တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan ကဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဇြန္ ၂၅

ထုိင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အားယေန႔နံနက္ပုိင္းတြင္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan က ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးေရွ႕တြင္ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားက်င္းပ ျပဳလုပ္မည့္ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးသုိ႔ေရာက္ရွိရာ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႀကိဳဆုိ ႏႈတ္ဆက္ၿပီး ထုိင္းဘုရင့္တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္မိတ္ဆက္ေပးသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးမ်ိဳးေဇာ္သိန္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ (ၾကည္း၊ ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္တုိ႔ တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူ ထုိင္းဘုရင့္ တပ္မေတာ္ပူးတြဲစစ္ဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri ႏွင့္ထုိင္းဘုရင့္တပ္မေတာ္မွ အရာရွိ ႀကီးမ်ားတက္ေရာက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကုိခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ အားစစ္ေဆးသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ျမန္မာ့တပ္မေတာ္ အရာရွိႀကီး မ်ားႏွင့္ မိတ္ဆက္ေပးသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ထုိင္းဘုရင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရွိ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္ လက္မွတ္ေရးထုိးသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan တုိ႔သည္ ဧည့္ခန္းမ၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ျမန္မာ-ထုိင္းႏွစ္ႏုိင္ငံသည္ ယဥ္ေက်းမႈ၊ ကုိးကြယ္သည့္ဘာသာႏွင့္ သြင္ျပင္လကၡဏာမ်ား တူညီမႈရွိၿပီး အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ားအျဖစ္တည္ရွိေနမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈတုိးျမင့္ ခုိင္မာေရးအတြက္ အားကစားၿပိဳင္ပြဲမ်ား၊ စုိက္ပ်ိဳးေရး၊ ေဆးဘက္ပညာႏွင့္ ယဥ္ေက်းမႈ ဖလွယ္ျခင္း၊ သင္တန္းမ်ားေစလႊတ္ျခင္းဆုိင္ရာမ်ားေဆာင္ရြက္ေနမႈႏွင့္ ပုိမုိတုိးျမႇင့္ ေဆာင္ရြက္ရန္ကိစၥရပ္မ်ား၊ အဆင့္အလုိက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ားအျပန္အလွန္ လည္ပတ္မႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ ပါတီစုံဒီမုိ ကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းမႈအေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ ပုိမုိတုိးတက္ေစေရးေဆာင္ရြက္ရမည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္ (ၾကည္း၊ေရ၊ ေလ) လက္႐ုံးတပ္ဖြဲ႕မ်ားအားလုံး ပူးေပါင္းေဆာင္ရြက္မႈတုိးျမႇင့္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းရင္းႏွီးႏွီး အျမင္ခ်င္းဖလွယ္၍အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳေန႔လယ္စာျဖင့္ တည္ခင္းဧည့္ခံသည္။ေန႔လယ္စာသုံးေဆာင္ေနစဥ္အတြင္း ထုိင္းဘုရင့္တပ္မေတာ္ စစ္တီး၀ုိင္းတပ္ဖြဲ႕က ႏွစ္ႏုိင္ငံေတးသီခ်င္းမ်ားျဖင့္သီဆုိတီးမႈတ္ေဖ်ာ္ေျဖ၍ ထုိင္းဘုရင့္တပ္မေတာ္မွမိသားစု၀င္ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားကမူးယစ္ေဆး၀ါးတုိက္ဖ်က္မႈ သ႐ုပ္ျပအကအား ေဖ်ာ္ေျဖတင္ဆက္ၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကသည့္ ထုိင္းဘုရင့္တပ္မ ေတာ္စစ္တီး၀ုိင္းအဖြဲ႕ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔အား ထုိင္းဘုရင့္တပ္မေတာ္ဂုဏ္ျပဳတပ္ဖြဲ႕က ႏႈတ္ဆက္အေလးျပဳၾက သည္။

ထုိ႔အတူ နံနက္ပုိင္းကလည္းတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕၀င္မ်ား လုိက္ပါ၍ ဗန္ေကာက္ၿမိဳ႕၊ Tample of Dawn ရွိ Wat Arun ဘုန္းေတာ္ႀကီးေက်ာင္းသုိ႔ေရာက္ရွိၾကၿပီး ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အားဖူးေျမာ္ၾကည္ညိဳ၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆီမီးမ်ားကပ္လွဴပူေဇာ္ သည္။ ယင္းေနာက္ ေက်ာင္းထုိင္ဆရာေတာ္ BOON RUNG အားဖူးေျမာ္ၾကည္ညိဳ၍ လွဴဖြယ္ပစၥည္းမ်ားႏွင့္ န၀ကမၼအလွဴေငြမ်ားဆက္ကပ္လွဴဒါန္းၿပီး လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ၎ ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဘုန္းေတာ္ႀကီးေက်ာင္းအတြင္းရွိ ေစတီေတာ္ ျမတ္ႀကီးအားလွည့္လည္ဖူးေျမာ္ၾကည္ညိဳ ခဲ့ၾကပါသည္။

 

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan ကဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇွန် ၂၅

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan က ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပ ပြုလုပ်မည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ရောက်ရှိရာ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုဆို နှုတ်ဆက်ပြီး ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများနှင့်မိတ်ဆက်ပေးသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ထိုင်းဘုရင့် တပ်မတော်ပူးတွဲစစ်ဦးစီးချုပ် Gen. Ponpipaat Benyasri နှင့်ထိုင်းဘုရင့်တပ်မတော်မှ အရာရှိ ကြီးများတက်ရောက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ အားစစ်ဆေးသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မြန်မာ့တပ်မတော် အရာရှိကြီး များနှင့် မိတ်ဆက်ပေးသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan တို့သည် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံသည် ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာနှင့် သွင်ပြင်လက္ခဏာများ တူညီမှုရှိပြီး အိမ်နီးချင်းကောင်းနိုင်ငံများအဖြစ်တည်ရှိနေမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြင့် ခိုင်မာရေးအတွက် အားကစားပြိုင်ပွဲများ၊ စိုက်ပျိုးရေး၊ ဆေးဘက်ပညာနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း၊ သင်တန်းများစေလွှတ်ခြင်းဆိုင်ရာများဆောင်ရွက်နေမှုနှင့် ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အဆင့်အလိုက်ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန် လည်ပတ်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရေးဆောင်ရွက်ရမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ် (ကြည်း၊ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်၍အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း ထိုင်းဘုရင့်တပ်မတော် စစ်တီးဝိုင်းတပ်ဖွဲ့က နှစ်နိုင်ငံတေးသီချင်းများဖြင့်သီဆိုတီးမှုတ်ဖျော်ဖြေ၍ ထိုင်းဘုရင့်တပ်မတော်မှမိသားစုဝင် ကျောင်းသား၊ ကျောင်းသူလေးများကမူးယစ်ဆေးဝါးတိုက်ဖျက်မှု သရုပ်ပြအကအား ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ထိုင်းဘုရင့်တပ်မ တော်စစ်တီးဝိုင်းအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား ထိုင်းဘုရင့်တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့က နှုတ်ဆက်အလေးပြုကြ သည်။

ထို့အတူ နံနက်ပိုင်းကလည်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ဗန်ကောက်မြို့၊ Tample of Dawn ရှိ Wat Arun ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညို၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆီမီးများကပ်လှူပူဇော် သည်။ ယင်းနောက် ကျောင်းထိုင်ဆရာတော် BOON RUNG အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်း နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ စေတီတော် မြတ်ကြီးအားလှည့်လည်ဖူးမြော်ကြည်ညို ခဲ့ကြပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။