Telecom International Myanmar Company Limited (Mytel) ၏ ထူးခြားကောင်းမွန်ပြည့်စုံသော ဝန် ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများ မိတ်ဆက်ပွဲ (Empower My Myanmar Ceremony) အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇွန်  ၉




ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သတ္တလောကတွင် လူသားတို့၏ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုသည် အမြင့်မားဆုံး ဟုဆိုကြကြောင်း၊ ထိုသို့မြင့်မားရခြင်း၏ အခြေခံ အကြောင်းအချက်မှာ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ဆက်ဆံမှု၊ ဘာသာစကားများကိုတီထွင်ဖန်တီးနိုင်ခြင်း၊ မိမိတို့၏ တွေးတောချက်၊ တွေ့ရှိချက်နှင့်စိတ်ခံစားမှုများကို ဘာသာစကားမျိုးစုံအသုံးပြုပြီး ဆက်သွယ် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့်ဟုဆိုကြောင်း၊ သတင်းအချက်အလက်များ၊ နည်းပညာများ၊ မိမိတို့ပြောလို သည်များကို ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြုပြီး အချိန်တိုတို၊ အလှမ်းဝေးဝေး၊ ကန့်သတ်မှု နည်းနည်းဖြင့် တစ်နေ့ထက်တစ်နေ့တိုးတက်အသုံးပြုလာကြသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်လာရကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ ICT Information & Communication Technology ကိုပိုင်ပိုင်နိုင်နိုင်အသုံးချပြီး နယ်ပယ်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ကြပြီဖြစ်ကြောင်း၊ နိုင်ငံတကာ တွင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတည်ဆောက်ရေး(State Building)နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building) များကိုဟန်ချက်ညီစွာ တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် အခြေခံကျသည့် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သကဲ့သို့ တိုင်းပြည် တည် ဆောက်ရေးတွင်အခြေခံကျသည့် ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ထိန်းသိမ်းမြှင့် တင်ရေးနှင့် အမျိုးသားရေးစရိုက်လက္ခဏာများတိုးတက် ကောင်းမွန်ရေးသည်လည်းအရေးကြီးကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေလိုအပ်ချက်များမှာ သယ်ယူပို့ဆောင်မှုကောင်းမွန်ရေး၊ ဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ပင် ဖြစ်ကြောင်း၊ Mytel သည်ထိုအခြေခံလိုအပ်ချက်များထဲမှ ဆက်သွယ်မှုကောင်းမွန်ရေးဆိုသည့်အချက်ကို အဓိကအထောက် အကူပြုသွားမည်ဖြစ်သကဲ့သို့ သတင်းခေတ်တွင်အရေးကြီးသည့် သတင်းအချက်အလက်နှင့် ဆက်သွယ်မှု နည်းပညာ (ICT)ကို လည်းမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ Mytel အနေဖြင့်ယနေ့အထိ BTS Station ပေါင်း ၅၃၀၀ ခန့်တည်ဆောက်ပြီးစီးပြီးသည့်အတွက် နိုင်ငံအတွင်းမှာရှိသည့် မြို့ပြကျေးလက်နှင့် လမ်းပန်း ဆက်သွယ်ရေးလမ်းကြောင်းနေရာများအပါအ၀င်နိုင်ငံ၏ ၇၂ ရာခိုင် နှုန်းခန့်မှာ လွှမ်းခြုံအသုံးပြုနိုင်ပြီးဖြစ် ကြောင်း၊ Fourth – Generation (4G)+(Plus) ဖြစ်သည့် LTE (Long-Term Evolution) Wireless Broadband Technology ကိုအသုံး ပြုထားသည့်အတွက်မြန်နှုန်းမြှင့်အင်တာနက်ချိတ်ဆက်မှုများ၊ အရည် အသွေးမြင့်မားသည့် High Definition (HD) ဗီဒီယိုဖိုင်များကိုကြည့်ရှုနိုင်မှာဖြစ်သည့်အပြင် Multi Media သတင်းစာများကိုဖတ်ရှုနိုင်မှာဖြစ်ကြောင်း၊ ထိုသို့အသုံးပြုပြီး ဒေသအသီးသီးမှာ ရှိသည့်ပြည်သူများသည် မြို့ပြများသို့သွားရောက်ရန်မလိုဘဲ မိမိတို့နေထိုင်ရာဒေသများတွင် အလိုရှိသည့်အသိပညာ၊ အတတ် ပညာ ရပ်များကို သင်သူနည်းပြအနည်းငယ်ရှိရုံနှင့်ပင် သင်ကြားဆည်းပူးနိုင်ကြမှာဖြစ်သည့်အတွက် ငွေကုန်ကြေးကျ များစွာသက်သာ မည်ဖြစ်ကြောင်း၊ ထို့အပြင် 4G LTE နည်းပညာများသည် 3G ထက်အသုံးပြုမှု စရိတ်သက်သာမည်ဖြစ်သကဲ့သို့ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းနှင့်နည်းပညာရပ်များကို အချိန်နှင့် တစ်ပြေးညီ သိခွင့်ရမည်ဖြစ်သဖြင့် Globalization ဖြစ်စဉ်များကိုနေရာဒေသ အသီးသီးမှ တိုင်းရင်းသားပြည်သူများ အဆက် မပြတ်ထိတွေ့ခွင့်၊ သင်ကြားလေ့လာ နိုင်ခွင့်များရရှိပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြု မြှင့်တင်ပေးနိုင်မှာလည်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်းရည်မှန်းဆောင်ရွက်နေသည့် BTS Station များတည် ဆောက်ပြီးစီးပါက ကွန်ယက်လွှမ်းခြုံမှုသည် 2G (Voice) အနေဖြင့် နိုင်ငံလူဦးရေ၏ ၉၃ ရာခိုင်နှုန်းနှင့် 4G(Data) အနေဖြင့် ၆၀ ရာခိုင်နှုန်းလွှမ်းခြုံ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့်ဆက်သွယ်ရေး ကဏ္ဍပြုပြင် ပြောင်းလဲရေး၊ တိုးတက်ရေး လုပ်ငန်းများကိုပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်နိုင်ခဲ့သည့် နေရာတွင် ပြည်ပအော်ပရေတာ ၂ ခုဖြစ်သည့် Ooredoo Myanmar Co. Ltd နှင့် Telenor Myanmar Co.Ltd တို့ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပြည်တွင်း အော်ပရေတာဖြစ်သည့် MPT နှင့် KDDI Summit Global Myanmar Co.Ltd တို့ကို ၂၀၁၅ ခုနှစ် တွင်လည်းကောင်းဆက်သွယ်ရေးဥပဒေနှင့်အညီ Nationwide Operator များအဖြစ် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်ရန်အကောင် အထည်ဖော်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ဆောင်ရွက် နေကြသည့် အော်ပရေတာ ၄ ခုမှ Telecom International Myanmar Co. Ltd (Mytel)တစ်ခုတည်း သာ အများပိုင် ကုမ္ပဏီများပါဝင်သည့် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည်ကို အထင်အရှားတွေ့ရှိရမည်ဖြစ် ကြောင်း၊ Viettel Group ကုမ္ပဏီ၏နည်းပညာအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံ ၉ နိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာအဖြစ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင်လည်း မလွဲမသွေအောင်မြင်မည်ဟု ယုံကြည် ကြောင်း၊ စတုတ္ထအော်ပရေတာဖြစ်သည့် Mytel အနေဖြင့်ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင်သာမက ပြည်ပအော်ပရေတာများ နှင့်လည်းချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး International Gate Way (IGW) ကို Cross Border ၅ ခုဖြစ်သည့် လာအို၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်း ၂ ခုအပြင် Submarine Cable လမ်း ကြောင်း၊ Optical Fiber ဆက်ကြောင်းနှင့် AAE-1 တို့ဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်ထားသည်အတွက် နည်းပညာအားဖြင့် 4Gွ ကွန်ရက်ကိုတစ်နိုင်ငံ လုံး ဖြန့်ကြက်ဆောင်ရွက်ထားနိုင်ပြီးအနာဂတ်တိုးတက်လာမည့် နည်းပညာအတွက် အဆင်သင့်ဖြစ်နေပြီဆိုသည်ကိုလည်းတွေ့ရှိရပါကြောင်း၊ လိုင်စင်ရသည့်ကာလမှ Sim Card များစတင်ဖြန့်ဝေဆောင်ရွက်ခဲ့သည့် ၁ နှစ်တာကလအတွင်းတွင် BTS Tower ပေါင်း ၅၀၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်းတွေ့ရှိရသည့်အတွက် အချိန်တိုကာလ အတွင်းတွင် အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်နိုင်သည်ကို အားရကျေနပ်ဖွယ်တွေ့ရှိရပါကြောင်း၊ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် ခဲ့သည့် Telecom International Myanmar Co. Ltd (Mytel) အားဆက်သွယ်ရေးကွန်ရက် တည်ထောင် နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံအ၀ှမ်းဆောင်ရွက်ပေးနိုင်တော့မည့် ပိုမိုကောင်းမွန်ပြည့်စုံသော ၀န်ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများမိတ်ဆက်ပေးမည့် မင်္ဂလာရှိသော Empower My Myanmar Ceremony အခမ်း အနားအားကျင်းပနိုင်ခဲ့သည်မှာလည်း သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပံ့ပိုးကူညီခဲ့ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့် ဌာနဆိုင်ရာများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးမှ ၀န်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ် သံအမတ်ကြီး ၊ Viettel Group မှ တာဝန်ရှိသူများအားလုံး၏ ကြိုးပမ်းကူညီဆောင်ရွက်ပေးမှုများကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းပြောကြားသည်။




(Unicode Version)

Telecom International Myanmar Company Limited (Mytel) ၏ ထူးခြားကောင်းမွန်ပြည့်စုံသော ၀န် ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများ မိတ်ဆက်ပွဲ (Empower My Myanmar Ceremony) အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇွန်  ၉

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံ၏စတုတ္ထမြောက် အော်ပရေတာတစ်ခု ဖြစ်သော Telecom International Myanmar Company Limited(Mytel) ၏ထူးခြားကောင်းမွန်ပြည့်စုံသော ၀န်ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများမိတ်ဆက်ပွဲ (Empower My Myanmar Ceremony) အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Pullman Yangon, Centerpoint Hotel ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ ဗီယက်နမ်ပြည်သူ့တပ်မတော်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Tran Don၊ ဗီယက်နမ်နိုင်ငံဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Nguyen Minh Hong၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. Luan Thuy Duong၊ ဗီယက်နမ် အစိုးရနှင့်တပ်မတော်မှတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ ၊ Telecom International Myanmar Company Limited (Mytel) အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ Viettel ကုမ္ပဏီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား 3D Design Floor Plan ဖြင့် Opening Performance (Interactive Dance) တင်ဆက်၍ စတင်ပြီး Mytel Amazing Journey Tour အဖွင့် တင်ဆက်မှု Video Clip အားပြသသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သတ္တလောကတွင် လူသားတို့၏ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုသည် အမြင့်မားဆုံး ဟုဆိုကြကြောင်း၊ ထိုသို့မြင့်မားရခြင်း၏ အခြေခံ အကြောင်းအချက်မှာ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ဆက်ဆံမှု၊ ဘာသာစကားများကိုတီထွင်ဖန်တီးနိုင်ခြင်း၊ မိမိတို့၏ တွေးတောချက်၊ တွေ့ရှိချက်နှင့်စိတ်ခံစားမှုများကို ဘာသာစကားမျိုးစုံအသုံးပြုပြီး ဆက်သွယ် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့်ဟုဆိုကြောင်း၊ သတင်းအချက်အလက်များ၊ နည်းပညာများ၊ မိမိတို့ပြောလို သည်များကို ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြုပြီး အချိန်တိုတို၊ အလှမ်းဝေးဝေး၊ ကန့်သတ်မှု နည်းနည်းဖြင့် တစ်နေ့ထက်တစ်နေ့တိုးတက်အသုံးပြုလာကြသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်လာရကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ ICT Information & Communication Technology ကိုပိုင်ပိုင်နိုင်နိုင်အသုံးချပြီး နယ်ပယ်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ကြပြီဖြစ်ကြောင်း၊ နိုင်ငံတကာ တွင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတည်ဆောက်ရေး(State