သံချပ်ကာယန္တရားတပ်ဖွဲ့သည် လျင်မြန်စွာရွေ့လျားနိုင်မှု (Mobility) နှင့် ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင် မှု(Accuracy)များရှိရမည်ဖြစ်သဖြင့် ကျွမ်းကျင်မှုရှိအောင် အစဉ်အမြဲလေ့ကျင့်နေရမည်

ေနျပည္ေတာ္၊ ေမ  ၃၁

သံခ်ပ္ကာယႏၲရားတပ္ဖြဲ႕သည္ ပစ္အားႏွင့္စစ္ကစားသည့္တပ္ဖြဲ႕ျဖစ္ၿပီး ကမၻာေပၚ၌ ျဖစ္ပြားခဲ့သည့္ သမား႐ုိးက်စစ္ပြဲမ်ားတြင္သံခ်ပ္ကာယႏၲရားတပ္ဖြဲ႕မ်ားျဖင့္ အဓိကအဆုံးသတ္ တုိက္ခုိက္ၿပီးေနာက္ ေျခလ်င္တပ္ဖြဲ႕မ်ားကတက္ေရာက္သိမ္းပုိက္ျခင္းျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ လ်င္ျမန္စြာ ေရြ႕လ်ားႏုိင္မႈ(Mobility)ႏွင့္ပစ္မွတ္ကုိ တိက်စြာပစ္ခတ္ႏုိင္မႈ (Accuracy) မ်ားရွိရမည္ျဖစ္သျဖင့္ ကြၽမ္းက်င္မႈရွိေအာင္အစဥ္အၿမဲ ေလ့က်င့္ေနရမည္ ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ ေန႔လယ္ပုိင္းတြင္ ေက်ာက္ဆည္တပ္နယ္၊ သံခ်ပ္ကာယႏၲရား သင္တန္းေက်ာင္းရွိ နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားအရာရွိ၊ စစ္သည္မ်ားအားေတြ႕ဆုံ အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိ ႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ သံခ်ပ္ကာယႏၲရားသင္တန္းေက်ာင္းမွ သင္တန္းနည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားအရာရွိ၊ စစ္သည္မ်ားတက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတုိ႔တပ္မေတာ္သည္ သူတစ္ပါးတုိင္းျပည္ကုိတုိက္ခုိက္ရန္မဟုတ္ဘဲ မိမိတုိ႔တုိင္းျပည္ကုိ ကာကြယ္ရန္အတြက္ သမား႐ုိးက်စစ္ကုိဆင္ႏႊဲႏုိင္သည့္ ေခတ္မီတပ္မေတာ္ (Standard Army) တစ္ရပ္ျဖစ္ေအာင္ တည္ေဆာက္လ်က္ရွိေၾကာင္း၊ မည္သည့္တပ္ဖြဲ႕တြင္ တာ၀န္ထမ္းေဆာင္ေနသည္ျဖစ္ေစ စစ္သည္အဆင့္အတန္းအားလုံးသည္ ေျခလ်င္တပ္ကဲ့သုိ႔ တုိက္ပြဲ၀င္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ စစ္သားတစ္ေယာက္၏အေျခခံလုိအပ္ခ်က္မွာ က်န္းမာႀကံ့ခုိင္ရန္ျဖစ္သျဖင့္ အေျခခံ စားေသာက္ေနထုိင္ေရးမွစ၍ အေလးထားေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ခႏၶာကုိယ္ က်န္းမာႀကံ့ခုိင္မႈအတြက္လည္း ကုိယ္ကာယေလ့က်င့္ခန္းမ်ားကုိ ေန႔စဥ္ျပဳလုပ္ရန္လုိ အပ္ေၾကာင္း၊ ထုိ႔အျပင္ တပ္မေတာ္သားမိသားစု၀င္မ်ား သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔တပ္ပုိင္ စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားမွထြက္ရွိလာသည့္ လတ္ဆတ္ေသာ အသားငါး၊ ဟင္းသီးဟင္းရြက္မ်ားကုိစားသုံးျခင္းျဖင့္ က်န္းမာေရးႏွင့္ ကုိက္ညီသည့္ အာဟာရဓာတ္မ်ားကုိရရွိမည္ျဖစ္ေၾကာင္း၊ ေသာက္စားေပ်ာ္ပါးမႈမ်ားမွ တစ္ဆင့္ မလုိလားအပ္သည့္အမႈအခင္းမ်ားျဖစ္ပြားျခင္း၊ က်န္းမာေရးကုိထိခုိက္ျခင္းမ်ား ျဖစ္ေပၚႏုိင္သျဖင့္ မိမိတုိ႔ အသိတရားျဖင့္ေရွာင္ၾကဥ္ရန္လုိအပ္ေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး စစ္သည္တစ္ဦးခ်င္း ကြၽမ္းက်င္မႈအတြက္ သင္တန္းေက်ာင္းမ်ားတြင္ လုိအပ္သည့္ သင္ေထာက္ကူပစၥည္းမ်ားအား