တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည် စက်ရုံ(မိတ္ထီလာ)၊ တပ်မတော်မိုးရေကာဖျင်စက်ရုံနှင့် ဖိနပ်စက်ရုံ(လှိုင်းတက်)သို့သွား ရောက်ကြည့်ရှု စစ်ဆေး

ေနျပည္ေတာ္၊ ဇြန္ ၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ တပ္မေတာ္ခ်ည္မွ်င္ ႏွင့္အထည္စက္႐ုံ(မိတၳီလာ) သုိ႔သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာစက္႐ုံမွဴးက အစည္းအေ၀းခန္းမတြင္ စက္႐ုံမွထုတ္လုပ္မႈအေျခအေနမ်ားႏွင့္ ၀န္ထမ္းမ်ား သက္သာေခ်ာင္ခ်ိေရးေဆာင္ရြက္ေပးမႈအေျခအေနမ်ားအားလည္းေကာင္း၊ လယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းက တုိင္းစစ္ဌာနခ်ဳပ္ကြပ္ ကဲမႈေအာက္ရွိ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္မ်ား၏ မိသားစု၀င္ေက်ာင္းသား၊ ေက်ာင္းသူ ၂၀၄၉၅ ဦးအတြက္ လုိအပ္သည့္ ေက်ာင္း၀တ္စုံပိတ္စမ်ားအား တပ္မေတာ္ခ်ည္မွ်င္ႏွင့္ အထည္စက္႐ုံမွ၀ယ္ယူ၍ ခ်ဳပ္လုပ္ေပးအပ္ခဲ့ရာ ျပင္ပေပါက္ေစ်းထက္ တစ္စုံလွ်င္ပ်မ္းမွ် ၈၆၀ က်ပ္သက္သာသျဖင့္ စုစုေပါင္းေငြက်ပ္ ၁၇၅ သိန္း ေက်ာ္သက္သာမႈ ရွိခဲ့ေၾကာင္းရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံမွ ထုတ္လုပ္သည့္ပစၥည္းမ်ား အား အျမတ္အစြန္းကုိအဓိကမထားဘဲ အရည္အေသြး ေကာင္းမြန္ၿပီး ေစ်းႏႈန္းခ်ိဳသာစြာျဖင့္ ျဖန္႔ခ်ိ ေရာင္းခ်ႏုိင္ေရးေဆာင္ရြက္ရန္၊ စက္မ်ားအား စြမ္းအားျပည့္လည္ပတ္ၿပီး ထုတ္ကုန္မ်ား ယခုထက္ ပုိမုိထုတ္လုပ္ႏုိင္ေရးေဆာင္ရြက္ရန္၊ အ၀တ္အထည္မ်ား၏အဆင္ဒီဇုိင္းႏွင့္ အေရာင္အေသြးမ်ား ပုိမုိေကာင္းမြန္ေစေရးၾကပ္မတ္ ေဆာင္ရြက္ရန္၊ ေက်ာင္း၀တ္စုံမ်ားအား သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအသုံးျပဳႏုိင္ရန္အတြက္ သက္ဆုိင္ရာတုိင္းေဒသႀကီးအစုိးရအဖြဲ႕မ်ားႏွင့္ ခ်ိတ္ဆက္ၫႇိႏႈိင္း၍ က်ယ္က်ယ္ျပန္႔ျပန္႔ ေရာင္းခ်ေပးႏုိင္ေရးေဆာင္ရြက္သြားရန္၊ အမ်ိဳးသား၀တ္လုံျခည္မ်ားကုိ အဆင္ဒီဇုိင္းမ်ားႏွင့္ အေရာင္အေသြးမ်ားစုံလင္စြာထုတ္လုပ္ ေရာင္းခ်သြားရန္၊ ျပင္ပသုိ႔ကုန္ေခ်ာသာမက ကုန္ၾကမ္းမ်ား ပါေရာင္းခ်ေပးႏုိင္ေရးေစ်းကြက္ ရွာ ေဖြေဆာင္ရြက္သြားရန္၊ ေရာင္းခ်ရာတြင္က်သင့္ သည့္အခြန္အခမ်ားကုိတစ္ပါတည္း ေပးေဆာင္သြားရန္ႏွင့္ ၀န္ထမ္းမ်ားသက္သာေခ်ာင္ခ်ိမႈ ရွိေစေရးလုပ္ေဆာင္ေပးရန္တုိ႔အား မွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ခင္းက်င္းျပသထား သည့္ စက္႐ုံမွထုတ္လုပ္ေသာ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ယူနီေဖာင္းပိတ္စမ်ား၊ ေက်ာင္း စိမ္းပိတ္စမ်ားႏွင့္ အျခားအ၀တ္အထည္မ်ားအားၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ စက္႐ုံ အတြင္းအ၀တ္အထည္မ်ား ထုတ္လုပ္ေနမႈအေျခအေနမ်ားအားလွည့္လည္ၾကည့္႐ႈစစ္ေဆး၍ တာ၀န္ရွိသူမ်ားအား လုိအပ္သည္ မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး စက္႐ုံ၀န္ထမ္း မ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