Building)နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building) များကိုဟန်ချက်ညီစွာ တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် အခြေခံကျသည့် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သကဲ့သို့ တိုင်းပြည် တည် ဆောက်ရေးတွင်အခြေခံကျသည့် ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ထိန်းသိမ်းမြှင့် တင်ရေးနှင့် အမျိုးသားရေးစရိုက်လက္ခဏာများတိုးတက် ကောင်းမွန်ရေးသည်လည်းအရေးကြီးကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေလိုအပ်ချက်များမှာ သယ်ယူပို့ဆောင်မှုကောင်းမွန်ရေး၊ ဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ပင် ဖြစ်ကြောင်း၊ Mytel သည္ထုိအေျခခံလုိအပ္ခ်က္မ်ားထဲမွ ဆက်သွယ်မှုကောင်းမွန်ရေးဆိုသည့်အချက်ကို အဓိကအထောက် အကူပြုသွားမည်ဖြစ်သကဲ့သို့ သတင်းခေတ်တွင်အရေးကြီးသည့် သတင်းအချက်အလက်နှင့် ဆက်သွယ်မှု နည်းပညာ (ICT)ကို လည်းမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ Mytel အနေဖြင့်ယနေ့အထိ BTS Station ပေါင်း ၅၃၀၀ ခန့်တည်ဆောက်ပြီးစီးပြီးသည့်အတွက် နိုင်ငံအတွင်းမှာရှိသည့် မြို့ပြကျေးလက်နှင့် လမ်းပန်း ဆက်သွယ်ရေးလမ်းကြောင်းနေရာများအပါအဝင်နိုင်ငံ၏ ရ၂ ရာခိုင် နှုန်းခန့်မှာ လွှမ်းခြုံအသုံးပြုနိုင်ပြီးဖြစ် ကြောင်း၊ Fourth – Generation (4G)+(Plus) ဖြစ်သည့် LTE (Long-Term Evolution) Wireless Broadband Technology ကိုအသုံး ပြုထားသည့်အတွက်မြန်နှုန်းမြှင့်အင်တာနက်ချိတ်ဆက်မှုများ၊ အရည် အသွေးမြင့်မားသည့် High Definition (HD) ဗီဒီယိုဖိုင်များကိုကြည့်ရှုနိုင်မှာဖြစ်သည့်အပြင် Multi Media သတင်းစာများကိုဖတ်ရှုနိုင်မှာဖြစ်ကြောင်း၊ ထိုသို့အသုံးပြုပြီး ဒေသအသီးသီးမှာ ရှိသည့်ပြည်သူများသည် မြို့ပြများသို့သွားရောက်ရန်မလိုဘဲ မိမိတို့နေထိုင်ရာဒေသများတွင် အလိုရှိသည့်အသိပညာ၊ အတတ် ပညာ ရပ်များကို သင်သူနည်းပြအနည်းငယ်ရှိရုံနှင့်ပင် သင်ကြားဆည်းပူးနိုင်ကြမှာဖြစ်သည့်အတွက် ငွေကုန်ကြေးကျ များစွာသက်သာ မည်ဖြစ်ကြောင်း၊ ထို့အပြင် 4G LTE နည်းပညာများသည် 3G ထက်အသုံးပြုမှု စရိတ်သက်သာမည်ဖြစ်သကဲ့သို့ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းနှင့်နည်းပညာရပ်များကို အချိန်နှင့် တစ်ပြေးညီ သိခွင့်ရမည်ဖြစ်သဖြင့် Globalization ဖြစ်စဉ်များကိုနေရာဒေသ အသီးသီးမှ တိုင်းရင်းသားပြည်သူများ အဆက် မပြတ်ထိတွေ့ခွင့်၊ သင်ကြားလေ့လာ နိုင်ခွင့်များရရှိပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြု မြှင့်တင်ပေးနိုင်မှာလည်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်းရည်မှန်းဆောင်ရွက်နေသည့် BTS Station များတည် ဆောက်ပြီးစီးပါက ကွန်ယက်လွှမ်းခြုံမှုသည် 2G (Voice) အနေဖြင့် နိုင်ငံလူဦးရေ၏ ၉၃ ရာခိုင်နှုန်းနှင့် 4G(Data) အနေဖြင့် ၆၀ ရာခိုင်နှုန်းလွှမ်းခြုံ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ထိုသို့ဆောင်ရွက်နိုင်မှုများနှင့် မြန်မာ့လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်သွား မှာဖြစ်သည့်အပြင် ဒေသ၏လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် သတင်းအချက်များကို အသုံးချသွားနိုင်မှာ လည်းဖြစ်ကြောင်း၊ တိုင်းပြည် တည်ဆောက်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် ယဉ်ကျေးမှု၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာများတိုးတက်ကောင်းမွန်ရေးအတွက် ICT နည်း ပညာများဖြင့် အထောက်အကူပြုသွားနိုင်မည်လည်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသည့် Viettel ကုမ္ပဏီဖြင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် Technology