ဝံသာနုရက္ခိတတရားဆိုသည်မှာ “မိမိနိုင်ငံနှင့် လူမျိုးကိုအစဉ်စောင့်ရှောက်ခြင်း”ဟု အဓိပ္ပါယ်ရပြီး ၎င်း စိတ်ဓာတ်များ အမြဲကိန်းအောင်းရှင်သန်နေမှ အမျိုးသားရေးကိုယ်ခံစွမ်းအား ပြည့်ဝနေမည်ဖြစ်

ေနျပည္ေတာ္ ၊ ေမ ၂၀

ကမၻာေပၚတြင္ရွိသည့္မည္သည့္ႏုိင္ငံမဆုိ ႏုိင္ငံတစ္ခုအျဖစ္တည္တံ့ခုိင္ၿမဲစြာ ရပ္တည္ႏုိင္ရန္ အဆုိပါႏုိင္ငံ၌ ေနထုိင္သည့္ ႏုိင္ငံသားအားလုံး၏မ်ိဳးခ်စ္စိတ္၊ ႏုိင္ငံခ်စ္စိတ္ အေပၚတြင္မူတည္ေနေၾကာင္း၊ ထုိစိတ္ဓာတ္ကုိ အမ်ိဳးသားေရးစိတ္ဓာတ္ဟုေခၚဆုိ ႏုိင္သကဲ့သုိ႔၀ံသာႏုရကၡိတတရားဟု မိမိတုိ႔ျမန္မာမ်ားက ေရွးအစဥ္အဆက္ ကတည္းက သုံးစြဲခဲ့ၾကေၾကာင္း၊ ၀ံသာႏုရကၡိတတရားကုိျမန္မာ့အဘိဓာန္တြင္ “မိမိႏုိင္ငံႏွင့္လူမ်ိဳးကုိ အစဥ္ ေစာင့္ေရွာက္ျခင္း” ဟုအဓိပၸါယ္ဖြင့္ဆုိထားေၾကာင္း၊ ယေန႔အမ်ိဳးသားႏုိင္ငံေရးတြင္ တြင္တြင္က်ယ္က်ယ္ သုံးစြဲ ေနသည့္ အမ်ိဳးသားအက်ိဳးစီးပြား (National Interest) ဆုိသည္ မွာလည္းထုိစကားလုံးမ်ားမွ တစ္ဆင့္ အေျခခံလာျခင္းျဖစ္ေၾကာင္း၊ ထုိစိတ္ဓာတ္မ်ားကုိ ေမာင္မယ္တုိ႔ရင္ထဲတြင္ အၿမဲကိန္းေအာင္းရွင္သန္ေနေအာင္ ေဆာင္ရြက္ေနမွသာ မိမိတုိ႔ႏုိင္ငံ၊ မိမိတို႕လူမ်ိဳး၏ အမ်ိဳးသားေရးကုိယ္ခံစြမ္းအား အၿမဲျပည့္၀ေနမည္ ျဖစ္ ေၾကာင္း၊ မ်ိဳးခ်စ္စိတ္ႏွင့္ ၀ံသာႏုရကၡိတစိတ္ဓာတ္ပ်က္ျပား ေလ်ာ့နည္းေစမည့္ လုပ္ရပ္မွန္သမွ်ကုိ ေမာင္မယ္တုိ႔ အေနျဖင့္ အသိတရားျဖင့္ကာကြယ္သြားမွသာ မိမိတို႔ႏုိင္ငံ၏အမ်ိဳးသားေရးကုိယ္ခံစြမ္းအား ျမင့္တက္ ေနမည္ျဖစ္ၿပီး ကမၻာတည္သေရြ႕ ျမန္မာဆုိသည္မွာတည္တံ့ခုိင္ၿမဲေနမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိ ဗိမာန္၌ က်င္းပျပဳလုပ္ေသာ ေရေၾကာင္းႏွင့္ေလေၾကာင္း လူငယ္ေမာင္မယ္မ်ားအား ဂုဏ္ျပဳေတြ႕ဆံုပြဲ အခမ္း အနားတြင္ အမွာစကားေျပာၾကားရာ၌ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ဇနီး၊ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ ေရေၾကာင္းႏွင့္ေလေၾကာင္း လူငယ္သင္တန္းမ်ားမွ သင္တန္းသားေက်ာင္းသား၊ ေက်ာင္းသူ လူငယ္ေမာင္မယ္မ်ားႏွင့္ အုပ္ခ်ဳပ္သူ၊ နည္းျပမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ “မ်ိဳးခ်စ္စိတ္ဓာတ္ရွင္ သန္ထက္ ျမတ္ေရး၊ အေတြးအေခၚမွန္ကန္ေစေရးႏွင့္ ဗလငါးတန္ဖြံ႕ၿဖိဳးတုိးတက္ေရး” တုိ႔အတြက္ ေရေၾကာင္းလူငယ္ အေျခခံသင္တန္းႏွင့္ ေလေၾကာင္း လူငယ္အေျခခံသင္တန္းတုိ႔အား ၂၀၁၄ ခုႏွစ္မွစတင္၍ ဖြင့္လွစ္ ေပးခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္မွစတင္၍ တန္းျမင့္သင္တန္းမ်ားကုိကုိပါ ဆက္လက္ဖြင့္လွစ္ေပးခဲ့ရာမွ ေမာင္မယ္ တုိ႔လုိလူငယ္လူရြယ္မ်ားတစ္ႏွစ္ထက္တစ္ႏွစ္ ပုိမုိစိတ္ပါ၀င္စားစြာ တက္ေရာက္လာၾကသည္ကုိေတြ႕ ရွိရ ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔ႏုိင္ငံ၏ လူငယ္လူရြယ္မ်ားသည္ ႏုိင္ငံေတာ္ကာကြယ္ ေရးလုပ္ငန္းမ်ားမွာ စိတ္္ပါ ၀င္စားၾကသူမ်ားျဖစ္ၿပီး မ်ိဳးခ်စ္စိတ္၊ ႏုိင္ငံခ်စ္စိတ္ထက္သန္ သူမ်ားျဖစ္သည္ကုိေတြ႕ရွိရေၾကာင္း ေျပာၾကား သည္။

