မှန်ကန်သည့်ရဲစွမ်းသတ္တိဆိုသည်မှာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် ယှဉ်တွဲနေရမည်ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ် ပျက်ပြားလျော့ နည်းစေမည့်လုပ်ရပ်မှန်သမျှကို အသိတရားဖြင့်ကာကွယ်ကြ

ေနျပည္ေတာ္၊ ေမ  ၁၅

တပ္မေတာ္သားမ်ား၏ မွန္ကန္ေသာရဲစြမ္းသတၱိဆုိသည္မွာ မ်ိဳးခ်စ္စိတ္၊ တုိင္းျပည္ခ်စ္စိတ္ႏွင့္ယွဥ္တြဲေနရမည္ျဖစ္ၿပီး မ်ိဳးခ်စ္ စိတ္သည္ တုိင္းျပည္ကုိထိလ်င္၊ ကုိယ့္အမ်ိဳးကုိထိလ်င္မခံခ်င္စိတ္၊ တုိင္းျပည္ခ်စ္စိတ္၊ ကာကြယ္လုိစိတ္ျဖင့္ ေဆာင္ရြက္ရ မည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတကာအားကစားပြဲမ်ားတြင္ မိမိတုိ႔ႏုိင္ငံအလံမ်ားျဖင့္ လည္းေကာင္း၊ ႏုိင္ငံေတာ္သီခ်င္းမ်ားသီဆုိ၍ လည္းေကာင္း အားေပးဂုဏ္ျပဳၾကျခင္း၊ အႏုိင္ရရွိၿပီးဆုတံဆိပ္ရရွိပါက မိမိတုိ႔ႏုိင္ငံအလံကုိဂုဏ္ယူ၀ံ့ၾကြားစြာအေလးျပဳျခင္း၊ တုိက္ပြဲဆင္ႏႊဲ၍ ေအာင္ႏုိင္ရာတြင္ ႏုိင္ငံေတာ္အလံ၊ တပ္အလံမ်ားလႊင့္ထူဂုဏ္ယူျခင္း တုိ႔သည္ မ်ိဳးခ်စ္စိတ္ကုိအေျခခံသည့္ လုပ္ေဆာင္ခ်က္မ်ား၊ အေလ့အထမ်ားျဖစ္၍့ ယင္းမ်ိဳးခ်စ္စိတ္ဓာတ္မ်ား မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းေဆာင္ရြက္ရ မည္ျဖစ္ေၾကာင္း၊ မ်ိဳးခ်စ္စိတ္ဓာတ္ပ်က္ျပားေလ်ာ့နည္းေစမည့္ လုပ္ရပ္မွန္သမွ်ကုိ အသိတရားျဖင့္ ကာကြယ္ၾကရမည္ျဖစ္ ေၾကာင္း၊ မိမိတုိ႔ေန႔စဥ္ရြတ္ဆုိေနရသည့္ သစၥာေလးခ်က္အတုိင္း မိမိတုိ႔၏သႏၷိဌာန္စိတ္ကုိ ခုိင္မာေအာင္ေဆာင္ရြက္ၿပီး စစ္သားတစ္ခါျဖစ္ဖူးလွ်င္ ထာ၀ရစစ္သား(Once a Soldier Always a Soldier) ဆုိသည့္အတုိင္း ႏုိင္ငံေတာ္ ႏွင့္ တပ္မေတာ္ အေပၚသစၥာရွိစြာျဖင့္ တာ၀န္ထမ္းေဆာင္ရန္လုိေၾကာင္း၊ သစၥာဆုိထား ၾကသူမ်ားပီပီ မိမိကုိယ္ကုိသစၥာရွိရန္၊ မိမိတပ္အေပၚ သစၥာရွိရန္၊ ႏုိင္ငံေတာ္၏ အစိတ္အပုိင္းတစ္ခုျဖစ္သည့္ တပ္မေတာ္အေပၚသစၥာရွိရန္၊ ႏုိင္ငံေတာ္အေပၚ သစၥာေစာင့္သိရန္ လုိေၾကာင္း၊ ထုိ႔အတူမိမိကုိယ္ကုိအလုိမလုိက္ဘဲ မူးယစ္ေသစာေသာက္စားေပ်ာ္ပါးမႈမ်ားကုိ ေရွာင္က်ဥ္ရန္လုိၿပီးလက္ေအာက္ အား စနစ္တက်ၾကပ္မတ္ ကြပ္ကဲရန္လုိေၾကာင္းျဖင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဟသၤာတတပ္နယ္၊ ကြင္းေကာက္ရွိ နယ္ေျမခံသင္တန္းေက်ာင္းမွ နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအားေတြ႕ ဆုံအမွာစကားေျပာၾကား ရာတြင္ထည့္သြင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိ ႀကီးမ်ား၊ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ညီညီေဆြတုိ႔လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ဟသၤာတတပ္နယ္၊ ကြင္းေကာက္ရွိ နယ္ေျမခံတပ္မေတာ္တန္းျမင့္ ေလ့က်င့္ေရးေက်ာင္းသုိ႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ အစည္းအေ၀းခန္းမတြင္ ေက်ာင္းအုပ္ႀကီးက ေလ့က်င့္ေရးဆုိင္ရာ ကိစၥရပ္မ်ား၊ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆုိင္ရာမ်ား၊ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိမႈအေျခအေနမ်ားႏွင့္ တပ္တည္ေဆာက္ေရးလုပ္ငန္းႀကီး (၄)ရပ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈ အေျခအေနမ်ားအားရွင္းလင္းတင္ျပ သည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္ရင္း/တပ္ဖြဲ႕မ်ားအား ေလ့က်င့္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ စစ္သည္တစ္ဦးခ်င္း၏ ႀကံ့ခုိင္သန္မာမႈအတြက္ ေဆာင္ရြက္ရန္လုိအပ္မႈႏွင့္ သတ္မွတ္စံခိ်န္ စံၫႊန္းမ်ားႏွင့္ အညီ ေလ့က်င့္ေပးရန္လုိအပ္မႈ၊ တာ၀န္ေပးအပ္ထားသည့္အဆင့္အလုိက္သက္ဆုိင္သည့္ ေလ့က်င့္ခန္းမ်ားအား ကြၽမ္းက်င္ ပုိင္ႏုိင္သည္အထိ ေလ့က်င့္ေပးရန္လုိအပ္မႈႏွင့္ တပ္ၿခံစည္း႐ုိးတစ္ေလွ်ာက္ အရိပ္ရေလကာပင္မ်ားစနစ္တက်စုိက္ပ်ိဳးရန္တုိ႔အား မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ သင္တန္းေက်ာင္းရွိ နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ား အားေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းသည္ စစ္သည္တစ္ဦးခ်င္း၏အေျခခံ မွစ၍ ရာထူးအဆင့္ဆင့္အားထမ္းေဆာင္ႏုိင္ရန္အတြက္ ေလ့က်င့္ေပးေနသည့္ သင္တန္းေက်ာင္းတစ္ခုျဖစ္ေၾကာင္း၊ ေလ့က်င့္ ခ်ိန္ကာလၾကာျမင့္သည္ႏွင့္အမွ်စစ္သည္တစ္ဦးခ်င္းစီ၏ ကြၽမ္းက်င္မႈႏွင့္ႀကံ့ခုိင္မႈ ပုိမုိတုိးတက္ေကာင္းမြန္ရမည္ျဖစ္ေၾကာင္း၊ သင္တန္းကာလ အလုိက္ေလ့က်င့္ေရးလုပ္ငန္းေဆာင္ရြက္ေပးမႈမ်ားကုိ စနစ္တက်သင္ယူမွသာ ႀကံ့ခုိင္မႈကုိရရွိႏုိင္မည္ျဖစ္ၿပီး ထုိသုိ႔ သာမန္ထက္ပုိ၍ခံႏုိင္ရည္ရွိသည့္ က်န္းမာႀကံ့ခုိင္မႈရွိမွသာ ေပးအပ္သည့္တာ၀န္မ်ားကုိ ေက်ပြန္စြာထမ္းေဆာင္ ႏုိင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားတုိင္းသည္ မည္သည့္လက္႐ုံးတပ္ဖြဲ႕တြင္ တာ၀န္ထမ္းေဆာင္သည္ျဖစ္ေစ ႏုိင္ငံေတာ္ ကာကြယ္ေရးတာ၀န္မ်ားကုိ စစ္ေျမျပင္တြင္ေျခလ်င္တပ္ဖြဲ႕မ်ားကဲ့သုိ႔ တုိက္ပြဲ၀င္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ယင္းသုိ႔ ထမ္းေဆာင္ ႏုိင္ရန္အတြက္ ရာသီဥတုဒဏ္ကုိခံႏုိင္၍ က်န္းမာႀကံ့ခုိင္မႈရွိရန္လုိအပ္ေၾကာင္း၊ က်န္းမာေရးႏွင့္ညီၫြတ္ၿပီး စစ္သည္တစ္ဦးခ်င္း လုိအပ္သည့္ အာဟာရႏွင့္ကုိက္ညီသည့္ ရိကၡာမ်ားကုိရရွိေအာင္ေဆာင္ရြက္ေပးထားၿပီး အျပည့္အ၀စားသုံးရန္လုိ အပ္ေၾကာင္း မွာၾကားသည္။

