၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ၅ နှစ် ကာလအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၃၂၈၂၁၅၂ ဦးရှိပြီး အောင်မြင်သူ ၁၁၄၈၇၀၁ ဦးအောင်မြင်ကာ စာမေးပွဲကျရှုံးသူ ၂၁၃၃၄၅၁ ဦးရှိ၊ ကျရှုံးမှုများပြားခဲ့ခြင်းကြောင့် ကာယကံရှင် ကျောင်းသားများ၊ မိဘများနှင့် နိုင်ငံတော်အတွက် ဆုံးရှုံး နစ်နာမှုများစွာဖြစ်ရ

ေနျပည္ေတာ္၊ ဇြန္ – ၁၁

မိမိတုိ႔ႏုိင္ငံတြင္ မူလတန္းအဆင့္စတင္အပ္ႏွံခ်ိန္မွ ၄ တန္းၿပီးဆုံး ခ်ိန္တြင္ေက်ာင္း ေနအင္အား ၄၀ ရာခုိင္ ႏႈန္းခန္႔ေလ်ာ့နည္းသြားၿပီး ၁၀ တန္းသုိ႔ေရာက္ရွိခ်ိန္တြင္ ထပ္မံေလ်ာ့နည္းသြားေၾကာင္း၊ ထုိအထဲမွ ေအာင္ခ်က္ ရာခုိင္ႏႈန္းမွာ ၃၀ ခန္႔သာရွိရာ တကၠသုိလ္တက္ေရာက္ခ်ိန္တြင္ ရာခုိင္ႏႈန္းအားျဖင့္နည္းသြားသျဖင့္ မိမိတုိ႔ တုိင္းျပည္အနာဂါတ္အတြက္ စိုးရိမ္စရာပင္ျဖစ္ေၾကာင္း၊ မိမိတို႔အိမ္နီးနားခ်င္း ႏုိင္ငံမ်ားႏွင့္အာဆီယံႏုိင္ငံ မ်ားတြင္ ေက်ာင္းေနရာခုိင္ႏႈန္းေကာင္းမြန္ၿပီး ေအာင္ခ်က္ရာခုိင္ႏႈန္းျမင့္မားသည္ကုိေတြ႕ရွိရေၾကာင္း၊ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္တြင္ မိမိတုိ႔ႏုိင္ငံ တကၠသုိလ္၀င္တန္းစာေမးပြဲ၀င္ေရာက္ေျဖဆုိသူ ၇၈၉၈၄၅ ဦးရွိရာတြင္ ေအာင္ျမင္သူ ၂၅၉၁၉၁ ဦးရွိၿပီး ေအာင္ခ်က္ရာခုိင္ႏႈန္း ၃၂ ဒသမ ၈၃ ရခုိင္ႏႈန္းရွိေၾကာင္း၊ ၂၀၁၄ ခုႏွစ္၊ ၂၀၁၅ ခုႏွစ္၊ ၂၀၁၆ ခုႏွစ္ ၂၀၁၇ ခုႏွစ္၊ ၂၀၁၈ ခုႏွစ္ ၅ ႏွစ္ကာလအတြင္း တကၠသုိလ္၀င္တန္းစာေမးပြဲေျဖဆုိသူ ၃၂၈၂၁၅၂ ဦးရွိၿပီး ေအာင္ျမင္သူ ၁၁၄၈၇၀၁ ဦးေအာင္ျမင္ကာ စာေမးပြဲက်႐ႈံးသူ ၂၁၃၃၄၅၁ ဦးရွိသည္ကုိ ေတြ႕ရွိရသျဖင့္ က်႐ႈံးသူမ်ားျပားသည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိသို႕က်႐ႈံးမႈမ်ားျပားခဲ့ျခင္းေၾကာင့္ ကာယကံရွင္ ေက်ာင္းသားမ်ား၊ မိဘမ်ားႏွင့္ႏိုင္ငံေတာ္အတြက္ဆံုး႐ံႈးနစ္နာမႈမ်ားစြာျဖစ္ရေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂုံျမိဳ႕သစ္(ေတာင္ပုိင္း)ျမိဳ႕နယ္၊ ျမန္မာ့သားေကာင္းစစ္မႈ ထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္)အနီးရွိ အေျခခံပညာ အထက္တန္းေက်ာင္း၊ ဇာတိမာန္ခန္းမ၌ ျပဳလုပ္သည့္ အမွတ္(၁)စုိက္ပ်ိဳးေမြးျမဴေရးရပ္ကြက္ ေက်ာင္းဖြံ႕ၿဖိဳးေရး အဆင့္ျမႇင့္တင္ျခင္းႏွင့္ ပညာရည္ျမင့္မားေရးသင္ေထာက္ကူပစၥည္းမ်ားေပးအပ္လွဴဒါန္းျခင္း အခမ္းအနား၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ အလွဴရွင္မ်ား၊ ဆရာ၊ဆရာမမ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္မိဘမ်ားတက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ၁၉၈၇ ခုႏွစ္တြင္ စစ္မႈထမ္းေဟာင္း ရြာတည္ေဆာက္ခ်ိန္တြင္ စတင္တည္ေဆာက္ခဲ့သည့္ ေက်ာင္းျဖစ္ၿပီး တစ္ျဖည္းျဖည္းအဆင့္ျမႇင့္တင္ခဲ့ရာ ယခုအခ်ိန္တြင္အထက္တန္းေက်ာင္း အဆင့္သုိ႔ေရာက္ရွိေနၿပီျဖစ္ေၾကာင္း၊ မိမိေမလအတြင္းက ျမန္မာ့ သားေကာင္းစစ္မႈထမ္းေဟာင္း အိမ္ရာသုိ႔လာေရာက္စစ္ေဆးစဥ္ကာလအတြင္း စစ္မႈထမ္းေဟာင္း မိသားစု၀င္ မ်ား၏ ပညာသင္ၾကားေရးႏွင့္ပတ္သက္၍ေမးျမန္းခဲ့ၿပီး ယခုေက်ာင္းသုိ႔၀င္ေရာက္ၾကည့္႐ႈခဲ့ရာ အားနည္းခ်က္ မ်ားရွိေၾကာင္းေတြ႕ရွိရသျဖင့္ ျပန္လည္ျပဳျပင္မြန္းမံ၍ လုိအပ္သည့္ ျဖည့္ဆည္းမႈမ်ားကုိပါေဆာင္ရြက္ေပးခဲ့သျဖင့္ ယခုအခါ ယခင္ႏွင့္မတူျခားနားစြာ ပုိမုိေကာင္းမြန္လာသည္ကုိေတြ႕ရွိရေၾကာင္း၊ လုိအပ္သည့္ ကြန္ပ်ဴတာႏွင့္ ဆက္စပ္ပစၥည္း ၃၀ စုံ၊ စာၾကည့္တုိက္အတြက္လုိအပ္သည့္ စာအုပ္မ်ားႏွင့္လုိအပ္သည့္ပစၥည္းမ်ားကုိ ျဖည့္ဆည္းလွဴဒါန္းခဲ့ေၾကာင္း၊ ယခုအခါျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္းအိမ္ရာအား ယခင္ကထက္ ပုိမုိတုိးတက္ေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္လည္း စစ္မႈထမ္းေဟာင္း မိသားစု ၀င္မ်ား၏ ပညာေရးသည္လည္း ေကာင္းမြန္ရန္ လုိအပ္ေၾကာင္းရွင္းလင္းေျပာၾကားသည္။

ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ သန္႔ရွင္း၊ သာယာလွပေသာေက်ာင္း ပတ္၀န္းက်င္၊ အေဆာက္ အဦးေကာင္းမြန္သည့္ေက်ာင္းမ်ား၊ ပညာသင္ၾကားမႈေကာင္း၍ ေအာင္ခ်က္ေကာင္းသည့္ေက်ာင္းမ်ားတြင္ တက္ေရာက္လုိၾကမည္သာျဖစ္ေၾကာင္း၊ စာသင္ေက်ာင္း တုိင္းအားထုိသုိ႔ျဖစ္ေစခ်င္ေၾကာင္း၊ ထုိ႔ေၾကာင့္ ယခုစာသင္ေက်ာင္းတြင္ လာေရာက္သင္ၾကားသည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားေက်ာင္းတက္ခ်င္စိတ္ျဖစ္ေပၚ ေစရန္အတြက္ ယခုကဲ့သုိ႔ျပဳျပင္ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း၊ ေက်ာင္းတက္ခ်င္စိတ္ ျဖစ္ေပၚမွသာ စာသင္ၾကားလုိစိတ္ပုိမုိျမင့္မားလာၿပီး စာဖတ္ခ်င္စိတ္ကုိျမင့္မားလာေစမည္ ျဖစ္ေၾကာင္း၊ သုိ႔မွသာေအာင္ခ်က္ ရာခုိင္ႏႈန္းပုိမုိျမႇင့္မားလာမည္ျဖစ္ေၾကာင္း၊ ေအာင္ခ်က္ ရာခုိင္ႏႈန္းျမင့္မားလာလွ်င္ ကာယကံရွင္ႏွင့္မိဘမ်ားက အက်ိဳးခံစားရမည္ျဖစ္ၿပီး တစ္ႏွစ္ တစ္တန္းမွန္မွန္ေအာင္ရန္လုိအပ္ေၾကာင္းေျပာၾကားသည္။

တကၠသိုလ္၀င္တန္းတစ္ခုတည္းအတြက္ ၅ ႏွစ္တာက်႐ံႈးမႈမ်ားကိုအေျခခံ၍ ေက်ာင္းသားတစ္ေယာက္ စားေသာက္စရိတ္အပါအ၀င္ ေန႔စဥ္ပ်မ္းမွ်ကုန္က်စရိတ္ ၁၂၀၀ က်ပ္ခန္႔ျဖင့္တြက္ပါက ေက်ာင္းတက္ရက္ ၁၈၀ ရက္ ၅ ႏွစ္တာ ကာလအတြက္ က်ပ္ ၅၇၆ ဘီလီယံေက်ာ္ရွိၿပီး တစ္ႏွစ္၊ ၃၆၅ ရက္အတြက္ဆိုပါက က်ပ္ ၁၁၅၀ ဘီလီယံခန္႔ ေက်ာင္းသား မိဘမ်ားက သံုးစြဲကုန္က်ခဲ့သည္ကိုေတြ႕ရေၾကာင္း၊ သို႔ျဖစ္၍ ေက်ာင္းသားတိုင္း စာအမွန္ တကယ္တတ္ေျမာက္ရန္ႏွင့္ ႏွစ္စဥ္အတန္းမွန္မွန္တက္ရန္ အေရးႀကီးေၾကာင္း၊ မူလတန္းမွ အလယ္တန္း၊ န၀မတန္းအထိ ေအာင္ခ်က္ ျမင့္မားေသာ္လည္း တကၠသိုလ္၀င္တန္းတြင္ ေအာင္ခ်က္မ်ားစြာ ေလ်ာ့နည္းသြားျခင္းမွာ မည္သည့္အတြက္ေၾကာင့္ျဖစ္သည္ကို အေျဖရွာရန္လိုေၾကာင္း၊ ႏွစ္စဥ္အတန္းမွန္မွန္ ေအာင္ျမင္သြားေစရန္အတြက္ ဆရာ၊ ဆရာမမ်ားအေနျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအားအမွန္တကယ္ တတ္ကြၽမ္းေအာင္ သင္ၾကားေပးရန္လုိအပ္သကဲ့သုိ႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္လည္း ပညာေရးကုိလုိလုိလားလားျဖင့္ သင္ယူၾကရန္လုိအပ္ေၾကာင္း၊ ပညာသင္ၾကားခ်ိန္တြင္အျခား အရာမ်ားအား စိတ္၀င္စားပါက မိမိတုိ႔၏အနာဂတ္အတြက္ ဆုံး႐ႈံးမႈမ်ားျဖစ္ေပၚႏုိင္ေၾကာင္း၊ မိဘမ်ားအေနျဖင့္လည္း မိမိတုိ႔ သားသမီးမ်ား ပညာရည္ျမင့္မားေရးအတြက္ တတ္ႏုိင္သေလာက္ေဆာင္ရြက္ေပးေစလုိေၾကာင္း၊ ထုိ႔အတူ ေက်ာင္းေနအရြယ္တြင္က်န္းမာရန္လုိၿပီး က်န္းမာမွသာပညာေကာင္းစြာ သင္ယူႏုိင္မည္ျဖစ္သျဖင့္ က်န္းမာ ႀကံ့ခုိင္ေရးမ်ား၊ ေက်ာင္းအားကစားပြဲမ်ားကုိလည္း အားေပးေဆာင္ရြက္ရန္လုိေၾကာင္း၊ ယခုေက်ာင္းအတြက္ လိုအပ္ေနသည့္ အားကစားကြင္းအား ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္း၊ အလားတူ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ စာက်က္႐ုံတင္မက ျပင္ပဗဟုသုတရရွိေစရန္အတြက္ စာဖတ္ရန္လုိအပ္သျဖင့္ စာၾကည့္တုိက္အတြက္လုိအပ္သည့္ စာအုပ္မ်ားကုိလည္းလွဴဒါန္းေပးထားေၾကာင္း၊ အဓိကအားျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စာတတ္ေပတတ္ျဖင့္ထူးခြၽန္ ထက္ျမက္သူမ်ားျဖစ္ေစရန္ ရည္ရြယ္ခ်က္ထားၿပီး ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း၊ ေက်ာင္းျပဳျပင္ေရးႏွင့္ပတ္သက္၍ ကုန္က်မႈက်ပ္သိန္း ၁၃၀၀ ေက်ာ္ရွိၿပီးပါ၀င္လွဴဒါန္းခဲ့သည့္ အလွဴရွင္မ်ားကုိလည္းေက်းဇူးတင္ရွိပါေၾကာင္း၊ ႏိုင္ငံေတာ္အေန ႏွင့္လည္း ပညာေရးက႑ကို ယခင္ကထက္ပို၍ အသံုးစရိတ္မ်ားစြာ တုိးျမႇင့္သံုးစြဲလ်က္ရွိေၾကာင္း၊ ႏုိင္ငံအတြက္ပညာေရး ကုိျမႇင့္တင္ေပးရာ ေရာက္သည့္အေထာက္အကူျပဳမႈျဖစ္၍ မ်ားစြာအက်ိဳးရွိေၾကာင္း၊ ယခုထက္ပုိမုိျပည့္စုံ ေကာင္းမြန္ ေအာင္ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား မိဘ၊ ဆရာ၊ ေက်ာင္းအုပ္ခ်ဳပ္မႈအဖြဲ႕ အားလုံးကညီညီၫြတ္ၫြတ္ျဖင့္ေဆာင္ရြက္လွ်င္ တုိင္းျပည္က အားထားရ၊ အားကုိးရသည့္ လူရည္ခြၽန္မ်ားထြက္ေပၚလာမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္တုိင္းမွဴးက ယခုအေျခခံပညာအထက္တန္းေက်ာင္းတြင္ ပညာသင္ၾကားလ်က္ရွိသည့္ စစ္မႈထမ္း ေဟာင္းအဖြဲ႕၀င္မိသားစု၀င္မ်ား၏ သား၊ သမီးမ်ားအပါအ၀င္ ေက်ာင္းသားေက်ာင္းသူမ်ား ပညာရည္ျမင့္မားေရး ႏွင့္ ေကာင္းမြန္စြာပညာသင္ၾကားႏုိင္ေရးအတြက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ လမ္းၫႊန္ခ်က္မ်ား ႏွင့္အညီ ၂၀၁၈ ခုႏွစ္ ေမလမွစတင္အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္ ေက်ာင္းအတြင္း ကြန္ကရစ္လမ္းမ်ားအား အက်ယ္ ၈ ေပ၊ အရွည္ ၂၀၆၅ ေပအား အသစ္ခင္းေပးျခင္း၊ ကြန္ကရစ္လမ္းမ်ားေအာက္ရွိ Pipe Culvert ၃ စင္းအား အသစ္ျပန္လည္တည္ေဆာက္ေပးျခင္း၊ စာသင္ ေဆာင္မ်ားအား သတ္မွတ္ထားေသာ အေရာင္မ်ားအတုိင္းေဆးအသစ္ျပန္လည္သုတ္ေပးျခင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ပညာေရးအေထာက္အကူပစၥည္းအျဖစ္ ကြန္ပ်ဴတာစားပြဲႏွင့္ ထုိင္ခုံမ်ားအပါအ၀င္ စုစုေပါင္းကြန္ပ်ဴတာအလုံး ၃၀ အား တပ္ဆင္လွဴဒါန္းေပးျခင္း၊ ျမန္မာစီးပြားေရး ေကာ္ပုိေရးရွင္းမွလည္း Mytel Internet အခမဲ့ ၀န္ေဆာင္မႈမ်ားတပ္ဆင္ေပးျခင္း၊ ျမန္မာစီးပြားေရးဦးပုိင္လီမိတက္မွ စာသင္ေဆာင္မ်ား အတြက္လုိအပ္သည့္ ဗြီဂါပလပ္စတစ္စားပြဲႏွင့္ ကုလားထုိင္ ၄၀၀ စုံအားလွဴဒါန္းေပးျခင္း၊ စာသင္ေက်ာင္းတြင္ လွ်ပ္စစ္ဓာတ္အား လုံေလာက္စြာသုံးစြဲႏုိင္ရန္အတြက္ 100 KVA ထရန္စေဖာ္မာတစ္လုံးႏွင့္ ဓာတ္အားတုိင္မ်ား၊ ဓာတ္ႀကိဳးမ်ားအားတပ္ဆင္ေပးျခင္း၊ ေက်ာင္းစာၾကည့္တုိက္အတြက္ သုတ၊ ရသ စာအုပ္ စာေစာင္ ၅၆၂ အုပ္ႏွင့္ဘီဒုိႏွစ္လုံးအားလွဴဒါန္းေပးႏုိင္ခဲ့ၿပီး ေက်ာင္းပတ္၀န္းက်င္သန္႔ရွင္း သာယာလွပေရးႏွင့္ အျခားလုိအပ္ သည္မ်ားအား ျပဳျပင္ေဆာင္ရြက္ ေပးခဲ့ေၾကာင္းရွင္းလင္းတင္ျပသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္္ႏွင့္ဇနီးတုိ႔က ကြန္ပ်ဴတာႏွင့္ ဆက္စပ္ပစၥည္း အလုံး ၃၀ ႏွင့္ သုတ၊ ရသ စာအုပ္စာေစာင္မ်ားအားေပးအပ္ရာ ေက်ာင္းအုပ္ဆရာမႀကီးကလက္ခံရယူသည္။ ယင္းေနာက္ ကာကြယ္ ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက အားကစားပစၥည္းမ်ားအားလည္းေကာင္း၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးဆန္းဦးက အထက္တန္းစာသင္ခန္းမ်ားအတြက္ ဗီြဂါ ပလပ္စတစ္စာေရးခုံႏွင့္ ကုလားထုိင္ ၄၀၀ စုံအားလည္းေကာင္း၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးညိဳေစာ ကလည္း ဆရာ၊ ဆရာမမ်ားအတြက္ ေက်ာင္း၀တ္စုံအျဖဴ ၃၀၀ ကုိက္ႏွင့္ အစိမ္း ၃၀၀ကုိက္၊ ျမန္မာ စီးပြားေရးေကာ္ပုိေရးရွင္းႏွင့္ အလွဴရွင္မ်ားမွ ေက်ာင္းရံပုံေငြအတြက္လွဴဒါန္းေငြက်ပ္သိန္း ၃၅၀ အား လည္းေကာင္း ၊Telecom International Myanmar Co. Ltd(Mytel) မွ အမႈေဆာင္အဖြဲ႕ဥကၠ႒ ဦးခင္ေမာင္စုိးက Mytel Internet Facility မ်ားတပ္ဆင္ၿပီးစီးမႈ မွတ္တမ္းလႊဲေျပာင္းေပးျခင္းအား လည္းေကာင္း အသီးသီးေပးအပ္လွဴဒါန္းရာ ဆရာ၊ ဆရာမမ်ားက လက္ခံရယူၾကသည္။

အေျခခံပညာေက်ာင္း၊ အမွတ္(၁)စိုက္ပ်ိဳး၊ ေမြးျမဴေရးရပ္ကြက္အတြက္ ေက်ာင္းဖြံ႕ၿဖိဳးေရးအဆင့္ျမႇင့္တင္ျခင္း၊ ပညာရည္ျမင့္မားေရး သင္ေထာက္ကူပစၥည္းမ်ား လွဴဒါန္းျခင္းအတြက္ အလွဴေငြက်ပ္ ၁၃၇၈၂၈၃၉၂ ႏွင့္ ေက်ာင္းရန္ပံုေငြအတြက္ အလွဴေငြက်ပ္သိန္း ၃၅၀ ၊ စုစုေပါင္းအလွဴေငြက်ပ္ ၁၇၂၈၂၈၃၉၂ ျဖစ္ေၾကာင္း သိရွိရသည္။