ထုိ႔ေနာက္ “ယေန႔လူငယ္ ေနာင္၀ယ္လူႀကီး” ဆုိသည့္ အဆုိအမိန္႔အတုိင္း တစ္ေန႔တစ္ခ်ိန္တြင္ ေမာင္မယ္ တုိ႔သည္ လူႀကီးေနရာကုိေရာက္ရွိလာၾကမည္မွာ မလြဲဧကန္ပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ေမာင္မယ္တုိ႔အေနျဖင့္ လူသားတစ္ေယာက္မွာရွိသင့္ရွိထုိက္သည့္ ကာယႏွင့္ဉာဏ ပုိင္းဆုိင္ရာစြမ္းေဆာင္ရည္မ်ား ျပည့္၀ထက္ျမတ္ သည့္ လူသားမ်ားအျဖစ္ အရြယ္ေရာက္လာၾကရန္လုိေၾကာင္း၊ သုိ႔မွသာေမာင္မယ္တုိ႔အေနႏွင့္ ႏုိင္ငံ့တာ၀န္ အရပ္ရပ္ကုိလႊဲေျပာင္းရယူခ်ိန္မွာ မိမိတုိ႔က်ရာတာ၀န္အသီးသီးကုိ ေက်ပြန္ေအာင္ျမင္ ေအာင္ထမ္းရြက္ႏုိင္ၾက မည္ျဖစ္ေၾကာင္း၊ အမိႏုိင္ငံေတာ္၏တာ၀န္အရပ္ရပ္ကုိ ထမ္းေဆာင္ၾကခ်ိန္တြင္ ေက်ပြန္ေအာင္ျမင္ေအာင္ ထမ္းေဆာင္ႏုိင္သည့္ စြမ္းရည္ျပည့္၀ရန္အတြက္ အဓိကလုိအပ္သည့္အရာမ်ားမွာ ဗလငါးတန္ပင္ျဖစ္ေၾကာင္း၊ ဗလငါးတန္ ဆုိသည္မွာ ကာယဗလဟုေခၚသည့္ က်န္းမာႀကံ့ခုိင္မႈစြမ္းအား၊ ဉာဏဗလဟုေခၚသည့္ အသိဉာဏ္စြမ္းအား၊ မိတၱဗလဟုေခၚသည့္ အဖြဲ႕အစည္းစိတ္ဓာတ္ႏွင့္ စည္းလုံးညီၫြတ္ မႈစြမ္းအား၊ စာရိတၱ ဗလဆုိသည့္ကုိယ္က်င့္တရားေကာင္းမြန္မႈစြမ္းအားမ်ားျပည့္စုံေနၾက မည္ဆုိလ်င္ ေဘာဂဗလဆုိသည့္ ဥစၥာ ပစၥည္းဆုိသည္မွာျပည့္စုံလာမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး ႏုိင္ငံေတာ္၏အမ်ိဳးသားႏုိင္ငံေရးတာ၀န္၊ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္မ်ားကုိ ေခတ္ အဆက္ဆက္တာ၀န္ေက်ပြန္ခဲ့သည့္ ျမန္မာ့တပ္မေတာ္ကုိ ေမာင္မယ္တုိ႔လုိ မ်ိဳးခ်စ္စိတ္ရွိသည့္ လူငယ္ လူရြယ္ ရဲေဘာ္သုံးက်ိပ္ႏွင့္စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္တပ္မေတာ္အေနျဖင့္ အနာဂတ္မ်ိဳးဆက္ သစ္လူငယ္မ်ားကုိ ႏုိင္ငံေတာ္ကာကြယ္လုိစိတ္၊ မ်ိဳးခ်စ္စိတ္ႏွင့္ ေခတ္မီတုိးတက္သည့္ ေခတ္အျမင္၊ ေခတ္ အေတြးမ်ားရရွိေစေရး ေရေၾကာင္းလူငယ္အေျခခံသင္တန္းႏွင့္ တန္းျမင့္သင္တန္း၊ တကၠသုိလ္ေလ့က်င့္ေရး တပ္သင္တန္းမ်ားကုိ ႏွစ္စဥ္ဖြင့္လွစ္ေပးေနျခင္းျဖစ္ေၾကာင္း၊ ေမာင္မယ္တုိ႔ဟာ ယခုကဲ့သုိ႔သင္တန္းမ်ားကုိ တက္ေရာက္ေအာင္ျမင္ခဲ့သူမ်ားျဖစ္သျဖင့္ ႏုိင္ငံ့အေရး၊ အမ်ိဳးသားအေရးကုိ စိတ္၀င္စားၿပီး မ်ိဳးခ်စ္စိတ္ထက္ သန္သည့္ သားေကာင္းရတနာ၊ သမီးေကာင္းရတနာမ်ားျဖစ္ေၾကာင္း ဂုဏ္ျပဳေျပာၾကားသည္။

ယင္းေနာက္ယေန႔အခ်ိန္သည္ မိမိတုိ႔ႏုိင္ငံ၏လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတုိးတက္လာရန္၊ လူသားစြမ္းေဆာင္ ရည္ပုိင္းတြင္ ကမၻာ့ႏုိင္ငံမ်ားႏွင့္ရင္ေပါင္တန္းႏုိင္သည္အထိ ထက္ျမတ္ျမင့္မားလာရန္အတြက္ ပညာေရးကုိ ပင္ မ ေရေသာက္ျမစ္ကဲ့သုိ႔မွတ္ယူကာ အေလးအနက္ထားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္လည္း ႏုိင္ငံ ေတာ္က ပညာေရးႏွင့္က်န္းမာေရးက႑ပုိင္းမ်ားမွာ ႏုိင္ငံ့ဘ႑ာေငြပုိမုိသုံးစြဲၿပီး ေခတ္မီဖြံ႕ၿဖိဳး တုိးတက္ သည့္ ႏုိင္ငံေတာ္တစ္ရပ္အျဖစ္ ကမၻာ့ႏုိင္ငံမ်ားအလယ္တြင္ ထည္ထည္၀ါ၀ါရပ္တည္လာႏုိင္ရန္ ရည္မွန္းခ်က္ထား ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ မ်က္ေမွာက္ကာလမွာ ႏုိင္ငံေတာ္၏ လူသားအရင္းအျမစ္ဖြံ႕ၿဖိဳးမႈကုိ တုိက္႐ုိက္ အေထာက္အကူျပဳေပးသည့္ ပညာေရးအဆင့္ အတန္းတစ္ရပ္စဥ္ဆက္မျပတ္ျဖစ္ထြန္းေနမွသာ “ပညာေရးျဖင့္ ေခတ္မီဖြံ႕ၿဖိဳးတုိးတက္ ေသာႏုိင္ငံေတာ္ႀကီး တည္ေဆာက္အံ့” ဆုိသည့္ ရည္မွန္းခ်က္ ျဖစ္ထြန္းေအာင္ျမင္လာ မည္ျဖစ္ေၾကာင္း၊ ယေန႔လူငယ္လူရြယ္အားလုံးအတြက္ ေရွ႕ေဆာင္လမ္းျပျဖစ္သည့္ ေမာင္မယ္တုိ႔သည္ မိမိတို႔ႏုိင္ငံ၏အနာဂတ္ရည္မွန္းခ်က္မ်ားေအာင္ျမင္ေရးအတြက္ အဓိကအက်ဆုံးလူသားစြမ္းအား အရင္းအျမစ္ မ်ားျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ေမာင္မယ္ တုိ႔သည္ပညာကုိျမတ္ႏုိးလုိလားစိတ္ထက္ထက္သန္သန္ျဖင့္ မိမိတုိ႔ ဘ၀၏ တန္ဖုိးရွိသည့္ အခ်ိန္မ်ားကုိအက်ိဳးရွိရွိ အသုံးခ်သြားၾကရန္လုိအပ္ေၾကာင္း မွာၾကားသည္။

