ပြင်ဦးလွင်မြို့၊ အနီးစခန်းရှိ ပြည်လုံးချမ်းသာဆုတောင်းပြည့် မဟာဓာတုစေတီတော် မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဧၿပီ – ၂၈

ျပင္ဦးလြင္ၿမိဳ႕၊ အနီးစခန္းဓာတ္ေတာ္ေက်ာင္းတုိက္အတြင္းရွိ ျပည္လုံးခ်မ္းသာ ဆုေတာင္းျပည့္မဟာဓာတု ေစတီေတာ္ျမတ္ႀကီး ေရႊထီးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ စိန္ဖူးေတာ္တင္လွဴပူေဇာ္ျခင္းႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္မဟာမဂၤလာအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ရာ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံေက်ာင္းတုိက္ဦးစီးပဓာနနာယကဆရာေတာ္၊ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ၀ိစာရိႏၵာ ဘိ၀ံသအမွဴးျပဳေသာ သံဃာေတာ္အရွင္သူျမတ္မ်ားၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့္ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္း၊ ျပင္ဦးလြင္တပ္နယ္မွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား စည္ကားသုိက္ၿမိဳက္စြာ တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ဆုေတာင္းျပည့္မဟာဓာတုေစတီေတာ္ျမတ္ႀကီး အတြင္း ရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္ႏွင့္ သစ္သီး၊ ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္၍ ဖူးေျမာ္ၾကည္ညိဳသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္၊ ျပည္ႀကီးမ်က္ရွင္ေလးေကာင္းရပ္၊ ေတာင္စလင္းေက်ာင္း တုိက္သစ္ ဘာ၀နာဌာနပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက ဗဟုဇနဟိတဓရ ဘဒၵႏၲတိကၡၡထံမွကုိးပါးသီလခံယူေဆာက္တည္ၾကၿပီး ေမတၱသုတ္ပရိတ္တရားေတာ္မ်ားနာယူၾကသည္။

ထုိ႔ေနာက္ ဥပသကာမ်ားက ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္၀တၱဳကံ ေနရာတြင္ပက္ဖ်န္းႀကဲျဖန္႔ခ်ည္ေႏွာင္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာစိန္ဖူးေတာ္၊ ဗုဒၶ႐ုပ္ပြားေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံေက်ာင္းတုိက္ဦးစီး ပဓာနနာယက ဆရာေတာ္ႀကီးထံဆက္ကပ္လွဴဒါန္းသည္။ ၎ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ ဇနီးတုိ႔က စိန္ဖူးေတာ္ကလပ္ႏွင့္လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ စစ္ေရးခ်ဳပ္ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက ရတနာငွက္ျမတ္နားေတာ္ႏွင့္လွဴဖြယ္ပစၥည္းမ်ား အားလည္းေကာင္း၊ စစ္ေထာက္ခ်ဳပ္ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ဇနီးတုိ႔က စိန္ပန္းခုိင္ႏွင့္လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ဇနီးတုိ႔က ဆပ္သြားဖူးေတာ္ႏွင့္လွဴဖြယ္ပစၥည္းမ်ားအား လည္းေကာင္း၊ စစ္ဦးစီး ခ်ဳပ္ အရာရွိခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္မုိးေအာင္က ဗုဒၶ႐ုပ္ပြားေတာ္၊ ဟသၤာ႐ုပ္ႏွင့္လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးက အ႒မဘုံအဆင့္၊ န၀မဘုံအဆင့္ႏွင့္လွဴဖြယ္ပစၥည္းမ်ား အားလည္း ေကာင္း၊ အလွဴရွင္မ်ားက ျမတ္စြာဘုရားရွင္၏ဓာတ္ေတာ္ေမြေတာ္မ်ားႏွင့္လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း သံဃာေတာ္အရွင္သူျမတ္မ်ားထံံ အသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္ဗဟုိသံဃာ့၀န္ေဆာင္၊ ဓမၼသမိဒၶိေက်ာင္း၊ မစုိးရိမ္တုိက္သစ္ မဟာနာယက အဂၢမဟာ ပ႑ိတ ဘဒၵႏၲ၀ါသဌာ ဘိ၀ံသထံမွ အႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ ယင္းေနာက္ ေတာင္စလင္း ေက်ာင္းတုိက္သစ္ ဘာ၀နာဌာနပဓာနနာယကဆရာေတာ္က တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔အား ျမတ္စြာဘုရားရွင္၏ ဓာတ္ေတာ္မ်ားအားဓမၼဒါန လက္ေဆာင္ အျဖစ္ေပးအပ္သည္။