ဆက္လက္ၿပီးမြန္းလြဲပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္မုိး ေရကာဖ်င္စက္႐ုံႏွင့္ ဖိနပ္စက္႐ုံ(လႈိင္းတက္)သုိ႔ေရာက္ရွိၾကရာ အစည္းအေ၀း ခန္းမ၌ တာ၀န္ရွိသူမ်ား က စစ္၀တ္တန္ဆာအသုံးအေဆာင္ပစၥည္းမ်ား၊ ေက်ာင္းသုံး ေက်ာပုိးအိတ္မ်ားႏွင့္ ႏုိင္ငံ့၀န္ထမ္းမ်ား အသုံးျပဳလ်က္ရွိသည့္ ဖိနပ္၊ ဦးထုပ္၊ ခါးပတ္မ်ား ထုတ္လုပ္ေနမႈအေျခအေနမ်ားႏွင့္ စက္႐ုံ၀န္ထမ္းမ်ား အတြက္ သက္သာေခ်ာင္ခ်ိေရး ေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ားအားရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္၀တ္တန္ဆာ အသုံးအေဆာင္ ပစၥည္းမ်ားအား အရည္အေသြးေကာင္းမြန္ၿပီး သုံးစြဲသူမ်ားအဆင္ေျပစြာ အသုံးျပဳႏုိင္ရန္အတြက္ အၿမဲမျပတ္ဆန္းစစ္ျပင္ဆင္ေဆာင္ရြက္သြားရန္၊ အျခား ျပည္တြင္း ျပည္ပထုတ္ကုန္မ်ားႏွင့္ႏႈိင္းယွဥ္၍ မိမိတုိ႔စက္႐ုံ၏ထုတ္ကုန္ပစၥည္းမ်ားအား အရည္အေသြး ပုိမုိတုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ၿပီး ေစ်းကြက္အတြင္း သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ႏုိင္ေရးေဆာင္ရြက္ရန္၊ ၀န္ထမ္းမ်ား သက္သာေခ်ာင္ခ်ိေရး အတြက္ စနစ္တက်ေဆာင္ရြက္ေပးရန္မွာၾကားၿပီး လုိအပ္သည္မ်ားျဖည့္ဆည္း ေဆာင္ရြက္ ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မုိးေရကာဖ်င္ စက္႐ုံအတြင္း ယကၠန္းဌာနႏွင့္ခ်ပ္၀တ္တန္ဆာဌာနတုိ႔၌ တပ္မေတာ္သုံးခ်ပ္၀တ္ တန္ဆာပစၥည္းမ်ား ထုတ္လုပ္ေနမႈအားလည္းေကာင္း၊ ဖိနပ္စက္႐ုံအတြင္း ဖိနပ္ထုတ္လုပ္ ေနမႈအဆင့္ဆင့္အားလည္းေကာင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံ ၀န္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည် စက်ရုံ(မိတ္ထီလာ)၊ တပ်မတော်မိုးရေကာဖျင်စက်ရုံနှင့် ဖိနပ်စက်ရုံ(လှိုင်းတက်)သို့သွား ရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ ဇွန် ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော်ချည်မျှင် နှင့်အထည်စက်ရုံ(မိတ္ထီလာ) သို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာစက်ရုံမှူးက အစည်းအဝေးခန်းမတွင် စက်ရုံမှထုတ်လုပ်မှုအခြေအနေများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးဆောင်ရွက်ပေးမှုအခြေအနေများအားလည်းကောင်း၊ လယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းက တိုင်းစစ်ဌာနချုပ်ကွပ် ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်ကျောင်းသား၊ ကျောင်းသူ ၂၀၄၉၅ ဦးအတွက် လိုအပ်သည့် ကျောင်းဝတ်စုံပိတ်စများအား တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှဝယ်ယူ၍ ချုပ်လုပ်ပေးအပ်ခဲ့ရာ ပြင်ပပေါက်ဈေးထက် တစ်စုံလျှင်ပျမ်းမျှ ၈၆၀ ကျပ်သက်သာသဖြင့် စုစုပေါင်းငွေကျပ် ၁၇၅ သိန်း ကျော်သက်သာမှု ရှိခဲ့ကြောင်းရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံမှ ထုတ်လုပ်သည့်ပစ္စည်းများ အား အမြတ်အစွန်းကိုအဓိကမထားဘဲ အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ချိ ရောင်းချနိုင်ရေးဆောင်ရွက်ရန်၊ စက်များအား စွမ်းအားပြည့်လည်ပတ်ပြီး