၎ေနာက္တပ္မေတာ္အေနျဖင့္လည္း တပ္မေတာ္အေျခခံပညာအထက္တန္း ေက်ာင္းမ်ား၊ တပ္မေတာ္ ပညာေရးေက်ာင္းမ်ား၊ တပ္တြင္းေက်ာင္းမ်ားတြင္ ႏုိင္ငံေတာ္၏ပညာေရးရည္မွန္းခ်က္ျဖစ္သည့္ “စဥ္ဆက္ မျပတ္တုိးတက္ျဖစ္ထြန္းေနသည့္ ပညာေရး အဆင့္အတန္းတစ္ရပ္ျဖစ္ထြန္းေပၚေပါက္လာေစေရး” ရည္မွန္း ခ်က္ေအာင္ျမင္ေစရန္ အေလးအနက္ထားလုိက္ပါေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ျခင္းျဖင့္ ႏုိင္ငံ ေတာ္ကုိေခတ္မီဖြံ႕ၿဖိဳးတုိးတက္သည့္ ဒီမုိကေရစီႏုိင္ငံေတာ္အျဖစ္ တည္ေဆာက္ရာမွာ အဓိကေက်ာ႐ုိး သဖြယ္ ျဖစ္သည့္ ပညာေရးရည္မွန္းခ်က္ေအာင္ျမင္ျဖစ္ထြန္းေစေရးအတြက္ တပ္မေတာ္အေနျဖင့္လည္း လက္လွမ္း မီရာက႑မွ အင္တုိက္အားတုိက္ပါ၀င္ ေဆာင္ရြက္ေနျခင္းပင္ျဖစ္ေၾကာင္း၊ ၂၀၁၄ ခုႏွစ္မွ ယေန႔အခ်ိန္အထိ ေရေၾကာင္းလူငယ္ အေျခခံႏွင့္တန္းျမင့္သင္တန္းသား ၁၉၇၀ ဦးႏွင့္ ေလေၾကာင္းလူငယ္အေျခခံႏွင့္တန္းျမင့္ သင္တန္းသား ၂၁၉၆ ဦးတုိ႔ကုိ ေဇယ်ာသီရိဗိမာန္သုိ႔ဖိတ္ေခၚၿပီး ယခုကဲ့သုိ႔ဂုဏ္ျပဳေတြ႕ဆုံခဲ့ေၾကာင္း၊ ထုိ႔အျပင္ တပ္မေတာ္ပုိင္းဆုိင္ရာဗဟုသုတမ်ားရရွိေစရန္ႏွင့္ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္ ေခတ္မီတပ္မေတာ္ (Standard Army) ႀကိဳးပမ္းတည္ေဆာက္ခဲ့ရမႈမ်ားကုိ လက္ေတြ႕က်က် သိျမင္ႏုိင္ေစရန္ တပ္မေတာ္ စစ္သမိုင္းျပတုိက္ကုိေလ့လာေစၿပီး အနာဂတ္ႏုိင္ငံ့ေခါင္းေဆာင္ျဖစ္လာမည့္ လူငယ္ေမာင္မယ္တုိ႔၏ အသိ အျမင္ဗဟုသုတ ဖြံ႕ၿဖိဳတုိးတက္ေရးအတြက္တစ္တပ္တစ္အား ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္းရွင္းလင္းေျပာၾကား သည္။

ဆက္လက္ၿပီး အနာဂတ္ဆုိသည္မွာ ေမာင္မယ္တုိ႔၏စြမ္းေဆာင္ရည္မ်ားကုိ ထုတ္ေဖာ္ျပ သရမည့္ ဘ၀စင္ျမင့္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ေမာင္မယ္တုိ႔အေနျဖင့္ အဆုိးျမင္၀ါဒီသမားမ်ား၊ ေသြးထုိးလႈံ႕ေဆာ္မႈ ျပဳတက္သည့္ အဖ်က္သမားမ်ား၏ ဆုိးသြမ္းညစ္ႏြမ္းသည့္ ေသြးထုိးလႈံ႕ေဆာ္မႈမ်ားစုိးမုိမခံရေအာင္ ေမာင္မယ္ တုိ႔ကုိယ္တိုင္က အသိ၊ သတိ၊ ဉာဏ္ပညာ ဆင္ျခင္တုံတရားျဖင့္မ်ိဳးခ်စ္စိတ္ဓာတ္လက္ကိုင္ထားၿပီး အမိႏုိင္ငံ ေတာ္ႏွင့္ ျပည္သူလူထုကအားကုိးတန္ဖုိးထားရသည့္သူမ်ားျဖစ္ေအာင္ ကုိယ့္အားကုိယ္ကုိးထိန္းေက်ာင္း ႏုိင္ရ မည္ျဖစ္ေၾကာင္း၊ မူးယစ္ေဆး၀ါးကဲ့သုိ႔ ဘ၀ကုိနစ္မြန္းပ်က္စီးေစမည့္အရာမ်ားႏွင့္ ပတ္သက္ျခင္းမရွိၾကရန္ လည္း ထိန္းေက်ာင္းေနထုိင္သြားၾကရန္လုိအပ္မည္ျဖစ္ေၾကာင္း၊ လူမ်ိဳးတုိင္းႏုိင္ငံတုိင္းသည္ မိမိတုိ႔ႏုိင္ငံ၏ အခ်ဳပ္အျခာအာဏာပုိင္စုိးမႈဆုိသည့္ လြတ္လပ္ ေရးကုိကာကြယ္ၾကရာမွာျဖစ္ေစ၊ အင္အားႀကီးႏုိင္ငံတစ္ႏုိင္ငံ က ႏုိင္ငံတစ္ႏုိင္ငံအေပၚမွာ လႊမ္းမုိးျခယ္လွယ္မႈျပဳလုပ္ၾကရာမွာျဖစ္ေစ၊ စိတ္ဓာတ္စစ္ဆင္ေရးဆုိသည့္ မီဒီယာ လက္နက္ကုိက်င့္သုံးၾကသည္ကုိ ေမာင္မယ္တုိ႔လည္းသိျမင္ထားၾကရန္လုိေၾကာင္း၊ စိတ္ဓာတ္ခံစားမႈမွာ ဒဏ္ရာအနာတရျဖစ္ေစႏုိင္သည့္ ၀ါဒျဖန္႔လက္နက္ကုိနည္းလမ္း အသြယ္သြယ္ျဖင့္ ေသြးထုိးသပ္လွ်ိဳ တက္ၾက သည္ကုိအားလုံးသိျမင္ထားၾကရန္လုိေၾကာင္း မွာၾကားသည္။

