဖူးေျမာ္ၾကည္ညိဳသည္။ ထုိ႔ေနာက္ ေစတီေတာ္ႀကီး အတြင္းလွည့္လည္ၾကည့္႐ႈခဲ့သည္။

 

(Unicode Version)

စစ်လက်နက်ပစ္စည်းများနှင့် ယန္တရားများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် တပ်မတော်လျှပ်စစ်နှင့်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေဖြင့် အင်ပြည့်အားပြည့်ဖြင့်ဆောင်ရွက် နိုင်ရမည်ဖြစ်

နေပြည်တော်၊ ဧပြီ ၂၇

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်လျက်ရှိပြီး ထိုသို့ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ချိန်၌ တပ်မတော်တွင်အသုံးပြုသည့် စစ်လက်နက်များ၊ ယန္တရားများနှင့် အသုံးအဆောင် ပစ္စည်းများအား စွမ်းအားပြည့်အသုံးပြု နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အသုံးပြုသည့် စစ်လက်နက်ပစ္စည်းများ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ချိန်တွင် ချို့ယွင်းမှုများရှိပါကဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ ထိုကဲ့သို့ ချို့ယွင်းချက်များမဖြစ်ပေါ်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရသည့် တပ်မတော်လျှပ်စစ်နှင့်အင်ဂျင်နီယာတပ်ဖွဲ့သည် အရေးကြီးသည့် ကဏ္ဍတွင်ပါ၀င်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ နည်းပြအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်လက်နက်ပစ္စည်းများနှင့် ယန္တရားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် တပ်မတော်လျှပ်စစ်နှင့်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ အနေဖြင့်အင်ပြည့်အားပြည့်ဖြင့်ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့သင်ကြား ပေးလိုက်သည့် သင်တန်းသားများအရည်အချင်းပြည့်ဝစေရန်အတွက် အခြေခံမှစ၍ အဆင့်လိုက်မြှင့်တင် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် လိုအပ်သည့်သင်ထောက်ကူ လေ့ကျင့်ရေး ပစ္စည်းများအား ဖြည့်ဆည်းဆောင်ရွက်ပေး ထားကြောင်း၊ နည်းပြများအနေဖြင့်လည်းမိမိတို့ ကိုယ်တိုင် တတ်ကျွမ်းမှုရှိပြီး သင်တန်းသား များအားတတ်ကျွမ်းသည်အထိစနစ်တကျသင်ကြား လေ့ကျင့်ပေးရန်လိုအပ်ပြီး စွမ်းရည် ပြည့်ဝသည့်တပ်ဖွဲ့တစ်ခုဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလျက်ရှိသည့် နည်းပညာများအားမပြတ်လေ့လာပြီးမွမ်းမံသင်တန်းများ ဖွင့်လှစ်၍မြှင့်တင်ဆောင်ရွက် နေရမည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ မိမိတို့တပ်မတော်သားများသည် မိမိတို့သဘော ဆန္ဒအ လျှောက် တပ်မတော်အတွင်းဝင်ရောက်တာဝန်ထမ်းဆောင်ကြ သူများဖြစ်သဖြင့် သတ်မှတ်ထားသည့် စစ်မှုထမ်းသက်ပြည့်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မည်သူမဆိုသတ်မှတ်ချက်များနှင့် အညီတာဝန် ထမ်းဆောင်နိုင်ခွင့်ရှိကြောင်း၊ မိမိတို့လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ဖွဲ့မှအရာရှိ၊ စစ်သည်များအားပညာ ရှင်များ ဖြစ်အောင် တပ်မတော်မှနှစ်ကာလများစွာအချိန်ပေး၍ လေ့ကျင့်ပေးထားရသဖြင့် သက်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီး တပ်မတော်ကိုပြန်လည်အကျိုးပြုစေလိုကြောင်း၊ ထို့အတူအာဟာရပြည့်ဝသည့် ရိက္ခာ များပြည့်ဝစွာရရှိရေးအတွက် ဆောင်ရွက်ပေးထားကြောင်း၊ မိသားစုသက်သာချောင်ချိရေးအတွက် တစ်ဖက် တစ်လမ်းမှအထောက်အကူပြုနိုင်သည့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်စိုက် ပျိုးမွေးမြူရေးလုပ် ငန်းများကိုလည်းဆောင်ရွက်ရန်လိုကြောင်း၊ အလားတူမိမိတို့၏ဝင်ငွေနှင့်ထွက်ငွေကိုလည်း မျှတစွာသုံးစွဲရန် လိုပြီး မိမိကိုယ်တိုင်နှင့် မိသားစုအားထိခိုက်စေနိုင်သည့် အရက်သေစာသောက်စားခြင်းနှင့် အပျော်အပါး လိုက်စားမှုများကိုဆင်ခြင်တုံတရားဖြင့်ရှောင်ကျဉ်ရန်လိုကြောင်းမှာကြားသည်။