ယင္းေနာက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားကုိေဆာင္ရြက္ျခင္းျဖင့္ တပ္မေတာ္သားမိသားစု၀င္မ်ား၏ သက္သာေခ်ာင္ခ်ိမႈကုိအေထာက္အကူရေစၿပီး မိမိတုိ႔ကုိယ္တုိင္ထုတ္လုပ္သည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ားျဖစ္ေသာေၾကာင့္ အာဟာရဓာတ္ျပည့္၀စြာရရွိေစသျဖင့္ ခႏၶာကုိုယ္က်န္းမာ ႀကံ့ခုိင္မႈကုိ အေထာက္အကူ ျပဳေစေၾကာင္းေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္၏ေလ့က်င့္ေရးမူ၀ါဒျဖစ္သည့္ ေလ့လာ၊ ေလ့က်င့္၊ လုိက္နာဆုိသည့္အတိုင္းေဆာင္ရြက္ရမည္ျဖစ္ၿပီး ခႏၶာကုိယ္ႀကံ့ခုိင္မႈ၊ ကြၽမ္းက်င္မႈမ်ားႏွင့္ ရဲစြမ္းသတၱိရွိေစရန္ေလ့က်င့္သင္ၾကားေပးျခင္းျဖင့္ တစ္ဦးခ်င္းမွ တပ္ဖြဲ႕၊ တပ္ဖြဲ႕မွ တပ္မေတာ္တစ္ရပ္လုံးစြမ္းရည္ကုိျမႇင့္တင္ရမည္ျဖစ္ေၾကာင္းႏွင့္ ရဲစြမ္းသတၱိျပည့္၀ ေနေစရန္အတြက္ ျမန္မာ့သုိင္းသင္တန္းမ်ား၊ လွံစြပ္ထုိးသင္တန္းမ်ားကုိ ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ သင္တန္းေက်ာင္းမ်ားတြင္သာမက မိမိတုိ႔တပ္ရင္း ဌာနခ်ဳပ္ မ်ားတြင္လည္း အၿမဲေလ့က်င့္ေနရန္လုိအပ္ေၾကာင္း၊ မိမိတုိ႔သင္ၾကားထားသည့္ စစ္ပညာရပ္မ်ားအား လက္ေတြ႕စစ္ေျမျပင္တြင္ အျပည့္အ၀အသုံးခ်ရန္လုိအပ္ ေၾကာင္းမွာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းေက်ာင္း မွအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ား အတြက္ သုတ၊ရသ စာအုပ္စာေစာင္မ်ား ႏွင့္ စားေသာက္ဖြယ္ရာမ်ားကုိေပးအပ္ရာေက်ာင္းအုပ္ႀကီးကလက္ခံရယူသည္။ ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က စားေသာက္ဖြယ္ရာမ်ားကုိလည္းေကာင္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)က အားကစား ပစၥည္းမ်ားကုိလည္းေကာင္း၊ တုိင္းမွဴးက စားေသာက္ဖြယ္ ရာမ်ားကုိလည္းေကာင္းအသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ သင္တန္းသားစားရိပ္သာတြင္ သင္တန္းသားမ်ားႏွင့္ အတူေန႔လယ္စားအားအတူတကြ သုံးေဆာင္ၾကသည္။

