နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်ပေးဆပ်ပြီးတာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များသည်နိုင်ငံတော်ကို အထောက်အကူဖြစ်ရမည်

ေနျပည္ေတာ္၊ ေမ ၁၆

စစ္သားတစ္ခါျဖစ္ဖူးလွ်င္ ထာ၀ရစစ္သား(Once a Soldier Always a Soldier) ဆုိသည့္အတုိင္း အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ တပ္မေတာ္မွအၿငိမ္းစားယူခဲ့ၾကသည့္ စစ္မႈထမ္းေဟာင္းမ်ားသည္ ႏုိင္ငံေတာ္အတြက္ အင္အားစုတစ္ခုျဖစ္ၿပီး မိမိတုိ႔ကုိျပဳစုပ်ိဳးေထာင္ေပးခဲ့ၿပီး တာ၀န္ထမ္းေဆာင္ခဲ့သည့္ တပ္မေတာ္အေပၚ သစၥာ ရွိရန္လုိေၾကာင္း၊ လက္ရွိအခ်ိန္တြင္လည္း အၿငိမ္းစားယူၿပီး ႏုိင္ငံသားတစ္ေယာက္အေနျဖင့္ ႏုိင္ငံ၏ တုိးတက္ ေရးကုိတစ္ဖက္ တစ္လမ္းမွ၀ုိင္း၀န္းေဆာင္ရြက္ၾကေစလုိေၾကာင္း၊ မိမိတုိ႔သည္ယခင္ကတည္းက ႏုိင္ငံေတာ္ ကာကြယ္ေရးအတြက္အသက္ေပးဆပ္ၿပီး တာ၀န္ထမ္းေဆာင္ခဲ့ၾကသူမ်ားျဖစ္သျဖင့္ မိမိတုိ႔၏လုပ္ေဆာင္ခ်က္ မ်ားသည္ႏုိင္ငံေတာ္ကုိ အေထာက္အကူျပဳရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ကုိတုိင္းျပည္ကအားထားရၿပီး ျပည္သူကအားကုိးရသည့္ တပ္မေတာ္ ျဖစ္ေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္းအိမ္ရာ(ေလးေထာင့္ကန္)ရွိ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအား ေတြ႕ဆုံအမွာစကားေျပာ ၾကားရာတြင္ ထည့္သြင္းေျပာၾကား သည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ(ေလးေထာင့္ကန္)မွ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္မႈထမ္းေဟာင္းဆုိသည္မွာ တပ္မေတာ္၏ အရန္ အင္အားျဖစ္သကဲ့သုိ႔ ႏုိင္ငံေတာ္၏အင္အားစုတစ္ခုျဖစ္ေၾကာင္း၊ စစ္မႈထမ္းေဟာင္းမ်ားသည္ စနစ္တက် ေလ့က်င့္ၿပီး တပ္မေတာ္တြင္ေကာင္းမြန္စြာအမႈထမ္းခဲ့သူမ်ားျဖစ္ကာ အသက္အရြယ္၊ စစ္မႈထမ္းသက္၊ က်န္းမာ ေရး၊ ပုဂၢိဳလ္ေရးစသည့္အေၾကာင္းမ်ိဳးမ်ိဳးေၾကာင့္ တပ္မေတာ္မွအၿငိမ္းစားယူခဲ့သူမ်ား ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔စစ္မႈထမ္းေဟာင္းမ်ားသည္ ႏုိင္ငံေတာ္အတြက္အင္အားစု တစ္ခုအျဖစ္ခံယူေနထုိင္ၾကရန္လုိေၾကာင္း၊ တပ္မေတာ္သည္စစ္မႈထမ္းေဟာင္းမ်ားအား အၿမဲအသိအမွတ္ျပဳ ရပ္တည္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သား တုိင္းသည္တစ္ခ်ိန္က်လွ်င္ စစ္မႈထမ္းေဟာင္းျဖစ္မည့္သူမ်ားျဖစ္သျဖင့္ မိမိတုိ႔အေနျဖင့္ စာနာနားလည္မႈရွိစြာျဖင့္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္းရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ စားေရးႏွင့္ပတ္သက္၍ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား၏ စားေရးကုိအေထာက္အကူျဖစ္ေစရန္ အတြက္ သက္ဆုိင္ရာတုိင္းစစ္ဌာနခ်ဳပ္မ်ားအလုိက္ မိမိတို႕တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိ သည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ားကုိလည္း တတ္ႏုိင္သေလာက္သက္သာေသာေစ်းႏႈန္းျဖင့္ ေရာင္းခ် ေပးရန္တာ၀န္ေပးထားေၾကာင္း၊ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈ ၀န္ထုတ္၀န္ပုိးကုိသက္သာႏုိင္ ေစရန္အတြက္ တပ္မ ေတာ္မွ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ တစ္ပုိင္တစ္ႏုိင္ စုိက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားအား ေဆာင္ရြက္လ်က္ရွိၿပီး တပ္မေတာ္မွထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကုိလည္း အျမတ္ကုိအဓိကမထားဘဲ အေရအတြက္မ်ားမ်ား အျမတ္နည္းနည္းျဖင့္ ျပည္သူလူထုကုိတစ္ဖက္တစ္လမ္းမွအေထာက္အကူျဖစ္ေစရန္ ထုတ္လုပ္ေရာင္းခ်ေပးလ်က္ရွိေၾကာင္းေျပာၾကားသည္။

ဆက္လက္ၿပီး ေနေရးႏွင့္ပတ္သက္၍ စစ္မႈထမ္းေဟာင္းအိမ္ရာမ်ားအား တုိင္းစစ္ဌာနခ်ဳပ္အသီးသီးတြင္ ေဆာက္လုပ္ၿပီး ေနထုိင္ႏုိင္ေရးစီစဥ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း ႏုိင္ငံေတာ္အတြက္ အသက္စြန္႔လႊတ္ခဲ့ရ သူမ်ား၊ ကုိယ္လက္အဂၤါ ဆုံး႐ႈံးခဲ့ရသူမ်ားကုိ ဦးစားေပး၍ေနရာခ်ထားေပးလ်က္ရွိၿပီး က်န္စစ္မႈထမ္းေဟာင္း မ်ားကုိလည္း ဦးစားေပးမ်ားအလိုက္ ေနရာခ်ထားေပးေၾကာင္း၊ စစ္မႈထမ္းေဟာင္းအိမ္ရာမ်ားကုိ ဆက္လက္ တုိးခ်ဲ႕ေဆာက္လုပ္လ်က္ရွိေၾကာင္း၊ အလားတူတပ္မေတာ္သားမ်ား၏ အဆင့္တုိးျမႇင့္ေရးကုိလည္း သတ္မွတ္ ခ်က္မ်ားအတုိင္း ေဆာင္ရြက္ေပးလ်က္ရွိၿပီး အၿငိမ္းစားယူသည့္အခ်ိန္တြင္ ပုိမုိအဆင္ေျပစြာ ေနထုိင္ႏုိင္ေရး ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အတူ ႏုိင္ငံတကာတပ္မေတာ္မ်ားႏွင့္ရင္ေဘာင္တန္းႏုိင္ေရးအတြက္ တပ္မ ေတာ္သားမ်ား၏ ပညာရည္ျမင့္မားေရးကုိေဆာင္ရြက္လ်က္ရွိသကဲ့သုိ႔ မိသားစု၀င္မ်ား၏ပညာရည္ ျမင့္မားေရး အတြက္လည္းေဆာင္ရြက္ေပးလ်က္ရွိၿပီး ထူးခြၽန္သည့္စစ္သည္မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဆုမ်ား ထုိက္ထုိက္တန္တန္ခ်ီးျမႇင့္ေပးလ်က္ရွိေၾကာင္း၊ စစ္မႈထမ္းေဟာင္းမ်ား၏ မိသားစု၀င္မ်ား ပညာ ရည္ျမႇင့္တင္ေရးကုိလည္း တတ္ႏုိင္သည့္ဘက္မွ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔အတူ တပ္မေတာ္သားမိသားစု၀င္မ်ားႏွင့္စစ္မႈထမ္းေဟာင္းမိသားစု၀င္မ်ား အလုပ္အကုိင္အခြင့္အလမ္းရရွိ ေစေရးအတြက္ အထည္ခ်ဳပ္စက္႐ုံမ်ားႏွင့္အျခား ကုန္ပစၥည္းထုတ္လုပ္သည့္စက္႐ုံမ်ားဖြင့္လွစ္၍ ေဆာင္ရြက္ ေပးထားေၾကာင္း၊ စစ္မႈထမ္းေဟာင္းမ်ား၏က်န္းမာေရးအတြက္ တပ္မေတာ္ေဆး႐ုံမ်ားႏွင့္နီးစပ္ရာ တပ္ရင္း၊ တပ္ဖြဲ႕ ဌာနခ်ဳပ္ေဆးခန္းမ်ားတြင္ တက္ေရာက္ကုသခြင့္ရွိၿပီး ေဆးကုသမႈခံယူႏုိင္ေၾကာင္း၊ မိမိတုိ႔ စစ္မႈထမ္း ေဟာင္းအဖြဲ႕၀င္မ်ားအား အဖြဲ႕အစည္္းတစ္ခ်ိဳ႕၏အသုံးခ်မႈမခံရေစေရး ျပဳမူေျပာဆုိေနထုိင္ၾကရန္လုိေၾကာင္း၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား၏ သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္မေတာ္မွေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ မိမိတုိ႔စစ္မႈထမ္းေဟာင္းမ်ားအေနျဖင့္လည္း ၀ုိင္း၀န္းပူးေပါင္းေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ သားမ်ားသည္ ေဆြမ်ိဳးသားခ်င္းမေတာ္စပ္ေသာ္လည္း တစ္ႏုိင္ငံလုံးမွတိုင္းရင္းသားမ်ားျဖင့္ စုေပါင္းဖြဲ႕စည္းထား သည့္အတြက္ ညီအစ္ကုိေမာင္ႏွမစိတ္ဓာတ္၊ မိသားစုစိတ္ဓာတ္ ျဖင့္ေနထုိင္ၾကသည့္တပ္မေတာ္ျဖစ္သျဖင့္ စည္းစည္းလုံးလုံးရွိသကဲ့သုိ႔ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအေနျဖင့္လည္း ညီအစ္ကုိစိတ္ဓာတ္၊ မိသားစု စိတ္ဓာတ္မ်ားေမြးျမဴ၍ စည္းစည္းလုံးလုံးေဆာင္ရြက္ျခင္းျဖင့္ တုိင္းျပည္အတြက္အားတစ္ခုကုိျဖစ္ေစေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္အတြက္အေထာက္အကူျဖစ္ေစရန္၊ တုိင္းျပည္ကအားထားရၿပီး ျပည္သူက အားကုိးရသည့္တပ္ျဖစ္ေစရန္၊ ႏုိင္ငံေတာ္၏အခ်ဳပ္အျခာအာဏာ၊ ႏုိင္ငံေတာ္အစုိးရႏွင့္ ႏုိင္ငံသားျပည္သူမ်ား အား ေႏွာင့္ယွက္ဒုကၡေပးေနသူမ်ား၏ရန္ကုိ ကာကြယ္ေပးရန္အတြက္ႀကိဳးပမ္းေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ အင္အားေတာင့္တင္းၿပီး စြမ္းရည္ရွိသည့္ေခတ္မီတပ္မေတာ္တည္ေဆာက္ႏုိင္မွသာ အိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ ႏုိင္ငံတကာက မိမိတုိ႔ႏုိင္ငံကုိေလးစားၾကမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ႏုိင္ငံေတာ္၏ အစိတ္အပုိင္း တစ္ရပ္ျဖစ္၍ ႏုိင္ငံေတာ္ အေပၚသစၥာရွိရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ စစ္ေရးခ်ဳပ္ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ျမန္မာ့သား ေကာင္း စစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) တည္ေဆာက္ေနမႈအေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆး ရာ တုိင္းမွဴးဗုိလ္ခ်ဳပ္သက္ပုံႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံး၊ ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ေမာင္ေမာင္ျမင့္ တုိ႔က စစ္မႈထမ္းေဟာင္းအိမ္ရာတည္ေဆာက္ေနမႈအေျခအေနမ်ားအားလည္းေကာင္း၊ စစ္ေရးခ်ဳပ္ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက စစ္မႈထမ္းေဟာင္းမိသားစု၀င္မ်ားအလုပ္အကုိင္ အခြင့္အလမ္းရရွိေရးအတြက္ အထည္ ခ်ဳပ္စက္႐ုံတည္ေဆာက္ရန္လ်ာထားေဆာင္ရြက္မႈမ်ားအားရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သတ္မွတ္ကာလတြင္ၿပီးစီးရန္ႏွင့္ သတ္မွတ္ အရည္အေသြးျပည့္မီေအာင္ေဆာင္ရြက္ရန္၊ ၿခံစည္း႐ုိး နယ္နိမိတ္တစ္ေလွ်ာက္ အရိပ္ရေလကာပင္မ်ား စနစ္ တက်စုိက္ပ်ိဳးရန္တုိ႔အားမွာၾကားၿပီး စစ္မႈထမ္းေဟာင္းအိမ္ရာ ေဆာက္လုပ္ေနမႈ အေျခအေနမ်ားအား ၾကည့္႐ႈ စစ္ေဆးရာ တာ၀န္ရွိသူမ်ားကလုိက္လံရွင္းလင္းတင္ျပၾကသည္။

အဆုိပါဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္း အိမ္ရာ၌ ၂၀၁၇ ခုႏွစ္တြင္ အျခား အဆင့္ေနအိမ္ (၂)ခန္းတြဲ(၆)ထပ္ ၇ လုံးေဆာက္လုပ္မႈမွာ ၄၉ ရာခုိင္ႏႈန္းခန္႔ၿပီးစီးၿပီျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ အရာရွိငယ္ေနအိမ္(၂)ခန္းတြဲ(၆)ထပ္ ၄ လုံးႏွင့္ အျခားအဆင့္ေနအိမ္(၂)ခန္းတြဲ(၆)ထပ္ ၉ လုံးတုိ႔အား ပုိင္႐ုိက္ျခင္းလုပ္ငန္းမ်ား စတင္ေဆာင္ရြက္လ်က္ရွိသည္။ တစ္ခ်ိန္တည္းတြင္ စစ္မႈထမ္းေဟာင္းမိသားစုမ်ား၏ စားေရးကုိအေထာက္အကူျပဳေစရန္အတြက္ ေခတ္မီအဆင့္ျမင့္ဥစားၾကက္ၿခံအား ေဆာက္လုပ္လ်က္ရွိၿပီး အလုပ္အကုိင္အခြင့္လမ္းရရွိေရးအတြက္လည္း အထည္ခ်ဳပ္စက္႐ုံအား ဆက္လက္တည္ေဆာက္ေပး သြားမည္ ျဖစ္ေၾကာင္းသိရွိရသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စစ္မႈထမ္းေဟာင္းအိမ္ရာအနီးရွိ အေျခခံ ပညာအထက္တန္းေက်ာင္း၊ အမွတ္(၁) စုိက္ပ်ိဳးေမြးျမဴေရးရပ္ကြက္သို႔ေရာက္ရွိ၍ ေက်ာင္း၀န္းအတြင္း လွည့္လည္ၾကည့္႐ႈၿပီး ေက်ာင္း၏လုိအပ္ခ်က္မ်ားျဖစ္သည့္ ထရန္စေဖာ္မာတပ္ဆင္ေရး၊ စာသင္စားပြဲႏွင့္ ထုိင္ခုံမ်ား၊ ကြန္ျပဴတာမ်ားျဖည့္ဆည္းေပးေရးႏွင့္ ေက်ာင္းသန္႔ရွင္းေရးအတြက္ ေဆာင္ရြက္ေပးေရးတုိ႔အား ၫႇိႏႈိင္းျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ဆက္လက္၍ အမွတ္(၁)စုိက္ပ်ိဳးေမြးျမဴေရးရပ္ကြက္ရွိ တုိက္နယ္ေဆး႐ုံသုိ႔ ေရာက္ရွိၾကၿပီး ေဆး႐ုံအတြင္း လွည့္လည္ၾကည့္႐ႈကာ ေဆး႐ုံရွိခြဲစိတ္ခန္းျပန္လည္ျပဳျပင္မြန္းမံရန္အတြက္ တပ္မေတာ္မွ ကူညီေဆာင္ရြက္ ေပးႏုိင္ေရး ၫႇိႏႈိင္းျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

 

(Unicode Version)

နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်ပေးဆပ်ပြီးတာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များသည်နိုင်ငံတော်ကို အထောက်အကူဖြစ်ရမည်

နေပြည်တော်၊ မေ  ၁၆

စစ်သားတစ်ခါဖြစ်ဖူးလျှင် ထာဝရစစ်သား(Once a Soldier Always a Soldier) ဆိုသည့်အတိုင်း အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်မှအငြိမ်းစားယူခဲ့ကြသည့် စစ်မှုထမ်းဟောင်းများသည် နိုင်ငံတော်အတွက် အင်အားစုတစ်ခုဖြစ်ပြီး မိမိတို့ကိုပြုစုပျိုးထောင်ပေးခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အပေါ် သစ္စာ ရှိရန်လိုကြောင်း၊ လက်ရှိအချိန်တွင်လည်း အငြိမ်းစားယူပြီး နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံ၏ တိုးတက် ရေးကိုတစ်ဖက် တစ်လမ်းမှဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့သည်ယခင်ကတည်းက နိုင်ငံတော် ကာကွယ်ရေးအတွက်အသက်ပေးဆပ်ပြီး တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သဖြင့် မိမိတို့၏လုပ်ဆောင်ချက် များသည်နိုင်ငံတော်ကို အထောက်အကူပြုရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်ကိုတိုင်းပြည်ကအားထားရပြီး ပြည်သူကအားကိုးရသည့် တပ်မတော် ဖြစ်အောင်ဆောင်ရွက်လျက်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြော ကြားရာတွင် ထည့်သွင်းပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းဆိုသည်မှာ တပ်မတော်၏ အရန် အင်အားဖြစ်သကဲ့သို့ နိုင်ငံတော်၏အင်အားစုတစ်ခုဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများသည် စနစ်တကျ လေ့ကျင့်ပြီး တပ်မတော်တွင်ကောင်းမွန်စွာအမှုထမ်းခဲ့သူများဖြစ်ကာ အသက်အရွယ်၊ စစ်မှုထမ်းသက်၊ ကျန်းမာ ရေး၊ ပုဂ္ဂိုလ်ရေးစသည့်အကြောင်းမျိုးမျိုးကြောင့် တပ်မတော်မှအငြိမ်းစားယူခဲ့သူများ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့စစ်မှုထမ်းဟောင်းများသည် နိုင်ငံတော်အတွက်အင်အားစု တစ်ခုအဖြစ်ခံယူနေထိုင်ကြရန်လိုကြောင်း၊ တပ်မတော်သည်စစ်မှုထမ်းဟောင်းများအား အမြဲအသိအမှတ်ပြု ရပ်တည်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သား တိုင်းသည်တစ်ချိန်ကျလျှင် စစ်မှုထမ်းဟောင်းဖြစ်မည့်သူများဖြစ်သဖြင့် မိမိတို့အနေဖြင့် စာနာနားလည်မှုရှိစွာဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် စားရေးနှင့်ပတ်သက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ စားရေးကိုအထောက်အကူဖြစ်စေရန် အတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် မိမိတို့တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကိုလည်း တတ်နိုင်သလောက်သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးရန်တာဝန်ပေးထားကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ဝန်ထုတ်ဝန်ပိုးကိုသက်သာနိုင် စေရန်အတွက် တပ်မ တော်မှ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကိုလည်း အမြတ်ကိုအဓိကမထားဘဲ အရေအတွက်များများ အမြတ်နည်းနည်းဖြင့် ပြည်သူလူထုကိုတစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေရန် ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်းပြောကြားသည်။