ထုိ႔ေနာက္ ေက်ာင္းအုပ္ဆရာမႀကီးက ေက်းဇူးတင္စကားျပန္လည္ေျပာၾကားၿပီး အမွတ္တရလက္ေဆာင္ႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ထံေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ေရာက္လာၾကသည့္ ဆရာ၊ ဆရာမမ်ား၊ ဌာန ဆုိင္ရာတာ၀န္ရွိသူမ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ မိဘမ်ားအား ရင္းရင္း ႏီွးႏွီး လုိက္လံႏႈတ္ဆက္စကားေျပာၾကားသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စာသင္ေဆာင္မ်ား၊ စာသင္ခန္းမ်ားႏွင့္ စာၾကည့္တုိက္တုိ႔အား လုိက္လံၾကည့္႐ႈခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ၅ နှစ် ကာလအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၃၂၈၂၁၅၂ ဦးရှိပြီး အောင်မြင်သူ ၁၁၄၈၇၀၁ ဦးအောင်မြင်ပြီးစာမေးပွဲကျရှုံးသူ ၂၁၃၃၄၅၁ ဦးရှိ၊ ကျရှုံးမှုများပြားခဲ့ခြင်းကြောင့် ကာယကံရှင် ကျောင်းသားများ၊ မိဘများနှင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများစွာဖြစ်ရ

နေပြည်တော်၊ ဇွန် – ၁၁

မိမိတို့နိုင်ငံတွင် မူလတန်းအဆင့်စတင်အပ်နှံချိန်မှ ၄ တန်းပြီးဆုံး ချိန်တွင်ကျောင်း နေအင်အား ၄၀ ရာခိုင် နှုန်းခန့်လျော့နည်းသွားပြီး ၁၀ တန်းသို့ရောက်ရှိချိန်တွင် ထပ်မံလျော့နည်းသွားကြောင်း၊ ထိုအထဲမှ အောင်ချက် ရာခိုင်နှုန်းမှာ ၃၀ ခန့်သာရှိရာ တက္ကသိုလ်တက်ရောက်ချိန်တွင် ရာခိုင်နှုန်းအားဖြင့်နည်းသွားသဖြင့် မိမိတို့ တိုင်းပြည်အနာဂါတ်အတွက် စိုးရိမ်စရာပင်ဖြစ်ကြောင်း၊ မိမိတို့အိမ်နီးနားချင်း နိုင်ငံများနှင့်အာဆီယံနိုင်ငံ များတွင် ကျောင်းနေရာခိုင်နှုန်းကောင်းမွန်ပြီး အောင်ချက်ရာခိုင်နှုန်းမြင့်မားသည်ကိုတွေ့ရှိရကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မိမိတို့နိုင်ငံ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ရ၈၉၈၄၅ ဦးရှိရာတွင် အောင်မြင်သူ ၂၅၉၁၉၁ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၈၃ ရခိုင်နှုန်းရှိကြောင်း၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ၅ နှစ်ကာလအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၃၂၈၂၁၅၂ ဦးရှိပြီး အောင်မြင်သူ ၁၁၄၈၇၀၁ ဦးအောင်မြင်ကာ စာမေးပွဲကျရှုံးသူ ၂၁၃၃၄၅၁ ဦးရှိသည်ကို တွေ့ရှိရသဖြင့် ကျရှုံးသူများပြားသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ကျရှုံးမှုများပြားခဲ့ခြင်းကြောင့် ကာယကံရှင် ကျောင်းသားများ၊ မိဘများနှင့်နိုင်ငံတော်အတွက်ဆုံးရှုံးနစ်နာမှုများစွာဖြစ်ရကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြန်မာ့သားကောင်းစစ်မှု ထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အနီးရှိ အခြေခံပညာ အထက်တန်းကျောင်း၊ ဇာတိမာန်ခန်းမ၌ ပြုလုပ်သည့် အမှတ်(၁)စိုက်ပျိုးမွေးမြူရေးရပ်ကွက် ကျောင်းဖွံ့ဖြိုးရေး အဆင့်မြှင့်တင်ခြင်းနှင့် ပညာရည်မြင့်မားရေးသင်ထောက်ကူပစ္စည်းများပေးအပ်လှူဒါန်းခြင်း အခမ်းအနား၌ ထည့်သွင်းပြောကြားသည်။ 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ၊ဆရာမများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ၁၉၈၇ ခုနှစ်တွင် စစ်မှုထမ်းဟောင်း ရွာတည်ဆောက်ချိန်တွင် စတင်တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်ပြီး