တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဧၿပီ ၃၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ပီ႐ူးႏုိင္ငံမွ Mr. Gustavo Meza Cuadra Velasquez ဦးေဆာင္ေသာ ကုလသမဂၢလုံၿခဳံေရးေကာင္စီ မွအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕၀င္မ်ားအား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ အစည္းအေ၀းခန္းမတြင္ လက္ခံေတြ႕ဆုံၿပီးေဆြးေႏြး ပြဲျပဳလုပ္သည္။

အဆုိပါေတြ႕ဆုံေဆြးေႏြးပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ကုလသမဂၢလုံၿခဳံေရး ေကာင္စီမွအဖြဲ႕၀င္ႏုိင္ငံမ်ားမွ ကုိယ္စားလွယ္မ်ား၊ ျမန္မာႏုိင္ငံႏွင့္အိမ္နီးခ်င္းႏုိင္ငံမ်ား ၏ ကုလသမဂၢဆုိင္ရာအဖြဲ႕႐ုံးမ်ားမွ အၿမဲတမ္းကုိယ္စားလွယ္မ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ Mr. Gustavo Meza Cuadra Velasquez ဦးေဆာင္ေသာ ကုလသမဂၢလုံၿခဳံေရးေကာင္စီ မွအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕၀င္မ်ားက ရခုိင္ျပည္နယ္ ေျမာက္ပုိင္း၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသ၏ လုံၿခဳံေရးဆုိင္ရာကိစၥရပ္မ်ား၊ တစ္ဖက္ႏုိင္ငံသုိ႔ ထြက္ခြာသြားသူမ်ားအား ျပန္လည္လက္ခံႏုိင္မည့္ အေျခအေန မ်ား၊ ကုလသမဂၢအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ား၊ သဟဇာတျဖစ္ေသာ ျပန္လည္၀င္ေရာက္ေနထုိင္ႏုိင္ေရးဆုိင္ရာကိစၥရပ္မ်ား၊ တပ္မေတာ္မွဥပေဒႏွင့္အညီ ေဆာင္ရြက္ထားရွိသည့္ ကိစၥရပ္မ်ားအားအသီးသီးေမးျမန္းၾကသည္။

ေမးျမန္းမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တပ္မေတာ္သည္ ႏုိင္ငံေတာ္ကုိကုိယ္စားျပဳေနသည့္ ကာကြယ္ေရးအဖြဲ႕အစည္း၊ တစ္ခုတည္းေသာတပ္မေတာ္ျဖစ္၍ စည္းကမ္း ႏွင့္ပတ္သက္ၿပီး တိက်စြာလုပ္ေဆာင္လ်က္ရွိေၾကာင္း၊ တပ္မေတာ္အက္ဥပေဒမ်ားကုိ လုိက္နာလ်က္ ရွိၿပီး ႏုိင္ငံတကာ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီသာေဆာင္ရြက္၍ စည္းကမ္းေဖာက္ဖ်က္သူမ်ား အား ဥပေဒႏွင့္အညီတိက်စြာအေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းတြင္ အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္လုပ္ေဆာင္မႈမ်ားေၾကာင့္သာ ယခုကဲ့သုိ႔အေျခအေနမ်ား ျဖစ္ေပၚ ခဲ့ရျခင္းျဖစ္ေၾကာင္း၊ တစ္ဖက္ႏုိင္ငံသုိ႔ထြက္ခြာသြားသည့္ ဘဂၤါလီမ်ားအားႏွစ္ႏုိင္ငံ သေဘာတူညီခ်က္မ်ားႏွင့္ အညီ ျပန္လည္လက္ခံႏုိင္ေရးအတြက္ ျမန္မာႏုိင္ငံအေနျဖင့္အသင့္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ လည္း ႏုိင္ငံေတာ္အစုိးရ၏ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ပူးေပါင္းလုပ္ေဆာင္ရန္ အသင့္ရွိေၾကာင္း၊ စြပ္စြဲ ခံေနရေသာ လိင္အၾကမ္းဖက္မႈမ်ားႏွင့္ပတ္သက္၍ မိမိတုိ႔ႏုိင္ငံ၏ ယဥ္ေက်းမႈ၊ ကုိးကြယ္သည့္ဘာသာအရ စက္ဆုတ္ဖြယ္ အျပဳအမႈအျဖစ္ သတ္မွတ္ထားၿပီး ျပင္ထန္စြာအေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၎ျပစ္မႈမ်ားကုိ ပုိမုိျပင္းထန္စြာအျပစ္ေပးလ်က္ရွိေၾကာင္း၊ ျမန္မာ့တပ္မေတာ္၏ သမုိင္းေၾကာင္း၌လည္း ၎ကဲ့သုိ႔လိင္အၾကမ္းဖက္မႈမ်ားမရွိေၾကာင္း၊ ႏုိင္ငံတကာအဖြဲကအစည္းမ်ားမွ လူသားခ်င္းစာနာမႈ အကူ အညီမ်ားေပးအပ္ရာတြင္ ေဒသခံတုိင္းရင္းသားမ်ားအားလည္း အေလးထား သာတူညီမွ်သည့္ ကူညီမႈမ်ား ေဆာင္ရြက္ေပးရန္လုိအပ္ေၾကာင္း၊ ယခုမိမိတုိ႔ေပးအပ္ထားေသာ ခုိင္မာသည့္အေထာက္အထား စာရြက္ စာတမ္းမ်ားႏွင့္ ဓာတ္ပုံမွတ္တမ္းမ်ားအား ေသခ်ာစြာလ့လာၿပီး ျဖစ္စဥ္ျဖစ္ရပ္မွန္မ်ားအား သိရွိေအာင္ ေဆာင္ရြက္ၾကေစလုိေၾကာင္းႏွင့္ ေမ ၁ ရက္ေန႔တြင္ ရခုိင္ျပည္နယ္သုိ႔သြားေရာက္ေလ့လာစဥ္ ပြင့္လင္းစြာ ေမးျမန္းၿပီး ႏွစ္ဖက္မွ်တစြာစဥ္းစားသုံးသပ္ေစလုိေၾကာင္းျပန္လည္ရွင္းလင္း ေျပာၾကားခဲ့သည္။