ယင်းနောက် အရည်အသွေးပြည့်မီသည့် စစ်ဝတ်ပစ္စည်းများအား တပ်မတော်စက်ရုံများမှထုတ်လုပ်ပြီး သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ နေရေးအတွက်အဆင်ပြေစေရန် အတွက်လည်း အဆောက်အဦများပြည့်စုံ အောင်ဆောက်လုပ်ထားရှိပေးလျက်ရှိကြောင်း၊ ထို့အတူတပ်မတော်သားများ ပညာရည် မြင့်မားရေးအတွက်လည်း စီမံချက်များချမှတ်ပြီးဆောင်ရွက်ခဲ့ကြောင်း၊ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများ၏ပညာရည်မြင့်မားရေးအတွက်လည်း တပ်မတော်က တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေး ထားကြောင်း၊ မိမိတို့မိဘများအနေဖြင့်လည်း သားသမီးများအားပညာအမွေပေးရန်လို်ပြီး ပညာတတ်မှသာ မိမိတို့၏သားသမီးများသည် ကိုယ်တိုင်ရပ်တည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း အသိပညာများ တိုးတက်စေရန်အတွက်စာဖတ်ရန်လိုကြောင်း၊ သို့မှသာမိမိတို့ဘဝတိုးတက်မည် ဖြစ်ကြောင်း၊ အလားတူကျန်းမာရေးနှင့်ပတ်သက်၍ တပ်မတော်တွင်တပ်သားသစ် စတင်ဝင်ရောက်ချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ကြောင်း၊ တပ်မတော်မှအရာရှိ၊ စစ်သည်များအားအဆင့်လိုက်သင်တန်းများတွင် ကျန်းမာရေးစစ်ဆေး ခြင်းများပြုလုပ်ပေးလျက်ရှိကြောင်း၊ မိမိတို့၏ကျန်းမာရေးကောင်းမွန်စေရန်အတွက်လည်း ကိုယ်တိုင်ကျန်းမာရေးနှင့်လျော်ညီစွာနေထိုင်စားသောက်ရန်လိုကြောင်းမှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ရွှေဖီဦးအသင့်ဖျော်လက်ဘက်ရည်ထုတ်များအားပေးအပ်ရာ ကျောင်းအုပ်ကြီးကလက်ခံရယူသည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက သင်တန်းကျောင်းရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီး၏ဇနီးကလက်ခံရယူသည်။ ယင်းနောက်ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်က သုတ/ရသ စာအုပ်စာစောင်များ ကိုလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အားကစားပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယာဉ်ပြင်သင်တန်းလက်တွေ့သရုပ်ပြခန်းအတွင်းရှိ သရုပ်ပြမော်တော်ယာဉ် အစိတ်အပိုင်း များအားလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အနီးစခန်း တောင်စလင်း ဓာတ်တော် ကျောင်းတိုက်သို့ရောက်ရှိကြပြီး ဒုတိယတိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒအား ဖူးမြော်ကြည်ညို၍ ဗုဒ္ဓမြတ် စွာဘုရား၏ ဓာတ်တော်များအားဖူးမြော် ကြည်ည်ိုကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် မဟာဓာတုစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ် ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ သစ်သီးနှင့် ဆီမီးများကပ်လှူပူဇော်ပြီးဖူးမြော်ကြည်ညိုသည်။ ထို့နောက် စေတီတော်ကြီး အတွင်းလှည့်လည်ကြည့်ရှုခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။