တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျိုက်သလ္လံဘုရားကြီးသို့ သွားရောက်ကြည့်ရှု၊ မော်လမြိုင်မြို့နှင့်ရေးမြို့ရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

ေနျပည္ေတာ္၊ ဇြန္ – ၁၉

က်ိဳက္သလႅံဘုရားႀကီးသည္ ေရွးေဟာင္းသမုိင္း၀င္ေစတီတစ္ဆူျဖစ္သည့္အတြက္ ျပန္လည္ျပဳျပင္မြမ္းမံရာတြင္ စနစ္တက်ျဖစ္ေစေရး ပညာရွင္မ်ားျဖင့္စစ္ေဆး ထိန္းသိမ္းေဆာင္ရြက္ရန္၊ ေရွးေဟာင္းယဥ္ေက်းမႈအေမြ အႏွစ္မ်ားမပ်က္စီးေစဘဲ ေရရွည္တည္တံ့ေအာင္ျပင္ဆင္ရန္၊ လွ်ပ္စစ္အႏၲရာယ္ကင္းရွင္းေရး ဂ႐ုျပဳေဆာင္ရြက္ ရန္ႏွင့္ ျပန္လည္ျပင္ဆင္မြမ္းမံေရးတြင္ တပ္မေတာ္မွ လူအင္အား၊ နည္းပညာ၊ ပစၥည္းမ်ား ပံ့ပုိးကူညီေဆာင္ရြက္ ေပးမည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ မုိးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ က်ိဳက္သလႅံဘုရားႀကီးသုိ႔ သြားေရာက္ၾကည့္႐ႈ စစ္ေဆးစဥ္ တာ၀န္ရွိသူမ်ား၏တင္ျပခ်က္မ်ားအေပၚမွာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ္႕လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ေမာ္လၿမိဳင္ၿမိဳ႕သုိ႔ ေရာက္ရွိၾကရာ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံႏွင့္ အစုိးရအဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ား လိုက္ပါ၍ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဇြန္ ၁၆ ရက္၊ ည ၉ နာရီမွစ၍ မုိးသည္းထန္စြာ အဆက္မျပတ္ရြာသြန္းမႈ မ်ားေၾကာင့္ က်ိဳက္သလႅံဘုရားႀကီးအေနာက္ဘက္ မုခ္ဦးေဘးေျမသားမ်ားၿပိဳက်မႈအေျခအေနမ်ားႏွင့္ တပ္မေတာ္သားမ်ားႏွင့္ မီးသတ္၊ ၾကက္ေျခနီ၊ လူမႈကူညီေရးအသင္းအဖြဲ႕မ်ားက ၿပိဳက်ပ်က္စီးမႈမ်ားကုိ ရွင္းလင္းေနမႈမ်ားအား လုိက္လံၾကည့္႐ႈရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ က်ိဳက္သလႅံဘုရားႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။ ထို႔ေနာက္ အေရွ႕ဘက္ဘုရားေစာင္းတန္းႏွင့္ နတ္နန္းအေဆာက္အဦးၿပိဳက်ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္အေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိ သူမ်ား၏ရွင္းလင္း ေျပာၾကားမႈမ်ားအေပၚလုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

၎ေနာက္ ႏုိင္ငံေတာ္သံဃနာယကအဖြဲ႕၀င္ ေဇာတိကာ႐ုံေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာဂႏၴ၀ါစက ပ႑ိတ အဂၢမဟာသဒၵမၼေဇာတိကဓဇ ဘဒၵႏၲ စေႏၵာဘာသ အားဖူးေျမာ္ၾကည္ညိဳ၍ က်ိဳက္သလႅံဘုရားႀကီးသည္ ေရွးေဟာင္းသမုိင္း၀င္ေစတီ တစ္ဆူျဖစ္သည့္အတြက္ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားမပ်က္စီးေစဘဲ လတ္တေလာထိန္းသိမ္းေဆာင္ရြက္ရမည့္လုပ္ငန္းမ်ား၊ ေရရွည္ဆက္လက္ေဆာင္ရြက္ရမည့္လုပ္ငန္းမ်ားကုိ စနစ္တက်စီမံေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ တပ္မေတာ္က လူအင္အား၊ နည္းပညာ၊ ပစၥည္းမ်ားျဖင့္ပံ့ပုိးကူညီ ေဆာင္ရြက္ေပးမည့္ အေျခအေနမ်ားအားေလွ်ာက္ထားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ား က လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဘုရားႀကီး ျပန္လည္ျပဳျပင္မြမ္းမံရန္အတြက္ အလွဴေငြမ်ားႏွင့္ လတ္တေလာအသုံးျပဳႏုိင္ရန္အတြက္ ဘိလပ္ေျမအိတ္ ၁၀၀၀ ကုိေပးအပ္လွဴဒါန္းရာ ေဂါပကအဖြဲ႕၀င္တစ္ဦးမွလက္ခံရယူၿပီး အလွဴရွင္မ်ား၏လွဴဒါန္းေငြက်ပ္သိန္း ၈၀ အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူေပးခဲ့သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ဘုရားႀကီးဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေမာ္လၿမိဳင္ၿမိဳ႕၊ သီရိၿမိဳင္ရပ္ကြက္၊ ခ်မ္းေအးရိပ္သာေက်ာင္းတုိက္အတြင္းရွိ ေရေဘးကယ္ဆယ္ေရးစခန္းတြင္ ေခတၱေနထုိင္လ်က္ရွိသည့္ ေရေဘး သင့္ျပည္သူမ်ားအားသြားေရာက္ေတြ႕ဆုံ အားေပးစကားေျပာၾကားရာတြင္ တတ္ႏုိင္သည့္ဘက္မွ ကူညီ ေဆာင္ရြက္ေပးရန္အတြက္ ယခုကဲ့သုိ႔လာေရာက္ျခင္းျဖစ္ၿပီး သဘာ၀ေဘးအႏၲရာယ္ျဖစ္သျဖင့္အားလုံးက စုေပါင္းအားျဖင့္ေျဖရွင္း ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ သက္ဆုိင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ ေျဖရွင္း ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊ အဓိကအားျဖင့္ ေရစီးေရလာေကာင္းမြန္ေစေရးအတြက္ ေရေျမာင္းမ်ား ပိတ္ဆုိ႔မႈမရွိေအာင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ အစည္းမ်ားႏွင့္ ျပည္သူမ်ားပူးေပါင္း၍ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္ တပ္မေတာ္မွအေကာင္းဆုံးျဖစ္ေအာင္ ပါ၀င္ကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးကုိလည္းအထူးဂ႐ုျပဳရန္လုိၿပီး ၀မ္းေလွ်ာ၊ ၀မ္းပ်က္ေရာဂါမ်ားမျဖစ္ပြားေအာင္ သက္ဆုိင္ရာ က်န္းမာေရးအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ႀကိဳတင္ ကာကြယ္ထားရန္လုိေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရေဘးသင့္ျပည္သူမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ား အားေပးအပ္ၿပီး ရင္းရင္းႏွီးႏွီးႏႈတ္ဆက္သည္။ ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္ မ်ားသည္ မြန္ျပည္နယ္ ၀န္ႀကီးခ်ဳပ္လုိက္ပါလွ်က္ ေရးၿမိဳ႕၊ ျပည္သူ႕အားကစား႐ုံတြင္ ဖြင့္လွစ္ထားသည့္ ေရးေဘးကယ္ဆယ္ေရးစခန္းသုိ႔ေရာက္ရွိၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရေဘးသင့္ ျပည္သူ မ်ားအား အားေပးစကားေျပာၾကားရာတြင္ ယခုအခ်ိန္သည္ မုိးရာသီကာလျဖစ္ၿပီး မြန္ျပည္နယ္သည္ မုိးမ်ား သည့္ေဒသျဖစ္ေၾကာင္း၊ သဘာ၀ ေဘးအႏၲရာယ္ျဖစ္ခ်ိန္တြင္ သက္ဆုိင္ရာဌာနဆုိင္ရာအဖြဲ႕အစည္းမ်ား အျပင္ လူမႈကူညီေရးအသင္းအဖြဲ႕မ်ား စည္းစည္းလုံးလုံးျဖင့္ပါ၀င္ကူညီေဆာင္ရြက္သည္ကုိ ေတြ႕ရွိရသျဖင့္ ၀မ္းေျမာက္ ပါေၾကာင္း၊ ေရျပန္က်ခ်ိန္ေရာက္လွ်င္မိမိတုိ႔ေနထုိင္ရာ ပတ္၀န္းက်င္ပုံမွန္ျဖစ္ေစေရးႏွင့္ ေရေျမာင္းမ်ား ပိတ္ဆုိ႔မႈ မရွိေစေရးအတြက္ ေဆာင္ရြက္ရန္လုိၿပီး ၿမိဳ႕သာယာလွပေရးအတြက္ သက္ဆုိင္ရာအစုိးရ အဖြဲ႕သာမက ျပည္သူမ်ားကပါ စည္းကမ္းရွိစြာျဖင့္ ပူးေပါင္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္ မြန္ျပည္နယ္ အတြင္း၌ေနထုိင္လွ်က္ရွိသည့္ ျပည္သူမ်ား၏ႀကိဳးစားအားထုတ္မႈမ်ားေၾကာင့္ တုိးတက္လွ်က္ရွိ သည္ကုိ ေတြ႕ရွိရေၾကာင္း၊ မြန္ျပည္နယ္သည္ သဘာ၀အေျခခံေကာင္းမ်ား ပုိင္ဆုိင္သည့္အျပင္ ပညာေရးတြင္လည္း အေကာင္းဆုံးျပည္နယ္ျဖစ္၍ ပညာရည္ျမင့္မားတုိးတက္ေစေရးကုိလည္း၀ုိင္း၀န္း ေဆာင္ရြက္ၾကေစလုိ ေၾကာင္း၊ မြန္ျပည္သစ္ပါတီအေနျဖင့္လည္း ၿငိမ္းခ်မ္းေရးလက္မွတ္ေရးထုိးခဲ့ၿပီးျဖစ္သျဖင့္ ၿငိမ္းခ်မ္းမႈအသီး အပြင့္မ်ားရရွိေနျခင္းပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ဖြံ႕ၿဖိဳးတုိးတက္ေရးကုိ ပုိမုိေဆာင္ရြက္ႏုိင္ျခင္းျဖစ္ၿပီး ရရွိၿပီးသည့္ တုိးတက္မႈမ်ား အရွိန္အဟုန္မပ်က္ေအာင္ ဆက္လက္ထိန္းသိမ္းေဆာင္ရြက္ၾကရန္လုိေၾကာင္း တုိက္တြန္း ေျပာၾကားသည္။