ယင္းေနာက္ အမ်ိဳးသားေရးကုိယ္ခံစြမ္းအားကုိ ယိုင္နဲ႔က်ဆင္းေစမည့္ အေတြးအေခၚ၊ အျပဳအမူမ်ားကုိ ေမာင္မယ္တုိ႔အေနျဖင့္ အမ်ိဳးသားေရးသတိ၊ အမ်ိဳးသားေရးအသိျဖင့္သိရွိနားလည္ၿပီး မွန္ကန္သည့္ ရဲစြမ္း သတၱိျဖင့္ရင္ဆုိင္ေျဖရွင္းႏုိင္ရန္ လုိအပ္မည္ျဖစ္ေၾကာင္း၊ မွန္ကန္သည့္ရဲစြမ္းသတၱိဆုိသည္မွာမ်ိဳးခ်စ္စိတ္၊ တုိင္းျပည္ ခ်စ္စိတ္ႏွင့္ယွဥ္တြဲေနရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တုိင္းျပည္ႏွင့္လူမ်ိဳးကုိထိလွ်င္မခံခ်င္စိတ္၊ တုိင္းျပည္ ခ်စ္စိတ္၊ ကာကြယ္လုိစိတ္မ်ားႏွင့္ ေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ ႏုိင္ငံတကာအားကစားၿပိဳင္ပြဲမ်ားတြင္ မိမိတို႔ႏုိင္ငံအလံမ်ားကုိကုိင္ေဆာင္အားေပးျခင္းမ်ား၊ ပုံေဖာ္အားေပးျခင္းမ်ား၊ ႏုိင္ငံတာ္သီခ်င္းမ်ား သီဆုိအား ေပးျခင္းမ်ားႏွင့္ ၿပိဳင္ပြဲမ်ားတြင္ဆုတံဆိပ္မ်ားရရွိသည့္အခါ ႏုိင္ငံေတာ္အလံကုိဂုဏ္ယူ၀ံ့ၾကြားစြာ အေလးျပဳျခင္း မ်ားသည္ မ်ိဳးခ်စ္စိတ္ကုိအေျခခံသည့္ လုပ္ေဆာင္ခ်က္မ်ား၊ အေလ့အထမ်ားျဖစ္ၿပီး ထုိစိတ္ဓာတ္မ်ား မေပ်ာက္ပ်က္ေအာင္ ထိန္သိမ္းေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း မ်ိဳးခ်စ္စိတ္ႏွင့္ ၀ံသာႏုရကၡိတစိတ္ဓာတ္ ပ်က္ျပားေလ်ာ့နည္းေစမည့္ လုပ္ရပ္မွန္သမွ်ကုိ ေမာင္မယ္တုိ႔အေနျဖင့္အသိတရားျဖင့္ ကာကြယ္သြားမွာသာ မိမိတို႔ႏုိင္ငံ၏ အမ်ိဳးသားေရးကုိယ္ခံစြမ္းအားျမင့္တက္ေနမည္ျဖစ္ၿပီးကမၻာတည္သေရြ႕ ျမန္မာဆုိသည္မွာ တည္တံ့ခုိင္ၿမဲေနမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္္ ယန႔ကမၻာ့ႏုိင္ငံအသီသီးသည္ လူငယ္လူရြယ္မ်ားကုိ ျပဳစုပ်ိဳးေထာင္ ေပးရာတြင္ အနာဂတ္ ႏုိင္ငံေတာ္အတြက္ ေတြ႕ႀကဳံလာႏုိင္သည့္စိန္ေခၚမႈအရပ္အရပ္ကုိ ေျဖရွင္းေအာင္ျမင္မည့္ လူသားစြမး္ရည္ထက္ ျမက္ျပည့္၀သူမ်ားအျဖစ္ ျပဳစုပ်ိဳးေထာင္ ေပးေနျခင္းျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔ႏုိင္ငံအေနျဖင့္လည္း ေမာင္မယ္တုိ႔လုိ အမ်ိဳးသားေရးစိတ္ဓာတ္ အေျခခံေကာင္းမ်ားရွိသည့္ ဘက္စုံထူးခြၽန္ေမာင္မယ္မ်ား စဥ္ဆက္ မျပတ္ေမြးထုတ္ႏုိင္ေရးကုိ အမ်ိဳးသားေရးက႑တစ္ရပ္အျဖစ္ ဦးစားေပးတည္ေဆာက္ ေနျခင္းျဖစ္ေၾကာင္း၊ ယေန႔အခ်ိန္တြင္ ေမာင္မယ္တုိ႔လုိအနာဂတ္မွာ တုိင္းျပည္တာ၀န္ယူၾကရမည့္လူငယ္မ်ား၏လက္ထဲသုိ႔ ႏုိင္ငံ့ တာ၀န္မ်ားလႊဲေျပာင္းေပးၾကရသည့္အခါ အနာဂတ္ႏုိင္ငံေတာ္ကုိ ကာကြယ္ႏုိင္ရန္အတြက္ အမ်ိဳးသားေရး ေသြးစည္းညီၫြတ္မႈ ခုိင္ခုိင္မာမာရွိသည့္ လူ႕စြမ္းအားအရင္းအျမစ္စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးေနသည့္ လူ႕အဖြဲ႕ အစည္းတစ္ရပ္အား ထုဆစ္ပုံေဖာ္ေပးႏုိင္ရမည္ဆုိသည့္ အသိတရားကုိလူငယ္လူရြယ္မ်ား၏ ႏွလုံးသားထဲ ထိေရာက္ေအာင္ လက္ဆင့္ကမ္းအေမြေပးသြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရေၾကာင္းႏွင့္ေလေၾကာင္း လူငယ္ေမာင္မယ္မ်ားအတြက္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး လူငယ္ေမာင္မယ္မ်ားက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အား ဂါ၀ရျပဳလက္ေဆာင္ပစၥည္းမ်ား ျပန္လည္ေပးအပ္သည္။ ၎ေနာက္ ေရေၾကာင္းလူငယ္သင္တန္းမွ မခင္စံပယ္ေအာင္ႏွင့္ ေလေၾကာင္းလူငယ္သင္တန္းမွမျပည့္ျပည့္ၿဖိဳးတုိ႕က ေက်းဇူးတင္ စကားျပန္လည္ ေျပာၾကားသည္။