ထုိ႔ေနာက္ Mr. Gustavo Meza Cuadra Velasquez ဦးေဆာင္ေသာ ကုလသမဂၢလုံၿခဳံေရးေကာင္စီ မွ အၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕၀င္မ်ားအား ရခုိင္ျပည္နယ္ အေရးကိစၥမ်ားႏွင့္ပတ္သက္သည့္ စာရြက္စာတမ္းမ်ား၊ ဓာတ္ပုံမွတ္တမ္းစာအုပ္မ်ားအား ေပးအပ္ခဲ့သည္။

 

(Unicode version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပီရူးနိုင်ငံမှ Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံပြီးဆွေးနွေး ပွဲပြုလုပ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများ ၏ ကုလသမဂ္ဂဆိုင်ရာအဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များက ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံနိုင်မည့် အခြေအနေ များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သဟဇာတဖြစ်သော ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်မှဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိသည့် ကိစ္စရပ်များအားအသီးသီးမေးမြန်းကြသည်။

မေးမြန်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် နိုင်ငံတော်ကိုကိုယ်စားပြုနေသည့် ကာကွယ်ရေးအဖွဲ့အစည်း၊ တစ်ခုတည်းသောတပ်မတော်ဖြစ်၍ စည်းကမ်း နှင့်ပတ်သက်ပြီး တိကျစွာလုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အက်ဥပဒေများကို လိုက်နာလျက် ရှိပြီး နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာဆောင်ရွက်၍ စည်းကမ်းဖောက်ဖျက်သူများ အား ဥပဒေနှင့်အညီတိကျစွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့်သာ ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ် ခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီများအားနှစ်နိုင်ငံ သဘောတူညီချက်များနှင့် အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့်အသင့်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လည်း နိုင်ငံတော်အစိုးရ၏ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း၊ စွပ်စွဲ ခံနေရသော လိင်အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာအရ စက်ဆုတ်ဖွယ် အပြုအမှုအဖြစ် သတ်မှတ်ထားပြီး ပြင်ထန်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ၎င်းပြစ်မှုများကို ပိုမိုပြင်းထန်စွာအပြစ်ပေးလျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်၏ သမိုင်းကြောင်း၌လည်း ၎င်းကဲ့သို့လိင်အကြမ်းဖက်မှုများမရှိကြောင်း၊ နိုင်ငံတကာအဖွဲကအစည်းများမှ လူသားချင်းစာနာမှု အကူ အညီများပေးအပ်ရာတွင် ဒေသခံတိုင်းရင်းသားများအားလည်း အလေးထား သာတူညီမျှသည့် ကူညီမှုများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယခုမိမိတို့ပေးအပ်ထားသော ခိုင်မာသည့်အထောက်အထား စာရွက် စာတမ်းများနှင့် ဓာတ်ပုံမှတ်တမ်းများအား သေချာစွာလ့လာပြီး ဖြစ်စဉ်ဖြစ်ရပ်မှန်များအား သိရှိအောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် မေ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့သွားရောက်လေ့လာစဉ် ပွင့်လင်းစွာ မေးမြန်းပြီး နှစ်ဖက်မျှတစွာစဉ်းစားသုံးသပ်စေလိုကြောင်းပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များအား ရခိုင်ပြည်နယ် အရေးကိစ္စများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ ဓာတ်ပုံမှတ်တမ်းစာအုပ်များအား ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။