တစ်ဖြည်းဖြည်းအဆင့်မြှင့်တင်ခဲ့ရာ ယခုအချိန်တွင်အထက်တန်းကျောင်း အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိမိမေလအတွင်းက မြန်မာ့ သားကောင်းစစ်မှုထမ်းဟောင်း အိမ်ရာသို့လာရောက်စစ်ဆေးစဉ်ကာလအတွင်း စစ်မှုထမ်းဟောင်း မိသားစုဝင် များ၏ ပညာသင်ကြားရေးနှင့်ပတ်သက်၍မေးမြန်းခဲ့ပြီး ယခုကျောင်းသို့ဝင်ရောက်ကြည့်ရှုခဲ့ရာ အားနည်းချက် များရှိကြောင်းတွေ့ရှိရသဖြင့် ပြန်လည်ပြုပြင်မွန်းမံ၍ လိုအပ်သည့် ဖြည့်ဆည်းမှုများကိုပါဆောင်ရွက်ပေးခဲ့သဖြင့် ယခုအခါ ယခင်နှင့်မတူခြားနားစွာ ပိုမိုကောင်းမွန်လာသည်ကိုတွေ့ရှိရကြောင်း၊ လိုအပ်သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ၃၀ စုံ၊ စာကြည့်တိုက်အတွက်လိုအပ်သည့် စာအုပ်များနှင့်လိုအပ်သည့်ပစ္စည်းများကို ဖြည့်ဆည်းလှူဒါန်းခဲ့ကြောင်း၊ ယခုအခါမြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာအား ယခင်ကထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း စစ်မှုထမ်းဟောင်း မိသားစု ၀င်များ၏ ပညာရေးသည်လည်း ကောင်းမွန်ရန် လိုအပ်ကြောင်းရှင်းလင်းပြောကြားသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သန့်ရှင်း၊ သာယာလှပသောကျောင်း ပတ်ဝန်းကျင်၊ အဆောက် အဦးကောင်းမွန်သည့်ကျောင်းများ၊ ပညာသင်ကြားမှုကောင်း၍ အောင်ချက်ကောင်းသည့်ကျောင်းများတွင် တက်ရောက်လိုကြမည်သာဖြစ်ကြောင်း၊ စာသင်ကျောင်း တိုင်းအားထိုသို့ဖြစ်စေချင်ကြောင်း၊ ထို့ကြောင့် ယခုစာသင်ကျောင်းတွင် လာရောက်သင်ကြားသည့်ကျောင်းသား၊ ကျောင်းသူများကျောင်းတက်ချင်စိတ်ဖြစ်ပေါ် စေရန်အတွက် ယခုကဲ့သို့ပြုပြင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းတက်ချင်စိတ် ဖြစ်ပေါ်မှသာ စာသင်ကြားလိုစိတ်ပိုမိုမြင့်မားလာပြီး စာဖတ်ချင်စိတ်ကိုမြင့်မားလာစေမည် ဖြစ်ကြောင်း၊ သို့မှသာအောင်ချက် ရာခိုင်နှုန်းပိုမိုမြှင့်မားလာမည်ဖြစ်ကြောင်း၊ အောင်ချက် ရာခိုင်နှုန်းမြင့်မားလာလျှင် ကာယကံရှင်နှင့်မိဘများက အကျိုးခံစားရမည်ဖြစ်ပြီး တစ်နှစ် တစ်တန်းမှန်မှန်အောင်ရန်လိုအပ်ကြောင်းပြောကြားသည်။

တက္ကသိုလ်ဝင်တန်းတစ်ခုတည်းအတွက် ၅ နှစ်တာကျရှုံးမှုများကိုအခြေခံ၍ ကျောင်းသားတစ်ယောက် စားသောက်စရိတ်အပါအဝင် နေ့စဉ်ပျမ်းမျှကုန်ကျစရိတ် ၁၂၀၀ ကျပ်ခန့်ဖြင့်တွက်ပါက ကျောင်းတက်ရက် ၁၈၀ ရက် ၅ နှစ်တာ ကာလအတွက် ကျပ် ၅၇၆ ဘီလီယံကျော်ရှိပြီး တစ်နှစ်၊ ၃၆၅ ရက်အတွက်ဆိုပါက ကျပ် ၁၁၅၀ ဘီလီယံခန့် ကျောင်းသား မိဘများက သုံးစွဲကုန်ကျခဲ့သည်ကိုတွေ့ရကြောင်း၊ သို့ဖြစ်၍ ကျောင်းသားတိုင်း စာအမှန် တကယ်တတ်မြောက်ရန်နှင့် နှစ်စဉ်အတန်းမှန်မှန်တက်ရန် အရေးကြီးကြောင်း၊ မူလတန်းမှ အလယ်တန်း၊ နဝမတန်းအထိ အောင်ချက် မြင့်မားသော်လည်း တက္ကသိုလ်ဝင်တန်းတွင် အောင်ချက်များစွာ လျော့နည်းသွားခြင်းမှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို အဖြေရှာရန်လိုကြောင်း၊ နှစ်စဉ်အတန်းမှန်မှန် အောင်မြင်သွားစေရန်အတွက် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူ များအားအမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပေးရန်လိုအပ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ပညာရေးကိုလိုလိုလားလားဖြင့် သင်ယူကြရန်လိုအပ်ကြောင်း၊ ပညာသင်ကြားချိန်တွင်အခြား အရာများအား စိတ်ဝင်စားပါက မိမိတို့၏အနာဂတ်အတွက် ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့ သားသမီးများ ပညာရည်မြင့်မားရေးအတွက် တတ်နိုင်သလောက်ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့အတူ ကျောင်းနေအရွယ်တွင်ကျန်းမာရန်လိုပြီး ကျန်းမာမှသာပညာကောင်းစွာ သင်ယူနိုင်မည်ဖြစ်သဖြင့် ကျန်းမာ ကြံ့ခိုင်ရေးများ၊ ကျောင်းအားကစားပွဲများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ယခုကျောင်းအတွက် လိုအပ်နေသည့် အားကစားကွင်းအား ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကျက်ရုံတင်မက ပြင်ပဗဟုသုတရရှိစေရန်အတွက် စာဖတ်ရန်လိုအပ်သဖြင့် စာကြည့်တိုက်အတွက်လိုအပ်သည့် စာအုပ်များကိုလည်းလှူဒါန်းပေးထားကြောင်း၊ အဓိကအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာတတ်ပေတတ်ဖြင့်ထူးချွန် ထက်မြက်သူများဖြစ်စေရန် ရည်ရွယ်ချက်ထားပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းပြုပြင်ရေးနှင့်ပတ်သက်၍ ကုန်ကျမှုကျပ်သိန်း ၁၃၀၀ ကျော်ရှိပြီးပါ၀င်လှူဒါန်းခဲ့သည့် အလှူရှင်များကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း ပညာရေးကဏ္ဍကို ယခင်ကထက်ပို၍ အသုံးစရိတ်များစွာ တိုးမြှင့်သုံးစွဲလျက်ရှိကြောင်း၊ နိုင်ငံအတွက်ပညာရေး ကိုမြှင့်တင်ပေးရာ ရောက်သည့်အထောက်အကူပြုမှုဖြစ်၍ များစွာအကျိုးရှိကြောင်း၊ ယခုထက်ပိုမိုပြည့်စုံ ကောင်းမွန် အောင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ မိဘ၊ ဆရာ၊ ကျောင်းအုပ်ချုပ်မှုအဖွဲ့ အားလုံးကညီညီညွတ်ညွတ်ဖြင့်ဆောင်ရွက်လျှင် တိုင်းပြည်က အားထားရ၊ အားကိုးရသည့် လူရည်ချွန်များထွက်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းမှူးက ယခုအခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်မိသားစုဝင်များ၏ သား၊ သမီးများအပါအဝင် ကျောင်းသားကျောင်းသူများ ပညာရည်မြင့်မားရေး နှင့် ကောင်းမွန်စွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်များ နှင့်အညီ ၂၀၁၈ ခုနှစ် မေလမှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအတွင်း ကွန်ကရစ်လမ်းများအား အကျယ် ၈ ပေ၊ အရှည် ၂၀၆၅ ပေအား အသစ်ခင်းပေးခြင်း၊ ကွန်ကရစ်လမ်းများအောက်ရှိ Pipe Culvert ၃ စင်းအား အသစ်ပြန်လည်တည်ဆောက်ပေးခြင်း၊ စာသင် ဆောင်များအား သတ်မှတ်ထားသော အရောင်များအတိုင်းဆေးအသစ်ပြန်လည်သုတ်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအထောက်အကူပစ္စည်းအဖြစ် ကွန်ပျူတာစားပွဲနှင့် ထိုင်ခုံများအပါအဝင် စုစုပေါင်းကွန်ပျူတာအလုံး ၃၀ အား တပ်ဆင်လှူဒါန်းပေးခြင်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှလည်း Mytel Internet အခမဲ့ ၀န်ဆောင်မှုများတပ်ဆင်ပေးခြင်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ စာသင်ဆောင်များ အတွက်လိုအပ်သည့် ဗွီဂါပလပ်စတစ်စားပွဲနှင့် ကုလားထိုင် ၄၀၀ စုံအားလှူဒါန်းပေးခြင်း၊ စာသင်ကျောင်းတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရန်အတွက် 100 KVA ထရန်စဖော်မာတစ်လုံးနှင့် ဓာတ်အားတိုင်များ၊ ဓာတ်ကြိုးများအားတပ်ဆင်ပေးခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ် စာစောင် ၅၆၂ အုပ်နှင့်ဘီဒိုနှစ်လုံးအားလှူဒါန်းပေးနိုင်ခဲ့ပြီး ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးနှင့် အခြားလိုအပ် သည်များအား ပြုပြင်ဆောင်ရွက် ပေးခဲ့ကြောင်းရှင်းလင်းတင်ပြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ််နှင့်ဇနီးတို့က ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အလုံး ၃၀ နှင့် သုတ၊ ရသ စာအုပ်စာစောင်များအားပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူသည်။ ယင်းနောက် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက အားကစားပစ္စည်းများအားလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက အထက်တန်းစာသင်ခန်းများအတွက် ဗွီဂါ ပလပ်စတစ်စာရေးခုံနှင့် ကုလားထိုင် ၄၀၀ စုံအားလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော ကလည်း ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံအဖြူ ၃၀၀ ကိုက်နှင့် အစိမ်း ၃၀၀ကိုက်၊ မြန်မာ စီးပွားရေးကော်ပိုရေးရှင်းနှင့် အလှူရှင်များမှ ကျောင်းရံပုံငွေအတွက်လှူဒါန်းငွေကျပ်သိန်း ၃၅၀ အား လည်းကောင်း ၊Telecom International Myanmar Co. Ltd(Mytel) မှ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက Mytel Internet Facility များတပ်ဆင်ပြီးစီးမှု မှတ်တမ်းလွှဲပြောင်းပေးခြင်းအား လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ ဆရာ၊ ဆရာမများက လက်ခံရယူကြသည်။

အခြေခံပညာကျောင်း၊ အမှတ်(၁)စိုက်ပျိုး၊ မွေးမြူရေးရပ်ကွက်အတွက် ကျောင်းဖွံ့ဖြိုးရေးအဆင့်မြှင့်တင်ခြင်း၊ ပညာရည်မြင့်မားရေး သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်းအတွက် အလှူငွေကျပ် ၁၃၇၈၂၈၃၉၂ နှင့် ကျောင်းရန်ပုံငွေအတွက် အလှူငွေကျပ်သိန်း ၃၅၀ ၊ စုစုပေါင်းအလှူငွေကျပ် ၁၇၂၈၂၈၃၉၂ ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်စကားပြောကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စာသင်ဆောင်များ၊ စာသင်ခန်းများနှင့် စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။