ဆက္လက္ၿပီး ညေနပုိင္းတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား သည္ ပုသိမ္ၿမိဳ႕ရွိျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း၊ အုန္းသားဆီႏွင့္ဆက္စပ္ပစၥည္း စက္႐ုံ(ပုသိမ္)သုိ႔ေရာက္ရွိၾကၿပီး ရွင္းလင္းေဆာင္တြင္တာ၀န္ရွိသူတစ္ဦးက လုပ္ငန္း ေဆာင္ရြက္ ေနမႈအေျခအေနမ်ားအားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကအုန္းသားဆီ ကုန္ေခ်ာထုတ္လုပ္ႏုိင္ေရး၊ ကုန္ၾကမ္းရရွိေရးအတြက္ တပ္ၿခံစည္း႐ုိးမ်ားတြင္ အုန္းပင္မ်ားစနစ္တက်စိုက္ပ်ိဳးေရးႏွင့္ နယ္ေျမအတြင္းလုိအပ္သည့္ အုန္းကုန္ၾကမ္းပစၥည္းမ်ား၀ယ္ယူရရွိေရးတုိ႔အား စနစ္တက်စီမံေဆာင္ရြက္သြားရန္မွာၾကားသည္။ ထုိ႔ေနာက္ စက္႐ုံအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက လုိက္လံ ရွင္းလင္းတင္ျပၾကသည္။

အဆုိပါ အုန္းသားဆီႏွင့္ဆက္စပ္ပစၥည္းစက္႐ုံ(ပုသိမ္)မွ ထုတ္လုပ္သည့္ သဘာ၀အုန္းသားဆီမ်ားကုိသုံးစြဲျခင္းျဖင့္ လူ႕ခႏၶာ ကုိယ္၏ကုိယ္ခံအားစနစ္ကုိ တုိးတက္ေကာင္းမြန္ေစျခင္း၊ ခႏၶာကုိယ္ရွိဒူး၊ တံေတာင္စေသာအဆစ္အျမစ္မ်ား လႈပ္ရွားမႈ ပုိမုိေကာင္းမြန္လာျခင္း၊ အသက္အရြယ္ႀကီးရင့္သူမ်ားေသာက္သုံးပါက ဦးေႏွာက္ဆဲမ်ားကုိပုိမုိေကာင္းမြန္ ေစသည့္အတြက္ မွတ္ဉာဏ္က်ဆင္းမႈကုိ ကာကြယ္ႏုိင္ျခင္း၊ ဆီးခ်ိဳေရာဂါရွိပါကေသြးအတြင္း သၾကားဓာတ္ပါ၀င္မႈကုိ ထိန္းၫႇိႏုိင္ေသာေၾကာင့္ ေရာဂါသက္သာေစျခင္း၊ ေသြးတုိးေရာဂါရွိသူမ်ားခႏၶာကုိယ္ အတြင္း ေသြးတုိးမႈကုိေလ်ာ့က်ေစျခင္း၊ ေသြးအတြင္းမလုိအပ္ေသာ အဆီပါ၀င္သည့္ ပမာဏကုိသိသာစြာေလ်ာ့ခ်ေပးျခင္း၊ ကုိယ္အေလးခ်ိန္ခ်ရန္အတြက္ ေလ့က်င့္ခန္းျပဳလုပ္ေနသူမ်ား ေသာက္သုံးပါက ဇီ၀ကမၼျဖစ္စဥ္ကုိ ပုိမုိလႈံ႕ ေဆာ္ေပးသျဖင့္ကယ္လုိရီပုိမုိ ေလာင္ကြၽမ္းေစျခင္း၊ ကေလးေမြးၿပီးစႏုိ႕တုိက္မိခင္မ်ား ေသာက္သုံးပါက ရင္ေသြးငယ္အတြက္အာဟာရျပည့္၀ေသာႏုိ႕ခ်ိဳပုိမုိထြက္ေစျခင္းစေသာ အက်ိဳးေက်းဇူးမ်ား ရရွိေစႏုိင္သည္။

(Unicode Version)

မှန်ကန်သည့်ရဲစွမ်းသတ္တိဆိုသည်မှာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် ယှဉ်တွဲနေရမည်ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ် ပျက်ပြားလျော့ နည်းစေမည့်လုပ်ရပ်မှန်သမျှကို အသိတရားဖြင့်ကာကွယ်ကြ

နေပြည်တော်၊ မေ  ၁၅

တပ်မတော်သားများ၏ မှန်ကန်သောရဲစွမ်းသတ္တိဆိုသည်မှာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့်ယှဉ်တွဲနေရမည်ဖြစ်ပြီး မျိုးချစ် စိတ်သည် တိုင်းပြည်ကိုထိလျင်၊ ကိုယ့်အမျိုးကိုထိလျင်မခံချင်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ ကာကွယ်လိုစိတ်ဖြင့် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတကာအားကစားပွဲများတွင် မိမိတို့နိုင်ငံအလံများဖြင့် လည်းကောင်း၊ နိုင်ငံတော်သီချင်းများသီဆို၍ လည်းကောင်း အားပေးဂုဏ်ပြုကြခြင်း၊ အနိုင်ရရှိပြီးဆုတံဆိပ်ရရှိပါက