ျဖည့္ဆည္းေဆာင္ရြက္ေပးထားၿပီး မိမိတုိ႔ကုိင္ေဆာင္ သည့္ ယာဥ္ယႏၲရား၊ လက္နက္မ်ားႏွင့္ အသားက်ျဖစ္ေအာင္ေလ့က်င့္ရန္လုိအပ္ေၾကာင္း၊ ထုိ႔အတူ စစ္သည္တစ္ဦးခ်င္းအေနျဖင့္ ရဲစြမ္းသတၱိရွိရမည္ျဖစ္ၿပီး ရဲစြမ္းသတၱိဆုိသည္မွာ မ်ိဳးခ်စ္စိတ္၊ တုိင္းျပည္ခ်စ္စိတ္ႏွင့္ ယွဥ္တြဲ ေနရမည္ျဖစ္ေၾကာင္း၊ မ်ိဳးခ်စ္စိတ္သည္ တုိင္းျပည္ကုိ ထိလွ်င္၊ ကုိယ့္အမ်ိဳးကုိထိလွ်င္မခံခ်င္စိတ္၊ တုိင္းျပည္ခ်စ္စိတ္၊ ကာကြယ္လုိစိတ္ျဖင့္ ေဆာင္ရြက္ျခင္းပင္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္စစ္သားေကာင္း မ်ားျဖစ္ေအာင္ျပဳမႈ က်င့္ႀကံေနထုိင္ရန္လုိအပ္ၿပီး တစ္ဦးခ်င္း စစ္တုိက္ႏုိင္သည့္စြမ္းရည္ (Ability) ရွိရန္အတြက္ ေလ့က်င့္သားျပည့္၀ေနရန္ လုိအပ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္သားတစ္ေယာက္ျဖစ္လာလွ်င္ သစၥာအဓိဌာန္ေန႔စဥ္ ရြတ္ဆုိၿပီးေဆာင္ရြက္ရသျဖင့္ မိမိကုိယ္မိမိသစၥာရွိရန္လုိေၾကာင္း၊ မိမိတုိ႔တစ္ဦးခ်င္း ေကာင္းမြန္မွသာ မိမိတုိ႔တပ္စြမ္းရည္ရွိမည္ျဖစ္ၿပီး ထုိမွတစ္ဆင့္တပ္မေတာ္တစ္ရပ္လုံး စြမ္းရည္တုိးတက္ေကာင္းမြန္မည္ျဖစ္ေၾကာင္း၊ ထုိ႔အတူတပ္မေတာ္ဆုိသည္မွာႏုိင္ငံေတာ္၏ အစိတ္အပုိင္းတစ္ခုျဖစ္ၿပီး ႏုိင္ငံေတာ္အတြင္းေနထုိင္ၾကသူမ်ားအားလုံး ႀကိဳးစား ေဆာင္ရြက္လွ်င္တုိင္းျပည္တုိးတက္ေကာင္းမြန္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားတုိင္း တစ္ဦးခ်င္းႀကိဳးစားေဆာင္ရြက္ျခင္းျဖင့္လည္း ႏုိင္ငံေတာ္ကုိအေထာက္အကူျပဳသည့္ တပ္မေတာ္တစ္ရပ္ျဖစ္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိကုိယ္ကုိသစၥာရွိရန္၊ တပ္မေတာ္ အေပၚသစၥာရွိရန္၊ ႏုိင္ငံေတာ္အေပၚသစၥာရွိရန္လုိအပ္ေၾကာင္း၊ လူတုိင္းတြင္အျမင့္သုိ႔တက္ လွမ္းႏုိင္သည့္ႀကိဳးစားအားထုတ္ႏုိင္ခြင့္ရွိေၾကာင္း၊ မိမိတို႔ဘ၀တုိးတက္ရန္အတြက္ တပ္မေတာ္မွထုတ္ျပန္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကုိတိက်စြာလုိက္နာရန္ႏွင့္ ႀကိဳးစားအားထုတ္မႈရွိရန္လုိၿပီး ထုိသုိ႔ေဆာင္ရြက္မွသာမိမိတုိ႔ဘ၀တုိးတက္ေရးအတြက္ အခြင့္အလမ္းမ်ား ရရွိမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းေက်ာင္းမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ားေပးအပ္ရာ ေက်ာင္းအုပ္ ႀကီးကလက္ခံရယူသည္။ ၎င္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း က အားကစားပစၥည္းမ်ားအားလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က ေရႊဖီဦးအသင့္ေဖ်ာ္လက္ဖက္ရည္ထုပ္မ်ားအား လည္းေကာင္း အသီး သီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္းေက်ာင္း အတြင္းရွိ ယာဥ္ယႏၲရား သင္ေထာက္ကူပစၥည္းပုံစံသ႐ုပ္ျပခန္းမ်ားအတြင္းလွည့္လည္ ၾကည့္႐ႈစစ္ေဆးၿပီး သင္တန္းသားမ်ားႏွင့္အတူ ေန႔လယ္စာအားအတူတကြသုံးေဆာင္ၾကသည္။ ထုိ႔ေနာက္ သင္တန္းေက်ာင္း အစည္းအေ၀းခန္းမ၌ ေက်ာင္းအုပ္ႀကီးက သင္တန္းမ်ား ဖြင့္လွစ္သင္ၾကား ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးခဲ့သည္။

