တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ေမ  ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ဥကၠ႒ေစာမူတူးေစးဖုိး ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕ႏွင့္ ယေန႔ညေနပုိင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ရွိ ေဇယ်ာသီရိ ဗိမာန္ဧည့္ခန္းမေဆာင္တြင္ ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီအဖြဲ႕၀င္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(ၿငိမ္း)တုိ႔တက္ေရာက္ၾကၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ဥကၠ႒ႏွင့္အတူ ဒုတိယဥကၠ႒ ပဒုိ ေစာကြယ္ထူး၀င္းႏွင့္အဖြဲ႕၀င္မ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ေရွ႕ဆက္ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားအား ၫႇိႏႈိင္း ေဆြးေႏြး ၾကၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ စုိးရိမ္ပူပန္မႈမ်ားျဖစ္ေပၚလ်က္ရွိသည့္ ေခးပူ-လြယ္မူပေလာ လမ္းေၾကာင္းျပဳျပင္ေဆာင္ရြက္ေနမႈကုိ တပ္မေတာ္မွနားလည္မႈရွိစြာျဖင့္ ယာယီရပ္ဆုိင္းေပးထားမည္ျဖစ္ၿပီး အဆုိပါေဒသတြင္ေနထုိင္ၾကသည့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအေနျဖင့္ေအးခ်မ္းစြာ ေနထုိင္လုပ္ကုိင္ ႏုိင္ၿပီး လြတ္လပ္စြာသြားလာလႈပ္ရွားႏုိင္ေၾကာင္း ေဆြးေႏြးသေဘာတူညီမႈရရွိခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU) ဥကၠ႒တုိ႔သည္ အမွတ္တရလက္ ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မေ  ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌစောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှတပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းနှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးကြပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည့် ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်မှနားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထားမည်ဖြစ်ပြီး အဆိုပါဒေသတွင်နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ပြီး လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ကြောင်း ဆွေးနွေးသဘောတူညီမှုရရှိခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌတို့သည် အမှတ်တရလက် ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။