တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး H.E. Smt. Sushma Swaraj အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ ၁၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ အိႏၵိယႏုိင္ငံ၊ ျပည္ပေရးရာ၀န္ႀကီးဌာန ၀န္ႀကီး H.E. Smt. Sushma Swaraj အား ယေန႔ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္ အရာရွိ ႀကီးမ်ား တက္ေရာက္ၾကၿပီး အိႏၵိယႏုိင္ငံ၊ ျပည္ပေရးရာ၀န္ႀကီးဌာန ၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယ ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Shri Vikram Misri၊ အိႏၵိယႏုိင္ငံၾကည္းတပ္စစ္သံမွဴး၊ ေရတပ္စစ္သံမွဴးႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-အိႏၵိယႏွစ္ ႏွစ္ႏုိင္ငံသည္ အိမ္နီးခ်င္းေကာင္း ႏုိင္ငံမ်ားျဖစ္ၿပီး မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္း ႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ယဥ္ေက်းမႈ၊ ကုိးကြယ္သည့္ ဘာသာ ႏွင့္ သမုိင္းေနာက္ခံအေၾကာင္း အရာမ်ားတူညီမႈရွိၿပီး ျမန္မာႏုိင္ငံ၏ျဖစ္ေပၚေျပာင္းလဲမႈမ်ားသည္ အိႏၵိယႏုိင္ငံ ႏွင့္မ်ားစြာဆက္စပ္မႈမ်ားရွိေၾကာင္း၊ ႏွစ္ႏုိင္ငံသည္ အတိတ္ကာလကတည္းက ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံေခါင္းေဆာင္ မ်ား ခ်စ္ၾကည္ရင္းႏွီးစြာေနထုိင္ခဲ့ၾကေၾကာင္း ဦးစြာေျပာၾကားသည္။

ထုိ႔ေနာက္ ဧည့္သည္ေတာ္၀န္ႀကီးက ႏွစ္ႏုိင္ငံဆက္ဆံေရးမွာႏွစ္ကာလၾကာျမင့္စြာကပင္ေကာင္းမြန္သည့္ ဆက္ဆံေရးရွိေၾကာင္း၊ မိမိတုိ႔ႏိုင္ငံအေနျဖင့္ ျမန္မာႏုိင္ငံ၏ ဒီမုိကေရစီျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းမ်ားတြင္ ကူညီေဆာင္ရြက္ေပးမႈမ်ားရွိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ အေရွ႕ေမွ်ာ္မူ၀ါဒအရ ျမန္မာႏုိင္ငံကုိလည္း အိမ္နီးနားခ်င္း ဦးစားေပးအေနျဖင့္ ဆက္ဆံေဆာင္ရြက္ေပးေနေၾကာင္း၊ ျမန္မာႏုိင္ငံ၏ျဖစ္ေပၚတုိးတက္ေျပာင္းလဲမႈမ်ားႏွင့္ ေဆာင္ရြက္ခ်က္မ်ားကုိ မိမိတုိ႕အိႏၵိယႏုိင္ငံအေနျဖင့္ ေထာက္ခံအားေပးလ်က္ရွိေၾကာင္း၊ ရခုိင္ျပည္နယ္ ေျမာက္ ပုိင္း၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မွန္မ်ားအား ႏုိင္ငံတကာမွသိရွိေစေရးအတြက္ မိမိတုိ႔အေနျဖင့္တတ္ႏုိင္သည့္ဘက္မွ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ျမန္မာႏုိင္ငံ၏ဒီမုိကေရစီလမ္းေၾကာင္းေပၚ၌ေလွ်ာက္လွမ္းေနမႈတြင္ တပ္မေတာ္မွပါ၀င္ ေဆာင္ ရြက္ေနမႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတြင္ ႏွစ္ဘက္တပ္မ်ားပူးေပါင္းေဆာင္ရြက္မႈျဖင့္ နယ္ေျမ တည္ၿငိမ္ေအးခ်မ္းလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ဆက္လက္၍ပူးေပါင္းေဆာင္ရြက္ရန္ လုိအပ္မႈအေျခ အေနမ်ား၊ နယ္စပ္ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ေလ့က်င့္ေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ အျခားကိစၥရပ္မ်ားတြင္ ပူးေပါင္း ေဆာင္ရြက္ႏုိင္မည့္အေျခအေနမ်ား၊ ရခုိင္ျပည္နယ္ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ တစ္ဘက္ႏုိင္ငံသုိ႔ထြက္ခြာသြားသည့္ ဘဂၤါလီလူမ်ိဳးမ်ားျပန္လည္ လက္ခံေရးတြင္ အိႏၵိယႏုိင္ငံမွပါ၀င္ကူညီေဆာင္ရြက္ေပးေနမႈ၊ ရခုိင္ေဒသ ျဖစ္ စဥ္မ်ားႏွင့္ပတ္သက္၍ ႏုိင္ငံတကာအေနျဖင့္ ျမန္မာႏုိင္ငံ၏အခ်ဳပ္အျခာအာဏာကုိ ေလးစားမႈရွိရန္အေရးႀကီးမႈ၊ အေျခအေနမွန္မ်ားကုိ အိႏၵိယႏုိင္ငံက မိတ္ေဆြႏုိင္ငံမ်ားႏွင့္ႏုိင္ငံတကာသိရွိေအာင္အသိေပးရွင္းလင္း ေျပာၾကားေပးမည့္အေျခအေနမ်ား၊ မူးယစ္ေဆး၀ါးႏွင့္ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးအတြက္ ႏွစ္ႏုိင္ငံပူးေပါင္း ေဆာင္ရြက္ရန္ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အိႏၵိယႏုိင္ငံ၊ ျပည္ပေရးရာ၀န္ႀကီးဌာန ၀န္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး H.E. Smt. Sushma Swaraj အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၁၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန ၀န်ကြီး H.E. Smt. Sushma Swaraj အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော် အရာရှိ ကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E. Mr. Shri Vikram Misri၊ အိန္ဒိယနိုင်ငံကြည်းတပ်စစ်သံမှူး၊ ရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-အိန္ဒိယနှစ် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြောင်း၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ နှင့် သမိုင်းနောက်ခံအကြောင်း အရာများတူညီမှုရှိပြီး မြန်မာနိုင်ငံ၏ဖြစ်ပေါ်ပြောင်းလဲမှုများသည် အိန္ဒိယနိုင်ငံ နှင့်များစွာဆက်စပ်မှုများရှိကြောင်း၊ နှစ်နိုင်ငံသည် အတိတ်ကာလကတည်းက နှစ်နိုင်ငံနှင့် နှစ်နိုင်ငံခေါင်းဆောင် များ ချစ်ကြည်ရင်းနှီးစွာနေထိုင်ခဲ့ကြကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် ဧည့်သည်တော်ဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေးမှာနှစ်ကာလကြာမြင့်စွာကပင်ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးမှုများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံကိုလည်း အိမ်နီးနားချင်း ဦးစားပေးအနေဖြင့် ဆက်ဆံဆောင်ရွက်ပေးနေကြောင်း၊ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့် ဆောင်ရွက်ချက်များကို မိမိတို့အိန္ဒိယနိုင်ငံအနေဖြင့် ထောက်ခံအားပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် မြောက် ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှန်များအား နိုင်ငံတကာမှသိရှိစေရေးအတွက် မိမိတို့အနေဖြင့်တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းပေါ်၌လျှောက်လှမ်းနေမှုတွင် တပ်မတော်မှပါ၀င် ဆောင် ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် နှစ်ဘက်တပ်များပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းလျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်၍ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေ အနေများ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဘက်နိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများပြန်လည် လက်ခံရေးတွင် အိန္ဒိယနိုင်ငံမှပါ၀င်ကူညီဆောင်ရွက်ပေးနေမှု၊ ရခိုင်ဒေသ ဖြစ် စဉ်များနှင့်ပတ်သက်၍ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို လေးစားမှုရှိရန်အရေးကြီးမှု၊ အခြေအနေမှန်များကို အိန္ဒိယနိုင်ငံက မိတ်ဆွေနိုင်ငံများနှင့်နိုင်ငံတကာသိရှိအောင်အသိပေးရှင်းလင်း ပြောကြားပေးမည့်အခြေအနေများ၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန ၀န်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။