တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းရှင် များနှင့်တွေ့ဆုံ၊ ပြင်ဦးလွင်နန်းမြိုင်ကော်ဖီစက်ရုံအား ကြည့်ရှု စစ်ဆေး
နေပြည်တော်၊ ဧပြီ ၂၇
ထိုသို့တွေ့ဆုံစဉ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတစ်ခု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတကာဈေးကွက်ဝင်ထုတ်ကုန် ပစ္စည်းရှိရန်လိုကြောင်း၊ ၎င်းတို့အနက် ကော်ဖီ စိုက်ပျိုး၍ထုတ်လုပ်ရောင်းချခြင်းမှာလည်း တစ်ခုအပါအ၀င်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်ပသို့တင်ပို့နိုင်ရန် အတွက် အရည်အသွေးပြည့်မီသည့်ကော်ဖီများထုတ်လုပ်နိုင်ရေး လိုအပ်သည့်သတင်းအချက်အလက်များ ရရှိနိုင်ရန် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အကြံပြုဆွေးနွေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့အပြင် ပြင်ဦးလွင်မြို့သည် နှစ်ရှည်စိုက်ပျိုးရေးနှင့်ပတ်သက်၍ထင်ရှားသည့် မြို့ဖြစ်ကြောင်း၊ ယခင်က မက်မန်း၊ ထောပတ်၊ ကော်ဖီ၊ မုန်လာဥနီ၊ မေမြို့ပန်းတို့သည် ထင်ရှား သည့်စိုက်ပျိုးရေး ထုတ်ကုန်များ ဖြစ်ကြောင်း၊ အဆိုပါထုတ်ကုန်များအားအရည်အသွေး ကောင်းမွန်တိုးတက်အောင် ပြန်လည်သုတေသနပြု စိုက်ပျိုးစေလိုကြောင်း၊ မြန်မာနိုင်ငံတွင်ပန်းမျိုးစုံနှင့်ပတ်သက်၍ ပင်လောင်း၊ ကလော-အောင်ပန်းဒေသ၊ ပြင်ဦးလွင်ဒေသနှင့် လားရှိုးဒေသများတွင် ပန်းများစိုက်ပျိုးထုတ်လုပ်လျက်ရှိသော်လည်း ယခုအခါတွင် ပြည်ပမှ ပန်းမျိုးစုံဝင်ရောက်လာခြင်းကြောင့် ဒေသထွက်ပန်းများဈေးကွက်၌ ဈေးနှုန်းကျဆင်းလာသဖြင့် ဒေသထွက် ပန်းများအား ပြည်ပမှပန်းများထက် အပွင့်လှပခြင်းနှင့်အမွှေးရနံ့ ပိုမိုသာလွန်အောင် သုတေသနပြု ဆောင်ရွက် စေလို ကြောင်းအကြံပြုပြောကြားခဲ့သည်။
ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရိက္ခာပေးသွင်းမှုအပြင် ပြင်ပသို့ သက်သာသောဈေးဖြင့်ရောင်းချ၍ နိုင်ငံ့စီးပွားရေး ကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ရေး၊ ထုတ်ကုန်ပစ္စည်း၏ အရည်အသွေးအားစဉ်ဆက်မပြတ်ထိန်းသိမ်းရေး၊ ဈေးကွက်အား စဉ်ဆက် မပြတ်လေ့လာပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရေးမှာကြားသည်။
(Unicode Version )
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းရှင် များနှင့်တွေ့ဆုံ၊ ပြင်ဦးလွင်နန်းမြိုင်ကော်ဖီစက်ရုံအား ကြည့်ရှု စစ်ဆေး
နေပြည်တော်၊ ဧပြီ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများလိုက်ပါပြီး ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်ရွှေပုဇွန်ကော်ဖီခြံ၌တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတစ်ခု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတကာစျေးကွက်ဝင်ထုတ်ကုန် ပစ္စည်းရှိရန်လိုကြောင်း၊ ၎င်းတို့အနက် ကော်ဖီ စိုက်ပျိုး၍ထုတ်လုပ်ရောင်းချခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်ပသို့တင်ပို့နိုင်ရန် အတွက် အရည်အသွေးပြည့်မီသည့်ကော်ဖီများထုတ်လုပ်နိုင်ရေး လိုအပ်သည့်သတင်းအချက်အလက်များ ရရှိနိုင်ရန် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အကြံပြုဆွေးနွေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းရှင်များက ကော်ဖီစိုက်ပျိုး