ဆက္လက္ၿပီးေတာင္စလင္းေက်ာင္းတုိက္သစ္ ဘာ၀နာဌာနပဓာနနာယကဆရာေတာ္အမွဴးျပဳေသာ သံဃာ ေတာ္အရွင္ သူျမတ္မ်ားက ျမတ္စြာဘုရားရွင္၏ ဓာတ္ေတာ္ေမြေတာ္မ်ားအားလည္းေကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာစိန္ဖူးေတာ္အားလည္းေကာင္း၊ အခမ္းအနားတက္ ေရာက္လာၾက သည့္ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလွဴရွင္မ်ားက ငွက္ျမတ္နားေတာ္ႏွင့္ ေရႊထီးေတာ္ဘုံအဆင့္ဆင့္တုိ႔အား လည္းေကာင္း အသီးသီး ပင့္ေဆာင္၍ ေစတီေတာ္ႀကီး အားလက္ယာရစ္လွည့္လည္ပူေဇာ္ၾကသည္။

ထုိ႔ေနာက္ ျမတ္စြာဘုရားရွင္၏ဓာတ္ေတာ္ေမြေတာ္မ်ားႏွင့္ ဗုဒၶ႐ုပ္ပြာေတာ္မ်ား အား ေစတီေတာ္ႀကီး၏ ဂႏၶကုဋိတုိက္ေတာ္အတြင္းထည့္သြင္းပူေဇာ္ၾကသည္။ ဆက္လက္ၿပီးတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ရတနာစိန္ဖူးေတာ္ႏွင့္ ငွက္ျမတ္နားေတာ္တုိ႔အား မဂၤလာရထားပ်ံျဖင့္ေစတီေတာ္အထြတ္ သုိ႔ပင့္ေဆာင္တင္လွဴပူေဇာ္ၾကၿပီး ေရႊထီးေတာ္တင္လွဴပူေဇာ္မႈေအာင္ျမင္ျခင္း အထိမ္းအမွတ္ ရတနာ ေရႊမုိးေငြမုိးမ်ားရြာသြန္းၿဖိဳးၾကသည္။ ယင္းေနာက္သံဃာေတာ္မ်ားက ေစတီေတာ္ႀကီးအား ဗုဒၶါဘိေသက အေနကဇာတင္၍ ဗုဒၶါဘိသိက္သြန္းေတာ္မူၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ သံဃာေတာ္မ်ားႏွင့္ သီလရွင္ဆရာႀကီးမ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

အဆုိပါဆုေတာင္းျပည့္မဟာဓာတုေစတီေတာ္ျမတ္ႀကီးအား ျပင္ဦးလြင္ၿမိဳ႕၊ အနီးစခန္း၊ ဓာတ္ေတာ္ေက်ာင္း တုိက္တြင္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္ မ်ားစုေပါင္းလွဴဒါန္းမႈျဖင့္ ၂၀၁၅ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ေစတီေတာ္ျမတ္ႀကီး၏ ဉာဏ္ေတာ္အျမင့္မွာ ၁၀၈ ေပ၊ ၂၄ ေပ အျမင့္ရွိေသာ အရန္ေစတီ ၂၄ ဆူ၊ ဗုဒၶဓာတ္ေတာ္စစ္ကိန္း၀ပ္ရာပလႅင္ေတာ္ႏွင့္ ဂႏၶကုဋိတုိက္ေတာ္၊ တင့္တယ္ သပၸါယ္ေတာ္မူသည့္ ဗုဒၶ႐ုပ္ပြားေတာ္ ၄ ဆူ၊ လႈိဏ္အတြင္း၀င္ေရာက္သည့္ မုခ္ဦးႀကီး ၄ ခု၊ မုဒ္ဦးငယ္ ၁၆ ခု၊ ေစတီေတာ္ရင္ျပင္ေတာ္သုိ႔တက္ေရာက္ရာ ေလွကား ႀကီး ၄ စင္း စသည့္ ျမန္မာမႈဗိသုကာလက္ရာမ်ားျဖင့္ ခမ္းနားထည္၀ါစြာတည္ထားျခင္းျဖစ္ၿပီး ေစတီေတာ္ႀကီးရွိဓာတ္ေတာ္တုိက္အတြင္း ဗုဒၶျမတ္စြာဘုရား၏ ဓာတ္ေတာ္မ်ားအား ထည့္သြင္းပူေဇာ္ထားရွိသည္။

(Unicode Version)

ပြင်ဦးလွင်မြို့၊ အနီးစခန်းရှိ ပြည်လုံးချမ်းသာဆုတောင်းပြည့် မဟာဓာတုစေတီတော် မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ – ၂၈

ပြင်ဦးလွင်မြို့၊ အနီးစခန်းဓာတ်တော်ကျောင်းတိုက်အတွင်းရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်မဟာဓာတု စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်း အနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ၊ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာ ဘိ၀ံသအမှူးပြုသော သံဃာတော်အရှင်သူမြတ်များကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ ပြင်ဦးလွင်တပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ အလှူရှင် များ၊ ဖိတ်ကြားထားသူများနှင့့် ဒေသခံတိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ဆုတောင်းပြည့်မဟာဓာတုစေတီတော်မြတ်ကြီး အတွင်း ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်နှင့် သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူ များက မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးမျက်ရှင်လေးကောင်းရပ်၊ တောင်စလင်းကျောင်း တိုက်သစ် ဘာဝနာဌာနပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တတိက္ခ္ခထံမှကိုးပါးသီလခံယူဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ် တရားတော်များနာယူကြသည်။

ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တုကံ နေရာတွင်ပက်ဖျန်းကြဲဖြန့်ချည်နှောင်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာစိန်ဖူးတော်၊ ဗုဒ္ဓရုပ်ပွားတော်နှင့် လှူဖွယ်ပစ္စည်းများအား မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ဦးစီး ပဓာနနာယက ဆရာတော်ကြီးထံဆက်ကပ်လှူဒါန်းသည်။ ၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီးတို့က စိန်ဖူးတော်ကလပ်နှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က ရတနာငှက်မြတ်နားတော်နှင့်လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီးတို့က စိန်ပန်းခိုင်နှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီးတို့က ဆပ်သွားဖူးတော်နှင့်လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ စစ်ဦးစီး ချုပ် အရာရှိချုပ်(ရေ)ဗိုလ်ချုပ်မိုးအောင်က ဗုဒ္ဓရုပ်ပွားတော်၊ ဟင်္သာရုပ်နှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အဋ္ဌမဘုံအဆင့်၊ နဝမဘုံအဆင့်နှင့်လှူဖွယ်ပစ္စည်းများ အားလည်း ကောင်း၊ အလှူရှင်များက မြတ်စွာဘုရားရှင်၏ဓာတ်တော်မွေတော်များနှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း သံဃာတော်အရှင်သူမြတ်များထံံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဓမ္မသမိဒ္ဓိကျောင်း၊ မစိုးရိမ်တိုက်သစ် မဟာနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝါသဌာ ဘိ၀ံသထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် တောင်စလင်း ကျောင်းတိုက်သစ် ဘာဝနာဌာနပဓာနနာယကဆရာတော်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့အား မြတ်စွာဘုရားရှင်၏ ဓာတ်တော်များအားဓမ္မဒါန လက်ဆောင် အဖြစ်ပေးအပ်သည်။

ဆက်လက်ပြီးတောင်စလင်းကျောင်းတိုက်သစ် ဘာဝနာဌာနပဓာနနာယကဆရာတော်အမှူးပြုသော သံဃာ တော်အရှင် သူမြတ်များက မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များအားလည်းကောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ရတနာစိန်ဖူးတော်အားလည်းကောင်း၊ အခမ်းအနားတက် ရောက်လာကြ သည့် တပ်မတော်အရာရှိကြီးများနှင့် အလှူရှင်များက ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား လည်းကောင်း အသီးသီး ပင့်ဆောင်၍ စေတီတော်ကြီး အားလက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

ထို့နောက် မြတ်စွာဘုရားရှင်၏ဓာတ်တော်မွေတော်များနှင့် ဗုဒ္ဓရုပ်ပွာတော်များ အား စေတီတော်ကြီး၏ ဂန္ဓကုဋိတိုက်တော်အတွင်းထည့်သွင်းပူဇော်ကြသည်။ ဆက်လက်ပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့်စေတီတော်အထွတ် သို့ပင့်ဆောင်တင်လှူပူဇော်ကြပြီး ရွှေထီးတော်တင်လှူပူဇော်မှုအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုးငွေမိုးများရွာသွန်းဖြိုးကြသည်။ ယင်းနောက်သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါဆုတောင်းပြည့်မဟာဓာတုစေတီတော်မြတ်ကြီးအား ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ ဓာတ်တော်ကျောင်း တိုက်တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင် များစုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စေတီတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၁၀၈ ပေ၊ ၂၄ ပေ အမြင့်ရှိသော အရန်စေတီ ၂၄ ဆူ၊ ဗုဒ္ဓဓာတ်တော်စစ်ကိန်းဝပ်ရာပလ္လင်တော်နှင့် ဂန္ဓကုဋိတိုက်တော်၊ တင့်တယ် သပ္ပါယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော် ၄ ဆူ၊ လှိုဏ်အတွင်းဝင်ရောက်သည့် မုခ်ဦးကြီး ၄ ခု၊ မုဒ်ဦးငယ် ၁၆ ခု၊ စေတီတော်ရင်ပြင်တော်သို့တက်ရောက်ရာ လှေကား ကြီး ၄ စင်း စသည့် မြန်မာမှုဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာတည်ထားခြင်းဖြစ်ပြီး စေတီတော်ကြီးရှိဓာတ်တော်တိုက်အတွင်း ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များအား ထည့်သွင်းပူဇော်ထားရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။