ထုတ်ကုန်များ ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ အဝတ်အထည်များ၏အဆင်ဒီဇိုင်းနှင့် အရောင်အသွေးများ ပိုမိုကောင်းမွန်စေရေးကြပ်မတ် ဆောင်ရွက်ရန်၊ ကျောင်းဝတ်စုံများအား သက်သာသော ဈေးနှုန်းများဖြင့် ကျောင်းသား၊ ကျောင်းသူများအသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ချိတ်ဆက်ညှိနှိုင်း၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးနိုင်ရေးဆောင်ရွက်သွားရန်၊ အမျိုးသားဝတ်လုံခြည်များကို အဆင်ဒီဇိုင်းများနှင့် အရောင်အသွေးများစုံလင်စွာထုတ်လုပ် ရောင်းချသွားရန်၊ ပြင်ပသို့ကုန်ချောသာမက ကုန်ကြမ်းများ ပါရောင်းချပေးနိုင်ရေးဈေးကွက် ရှာ ဖွေဆောင်ရွက်သွားရန်၊ ရောင်းချရာတွင်ကျသင့် သည့်အခွန်အခများကိုတစ်ပါတည်း ပေးဆောင်သွားရန်နှင့် ဝန်ထမ်းများသက်သာချောင်ချိမှု ရှိစေရေးလုပ်ဆောင်ပေးရန်တို့အား မှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထား သည့် စက်ရုံမှထုတ်လုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ)ယူနီဖောင်းပိတ်စများ၊ ကျောင်း စိမ်းပိတ်စများနှင့် အခြားအဝတ်အထည်များအားကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စက်ရုံ အတွင်းအဝတ်အထည်များ ထုတ်လုပ်နေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံဝန်ထမ်း များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်ပြီးမွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်မိုး ရေကာဖျင်စက်ရုံနှင့် ဖိနပ်စက်ရုံ(လှိုင်းတက်)သို့ရောက်ရှိကြရာ အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများ က စစ်ဝတ်တန်ဆာအသုံးအဆောင်ပစ္စည်းများ၊ ကျောင်းသုံး ကျောပိုးအိတ်များနှင့် နိုင်ငံ့ဝန်ထမ်းများ အသုံးပြုလျက်ရှိသည့် ဖိနပ်၊ ဦးထုပ်၊ ခါးပတ်များ ထုတ်လုပ်နေမှုအခြေအနေများနှင့် စက်ရုံဝန်ထမ်းများ အတွက် သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှု အခြေအနေများအားရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ဝတ်တန်ဆာ အသုံးအဆောင် ပစ္စည်းများအား အရည်အသွေးကောင်းမွန်ပြီး သုံးစွဲသူများအဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် အမြဲမပြတ်ဆန်းစစ်ပြင်ဆင်ဆောင်ရွက်သွားရန်၊ အခြား ပြည်တွင်း ပြည်ပထုတ်ကုန်များနှင့်နှိုင်းယှဉ်၍ မိမိတို့စက်ရုံ၏ထုတ်ကုန်ပစ္စည်းများအား အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပြီး ဈေးကွက်အတွင်း သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးဆောင်ရွက်ရန်၊ ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက် စနစ်တကျဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မိုးရေကာဖျင် စက်ရုံအတွင်း ယက္ကန်းဌာနနှင့်ချပ်ဝတ်တန်ဆာဌာနတို့၌ တပ်မတော်သုံးချပ်ဝတ် တန်ဆာပစ္စည်းများ ထုတ်လုပ်နေမှုအားလည်းကောင်း၊ ဖိနပ်စက်ရုံအတွင်း ဖိနပ်ထုတ်လုပ် နေမှုအဆင့်ဆင့်အားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။