ထုိ႔ေနာက္ ျမ၀တီေတးဂီတအဖဲြ႕က ဂုဏ္ျပဳေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ရာ အခမ္းအနား တက္ ေရာက္လာၾကသူမ်ား၊ ေရေၾကာင္းႏွင့္ေလေၾကာင္း လူငယ္ေမာင္မယ္မ်ားက ၾကည့္႐ႈအားေပးၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေရေၾကာင္းလူငယ္ေမာင္မယ္မ်ားႏွင့္ ေလေၾကာင္း လူငယ္ေမာင္မယ္မ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ၾကသည္။

ေရေၾကာင္းႏွင့္ ေလေၾကာင္းလူငယ္ေမာင္မယ္မ်ားသည္ ဂုဏ္ျပဳေတြ႕ဆံုပြဲအခမ္းအနားသို႔ မတက္ေရာက္မီ ေဇယ်ာသီရိဗိမာန္အတြင္း ခင္းက်င္းျပသထားေသာ ျမန္မာ့တပ္မေတာ္မွထုတ္လုပ္သည့္ လက္နက္မ်ား၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)တြင္ ၀တ္ဆင္ အသံုးျပဳေနသည့္ ၀တ္စံုအမ်ိဳးမ်ိဳး၊ ျမန္မာ့တပ္မေတာ္မွ ထုတ္လုပ္ သည့္ ဆက္သြယ္ေရးစက္ပစၥည္းမ်ား၊ တပ္မေတာ္(ေရ)မွ ထုတ္လုပ္သည့္ ေရယာဥ္မ်ား၏ပံုစံငယ္မ်ား၊ ေရတပ္ဆိုင္ရာ အသံုးအေဆာင္ပစၥည္းမ်ား၊ တပ္မေတာ္(ေလ)တြင္ အသံုးျပဳေနသည့္ ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ား၏ပံုစံငယ္မ်ား၊ ေလသူရဲမ်ား၏ ၀တ္စံုမ်ားႏွင့္အသံုး အေဆာင္ပစၥည္းမ်ား၊ Simulator ျဖင့္ ေလယာဥ္ပ်ံသန္းမႈသ႐ုပ္ျပကြက္မ်ားကို စိတ္ပါ၀င္စားစြာ လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက သိရွိလိုသည္မ်ားကို ရွင္းလင္းျပသခဲ့ၾကသည္။

 

 

ယင္းေနာက္ညေနပုိင္းတြင္ ေရေၾကာင္းႏွင့္ ေလေၾကာင္းလူငယ္ေမာင္မယ္မ်ား သည္ ညေနပုိင္းတြင္ ေနျပည္ ေတာ္ရွိ စစ္သမုိင္းျပတုိက္သုိ႔သြားေရာက္၍ ခင္းက်င္းျပသထားသည့္ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ျပကြက္မ်ားအား ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားကလုိက္လံရွင္းလင္းျပသခဲ့ၾကသည္။

ေရေၾကာင္းလူငယ္အေျခခံႏွင့္ တန္းျမင့္သင္တန္းအမွတ္စဥ္(၁/၂၀၁၈)ႏွင့္ ေလေၾကာင္းလူငယ္ အေျခခံႏွင့္ တန္းျမင့္သင္တန္းအမွတ္စဥ္(၁/၂၀၁၈) တို႔ကို ေရတပ္ စခန္းဌာနခ်ဳပ္မ်ားႏွင့္ ေလတပ္စခန္းဌာနခ်ဳပ္မ်ားတြင္ ၂၀၁၈ ခုႏွစ္၊ ဧၿပီ ၂၃ ရက္မွ ေမ ၁၈ ရက္အထိ ရက္သတၱပတ္ ၄ ပတ္ၾကာ ဖြင့္လွစ္သင္ၾကားေပးခဲ့ၿပီး သင္တန္းကာလ ေနာက္ဆံုးအပတ္တြင္ သင္တန္းစခန္းမ်ားေပါင္းဆံု၍ စခန္းေပါင္းစံုၿပိဳင္ပြဲမ်ားျပဳလုပ္ျခင္း၊ ေလ့လာေရးခရီးသြား ေရာက္ေလ့လာျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကသည္။ ေရေၾကာင္းႏွင့္ ေလေၾကာင္းလူငယ္ သင္တန္းမ်ားကို ၂၀၁၄ ခုႏွစ္မွ စတင္ဖြင့္လွစ္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္တြင္ အေျခခံသင္တန္း တက္ၿပီးေသာ လူငယ္မ်ားအတြက္ တန္းျမင့္သင္တန္းမ်ားကို ဖြင့္လွစ္ခဲ့ေၾကာင္း၊ စတင္ဖြင့္လွစ္ခ်ိန္မွ ယေန႔အထိ ေရေၾကာင္း လူငယ္အေျခခံအဆင့္ တက္ေရာက္ ေအာင္ျမင္ၿပီးသူ ၁၄၄၄ ဦးႏွင့္ တန္းျမင့္အဆင့္တက္ေရာက္ၿပီးသူ ၅၂၆ ဦး၊ စုစုေပါင္း ၁၉၇၀ ဦးရွိၿပီး ေလေၾကာင္းလူငယ္အေျခခံအဆင့္ တက္ေရာက္ေအာင္ျမင္ၿပီးသူ ၂၀၃၆ ဦးႏွင့္ တန္းျမင့္အဆင့္တက္ေရာက္ၿပီးသူ ၁၆၀ ဦး၊ စုစုေပါင္း ၂၁၉၆ ဦးတို႔ကို ေလ့က်င့္သင္ၾကားေမြးထုတ္ ေပးႏိုင္ခဲ့ပါသည္။

 

(Unicode Version)

ဝံသာနုရက္ခိတတရားဆိုသည်မှာ “မိမိနိုင်ငံနှင့် လူမျိုးကိုအစဉ်စောင့်ရှောက်ခြင်း”ဟု အဓိပ္ပါယ်ရပြီး ၎င်း စိတ်ဓာတ်များ အမြဲကိန်းအောင်းရှင်သန်နေမှ အမျိုးသားရေးကိုယ်ခံစွမ်းအား ပြည့်ဝနေမည်ဖြစ်