မိမိတို့နိုင်ငံအလံကိုဂုဏ်ယူဝံ့ကြွားစွာအလေးပြုခြင်း၊ တိုက်ပွဲဆင်နွှဲ၍ အောင်နိုင်ရာတွင် နိုင်ငံတော်အလံ၊ တပ်အလံများလွှင့်ထူဂုဏ်ယူခြင်း တို့သည် မျိုးချစ်စိတ်ကိုအခြေခံသည့် လုပ်ဆောင်ချက်များ၊ အလေ့အထများဖြစ်၍ ယင်းမျိုးချစ်စိတ်ဓာတ်များ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ပျက်ပြားလျော့နည်းစေမည့် လုပ်ရပ်မှန်သမျှကို အသိတရားဖြင့် ကာကွယ်ကြရမည်ဖြစ် ကြောင်း၊ မိမိတို့နေ့စဉ်ရွတ်ဆိုနေရသည့် သစ္စာလေးချက်အတိုင်း မိမိတို့၏သန္နိဌာန်စိတ်ကို ခိုင်မာအောင်ဆောင်ရွက်ပြီး စစ်သားတစ်ခါဖြစ်ဖူးလျှင် ထာဝရစစ်သား(Once a Soldier Always a Soldier) ဆိုသည့်အတိုင်း နိုင်ငံတော် နှင့် တပ်မတော် အပေါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန်လိုကြောင်း၊ သစ္စာဆိုထား ကြသူများပီပီ မိမိကိုယ်ကိုသစ္စာရှိရန်၊ မိမိတပ်အပေါ် သစ္စာရှိရန်၊ နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် တပ်မတော်အပေါ်သစ္စာရှိရန်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန် လိုကြောင်း၊ ထို့အတူမိမိကိုယ်ကိုအလိုမလိုက်ဘဲ မူးယစ်သေစာသောက်စားပျော်ပါးမှုများကို ရှောင်ကျဉ်ရန်လိုပြီးလက်အောက် အား စနစ်တကျကြပ်မတ် ကွပ်ကဲရန်လိုကြောင်းဖြင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဟင်္သာတတပ်နယ်၊ ကွင်းကောက်ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအားတွေ့ ဆုံအမှာစကားပြောကြား ရာတွင်ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ဟင်္သာတတပ်နယ်၊ ကွင်းကောက်ရှိ နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာများ၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ရင်း/တပ်ဖွဲ့များအား လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်သည်တစ်ဦးချင်း၏ ကြံ့ခိုင်သန်မာမှုအတွက် ဆောင်ရွက်ရန်လိုအပ်မှုနှင့် သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ လေ့ကျင့်ပေးရန်လိုအပ်မှု၊ တာဝန်ပေးအပ်ထားသည့်အဆင့်အလိုက်သက်ဆိုင်သည့် လေ့ကျင့်ခန်းများအား ကျွမ်းကျင် ပိုင်နိုင်သည်အထိ လေ့ကျင့်ပေးရန်လိုအပ်မှုနှင့် တပ်ခြံစည်းရိုးတစ်လျှောက် အရိပ်ရလေကာပင်များစနစ်တကျစိုက်ပျိုးရန်တို့အား မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းကျောင်းရှိ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများ အားတွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသည် စစ်သည်တစ်ဦးချင်း၏အခြေခံ မှစ၍ ရာထူးအဆင့်ဆင့်အားထမ်းဆောင်နိုင်ရန်အတွက် လေ့ကျင့်ပေးနေသည့် သင်တန်းကျောင်းတစ်ခုဖြစ်ကြောင်း၊ လေ့ကျင့် ချိန်ကာလကြာမြင့်သည်နှင့်အမျှစစ်သည်တစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုနှင့်ကြံ့ခိုင်မှု ပိုမိုတိုးတက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ သင်တန်းကာလ အလိုက်လေ့ကျင့်ရေးလုပ်ငန်းဆောင်ရွက်ပေးမှုများကို စနစ်တကျသင်ယူမှသာ ကြံ့ခိုင်မှုကိုရရှိနိုင်မည်ဖြစ်ပြီး ထိုသို့ သာမန်ထက်ပို၍ခံနိုင်ရည်ရှိသည့် ကျန်းမာကြံ့ခိုင်မှုရှိမှသာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းသည် မည်သည့်လက်ရုံးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို စစ်မြေပြင်တွင်ခြေလျင်တပ်ဖွဲ့များကဲ့သို့ တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ထမ်းဆောင် နိုင်ရန်အတွက် ရာသီဥတုဒဏ်ကိုခံနိုင်၍ ကျန်းမာကြံ့ခိုင်မှုရှိရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး စစ်သည်တစ်ဦးချင်း လိုအပ်သည့် အာဟာရနှင့်ကိုက်ညီသည့် ရိက္ခာများကိုရရှိအောင်ဆောင်ရွက်ပေးထားပြီး အပြည့်အဝစားသုံးရန်လို အပ်ကြောင်း မှာကြားသည်။

ယင်းနောက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် တပ်မတော်သားမိသားစုဝင်များ၏ သက်သာချောင်ချိမှုကိုအထောက်အကူရစေပြီး မိမိတို့ကိုယ်တိုင်ထုတ်လုပ်သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များဖြစ်သောကြောင့် အာဟာရဓာတ်ပြည့်ဝစွာရရှိစေသဖြင့် ခန္ဓာကိုုယ်ကျန်းမာ ကြံ့ခိုင်မှုကို အထောက်အကူ ပြုစေကြောင်းပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်၏လေ့ကျင့်ရေးမူဝါဒဖြစ်သည့် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့်အတိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုများနှင့် ရဲစွမ်းသတ္တိရှိစေရန်လေ့ကျင့်သင်ကြားပေးခြင်းဖြင့် တစ်ဦးချင်းမှ တပ်ဖွဲ့၊ တပ်ဖွဲ့မှ တပ်မတော်တစ်ရပ်လုံးစွမ်းရည်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်းနှင့် ရဲစွမ်းသတ္တိပြည့်ဝ နေစေရန်အတွက် မြန်မာ့သိုင်းသင်တန်းများ၊ လှံစွပ်ထိုးသင်တန်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်းများတွင်သာမက မိမိတို့တပ်ရင်း ဌာနချုပ် များတွင်လည်း အမြဲလေ့ကျင့်နေရန်လိုအပ်ကြောင်း၊ မိမိတို့သင်ကြားထားသည့် စစ်ပညာရပ်များအား လက်တွေ့စစ်မြေပြင်တွင် အပြည့်အဝအသုံးချရန်လိုအပ် ကြောင်းမှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်း မှအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများ အတွက် သုတ၊ရသ စာအုပ်စာစောင်များ နှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ရာကျောင်းအုပ်ကြီးကလက်ခံရယူသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)က အားကစား ပစ္စည်းများကိုလည်းကောင်း၊ တိုင်းမှူးက စားသောက်ဖွယ် ရာများကိုလည်းကောင်းအသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသားစားရိပ်သာတွင် သင်တန်းသားများနှင့် အတူနေ့လယ်စားအားအတူတကွ သုံးဆောင်ကြသည်။

ဆက်လက်ပြီး ညနေပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် ပုသိမ်မြို့ရှိမြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အုန်းသားဆီနှင့်ဆက်စပ်ပစ္စည်း စက်ရုံ(ပုသိမ်)သို့ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင်တာဝန်ရှိသူတစ်ဦးက လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကအုန်းသားဆီ ကုန်ချောထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းရရှိရေးအတွက် တပ်ခြံစည်းရိုးများတွင် အုန်းပင်များစနစ်တကျစိုက်ပျိုးရေးနှင့် နယ်မြေအတွင်းလိုအပ်သည့် အုန်းကုန်ကြမ်းပစ္စည်းများဝယ်ယူရရှိရေးတို့အား စနစ်တကျစီမံဆောင်ရွက်သွားရန်မှာကြားသည်။ ထို့နောက် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

အဆိုပါ အုန်းသားဆီနှင့်ဆက်စပ်ပစ္စည်းစက်ရုံ(ပုသိမ်)မှ ထုတ်လုပ်သည့် သဘာဝအုန်းသားဆီများကိုသုံးစွဲခြင်းဖြင့် လူ့ခန္ဓာ ကိုယ်၏ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ရှိဒူး၊ တံတောင်စသောအဆစ်အမြစ်များ လှုပ်ရှားမှု ပိုမိုကောင်းမွန်လာခြင်း၊ အသက်အရွယ်ကြီးရင့်သူများသောက်သုံးပါက ဦးနှောက်ဆဲများကိုပိုမိုကောင်းမွန် စေသည့်အတွက် မှတ်ဉာဏ်ကျဆင်းမှုကို ကာကွယ်နိုင်ခြင်း၊ ဆီးချိုရောဂါရှိပါကသွေးအတွင်း သကြားဓာတ်ပါ၀င်မှုကို ထိန်းညှိနိုင်သောကြောင့် ရောဂါသက်သာစေခြင်း၊ သွေးတိုးရောဂါရှိသူများခန္ဓာကိုယ် အတွင်း သွေးတိုးမှုကိုလျော့ကျစေခြင်း၊ သွေးအတွင်းမလိုအပ်သော အဆီပါ၀င်သည့် ပမာဏကိုသိသာစွာလျော့ချပေးခြင်း၊ ကိုယ်အလေးချိန်ချရန်အတွက် လေ့ကျင့်ခန်းပြုလုပ်နေသူများ သောက်သုံးပါက ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုလှုံ့ ဆော်ပေးသဖြင့်ကယ်လိုရီပိုမို လောင်ကျွမ်းစေခြင်း၊ ကလေးမွေးပြီးစနို့တိုက်မိခင်များ သောက်သုံးပါက ရင်သွေးငယ်အတွက်အာဟာရပြည့်ဝသောနို့ချိုပိုမိုထွက်စေခြင်းစသော အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။