တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ  ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ တာဝန္ၿပီးဆံုး၍ ျပန္လည္ထြက္ခြာမည့္ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Andrew Patrick အား ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ တက္ေရာက္ၿပီး ၿဗိတိန္ႏိုင္ငံသံ အမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Col. Nigel Goodwin တို႔ တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆံုရာတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာ ကိစၥရပ္မ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ တပ္မ ေတာ္အေနျဖင့္ တိုင္းျပည္ကအားထားရၿပီး ျပည္သူလူထုက ယံုၾကည္အားကိုးရသည့္ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္ေနသည့္ အေျခအေနမ်ား၊ ႏိုင္ငံေတာ္အစိုးရႏွင့္ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈက႑ အသီးသီးတြင္ တပ္မေတာ္မွ ပူးေပါင္းေဆာင္ရြက္ေနမႈမ်ားအား အျမင္ခ်င္းဖလွယ္ ေဆြးေႏြးၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္ႏိုင္ငံသံအမတ္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ  ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Patrick အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်ပြီး ဗြိတိန်နိုင်ငံသံ အမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Nigel Goodwin တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မ တော်အနေဖြင့် တိုင်းပြည်ကအားထားရပြီး ပြည်သူလူထုက ယုံကြည်အားကိုးရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကဏ္ဍ အသီးသီးတွင် တပ်မတော်မှ ပူးပေါင်းဆောင်ရွက်နေမှုများအား အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။