 

(Unicode Version)

သံချပ်ကာယန္တရားတပ်ဖွဲ့သည် လျင်မြန်စွာရွေ့လျားနိုင်မှု (Mobility) နှင့် ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင် မှု(Accuracy)များရှိရမည်ဖြစ်သဖြင့် ကျွမ်းကျင်မှုရှိအောင် အစဉ်အမြဲလေ့ကျင့်နေရမည်

နေပြည်တော်၊ မေ  ၃၁

သံချပ်ကာယန္တရားတပ်ဖွဲ့သည် ပစ်အားနှင့်စစ်ကစားသည့်တပ်ဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်၌ ဖြစ်ပွားခဲ့သည့် သမားရိုးကျစစ်ပွဲများတွင်သံချပ်ကာယန္တရားတပ်ဖွဲ့များဖြင့် အဓိကအဆုံးသတ် တိုက်ခိုက်ပြီးနောက် ခြေလျင်တပ်ဖွဲ့များကတက်ရောက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လျင်မြန်စွာ ရွေ့လျားနိုင်မှု(Mobility)နှင့်ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်မှု (Accuracy) များရှိရမည်ဖြစ်သဖြင့် ကျွမ်းကျင်မှုရှိအောင်အစဉ်အမြဲ လေ့ကျင့်နေရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နေ့လယ်ပိုင်းတွင် ကျောက်ဆည်တပ်နယ်၊ သံချပ်ကာယန္တရား သင်တန်းကျောင်းရှိ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သံချပ်ကာယန္တရားသင်တန်းကျောင်းမှ သင်တန်းနည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့တပ်မတော်သည် သူတစ်ပါးတိုင်းပြည်ကိုတိုက်ခိုက်ရန်မဟုတ်ဘဲ မိမိတို့တိုင်းပြည်ကို ကာကွယ်ရန်အတွက် သမားရိုးကျစစ်ကိုဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်ဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း၊ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ စစ်သည်အဆင့်အတန်းအားလုံးသည် ခြေလျင်တပ်ကဲ့သို့ တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ကြောင်း၊ စစ်သားတစ်ယောက်၏အခြေခံလိုအပ်ချက်မှာ ကျန်းမာကြံ့ခိုင်ရန်ဖြစ်သဖြင့် အခြေခံ စားသောက်နေထိုင်ရေးမှစ၍ အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုအတွက်လည်း ကိုယ်ကာယလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ရန်လို အပ်ကြောင်း၊ ထို့အပြင် တပ်မတော်သားမိသားစုဝင်များ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိလာသည့် လတ်ဆတ်သော အသားငါး၊ ဟင်းသီးဟင်းရွက်များကိုစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့် ကိုက်ညီသည့် အာဟာရဓာတ်များကိုရရှိမည်ဖြစ်ကြောင်း၊ သောက်စားပျော်ပါးမှုများမှ တစ်ဆင့် မလိုလားအပ်သည့်အမှုအခင်းများဖြစ်ပွားခြင်း၊ ကျန်းမာရေးကိုထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မိမိတို့ အသိတရားျဖင့္ေရွာင္ၾကဥ္ရန္ လိုအပ်ကြောင်းမှာကြားသည်။