ထုတ်လုပ် နေမှုအခြေအနေများ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဆောင်ရွက်ပေးစေလိုသည့်အကြံပြုချက်များအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိရရှိ ထားသော အရည်အသွေးအားထိန်းသိမ်း၍ အရေအတွက်တိုးတက်အောင်ထုတ်လုပ် ကြစေလိုကြောင်း၊ အရည် အသွေးချင်းတူက စျေးနှုန်းသက်သာရမည်ဖြစ်ကြောင်း၊ ထို့အတူစျေးနှုန်းချင်းတူက အရည်အသွေးပိုမို ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းတိုင်း၏အခြေခံလိုအပ်ချက်ဖြစ်သော မျိုး ၊ နည်းပညာ၊ မြေနှင့်ရေတို့ကို စိုက်ပျိုးသည့် သီးနှံနှင့်ကိုက်ညီအောင်ဆောင်ရွက်စေလိုကြောင်း၊ ဓာတုဗေဒဆေးဝါးများသုံးစွဲ မှုကင်းရှင်းပြီး အော်ဂဲနစ်ကော်ဖီထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းသွားစေလို်ကြောင်း အကြံပြုဆွေးနွေး သည်။
ထို့အပြင် ပြင်ဦးလွင်မြို့သည် နှစ်ရှည်စိုက်ပျိုးရေးနှင့်ပတ်သက်၍ထင်ရှားသည့် မြို့ဖြစ်ကြောင်း၊ ယခင်က မက်မန်း၊ ထောပတ်၊ ကော်ဖီ၊ မုန်လာဥနီ၊ မေမြို့ပန်းတို့သည် ထင်ရှား သည့်စိုက်ပျိုးရေး ထုတ်ကုန်များ ဖြစ်ကြောင်း၊ အဆိုပါထုတ်ကုန်များအားအရည်အသွေး ကောင်းမွန်တိုးတက်အောင် ပြန်လည်သုတေသနပြု စိုက်ပျိုးစေလိုကြောင်း၊ မြန်မာနိုင်ငံတွင်ပန်းမျိုးစုံနှင့်ပတ်သက်၍ ပင်လောင်း၊ ကလော-အောင်ပန်းဒေသ၊ ပြင်ဦးလွင်ဒေသနှင့် လားရှိုးဒေသများတွင် ပန်းများစိုက်ပျိုးထုတ်လုပ်လျက်ရှိသော်လည်း ယခုအခါတွင် ပြည်ပမှ ပန်းမျိုးစုံဝင်ရောက်လာခြင်းကြောင့် ဒေသထွက်ပန်းများစျေးကွက်၌ စျေးနှုန်းကျဆင်းလာသဖြင့် ဒေသထွက် ပန်းများအား ပြည်ပမှပန်းများထက် အပွင့်လှပခြင်းနှင့်အမွှေးရနံ့ ပိုမိုသာလွန်အောင် သုတေသနပြု ဆောင်ရွက် စေလို ကြောင်းအကြံပြုပြောကြားခဲ့သည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ ပြင်ဦးလွင် နန်းမြိုင်ကော်ဖီစက်ရုံသို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ စက်ရုံမှူးကနန်းမြိုင်ကော်ဖီစက်ရုံမှ ကော်ဖီ ထုတ်လုပ်နေမှုအခြေအနေများနှင့် ရောင်းချပေးနိုင်မှုအခြေအနေများ၊ စက်ရုံမှအသုံးပြုလျက်ရှိသည့်ကော်ဖီ ထုတ်လုပ်သည့်စက်ပစ္စည်းများအသုံးပြုမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရိက္ခာပေးသွင်းမှုအပြင် ပြင်ပသို့ သက်သာသောစျေးဖြင့်ရောင်းချ၍ နိုင်ငံ့စီးပွားရေး ကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ရေး၊ ထုတ်ကုန်ပစ္စည်း၏ အရည်အသွေးအားစဉ်ဆက်မပြတ်ထိန်းသိမ်းရေး၊ စျေးကွက်အား စဉ်ဆက် မပြတ်လေ့လာပြီး စျေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရေးမှာကြားသည်။
၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ကော်ဖီထုတ်လုပ်နေမှုများ အားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။ အဆိုပါပြင်ဦးလွင်နန်းမြိုင်ကော်ဖီစက်ရုံမှ သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်ဝသော ကော်ဖီမှုန့်စစ်စစ်များအားထုတ်လုပ်၍ တပ်မတော်ရိက္ခာ အတွက် လို်အပ်သည့်ကော်ဖီမှုန့်များအားထောက်ပံ့ဖြည့်ဆည်းပေးရန်နှင့် ပြည်တွင်း၊ ပြည်ပစျေး ကွက်သို့ အရည်အသွေးပြည့်ဝပြီး စျေးနှုန်းချိုသာသော ကော်ဖီမှုန့်စစ်စစ်များစျေးကွက် လိုအပ်ချက်များနှင့်အညီ ဖြန့်ဖြူး ဆောင်ရွက်လျက်ရှိသည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။