နေပြည်တော် ၊ မေ ၂၀

ကမ္ဘာပေါ်တွင်ရှိသည့်မည်သည့်နိုင်ငံမဆို နိုင်ငံတစ်ခုအဖြစ်တည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ရန် အဆိုပါနိုင်ငံ၌ နေထိုင်သည့် နိုင်ငံသားအားလုံး၏မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် အပေါ်တွင်မူတည်နေကြောင်း၊ ထိုစိတ်ဓာတ်ကို အမျိုးသားရေးစိတ်ဓာတ်ဟုခေါ်ဆို နိုင်သကဲ့သို့ဝံသာနုရက္ခိတတရားဟု မိမိတို့မြန်မာများက ရှေးအစဉ်အဆက် ကတည်းက သုံးစွဲခဲ့ကြကြောင်း၊ ဝံသာနုရက္ခိတတရားကိုမြန်မာ့အဘိဓာန်တွင် “မိမိနိုင်ငံနှင့်လူမျိုးကို အစဉ် စောင့်ရှောက်ခြင်း” ဟုအဓိပ္ပါယ်ဖွင့်ဆိုထားကြောင်း၊ ယနေ့အမျိုးသားနိုင်ငံရေးတွင် တွင်တွင်ကျယ်ကျယ် သုံးစွဲ နေသည့် အမျိုးသားအကျိုးစီးပွား (National Interest) ဆိုသည် မှာလည်းထိုစကားလုံးများမှ တစ်ဆင့် အခြေခံလာခြင်းဖြစ်ကြောင်း၊ ထိုစိတ်ဓာတ်များကို မောင်မယ်တို့ရင်ထဲတွင် အမြဲကိန်းအောင်းရှင်သန်နေအောင် ဆောင်ရွက်နေမှသာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၏ အမျိုးသားရေးကိုယ်ခံစွမ်းအား အမြဲပြည့်ဝနေမည် ဖြစ် ကြောင်း၊ မျိုးချစ်စိတ်နှင့် ဝံသာနုရက္ခိတစိတ်ဓာတ်ပျက်ပြား လျော့နည်းစေမည့် လုပ်ရပ်မှန်သမျှကို မောင်မယ်တို့ အနေဖြင့် အသိတရားဖြင့်ကာကွယ်သွားမှသာ မိမိတို့နိုင်ငံ၏အမျိုးသားရေးကိုယ်ခံစွမ်းအား မြင့်တက် နေမည်ဖြစ်ပြီး ကမ္ဘာတည်သရွေ့ မြန်မာဆိုသည်မှာတည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်သော ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်း အနားတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိကြီး များနှင့်ဇနီးများ၊ ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသားကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များနှင့် အုပ်ချုပ်သူ၊ နည်းပြများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက် မြတ်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး” တို့အတွက် ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းတို့အား ၂၀၁၄ ခုနှစ်မှစတင်၍ ဖွင့်လှစ် ပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှစတင်၍ တန်းမြင့်သင်တန်းများကိုကိုပါ ဆက်လက်ဖွင့်လှစ်ပေးခဲ့ရာမှ မောင်မယ် တို့လိုလူငယ်လူရွယ်များတစ်နှစ်ထက်တစ်နှစ် ပိုမိုစိတ်ပါဝင်စားစွာ တက်ရောက်လာကြသည်ကိုတွေ့ ရှိရ ကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံ၏ လူငယ်လူရွယ်များသည် နိုင်ငံတော်ကာကွယ် ရေးလုပ်ငန်းများမှာ စိတ်ပါ ဝင်စားကြသူများဖြစ်ပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ထက်သန် သူများဖြစ်သည်ကိုတွေ့ရှိရကြောင်း ပြောကြား သည်။

ထို့နောက် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့် အဆိုအမိန့်အတိုင်း တစ်နေ့တစ်ချိန်တွင် မောင်မယ် တို့သည် လူကြီးနေရာကိုရောက်ရှိလာကြမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်မောင်မယ်တို့အနေဖြင့် လူသားတစ်ယောက်မှာရှိသင့်ရှိထိုက်သည့် ကာယနှင့်ဉာဏ ပိုင်းဆိုင်ရာစွမ်းဆောင်ရည်များ ပြည့်ဝထက်မြတ် သည့် လူသားများအဖြစ် အရွယ်ရောက်လာကြရန်လိုကြောင်း၊ သို့မှသာမောင်မယ်တို့အနေနှင့် နိုင်ငံ့တာဝန် အရပ်ရပ်ကိုလွှဲပြောင်းရယူချိန်မှာ မိမိတို့ကျရာတာဝန်အသီးသီးကို ကျေပွန်အောင်မြင် အောင်ထမ်းရွက်နိုင်ကြ မည်ဖြစ်ကြောင်း၊ အမိနိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်ကြချိန်တွင် ကျေပွန်အောင်မြင်အောင် ထမ်းဆောင်နိုင်သည့် စွမ်းရည်ပြည့်ဝရန်အတွက် အဓိကလိုအပ်သည့်အရာများမှာ ဗလငါးတန်ပင်ဖြစ်ကြောင်း၊ ဗလငါးတန် ဆိုသည်မှာ ကာယဗလဟုခေါ်သည့် ကျန်းမာကြံ့ခိုင်မှုစွမ်းအား၊ ဉာဏဗလဟုခေါ်သည့် အသိဉာဏ်စွမ်းအား၊ မိတ္တဗလဟုခေါ်သည့် အဖွဲ့အစည်းစိတ်ဓာတ်နှင့် စည်းလုံးညီညွတ် မှုစွမ်းအား၊ စာရိတ္တ ဗလဆိုသည့်ကိုယ်ကျင့်တရားကောင်းမွန်မှုစွမ်းအားများပြည့်စုံနေကြ မည်ဆိုလျင် ဘောဂဗလဆိုသည့် ဥစ္စာ ပစ္စည်းဆိုသည်မှာပြည့်စုံလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးတာဝန်၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ခေတ် အဆက်ဆက်တာဝန်ကျေပွန်ခဲ့သည့် မြန်မာ့တပ်မတော်ကို မောင်မယ်တို့လို မျိုးချစ်စိတ်ရှိသည့် လူငယ် လူရွယ် ရဲဘော်သုံးကျိပ်နှင့်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် အနာဂတ်မျိုးဆက် သစ်လူငယ်များကို နိုင်ငံတော်ကာကွယ်လိုစိတ်၊ မျိုးချစ်စိတ်နှင့် ခေတ်မီတိုးတက်သည့် ခေတ်အမြင်၊ ခေတ် အတွေးများရရှိစေရေး ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်း၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ မောင်မယ်တို့ဟာ ယခုကဲ့သို့သင်တန်းများကို တက်ရောက်အောင်မြင်ခဲ့သူများဖြစ်သဖြင့် နိုင်ငံ့အရေး၊ အမျိုးသားအရေးကို စိတ်ဝင်စားပြီး မျိုးချစ်စိတ်ထက် သန်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ယင်းနောက်ယနေ့အချိန်သည် မိမိတို့နိုင်ငံ၏လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာရန်၊ လူသားစွမ်းဆောင် ရည်ပိုင်းတွင် ကမ္ဘာ့နိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်သည်အထိ ထက်မြတ်မြင့်မားလာရန်အတွက် ပညာရေးကို ပင် မ ရေသောက်မြစ်ကဲ့သို့မှတ်ယူကာ အလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံ တော်က ပညာရေးနှင့်ကျန်းမာရေးကဏ္ဍပိုင်းများမှာ နိုင်ငံ့ဘဏ္ဍာငွေပိုမိုသုံးစွဲပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် သည့် နိုင်ငံတော်တစ်ရပ်အဖြစ် ကမ္ဘာ့နိုင်ငံများအလယ်တွင် ထည်ထည်ဝါဝါရပ်တည်လာနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မျက်မှောက်ကာလမှာ နိုင်ငံတော်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို တိုက်ရိုက် အထောက်အကူပြုပေးသည့် ပညာရေးအဆင့် အတန်းတစ်ရပ်စဉ်ဆက်မပြတ်ဖြစ်ထွန်းနေမှသာ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် ရည်မှန်းချက် ဖြစ်ထွန်းအောင်မြင်လာ မည်ဖြစ်ကြောင်း၊ ယနေ့လူငယ်လူရွယ်အားလုံးအတွက် ရှေ့ဆောင်လမ်းပြဖြစ်သည့် မောင်မယ်တို့သည် မိမိတို့နိုင်ငံ၏အနာဂတ်ရည်မှန်းချက်များအောင်မြင်ရေးအတွက် အဓိကအကျဆုံးလူသားစွမ်းအား အရင်းအမြစ် များဖြစ်ကြောင်း၊ ထို့ကြောင့်မောင်မယ် တို့သည်ပညာကိုမြတ်နိုးလိုလားစိတ်ထက်ထက်သန်သန်ဖြင့် မိမိတို့ ဘဝ၏ တန်ဖိုးရှိသည့် အချိန်များကိုအကျိုးရှိရှိအသုံးချသွားကြရန်လိုအပ်ကြောင်းမှာကြားသည်။