ထုိ႔ေနာက္ ေရေဘးသင့္ျပည္သူမ်ားက်န္းမာေရးအတြက္ ျပည္နယ္က်န္းမာေရး ဦးစီးဌာနႏွင့္ တပ္မေတာ္ ေဆးကုသေရးအဖြဲ႕မ်ားက က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ မိမိတုိ႔ တစ္ဦးခ်င္းက်န္းမာေရးကုိဂ႐ုစုိက္ ရန္လုိအပ္ေၾကာင္း၊ အစားအေသာက္အေနအထုိင္မ်ား ဂ႐ုစုိက္ရန္ လုိအပ္ေၾကာင္း၊ အရက္၊ ေဆးလိပ္၊ ကြမ္း စသည့္က်န္းမာေရးကုိထိခုိက္ေစသည့္ အေသာက္အစားမ်ား ကုိလည္း တတ္ႏုိင္သမွ်ထိန္းသိမ္းေဆာင္ရြက္ေစခ်င္ေၾကာင္း၊ ယခုေရေဘးသင့္မိသားစုမ်ားတြင္ပါ၀င္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိလည္း ေရက်ခ်ိန္တြင္ေက်ာင္းျပန္ လည္တက္ေရာက္ႏုိင္ေရး ေဆာင္ရြက္ရန္ လုိေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္း တတ္ႏုိင္သည့္ဘက္မွ ကူညီေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။ ထုိ႔ေနာက္ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ က ေရေဘးသင့္ျပည္သူမ်ားအား အားေပးစကား ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာမ်ားႏွင့္ ေရေဘးသင့္မိသားစု၀င္မ်ား၏ ေက်ာင္းသား၊ ေက်ာင္းသူအေယာက္ ၄၀၀ အတြက္ တစ္ဦးလွ်င္ က်ပ္ ၁၀၀၀၀ ႏႈန္းျဖင့္ပညာသင္ေထာက္ပံ့ ေငြက်ပ္သိန္း ၄၀ အား ေပးအပ္ၿပီး ျပည္နယ္၀န္ႀကီးခ်ဳပ္ကစားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေရေဘးသင့္ျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ အားေပးစကားေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေမာ္လၿမိဳင္ၿမိဳ႕ ရွိ တပ္မေတာ္ေဆး႐ုံသုိ႔ ေရာက္ရွိၾကၿပီး မုိးအဆက္မျပတ္ရြာသြန္းစဥ္ ေရ၀င္နစ္ျမဳပ္မႈျဖစ္ပြားခဲ့သည့္ေနရာမ်ားအားၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ားအား ေရေျမာင္းမ်ား ေရစီးေရလာေကာင္းမြန္ေစေရး အဆင့္ျမႇင့္တင္ေဆာင္ရြက္ရန္ႏွင့္ လုိအပ္သည္မ်ားအား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျိုက်သလ္လံဘုရားကြီးသို့ သွားရောက်ကြည့်ရှု၊ မော်လမြိုင်မြို့နှင့်ရေးမြို့ရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်၊ ဇွန် – ၁၉

ကျိုက်သလ္လံဘုရားကြီးသည် ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်သည့်အတွက် ပြန်လည်ပြုပြင်မွမ်းမံရာတွင် စနစ်တကျဖြစ်စေရေး ပညာရှင်များဖြင့်စစ်ဆေး ထိန်းသိမ်းဆောင်ရွက်ရန်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များမပျက်စီးစေဘဲ ရေရှည်တည်တံ့အောင်ပြင်ဆင်ရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်နှင့် ပြန်လည်ပြင်ဆင်မွမ်းမံရေးတွင် တပ်မတော်မှ လူအင်အား၊ နည်းပညာ၊ ပစ္စည်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျိုက်သလ္လံဘုရားကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် မှာကြားရာတွင် ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့်လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့သို့ ရောက်ရှိကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ မော်လမြိုင်မြို့တွင် ဇွန် ၁၆ ရက်၊ ည ၉ နာရီမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများကြောင့် ကျိုက်သလ္လံဘုရားကြီးအနောက်ဘက် မုခ်ဦးဘေးမြေသားများပြိုကျမှုအခြေအနေများနှင့် တပ်မတော်သားများနှင့် မီးသတ်၊ ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပြိုကျပျက်စီးမှုများကို ရှင်းလင်းနေမှုများအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကျိုက်သလ္လံဘုရားကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။ ထို့နောက် အရှေ့ဘက်ဘုရားစောင်းတန်းနှင့် နတ်နန်းအဆောက်အဦးပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ရှင်းလင်း ပြောကြားမှုများအပေါ်လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

၎င်းနောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဇောတိကာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒောဘာသ အားဖူးမြော်ကြည်ညို၍ ကျိုက်သလ္လံဘုရားကြီးသည် ရှေးဟောင်းသမိုင်းဝင်စေတီ တစ်ဆူဖြစ်သည့်အတွက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များမပျက်စီးစေဘဲ လတ်တလောထိန်းသိမ်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရေရှည်ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တပ်မတော်က လူအင်အား၊ နည်းပညာ၊ ပစ္စည်းများဖြင့်ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများအားလျှောက်ထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ က လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများနှင့် လတ်တလောအသုံးပြုနိုင်ရန်အတွက် ဘိလပ်မြေအိတ် ၁၀၀၀ ကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်တစ်ဦးမှလက်ခံရယူပြီး အလှူရှင်များ၏လှူဒါန်းငွေကျပ်သိန်း ၈၀ အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူပေးခဲ့သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဘုရားကြီးဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ချမ်းအေးရိပ်သာကျောင်းတိုက်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ခေတ္တနေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအားသွားရောက်တွေ့ဆုံ အားပေးစကားပြောကြားရာတွင် တတ်နိုင်သည့်ဘက်မှ ကူညီ ဆောင်ရွက်ပေးရန်အတွက် ယခုကဲ့သို့လာရောက်ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်သဖြင့်အားလုံးက စုပေါင်းအားဖြင့်ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ပိတ်ဆို့မှုမရှိအောင် အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ပြည်သူများပူးပေါင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်မှအကောင်းဆုံးဖြစ်အောင် ပါ၀င်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိုလည်းအထူးဂရုပြုရန်လိုပြီး ၀မ်းလျှော၊ ၀မ်းပျက်ရောဂါများမဖြစ်ပွားအောင် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ကြိုတင် ကာကွယ်ထားရန်လိုကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေဘေးသင့်ပြည်သူများ အတွက် စားသောက်ဖွယ်ရာများ အားပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် မွန်ပြည်နယ် ၀န်ကြီးချုပ်လိုက်ပါလျှက် ရေးမြို့၊ ပြည်သူ့အားကစားရုံတွင် ဖွင့်လှစ်ထားသည့် ရေးဘေးကယ်ဆယ်ရေးစခန်းသို့ရောက်ရှိကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေဘေးသင့် ပြည်သူ များအား အားပေးစကားပြောကြားရာတွင် ယခုအချိန်သည် မိုးရာသီကာလဖြစ်ပြီး မွန်ပြည်နယ်သည် မိုးများ သည့်ဒေသဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ အပြင် လူမှုကူညီရေးအသင်းအဖွဲ့များ စည်းစည်းလုံးလုံးဖြင့်ပါ၀င်ကူညီဆောင်ရွက်သည်ကို တွေ့ရှိရသဖြင့် ၀မ်းမြောက် ပါကြောင်း၊ ရေပြန်ကျချိန်ရောက်လျှင်မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ပုံမှန်ဖြစ်စေရေးနှင့် ရေမြောင်းများ ပိတ်ဆို့မှု မရှိစေရေးအတွက် ဆောင်ရွက်ရန်လိုပြီး မြို့သာယာလှပရေးအတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့သာမက ပြည်သူများကပါ စည်းကမ်းရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မွန်ပြည်နယ် အတွင်း၌နေထိုင်လျှက်ရှိသည့် ပြည်သူများ၏ကြိုးစားအားထုတ်မှုများကြောင့် တိုးတက်လျှက်ရှိ သည်ကို တွေ့ရှိရကြောင်း၊ မွန်ပြည်နယ်သည် သဘာဝအခြေခံကောင်းများ ပိုင်ဆိုင်သည့်အပြင် ပညာရေးတွင်လည်း အကောင်းဆုံးပြည်နယ်ဖြစ်၍ ပညာရည်မြင့်မားတိုးတက်စေရေးကိုလည်းဝိုင်းဝန်း ဆောင်ရွက်ကြစေလို ကြောင်း၊ မွန်ပြည်သစ်ပါတီအနေဖြင့်လည်း ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သဖြင့် ငြိမ်းချမ်းမှုအသီး အပွင့်များရရှိနေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ရရှိပြီးသည့် တိုးတက်မှုများ အရှိန်အဟုန်မပျက်အောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများကျန်းမာရေးအတွက် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနနှင့် တပ်မတော် ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့ တစ်ဦးချင်းကျန်းမာရေးကိုဂရုစိုက် ရန်လိုအပ်ကြောင်း၊ အစားအသောက်အနေအထိုင်များ ဂရုစိုက်ရန် လိုအပ်ကြောင်း၊ အရက်၊ ဆေးလိပ်၊ ကွမ်း စသည့်ကျန်းမာရေးကိုထိခိုက်စေသည့် အသောက်အစားများ ကိုလည်း တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်စေချင်ကြောင်း၊ ယခုရေဘေးသင့်မိသားစုများတွင်ပါ၀င်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ရေကျချိန်တွင်ကျောင်းပြန် လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ရေဘေးသင့်ပြည်သူများအား အားပေး စကား ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာများနှင့် ရေဘေးသင့်မိသားစုဝင်များ၏ ကျောင်းသား၊ ကျောင်းသူအယောက် ၄၀၀ အတွက် တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့်ပညာသင်ထောက်ပံ့ ငွေကျပ်သိန်း ၄၀ အား ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကစားသောက်ဖွယ်ရာများပေးအပ်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြပြီး မိုးအဆက်မပြတ်ရွာသွန်းစဉ် ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သည့်နေရာများအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် လိုအပ် သည်များအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။