တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ နာယက၊ စာချ စာသင်သံဃာတော် (၂၉၉၂)ပါးအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်၊ စာအောင်ဆု(ထာဝရ) ငွေပဒေ သာပင်ပေးအပ် လှူဒါန်း

ေနျပည္ေတာ္၊ ေမ – ၃၀

 

တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက မႏၲေလးၿမိဳ႕၊ မစုိးရိမ္တုိက္သစ္ မဟာနာယက၊ နာယက၊ စာခ် စာသင္သံဃာေတာ္ (၂၉၉၂)ပါးအား လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္၊ စာေအာင္ဆု(ထာ၀ရ) ေငြ ပေဒသာပင္မ်ား ေပးအပ္လွဴဒါန္းပြဲ အခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ အဆုိပါေက်ာင္းတုိက္၌ က်င္းပ ျပဳလုပ္သည္။

အဆိုပါအခမ္းအနားသုိ႔ မစုိးရိမ္ေက်ာင္းတုိက္၊ အာဂမနယူပေဒသေက်ာင္း ဆရာေတာ္ တိပိဋကၾသ၀ါဒါ စရိယ အဂၢမဟာပ႑ိတ ဘဒၵႏၲေညယ်ာဘိ၀ံသအမွဴးျပဳေသာ သံဃာေတာ္မ်ားတက္ေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ မစုိးရိမ္ေက်ာင္း တုိက္၊ အာဂမ နယူပေဒသေက်ာင္းဆရာေတာ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္အရွင္ သူျမတ္မ်ားထံမွ ပရိတ္တရား ေတာ္မ်ားနာယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မစုိးရိမ္တုိက္သစ္ မဟာနာယကအဂၢမဟာ သဒၶမၼ ေဇာတိ ကဓဇ ဘဒၵႏၲ၀ါေသ႒ာဘိ၀ံသထံ လွဴဖြယ္ပစၥည္း မ်ားဆက္ကပ္လွဴဒါန္းၿပီး စာေအာင္ဆု (ထာ၀ရ)ေငြပေဒသပင္ ေငြက်ပ္သိန္း ၃၀၀ အား တာ၀န္ရွိသူမ်ားထံေပးအပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ မစုိးရိမ္တုိက္သစ္မဟာနာယက ဆရာေတာ္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ ေပးအပ္ခ်ီးျမႇင့္သည္။

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက သံဃာေတာ္အရွင္သူျမတ္မ်ားထံလွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ မစုိးရိမ္တုိက္သစ္ မဟာနာယက ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာ တရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ယင္းေနာက္သံဃာေတာ္ အရွင္ သူျမတ္မ်ားအားေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ထုိ႔အတူ နံနက္ပုိင္းကလည္း တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက မဟာနာယက၊ နာယက၊ စာခ်စာ သင္သံဃာေတာ္ (၂၉၉၂)ပါးအား ဆြမ္းေလာင္းလွဴ ခဲ့ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီး၊ ႏွလုံးအထူးၾကပ္မတ္ကုသေဆာင္၌ ေဆး႐ုံတက္ေရာက္ ကုသမႈခံယူလ်က္ရွိသည့္ မႏၲေလးတုိင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာ၀ိသုဒၶါ႐ုံ ေက်ာင္းတုိက္၊ ေရႊက်င္နိကာယဥပဥကၠ႒ မဟာနာယက၊ တြဲဖက္ ေရႊက်င္သာသနာပုိင္ မတၱရာသူေ႒းေက်ာင္းတုိက္ ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲ မာနိတသီရိဘိ၀ံသ အားသြားေရာက္ဖူးေျမာ္ၾကည္ညိဳ၍ က်န္းမာေရးအေျခအေနမ်ား ေမးျမန္းေလွ်ာက္ထားၿပီး လုိအပ္သည္မ်ား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လွဴဖြယ္ပစၥည္းမ်ားႏွင့္ အားျဖည့္ငွက္သုိက္ရည္မ်ားအား ဆက္ကပ္လွဴဒါန္းသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံေက်ာင္းတုိက္ဦးစီးပဓာန နာယကဆရာေတာ္၊ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ၀ိစာရိႏၵာဘိ၀ံသ အား သြားေရာက္ဖူးေျမာ္ ၾကည္ညိဳ၍ က်န္းမာေရးအေျခအေနမ်ားအားေမးျမန္းေလွ်ာက္ထားၿပီး လွဴဖြယ္ပစၥည္းမ်ား ႏွင့္ အားျဖည့္ငွက္သုိက္ရည္မ်ားဆက္ကပ္လွဴဒါန္းခဲ့သည္။

 

(Unicode Version)

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ နာယက၊ စာချ စာသင်သံဃာတော် (၂၉၉၂)ပါးအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်၊ စာအောင်ဆု(ထာဝရ) ငွေပဒေ သာပင်ပေးအပ် လှူဒါန်း

နေပြည်တော်၊ မေ – ၃၀

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ နာယက၊ စာချ စာသင်သံဃာတော် (၂၉၉၂)ပါးအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်၊ စာအောင်ဆု(ထာဝရ) ငွေ ပဒေသာပင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မစိုးရိမ်ကျောင်းတိုက်၊ အာဂမနယူပဒေသကျောင်း ဆရာတော် တိပိဋကသြဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တညေယျာဘိဝံသအမှူးပြုသော သံဃာတော်များတက်ရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မစိုးရိမ်ကျောင်း တိုက်၊ အာဂမ နယူပဒေသကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင် သူမြတ်များထံမှ ပရိတ်တရား တော်များနာယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တဝါသဋ္ဌောဘိဝံသထံ လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းပြီး စာအောင်ဆု (ထာဝရ)ငွေပဒေသပင် ငွေကျပ်သိန်း ၃၀၀ အား တာဝန်ရှိသူများထံပေးအပ်လှူဒါန်းသည်။ ထို့နောက် မစိုးရိမ်တိုက်သစ်မဟာနာယက ဆရာတော်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တပ်မတော်အရာရှိကြီးများက သံဃာတော်အရှင်သူမြတ်များထံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက်သံဃာတော် အရှင် သူမြတ်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့အတူ နံနက်ပိုင်းကလည်း တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မဟာနာယက၊ နာယက၊ စာချစာ သင်သံဃာတော် (၂၉၉၂)ပါးအား ဆွမ်းလောင်းလှူ ခဲ့ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးအထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက် ရွှေကျင်သာသနာပိုင် မတ္တရာသူဋ္ဌေးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ မာနိတသီရိဘိဝံသ အားသွားရောက်ဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လှူဖွယ်ပစ္စည်းများနှင့် အားဖြည့်ငှက်သိုက်ရည်များအား ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံတော်သြဝါဒါစရိယ၊ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ အား သွားရောက်ဖူးမြော် ကြည်ညို၍ ကျန်းမာရေးအခြေအနေများအားမေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ နှင့် အားဖြည့်ငှက်သိုက်ရည်များဆက်ကပ်လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။