၎င်းနောက်တပ်မတော်အနေဖြင့်လည်း တပ်မတော်အခြေခံပညာအထက်တန်း ကျောင်းများ၊ တပ်မတော် ပညာရေးကျောင်းများ၊ တပ်တွင်းကျောင်းများတွင် နိုင်ငံတော်၏ပညာရေးရည်မှန်းချက်ဖြစ်သည့် “စဉ်ဆက် မပြတ်တိုးတက်ဖြစ်ထွန်းနေသည့် ပညာရေး အဆင့်အတန်းတစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်လာစေရေး” ရည်မှန်း ချက်အောင်မြင်စေရန် အလေးအနက်ထားလိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ တော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာမှာ အဓိကကျောရိုး သဖွယ် ဖြစ်သည့် ပညာရေးရည်မှန်းချက်အောင်မြင်ဖြစ်ထွန်းစေရေးအတွက် တပ်မတော်အနေဖြင့်လည်း လက်လှမ်း မီရာကဏ္ဍမှ အင်တိုက်အားတိုက်ပါဝင် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်မှ ယနေ့အချိန်အထိ ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းသား ၁၉၇၀ ဦးနှင့် လေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့် သင်တန်းသား ၂၁၉၆ ဦးတို့ကို ဇေယျာသီရိဗိမာန်သို့ဖိတ်ခေါ်ပြီး ယခုကဲ့သို့ဂုဏ်ပြုတွေ့ဆုံခဲ့ကြောင်း၊ ထို့အပြင် တပ်မတော်ပိုင်းဆိုင်ရာဗဟုသုတများရရှိစေရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ခေတ်မီတပ်မတော် (Standard Army) ကြိုးပမ်းတည်ဆောက်ခဲ့ရမှုများကို လက်တွေ့ကျကျ သိမြင်နိုင်စေရန် တပ်မတော် စစ်သမိုင်းပြတိုက်ကိုလေ့လာစေပြီး အနာဂတ်နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမည့် လူငယ်မောင်မယ်တို့၏ အသိ အမြင်ဗဟုသုတ ဖွံ့ဖြိုတိုးတက်ရေးအတွက်တစ်တပ်တစ်အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းရှင်းလင်းပြောကြား သည်။

ဆက်လက်ပြီး အနာဂတ်ဆိုသည်မှာ မောင်မယ်တို့၏စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြ သရမည့် ဘဝစင်မြင့်ဖြစ်ကြောင်း၊ ထို့ကြောင့်မောင်မယ်တို့အနေဖြင့် အဆိုးမြင်ဝါဒီသမားများ၊ သွေးထိုးလှုံ့ဆော်မှု ပြုတက်သည့် အဖျက်သမားများ၏ ဆိုးသွမ်းညစ်နွမ်းသည့် သွေးထိုးလှုံ့ဆော်မှုများစိုးမိုမခံရအောင် မောင်မယ် တို့ကိုယ်တိုင်က အသိ၊ သတိ၊ ဉာဏ်ပညာ ဆင်ခြင်တုံတရားဖြင့်မျိုးချစ်စိတ်ဓာတ်လက်ကိုင်ထားပြီး အမိနိုင်ငံ တော်နှင့် ပြည်သူလူထုကအားကိုးတန်ဖိုးထားရသည့်သူများဖြစ်အောင် ကိုယ့်အားကိုယ်ကိုးထိန်းကျောင်း နိုင်ရ မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကဲ့သို့ ဘဝကိုနစ်မွန်းပျက်စီးစေမည့်အရာများနှင့် ပတ်သက်ခြင်းမရှိကြရန် လည်း ထိန်းကျောင်းနေထိုင်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူမျိုးတိုင်းနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုဆိုသည့် လွတ်လပ် ရေးကိုကာကွယ်ကြရာမှာဖြစ်စေ၊ အင်အားကြီးနိုင်ငံတစ်နိုင်ငံ က နိုင်ငံတစ်နိုင်ငံအပေါ်မှာ လွှမ်းမိုးခြယ်လှယ်မှုပြုလုပ်ကြရာမှာဖြစ်စေ၊ စိတ်ဓာတ်စစ်ဆင်ရေးဆိုသည့် မီဒီယာ လက်နက်ကိုကျင့်သုံးကြသည်ကို မောင်မယ်တို့လည်းသိမြင်ထားကြရန်လိုကြောင်း၊ စိတ်ဓာတ်ခံစားမှုမှာ ဒဏ်ရာအနာတရဖြစ်စေနိုင်သည့် ဝါဒဖြန့်လက်နက်ကိုနည်းလမ်း အသွယ်သွယ်ဖြင့် သွေးထိုးသပ်လျှို တက်ကြ သည်ကိုအားလုံးသိမြင်ထားကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် အမျိုးသားရေးကိုယ်ခံစွမ်းအားကို ယိုင်နဲ့ကျဆင်းစေမည့် အတွေးအခေါ်၊ အပြုအမူများကို မောင်မယ်တို့အနေဖြင့် အမျိုးသားရေးသတိ၊ အမျိုးသားရေးအသိဖြင့်သိရှိနားလည်ပြီး မှန်ကန်သည့် ရဲစွမ်း သတ္တိဖြင့်ရင်ဆိုင်ဖြေရှင်းနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မှန်ကန်သည့်ရဲစွမ်းသတ္တိဆိုသည်မှာမျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်နှင့်ယှဉ်တွဲနေရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်နှင့်လူမျိုးကိုထိလျှင်မခံချင်စိတ်၊ တိုင်းပြည် ချစ်စိတ်၊ ကာကွယ်လိုစိတ်များနှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မိမိတို့နိုင်ငံအလံများကိုကိုင်ဆောင်အားပေးခြင်းများ၊ ပုံဖော်အားပေးခြင်းများ၊ နိုင်ငံတာ်သီချင်းများ သီဆိုအား ပေးခြင်းများနှင့် ပြိုင်ပွဲများတွင်ဆုတံဆိပ်များရရှိသည့်အခါ နိုင်ငံတော်အလံကိုဂုဏ်ယူဝံ့ကြွားစွာ အလေးပြုခြင်း များသည် မျိုးချစ်စိတ်ကိုအခြေခံသည့် လုပ်ဆောင်ချက်များ၊ အလေ့အထများဖြစ်ပြီး ထိုစိတ်ဓာတ်များ မပျောက်ပျက်အောင် ထိန်သိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မျိုးချစ်စိတ်နှင့် ဝံသာနုရက္ခိတစိတ်ဓာတ် ပျက်ပြားလျော့နည်းစေမည့် လုပ်ရပ်မှန်သမျှကို မောင်မယ်တို့အနေဖြင့်အသိတရားဖြင့် ကာကွယ်သွားမှာသာ မိမိတို့နိုင်ငံ၏ အမျိုးသားရေးကိုယ်ခံစွမ်းအားမြင့်တက်နေမည်ဖြစ်ပြီးကမ္ဘာတည်သရွေ့ မြန်မာဆိုသည်မှာ တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်းပြေကြားသည်။

