တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် The Carter Center ၏ အမှုဆောင်အရာရှိချုပ်၊ အငြိမ်းစားသံအမတ်ကြီး Mrs. Mary Ann peters ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

ေနျပည္ေတာ္၊ ေမ ၂၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ The Carter Center ၏အမႈေဆာင္ အရာရွိခ်ဳပ္၊ အၿငိမ္းစားသံအမတ္ႀကီး Mrs. Mary Ann peters ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕အား ယေန႔ နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး The Carter Center ၏ အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္အတူ ၫႊန္ၾကားေရးမွဴး Mr. Jonathan Stonestreet ႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာႏုိင္ငံ၏ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းရာ၌ ထာ၀ရၿငိမ္းခ်မ္း ေရးရရွိရန္လုိအပ္မႈအေျခအေနမ်ား၊ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိရန္အတြက္အစုိးရႏွင့္တပ္မေတာ္မွ ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ The Carter Center မွကူညီေဆာင္ရြက္ေပးႏုိင္မည့္အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ The Carter Center ၏အမႈေဆာင္အရာရွိခ်ဳပ္အား အမွတ္တရ လက္ေဆာင္ပစၥည္းေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် The Carter Center ၏ အမှုဆောင်အရာ ရှိချုပ်၊ အငြိမ်းစားသံအမတ်ကြီး Mrs. Mary Ann peters ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် The Carter Center ၏အမှုဆောင် အရာရှိချုပ်၊ အငြိမ်းစားသံအမတ်ကြီး Mrs. Mary Ann peters ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး The Carter Center ၏ အမှုဆောင် အရာရှိချုပ်နှင့်အတူ ညွှန်ကြားရေးမှူး Mr. Jonathan Stonestreet နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ ထာဝရငြိမ်းချမ်း ရေးရရှိရန်လိုအပ်မှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက်အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက် နေမှုအခြေအနေများနှင့် The Carter Center မှကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် The Carter Center ၏အမှုဆောင်အရာရှိချုပ် အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။