Transfer ဟုခေါ်သည့် နည်းပညာ လွှဲပြောင်းရယူနိုင်ခြင်း၊ ဆက်သွယ်ရေးပညာရှင်များလေ့ကျင့် သင်ကြားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ လည်းရရှိနိုင်မည်ဖြစ် ကြောင်းပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့်ဆက်သွယ်ရေး ကဏ္ဍပြုပြင် ပြောင်းလဲရေး၊ တိုးတက်ရေး လုပ်ငန်းများကိုပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်နိုင်ခဲ့သည့် နေရာတွင် ပြည်ပအော်ပရေတာ ၂ ခုဖြစ်သည့် Ooredoo Myanmar Co. Ltd နှင့် Telenor Myanmar Co.Ltd တို့ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပြည်တွင်း အော်ပရေတာဖြစ်သည့် MPT နှင့် KDDI Summit Global Myanmar Co.Ltd တို့ကို ၂၀၁၅ ခုနှစ် တွင်လည်းကောင်းဆက်သွယ်ရေးဥပဒေနှင့်အညီ Nationwide Operator များအဖြစ် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်ရန်အကောင် အထည်ဖော်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ဆောင်ရွက် နေကြသည့် အော်ပရေတာ ၄ ခုမှ Telecom International Myanmar Co. Ltd (Mytel)တစ်ခုတည်း သာ အများပိုင် ကုမ္ပဏီများပါ၀င်သည့် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည်ကို အထင်အရှားတွေ့ရှိရမည်ဖြစ် ကြောင်း၊ Viettel Group ကုမ္ပဏီ၏နည်းပညာအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံ ၉ နိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာအဖြစ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင်လည်း မလွဲမသွေအောင်မြင်မည်ဟု ယုံကြည် ကြောင်း၊ စတုတ္ထအော်ပရေတာဖြစ်သည့် Mytel အနေဖြင့်ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင်သာမက ပြည်ပအော်ပရေတာများ နှင့်လည်းချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး International Gate Way (IGW) ကို Cross Border ၅ ခုဖြစ်သည့် လာအို၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်း ၂ ခုအပြင် Submarine Cable လမ်း ကြောင်း၊ Optical Fiber ဆက်ကြောင်းနှင့် AAE-1 တို့ဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်ထားသည်အတွက် နည်းပညာအားဖြင့် 4G ကွန်ရက်ကိုတစ်နိုင်ငံ လုံး ဖြန့်ကြက်ဆောင်ရွက်ထားနိုင်ပြီးအနာဂတ်တိုးတက်လာမည့် နည်းပညာအတွက် အဆင်သင့်ဖြစ်နေပြီဆိုသည်ကိုလည်းတွေ့ရှိရပါကြောင်း၊ လိုင်စင်ရသည့်ကာလမှ Sim Card များစတင်ဖြန့်ဝေဆောင်ရွက်ခဲ့သည့် ၁ နှစ်တာကလအတွင်းတွင် BTS Tower ပေါင်း ၅၀၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်းတွေ့ရှိရသည့်အတွက် အချိန်တိုကာလ အတွင်းတွင် အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်နိုင်သည်ကို အားရကျေနပ်ဖွယ်တွေ့ရှိရပါကြောင်း၊ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် ခဲ့သည့် Telecom International Myanmar Co. Ltd (Mytel) အားဆက်သွယ်ရေးကွန်ရက် တည်ထောင် နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံအဝှမ်းဆောင်ရွက်ပေးနိုင်တော့မည့် ပိုမိုကောင်းမွန်ပြည့်စုံသော ၀န်ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများမိတ်ဆက်ပေးမည့် မင်္ဂလာရှိသော Empower My Myanmar Ceremony အခမ်း အနားအားကျင်းပနိုင်ခဲ့သည်မှာလည်း သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပ့ံပိုးကူညီခဲ့ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့် ဌာနဆိုင်ရာများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးမှ ၀န်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ် သံအမတ်ကြီး ၊ Viettel Group မှ တာဝန်ရှိသူများအားလုံး၏ ကြိုးပမ်းကူညီဆောင်ရွက်ပေးမှုများကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းပြောကြားသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဂုဏ်ပြု အမှာစကားပြောကြားပြီး Telecom International Myanmar Co. Ltd (Mytel) အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် Mytel CERO ဖြစ်သူဦးဇော်မင်းဦးက Mytel မိုက်တယ် Package နှင့် Data Plan တို့အားရှင်းလင်းတင်ပြပြီး Mytel မှမြန်မာ-ဗီယက်နမ်နှစ်နိုင်ငံပေါင်းစည်းမှု ကိုယ်စား ပြုရန်အတွက်ခန့်အပ်ထားသည့် မြန်မာသရုပ်ဆောင်နေတိုးနှင့် ဗီယက်နမ် သရုပ်ဆောင်မင်းသမီး Nguyen Tran Huyen My တို့က Mytel Sim Card အား စမ်းသပ်အသုံးပြုခဲ့မှုအပေါ် သုံးစွဲခဲ့မှုအတွေ့ အကြုံများ အားပြောကြားကြသည်။ ၎င်းနောက် ” Empower My Myanmar ” (အားသစ်လောင်း မည်ဒို့မြန်ပြည်) ဆောင်ပုဒ်အားပုံဖော်သောအားဖြင့် “ထာဝရမြန်မာ” သီချင်းအား ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားပေါင်းစုံအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗီယက်နမ်ပြည်သူ့တပ်မတော် အမျိုးသားကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် Mytel အမှတ်တံဆိပ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးကြ သည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Mytel နည်းပညာပြခန်းများ အတွင်းရှိ ပညာရေးအထောက်အကူပြုဝန်ဆောင်မှု၊ စိုက်ပျိုးရေးအထောက်အကူပြုဝန်ဆောင်မှု၊ ကျန်းမာရေး အထောက်အကူပြုဝန်ဆောင်မှုနှင့်အခြား Mytel ဖုန်းဖြင့်အသုံးပြုနိုင်သည့် နည်းပညာဝန်ဆောင်မှုများအား လိုက်လံကြည်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည်အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

Telecom International Myanmar Company Limited (Mytel) ကိုမြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ Mytel သည် 2 G နှင့် 4G စနစ် ကိုအထောက်အပံ့ပေးထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် 4G ကွန်ယက်ကို ပံ့ပိုးပေးနိုင်သည့်တစ်ခုတည်းသော အော်ပရေတာဖြစ်သည်။ တစ်နိုင်ငံလုံးဖိုက်ဘာ ကေဘယ်လ်ကီလိုမီတာ ၃၀၀၀၀ တပ်ဆင်နိုင်ခဲ့၍မြန်မာတစ်နိုင်ငံလုံးရှိ Fiber Optic အခြေခံအဆောက်အအုံတပ်ဆင်မှုအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်ကိုပံ့ပိုးပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်၊ မြို့ပေါင်း ၃၀၀ ကျော်ကိုလွှမ်းခြုံနိုင်မည်ဖြစ်သည်။ ထို့အပြင်နောက်ဆုံးပေါ် VoLTE နည်းပညာ ကိုသုံးစွဲထားသဖြင့် သုံးစွဲသူများကို ဒေတာနှင့်အသံတစ်ပြိုင်နက်တည်းအသုံးပြုနိုင်စေပြီး ပိုမိုကောင်း မွန်သော ကွန်ရက် အရည်အသွေးကိုရရှိနိုင်မည်ဖြစ်သည်။ Mytel SIM ကဒ်စတင်သုံးစွဲမည့်သူများအနေဖြင့် ၁၅၀၀ MB နှင့် မိနစ် ၁၅၀ အခမဲ့အသုံးပြုခွင့်ကိုလည်းပထမ ၃ လအတွင်းအသုံးပြုနိုင် မည်ဖြစ်ပြီး ရိုးရှင်းသော ငွေဖြတ်စနစ်ဖြစ်သည့် Charging Block 1s+1s ဖြင့်ဖုန်း ခေါ်ဆိုရာတွင်ကြာမြင့်သည့် အချိန်လိုက်သာ ကောက်ခံမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွက် ကြီးစွာအထောက် အကူပြနိုင်သည့် ခေတ်မီလယ်ယာစိုက်ပျိုးရေး၊ ခေတ်မီပညာရေး၊ ခေတ်မီကျန်းမာရေး စောင့်ရှောက်မှုနှင့် Mytel ၏စုံလင်လှသော အခြားဝန်ဆောင်မှုများကိုလည်း အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်မည် ဖြစ်သည်။ Mytel 4G Sim Card နှင့်ငွေဖြည့်ကတ်များကို ယခုအခါနိုင်ငံအနှံ့ရှိ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၅၀ ၊ တစ်ဆင့်အရောင်းဆိုင်ပေါင်း ၅၀၀၀၀ တွင် အဆင်ပြေ လွယ်ကူစွာ ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။