ထို့နောက် ယန့ကမ္ဘာ့နိုင်ငံအသီသီးသည် လူငယ်လူရွယ်များကို ပြုစုပျိုးထောင် ပေးရာတွင် အနာဂတ် နိုင်ငံတော်အတွက် တွေ့ကြုံလာနိုင်သည့်စိန်ခေါ်မှုအရပ်အရပ်ကို ဖြေရှင်းအောင်မြင်မည့် လူသားစွမ်းရည်ထက် မြက်ပြည့်ဝသူများအဖြစ် ပြုစုပျိုးထောင် ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံအနေဖြင့်လည်း မောင်မယ်တို့လို အမျိုးသားရေးစိတ်ဓာတ် အခြေခံကောင်းများရှိသည့် ဘက်စုံထူးချွန်မောင်မယ်များ စဉ်ဆက် မပြတ်မွေးထုတ်နိုင်ရေးကို အမျိုးသားရေးကဏ္ဍတစ်ရပ်အဖြစ် ဦးစားပေးတည်ဆောက် နေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်တွင် မောင်မယ်တို့လိုအနာဂတ်မှာ တိုင်းပြည်တာဝန်ယူကြရမည့်လူငယ်များ၏လက်ထဲသို့ နိုင်ငံ့ တာဝန်များလွှဲပြောင်းပေးကြရသည့်အခါ အနာဂတ်နိုင်ငံတော်ကို ကာကွယ်နိုင်ရန်အတွက် အမျိုးသားရေး သွေးစည်းညီညွတ်မှု ခိုင်ခိုင်မာမာရှိသည့် လူ့စွမ်းအားအရင်းအမြစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေသည့် လူ့အဖွဲ့ အစည်းတစ်ရပ်အား ထုဆစ်ပုံဖော်ပေးနိုင်ရမည်ဆိုသည့် အသိတရားကိုလူငယ်လူရွယ်များ၏ နှလုံးသားထဲ ထိရောက်အောင် လက်ဆင့်ကမ်းအမွေပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး လူငယ်မောင်မယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ဂါဝရပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ ၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မခင်စံပယ်အောင်နှင့် လေကြောင်းလူငယ်သင်တန်းမှမပြည့်ပြည့်ဖြိုးတို့က ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

ထို့နောက် မြဝတီတေးဂီတအဖွဲ့က ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ အခမ်းအနား တက် ရောက်လာကြသူများ၊ ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များက ကြည့်ရှုအားပေးကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေကြောင်းလူငယ်မောင်မယ်များနှင့် လေကြောင်း လူငယ်မောင်မယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင် အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ် သည့် ဆက်သွယ်ရေးစက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြသည်။

ယင်းနောက်ညနေပိုင်းတွင် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များ သည် ညနေပိုင်းတွင် နေပြည် တော်ရှိ စစ်သမိုင်းပြတိုက်သို့သွားရောက်၍ ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ရေ၊လေ) ပြကွက်များအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၁၈)နှင့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၁၈) တို့ကို ရေတပ် စခန်းဌာနချုပ်များနှင့် လေတပ်စခန်းဌာနချုပ်များတွင် ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ မေ ၁၈ ရက်အထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းကာလ နောက်ဆုံးအပတ်တွင် သင်တန်းစခန်းများပေါင်းဆုံ၍ စခန်းပေါင်းစုံပြိုင်ပွဲများပြုလုပ်ခြင်း၊ လေ့လာရေးခရီးသွား ရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရေကြောင်းနှင့် လေကြောင်းလူငယ် သင်တန်းများကို ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အခြေခံသင်တန်း တက်ပြီးသော လူငယ်များအတွက် တန်းမြင့်သင်တန်းများကို ဖွင့်လှစ်ခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ ရေကြောင်း လူငယ်အခြေခံအဆင့် တက်ရောက် အောင်မြင်ပြီးသူ ၁၄၄၄ ဦးနှင့် တန်းမြင့်အဆင့်တက်ရောက်ပြီးသူ ၅၂၆ ဦး၊ စုစုပေါင်း ၁၉၇၀ ဦးရှိပြီး လေကြောင်းလူငယ်အခြေခံအဆင့် တက်ရောက်အောင်မြင်ပြီးသူ ၂၀၃၆ ဦးနှင့် တန်းမြင့်အဆင့်တက်ရောက်ပြီးသူ ၁၆၀ ဦး၊ စုစုပေါင်း ၂၁၉၆ ဦးတို့ကို လေ့ကျင့်သင်ကြားမွေးထုတ် ပေးနိုင်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။