ဆက်လက်ပြီး စစ်သည်တစ်ဦးချင်း ကျွမ်းကျင်မှုအတွက် သင်တန်းကျောင်းများတွင် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး မိမိတို့ကိုင်ဆောင် သည့် ယာဉ်ယန္တရား၊ လက်နက်များနှင့် အသားကျဖြစ်အောင်လေ့ကျင့်ရန်လိုအပ်ကြောင်း၊ ထို့အတူ စစ်သည်တစ်ဦးချင်းအနေဖြင့် ရဲစွမ်းသတ္တိရှိရမည်ဖြစ်ပြီး ရဲစွမ်းသတ္တိဆိုသည်မှာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် ယှဉ်တွဲ နေရမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်သည် တိုင်းပြည်ကို ထိလျှင်၊ ကိုယ့်အမျိုးကိုထိလျှင်မခံချင်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ ကာကွယ်လိုစိတ်ဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်စစ်သားကောင်း များဖြစ်အောင်ပြုမှု ကျင့်ကြံနေထိုင်ရန်လိုအပ်ပြီး တစ်ဦးချင်း စစ်တိုက်နိုင်သည့်စွမ်းရည် (Ability) ရှိရန်အတွက် လေ့ကျင့်သားပြည့်ဝနေရန် လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်သားတစ်ယောက်ဖြစ်လာလျှင် သစ္စာအဓိဌာန်နေ့စဉ် ရွတ်ဆိုပြီးဆောင်ရွက်ရသဖြင့် မိမိကိုယ်မိမိသစ္စာရှိရန်လိုကြောင်း၊ မိမိတို့တစ်ဦးချင်း ကောင်းမွန်မှသာ မိမိတို့တပ်စွမ်းရည်ရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့်တပ်မတော်တစ်ရပ်လုံး စွမ်းရည်တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ထို့အတူတပ်မတော်ဆိုသည်မှာနိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အတွင်းနေထိုင်ကြသူများအားလုံး ကြိုးစား ဆောင်ရွက်လျှင်တိုင်းပြည်တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း တစ်ဦးချင်းကြိုးစားဆောင်ရွက်ခြင်းဖြင့်လည်း နိုင်ငံတော်ကိုအထောက်အကူပြုသည့် တပ်မတော်တစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိကိုယ်ကိုသစ္စာရှိရန်၊ တပ်မတော် အပေါ်သစ္စာရှိရန်၊ နိုင်ငံတော်အပေါ်သစ္စာရှိရန်လိုအပ်ကြောင်း၊ လူတိုင်းတွင်အမြင့်သို့တက် လှမ်းနိုင်သည့်ကြိုးစားအားထုတ်နိုင်ခွင့်ရှိကြောင်း၊ မိမိတို့ဘဝတိုးတက်ရန်အတွက် တပ်မတော်မှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုတိကျစွာလိုက်နာရန်နှင့် ကြိုးစားအားထုတ်မှုရှိရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာမိမိတို့ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်စာစောင်များပေးအပ်ရာ ကျောင်းအုပ် ကြီးကလက်ခံရယူသည်။ ၎င်းင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း က အားကစားပစ္စည်းများအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ရွှေဖီဦးအသင့်ဖျော်လက်ဖက်ရည်ထုပ်များအား လည်းကောင်း အသီး သီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်း အတွင်းရှိ ယာဉ်ယန္တရား သင်ထောက်ကူပစ္စည်းပုံစံသရုပ်ပြခန်းများအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့်အတူ နေ့လယ်စာအားအတူတကွသုံးဆောင်ကြသည်။ ထို့နောက် သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းများ ဖွင့်လှစ်သင်ကြား နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။