ဆက်လက်ပြီး နေရေးနှင့်ပတ်သက်၍ စစ်မှုထမ်းဟောင်းအိမ်ရာများအား တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ဆောက်လုပ်ပြီး နေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရ သူများ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူများကို ဦးစားပေး၍နေရာချထားပေးလျက်ရှိပြီး ကျန်စစ်မှုထမ်းဟောင်း များကိုလည်း ဦးစားပေးများအလိုက် နေရာချထားပေးကြောင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာများကို ဆက်လက် တိုးချဲ့ဆောက်လုပ်လျက်ရှိကြောင်း၊ အလားတူတပ်မတော်သားများ၏ အဆင့်တိုးမြှင့်ရေးကိုလည်း သတ်မှတ် ချက်များအတိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားယူသည့်အချိန်တွင် ပိုမိုအဆင်ပြေစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ နိုင်ငံတကာတပ်မတော်များနှင့်ရင်ဘောင်တန်းနိုင်ရေးအတွက် တပ်မ တော်သားများ၏ ပညာရည်မြင့်မားရေးကိုဆောင်ရွက်လျက်ရှိသကဲ့သို့ မိသားစုဝင်များ၏ပညာရည် မြင့်မားရေး အတွက်လည်းဆောင်ရွက်ပေးလျက်ရှိပြီး ထူးချွန်သည့်စစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးလျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်းများ၏ မိသားစုဝင်များ ပညာ ရည်မြှင့်တင်ရေးကိုလည်း တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အတူ တပ်မတော်သားမိသားစုဝင်များနှင့်စစ်မှုထမ်းဟောင်းမိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိ စေရေးအတွက် အထည်ချုပ်စက်ရုံများနှင့်အခြား ကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများဖွင့်လှစ်၍ ဆောင်ရွက် ပေးထားကြောင်း၊ စစ်မှုထမ်းဟောင်းများ၏ကျန်းမာရေးအတွက် တပ်မတော်ဆေးရုံများနှင့်နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့ ဌာနချုပ်ဆေးခန်းများတွင် တက်ရောက်ကုသခွင့်ရှိပြီး ဆေးကုသမှုခံယူနိုင်ကြောင်း၊ မိမိတို့ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား အဖွဲ့အစည်းတစ်ချို့၏အသုံးချမှုမခံရစေရေး ပြုမူပြောဆိုနေထိုင်ကြရန်လိုကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်မတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့စစ်မှုထမ်းဟောင်းများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တပ်မတော် သားများသည် ဆွေမျိုးသားချင်းမတော်စပ်သော်လည်း တစ်နိုင်ငံလုံးမှတိုင်းရင်းသားများဖြင့် စုပေါင်းဖွဲ့စည်းထား သည့်အတွက် ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ် ဖြင့်နေထိုင်ကြသည့်တပ်မတော်ဖြစ်သဖြင့် စည်းစည်းလုံးလုံးရှိသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း ညီအစ်ကိုစိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်များမွေးမြူ၍ စည်းစည်းလုံးလုံးဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အတွက်အားတစ်ခုကိုဖြစ်စေကြောင်း၊ တပ်မတော်သည် နိုင်ငံတော်အတွက်အထောက်အကူဖြစ်စေရန်၊ တိုင်းပြည်ကအားထားရပြီး ပြည်သူက အားကိုးရသည့်တပ်ဖြစ်စေရန်၊ နိုင်ငံတော်၏အချုပ်အခြာအာဏာ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားပြည်သူများ အား နှောင့်ယှက်ဒုက္ခပေးနေသူများ၏ရန်ကို ကာကွယ်ပေးရန်အတွက်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ရှိသည့်ခေတ်မီတပ်မတော်တည်ဆောက်နိုင်မှသာ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာက မိမိတို့နိုင်ငံကိုလေးစားကြမည်ဖြစ်ကြောင်း၊ တပ်မတော်သည်နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်၍ နိုင်ငံတော် အပေါ်သစ္စာရှိရမည်ဖြစ်ကြောင်းမှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာ့သား ကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ရာ တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်မြင့် တို့က စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုအခြေအနေများအားလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက စစ်မှုထမ်းဟောင်းမိသားစုဝင်များအလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် အထည် ချုပ်စက်ရုံတည်ဆောက်ရန်လျာထားဆောင်ရွက်မှုများအားရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ကာလတွင်ပြီးစီးရန်နှင့် သတ်မှတ် အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်၊ ခြံစည်းရိုး နယ်နိမိတ်တစ်လျှောက် အရိပ်ရလေကာပင်များ စနစ် တကျစိုက်ပျိုးရန်တို့အားမှာကြားပြီး စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြသည်။

အဆိုပါဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အိမ်ရာ၌ ၂၀၁၇ ခုနှစ်တွင် အခြား အဆင့်နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံးဆောက်လုပ်မှုမှာ ၄၉ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အရာရှိငယ်နေအိမ်(၂)ခန်းတွဲ(၆)ထပ် ၄ လုံးနှင့် အခြားအဆင့်နေအိမ်(၂)ခန်းတွဲ(၆)ထပ် ၉ လုံးတို့အား ပိုင်ရိုက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် စစ်မှုထမ်းဟောင်းမိသားစုများ၏ စားရေးကိုအထောက်အကူပြုစေရန်အတွက် ခေတ်မီအဆင့်မြင့်ဥစားကြက်ခြံအား ဆောက်လုပ်လျက်ရှိပြီး အလုပ်အကိုင်အခွင့်လမ်းရရှိရေးအတွက်လည်း အထည်ချုပ်စက်ရုံအား ဆက်လက်တည်ဆောက်ပေး သွားမည် ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအနီးရှိ အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေးရပ်ကွက်သို့ရောက်ရှိ၍ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုပြီး ကျောင်း၏လိုအပ်ချက်များဖြစ်သည့် ထရန်စဖော်မာတပ်ဆင်ရေး၊ စာသင်စားပွဲနှင့် ထိုင်ခုံများ၊ ကွန်ပြူတာများဖြည့်ဆည်းပေးရေးနှင့် ကျောင်းသန့်ရှင်းရေးအတွက် ဆောင်ရွက်ပေးရေးတို့အား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးရပ်ကွက်ရှိ တိုက်နယ်ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဆေးရုံရှိခွဲစိတ်ခန်းပြန်လည်ပြုပြင်မွန်းမံရန်အတွက် တပ်မတော်မှ ကူညီဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။