စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ၏ အခန်းကဏ္ဍသည်အရေးကြီး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့်စည်းလုံးညီညွတ်ရေးတို့တွင် အပြုသဘောဆောင်ရေးသားဖော်ပြ၍ နိုင်ငံ့အကျိုးအတွက် မီဒီယာ လက်နက်ဖြင့် ဆောင်ကြဉ်းပေးရန်တိုက်တွန်း

ေနျပည္ေတာ္၊ ဇြန္ – ၂၈

စတုတၳမ႑ဳိင္ျဖစ္ေသာ သတင္းမီဒီယာသည္ ႏုိင္ငံ၏အေျခအေနအရပ္ရပ္ကုိ ေဖာ္ေဆာင္ ဖန္တီးေပးႏုိင္သည့္ အတြက္ မီဒီယာ၏အခန္းက႑သည္အေရးႀကီးေၾကာင္း၊ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ စည္းလုံးညီၫြတ္ေရးစသည္တုိ႔တြင္ အျပဳသေဘာေဆာင္ေရးသားေဖာ္ျပ၍ ႏုိင္ငံ့အက်ိဳးအတြက္ မီဒီယာ လက္နက္ျဖင့္ ေဆာင္ၾကဥ္းေပးရန္တုိက္တြန္းလုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ျမန္မာႏုိင္ငံသတင္း မီဒီယာေကာင္စီဒုတိယဥကၠ႒(၁) ဦးအုန္းႀကိဳင္ ဦးေဆာင္သည့္ ကုိယ္စား လွယ္အဖြဲ႕အား ယေန႔မြန္းလဲြပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံရာတြင္ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ကာကြယ္ေရးဦးစီးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ ၾကၿပီး ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီ ဒုတိယဥကၠ႒(၁) ႏွင့္အတူ ဒုတိယဥကၠ႒(၂) ေဒါက္တာ မ်ိဳးသန္႔တင္၊ အတြင္းေရးမွဴး ဦးသီဟေစာႏွင့္အဖြဲ႕၀င္မ်ားတက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားက ေတြ႕ဆုံပြဲသုိ႔တက္ေရာက္ လာၾကသည့္ ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီဒုတိယဥကၠ႒(၁)ႏွင့္ အဖြဲ႕၀င္မ်ားအား ရင္းရင္းႏွီးႏွီးႀကိဳဆုိႏႈတ္ဆက္ၿပီး ေတြ႕ဆုံေဆြး ေႏြးသည္။

ေတြ႕ဆုံေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မီဒီယာဆုိသည္မွာ ႏုိင္ငံတစ္ႏုိင္ငံအတြက္ အေရးႀကီးသည့္အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး စတုတၳမ႑ိဳင္ တစ္ခုျဖစ္သျဖင့္ ယခုကဲ့သုိ႔အေလးထားၿပီး ေတြ႕ဆုံ ျခင္းျဖစ္ေၾကာင္း၊ လက္ရွိမိမိတုိ႔ ႏုိင္ငံတြင္ျဖစ္ေပၚေနသည့္အေျခအေနမ်ားတြင္ မီဒီယာမ်ားႏွင့္ အျပန္အလွန္ အက်ိဳးျပဳလ်က္ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိ႔ေၾကာင့္မိမိအေနျဖင့္ ၂၀၁၂ ခုႏွစ္မွစ၍ ျမန္မာႏိုင္ငံသတင္း မီဒီယာေကာင္စီႏွင့္ အႀကိမ္ႀကိမ္ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့ၿပီး သတင္းစာရွင္းလင္းပြဲမ်ားျပဳလုပ္ျခင္း၊ သတင္း မီဒီယာမ်ား၏ေတြ႕ဆုံေမးျမန္းမႈမ်ားကုိ ေျဖၾကားျခင္းမ်ားေဆာင္ရြက္ခဲ့ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသည္ အင္အား ႀကီးႏုိင္ငံမ်ား၏ၾကားတြင္ တည္ရွိသျဖင့္မိမိတုိ႔ႏုိင္ငံအေနျဖင့္ စုစည္းညီၫြတ္သည့္အင္အားရွိရန္လုိေၾကာင္း၊ မည္သည့္ ႏုိင္ငံေရးစနစ္ပင္က်င့္သုံးသည္ျဖစ္ေစ အစုိးရ၊ ျပည္သူ၊ အဖြဲ႕အစည္းအားလုံး စည္းလုံးညီၫြတ္ရန္ လုိေၾကာင္း၊ အဆုိပါအင္အားမ်ား ခုိင္မာေအာင္ေဆာင္ရြက္သည့္ေနရာတြင္ မီဒီယာမ်ားက ပုိမုိအေလးေပး ေဆာင္ရြက္သင့္ေၾကာင္း၊ တုိင္းျပည္တုိးတက္မႈ မရွိျခင္းမွာ လုံၿခဳံေရးအရမတည္ၿငိမ္မႈ၊ ႏုိင္ငံေရးမတည္ၿငိမ္မႈမ်ား ေၾကာင့္ျဖစ္ေၾကာင္း၊ ထုိသုိ႔ျဖစ္ေပၚရျခင္းမွာႏုိင္ငံေရးလုပ္ေဆာင္သူမ်ားက ၎တုိ႔၏လုပ္ေဆာင္ခ်က္မ်ားကုိ မီဒီယာတြင္နည္းမ်ိဳးစုံျဖင့္ဆြဲေဆာင္ ေဖာ္ျပၾကသည့္အခါ၌ ႏုိင္ငံေရးမတည္ၿငိမ္မႈမ်ား ျဖစ္ေပၚလာျခင္း ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မီဒီယာမ်ားမွေဖာ္ျပခ်က္မ်ားသည္ မိမိတုိ႔တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈ၊ ဖြံ႕ၿဖိဳးတုိးတက္ မႈႏွင့္စည္းလုံးညီၫြတ္မႈမ်ား တြင္မ်ားစြာသက္ေရာက္မႈရွိပါေၾကာင္း၊ စည္းလုံးညီၫြတ္မႈကုိ တည္ေဆာက္ေပး သည့္ မီဒီယာမ်ားျဖစ္ရန္လုိအပ္ပါေၾကာင္း၊ တစ္ျခားႏုိင္ငံမ်ားတြင္လည္း မိမိတုိ႔တုိင္းျပည္ အက်ိဳးစီးပြားႏွင့္ ပတ္သက္လာလွ်င္အထိမခံဘဲ ျပန္လည္တုန္႔ျပန္မႈမ်ားရွိေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔ႏုိင္ငံစည္းလုံးညီၫြတ္သည့္ အင္အားမ်ိဳးျဖစ္ေပၚေစရန္အတြက္ မီဒီယာမ်ားမွလုုပ္ေဆာင္ေပးေစလုိေၾကာင္း၊ အျပဳသေဘာေဆာင္သည့္ ေရးသားခ်က္မ်ား၊ စည္းလုံးညီၫြတ္မႈကုိျဖစ္ေပၚေစသည့္လုပ္ေဆာင္ခ်က္မ်ားကုိ ေဖာ္ျပေစလုိေၾကာင္း၊ ျပည္သူ လူထုကုိအားေပးသည့္ သတင္းထုတ္ျပန္မႈမ်ားထက္အားနည္းခ်က္မ်ား ကုိသာေထာက္ျပသည့္ ထုတ္ျပန္ မႈမ်ားသည္ စိတ္ဓာတ္က်ဆင္းမႈမ်ားကုိပုိမုိျဖစ္ေပၚေစႏုိင္ေသာေၾကာင့္ ျပည္သူမ်ား၏ စိတ္ဓာတ္ျမႇင့္ တင္ေပးရာ ေရာက္သည့္ သတင္းမ်ားကုိ အျပဳသေဘာေဆာင္၍မွ်တစြာျဖင့္ေရးသားေဖၚျပသင့္ေၾကာင္း၊ ေ၀ဖန္သင့္သည့္ ကိစၥရပ္မ်ားကုိလည္းေ၀ဖန္ရမည္ျဖစ္ေၾကာင္း၊ ထုိသို႔ေဆာင္ရြက္ျခင္းျဖင့္မိမိတုိ႔ႏုိင္ငံဖြံ႕ၿဖိဳး တုိးတက္မႈအတြက္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏုိင္မည္ျဖစ္ေၾကာင္း၊ ႏုိင္ငံသားတုိင္း တုိင္းျပည္ခ်စ္စိတ္ရွိရန္လုိေၾကာင္း၊ တုိင္းျပည္ခ်စ္စိတ္ဆုိသည္မွာ မ်ိဳးခ်စ္စိတ္၊ ရဲစြမ္းသတၲိမ်ားႏွင့္ယွဥ္တြဲေနေၾကာင္း၊ တုိက္ပြဲမ်ားတြင္ ေအာင္ျမင္ ခ်ိန္၌ မိမိတုိ႔ႏုိင္ငံအလံႏွင့္တပ္အလံမ်ားအားလႊင့္ထူျခင္းသည္ တုိင္းျပည္ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ႏွင့္ သူရသတၲိ တုိ႔ကုိေဖာ္ျပျခင္းျဖစ္ေၾကာင္း၊ အလားတူႏုိင္ငံတကာ အားကစားၿပိဳင္ပြဲမ်ားတြင္ မိမိတုိ႔ႏုိင္ငံပထမဆုရရွိပါက မိမိတုိ႔ႏုိင္ငံေတာ္အလံလႊင့္ထူခ်ိန္၌ အားကစားသမားမ်ားႏွင့္ ၾကည့္႐ႈအားေပးသူမ်ားကပါ ႏုိင္ငံေတာ္သီခ်င္း အားသီဆုိ၍ အေလးျပဳၾကျခင္းသည္တုိင္းျပည္ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ကုိေဖာ္ျပျခင္း ျဖစ္ေၾကာင္း၊ ထုိတုိင္းျပည္ခ်စ္ စိတ္ကုိ႐ုိက္ခ်ဳိး၍မရေၾကာင္း၊ တုိင္းျပည္ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္မ်ား ရွင္သန္တုိးပြားလာေအာင္ မီဒီယာမ်ားက ေဖာ္ျပေပးရန္လုိေၾကာင္း၊ တိုင္းျပည္ခ်စ္စိတ္ရွိမွသာ တုိင္းျပည္အားရွိမည္ျဖစ္ေၾကာင္း၊ သေဘာထားခ်င္း၊ အယူ အဆခ်င္း၊ အက်ိဳးစီးပြားခ်င္းမတူညီေသာ္လည္း တုိင္းျပည္ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္မ်ားတူညီရန္လုိေၾကာင္း၊ ယခု အခါမိမိတုိ႔ႏုိင္ငံသည္ျပည္သူမ်ားက ေရြးခ်ယ္သည့္ ဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းလ်က္ ရွိေၾကာင္း၊ အျခားႏုိင္ငံမ်ားတြင္ႏုိင္ငံႏွင့္ကိုက္ညီသည့္ ဒီမုိကေရစီစနစ္ကုိသာက်င့္သုံးသည္ကုိ ေတြ႕ရွိရ ေၾကာင္း၊ ယခုအခါမိမိတုိ႔ႏုိင္ငံႏွင့္ကုိက္ညီသည့္ ဒီမုိကေရစီစနစ္ကုိက်င့္သုံးလ်က္ရွိၿပီး ျပည္သူတစ္ရပ္လုံးမွ ေရြးခ်ယ္သည့္စနစ္ျဖစ္သျဖင့္ ခုိင္ခုိင္မာမာျဖစ္ရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေရးအေျပာင္းအလဲမ်ားေၾကာင့္ တုိင္းျပည္ ဒုကၡေရာက္ခဲ့ရသည္မ်ားရွိခဲ့ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ ျပည္သူၾကားမွေပါက္ဖြားလာသည့္ တပ္မေတာ္ ျဖစ္ေၾကာင္း၊ ျပည္သူမ်ား၏ဆႏၵကုိအေလးထားရမည္ျဖစ္ေၾကာင္း၊ ဒီမုိကေရစီဆုိၿပီး လုပ္ခ်င္တာ လုပ္၍မရဘဲ ဥပေဒ၊ စည္းကမ္းႏွင့္သာေဆာင္ရြက္၍ တုိင္းျပည္တုိးတက္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားမွ ေရြးခ်ယ္တင္ေျမႇာက္ထားသည့္အစုိးရ၏ လုပ္ေဆာင္ခ်က္မ်ားေအာင္ျမင္ေစေရးအတြက္ မိမိတုိ႔တပ္မေတာ္ အေနျဖင့္ တရားဥပေဒစုိးမုိးေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ျပည္သူ႕ဘ၀လုံၿခဳံေရးမ်ားတြင္ ၀ုိင္း၀န္း ကူညီ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ တုိင္းျပည္ႏွင့္ျပည္သူကိုထိခုိက္လာလွ်င္၊ အုပ္ခ်ဳပ္မႈပုိင္းကုိ ထိခိုက္လာလွ်င္ ကာကြယ္ရမည္ျဖစ္ေၾကာင္း၊ ယခင္ေခတ္အဆက္ဆက္ကပင္ တပ္မေတာ္မွ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ မ်ားကုိေဆာင္ရြက္ခဲ့ေၾကာင္း၊ တစ္ခ်ိဳ႕က မိမိတုိ႔တပ္မေတာ္သည္ တုိင္းရင္းသားမ်ားအေပၚ ဖိႏွိပ္မႈမ်ားရွိသည့္ ဟုအထင္အျမင္လႊဲ မွားမႈမ်ားရွိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ တုိင္းရင္းသားမ်ားကုိကာကြယ္ေစာင့္ေရွာက္ေပး ေနျခင္းသာျဖစ္ေၾကာင္း၊ ဥပမာအားျဖင့္ က်န္းမာေရး၀န္ႀကီးဌာနက လက္လွမ္းမမီေသာ ေ၀းလံေခါင္ပါးသည့္ ေဒသမ်ားတြင္လုိအပ္သည့္ ဆရာ၀န္မ်ားအားတပ္မေတာ္သား ဆရာ၀န္မ်ားအား သေဘာဆႏၵမ်ား ေကာက္ယူ ၍ေစလႊတ္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ားအေနျဖင့္လည္း မိမိတုိ႔ေရာက္ရွိသည့္ေနရာေဒသဖြံ႕ ၿဖိဳးတုိးတက္ေရး၊ က်န္းမာေရးႏွင့္ ပညာေရးမ်ားတြင္တတ္ႏုိင္သည့္ဘက္မွကူညီ ေဆာင္ရြက္ေပးျခင္းမ်ား ရွိသကဲ့သုိ႔ သဘာ၀ေဘးအႏၲရာယ္မ်ားက်ေရာက္ပါကလည္း ကူညီေဆာင္ရြက္ေပးျခင္းမ်ား စဥ္ဆက္မျပတ္ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔အေနျဖင့္တုိင္းရင္းသားမ်ား အားအႏုိင္က်င့္သတ္ျဖတ္မႈမရွိဘဲ ျပည္သူမ်ားအားလက္နက္ကုိင္၍အႏုိင္က်င့္ ၿခိမ္းေျခာက္ေနသူမ်ားကုိသာ တုိက္ခုိက္ေနျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အား ျပည္သူကအားကုိးရသည့္၊ တုိင္းျပည္ကအားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ျပည္သူမ်ားကလည္း စတုတၳမ႑ဳိင္ျဖစ္သည့္ မီဒီယာအေပၚအားကုိးသည့္စိတ္၊ တုိင္းျပည္ကလည္းအားထားရသည့္စိတ္ျဖစ္ေအာင္ စိတ္တူကုိယ္တူျဖင့္ ေဆာင္ရြက္သြားေစလုိေၾကာင္း အႀကံျပဳေျပာၾကားသည္။

ထုိ႔ေနာက္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီ ဒုတိယဥကၠ႒(၁)ဦးအုန္းႀကိဳင္က မိမိတုိ႔အေနျဖင့္ တပ္မေတာ္ ႏွင့္သေဘာထားတူညီမႈရွိၿပီး ယခုအခါအျပန္အလွန္ ယံုၾကည္မႈမ်ားတည္ေဆာက္ထားႏုိင္ၿပီျဖစ္ေၾကာင္း၊ မီဒီယာ အား ႏုိင္ငံ၏ စတုတၳမ႑ဳိင္အျဖစ္ တည္ရွိရန္အတြက္ ယခင္သတင္းစာဆရာႀကီးမ်ားအဆက္ဆက္ မွႀကိဳးပမ္း ေဆာင္ရြက္မႈမ်ားရွိခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ “ျပည္ႀကီးပုခုံး၊ ျပည့္လက္႐ုံး” မီဒီယာအေနျဖင့္ “ျပည္ႀကီးပုခုံး၊ ျပည့္မ်က္လုံး” ဟူေသာ ၀န္ႀကီးပေဒသရာဇာ၏ ဆုိ႐ုိးစကားရွိပါေၾကာင္း၊ မိမိတို႔အေနျဖင့္ မ႑ိဳင္ႀကီး (၄)ရပ္ေဆြးေႏြးပြဲမ်ားအား တုိင္းႏွင့္ ျပည္နယ္မ်ားတြင္ ေဆာင္ရြက္ခဲ့ပါေၾကာင္း၊ မီဒီယာအေနျဖင့္ တုိင္းျပည္အက်ိဳးအတြက္ ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္အေနျဖင့္ အာဏာသိမ္းေတာ့မည္ဟူ၍ ေကာလဟာလမ်ား၊ လုိရာဆြဲ၍ မဟုတ္မမွန္သတင္းမ်ားထုတ္ျပန္ကာ တပ္မေတာ္အေပၚယုံၾကည္မႈ ပ်က္ျပားေအာင္လုပ္ ေဆာင္ေနသည့္ ကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္အတြင္းစီးပြားေရး ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ အလုပ္အကုိင္အခြင့္အလမ္းရရွိေရး၊ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕အစည္းမ်ားႏွင့္ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈဆုိင္ရာကိစၥရပ္မ်ား၊ အတတ္ ပညာ၊ အတန္းပညာသင္ၾကားႏုိင္ေရး၊ ပညာရည္ျမႇင့္တင္ေရးေဆာင္ရြက္ရန္လုိအပ္မႈမ်ား၊ သတင္းမီဒီယာ ေကာင္စီအား ၂၀၁၈ ခုႏွစ္တြင္ ၃ ႏွစ္တစ္ႀကိမ္ ေရြးေကာက္ပြဲျပဳလုပ္၍ ျပန္လည္ဖြဲ႕စည္းရန္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ သတင္းရယူေရးခရီးစဥ္မ်ား ေဆာင္ရြက္ႏုိင္မည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွင့္ အစုိးရ ဆက္ဆံေရးတြင္အခက္အခဲမရွိဘဲ တပ္မေတာ္ကအျပည့္အ၀ ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေန မ်ား၊ ျပည္တြင္းျပည္ပသတင္း မီဒီယာမ်ားအတြက္ သိသင့္သိထုိက္သည့္သတင္းမ်ားကုိ အဂၤလိပ္ဘာသာျဖင့္ က်ယ္က်ယ္ျပန္႔ျပန္႔ထုတ္ျပန္ႏုိင္ေရးအေျခအေနမ်ား၊ က်န္းမာေရး ဆုိင္ရာပညာေပးမႈမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္ႏုိင္ေရး၊ သတင္းမီဒီယာဆုိင္ရာ အဆင့္ျမင့္သင္တန္းမ်ားဖြင့္လွစ္ႏုိင္ေရး၊ သတင္းမီဒီယာေကာင္စီ အေနျဖင့္ ႏုိင္ငံအသီးသီးႏွင့္ ႏုိင္ငံတကာရွိသတင္းမီဒီယာအဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ႏုိင္မႈ အေျခအေနမ်ားအား သတင္းမီဒီယာေကာင္စီအဖြဲ႕၀င္မ်ားႏွင့္ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား ျမန္မာႏုိင္ငံ သတင္း မီဒီယာေကာင္စီဒုတိယဥကၠ႒(၁) ဦးအုန္းႀကိဳင္ႏွင့္ ဒုတိယဥကၠ႒(၂) မ်ိဳးသန္႔တင္တုိ႔က အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံသတင္း မီဒီယာေကာင္စီအဖြဲ႕၀င္မ်ားအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ၏ အခန်းကဏ္ဍသည်အရေးကြီး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့်စည်းလုံးညီညွတ်ရေးတို့တွင် အပြုသဘောဆောင်ရေးသားဖော်ပြ၍ နိုင်ငံ့အကျိုးအတွက် မီဒီယာ လက်နက်ဖြင့် ဆောင်ကြဉ်းပေးရန်တိုက်တွန်း

နေပြည်တော်၊ ဇွန် – ၂၈

စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာသည် နိုင်ငံ၏အခြေအနေအရပ်ရပ်ကို ဖော်ဆောင် ဖန်တီးပေးနိုင်သည့် အတွက် မီဒီယာ၏အခန်းကဏ္ဍသည်အရေးကြီးကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးစသည်တို့တွင် အပြုသဘောဆောင်ရေးသားဖော်ပြ၍ နိုင်ငံ့အကျိုးအတွက် မီဒီယာ လက်နက်ဖြင့် ဆောင်ကြဉ်းပေးရန်တိုက်တွန်းလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ရာတွင်ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ကာကွယ်ရေးဦးစီးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) နှင့်အတူ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစောနှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက တွေ့ဆုံပွဲသို့တက်ရောက် လာကြသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၁)နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး တွေ့ဆုံဆွေး နွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မီဒီယာဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စတုတ္ထမဏ္ဍိုင် တစ်ခုဖြစ်သဖြင့် ယခုကဲ့သို့အလေးထားပြီး တွေ့ဆုံ ခြင်းဖြစ်ကြောင်း၊ လက်ရှိမိမိတို့ နိုင်ငံတွင်ဖြစ်ပေါ်နေသည့်အခြေအနေများတွင် မီဒီယာများနှင့် အပြန်အလှန် အကျိုးပြုလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်း မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် အင်အား ကြီးနိုင်ငံများ၏ကြားတွင် တည်ရှိသဖြင့်မိမိတို့နိုင်ငံအနေဖြင့် စုစည်းညီညွတ်သည့်အင်အားရှိရန်လိုကြောင်း၊ မည်သည့် နိုင်ငံရေးစနစ်ပင်ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်ရန် လိုကြောင်း၊ အဆိုပါအင်အားများ ခိုင်မာအောင်ဆောင်ရွက်သည့်နေရာတွင် မီဒီယာများက ပိုမိုအလေးပေး ဆောင်ရွက်သင့်ကြောင်း၊ တိုင်းပြည်တိုးတက်မှု မရှိခြင်းမှာ လုံခြုံရေးအရမတည်ငြိမ်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာနိုင်ငံရေးလုပ်ဆောင်သူများက ၎င်းတို့၏လုပ်ဆောင်ချက်များကို မီဒီယာတွင်နည်းမျိုးစုံဖြင့်ဆွဲဆောင် ဖော်ပြကြသည့်အခါ၌ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်မီဒီယာများမှဖော်ပြချက်များသည် မိမိတို့တိုင်းပြည်တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက် မှုနှင့်စည်းလုံးညီညွတ်မှုများ တွင်များစွာသက်ရောက်မှုရှိပါကြောင်း၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေး သည့် မီဒီယာများဖြစ်ရန်လိုအပ်ပါကြောင်း၊ တစ်ခြားနိုင်ငံများတွင်လည်း မိမိတို့တိုင်းပြည် အကျိုးစီးပွားနှင့် ပတ်သက်လာလျှင်အထိမခံဘဲ ပြန်လည်တုန့်ပြန်မှုများရှိကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံစည်းလုံးညီညွတ်သည့် အင်အားမျိုးဖြစ်ပေါ်စေရန်အတွက် မီဒီယာများမှလုပ်ဆောင်ပေးစေလိုကြောင်း၊ အပြုသဘောဆောင်သည့် ရေးသားချက်များ၊ စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေသည့်လုပ်ဆောင်ချက်များကို ဖော်ပြစေလိုကြောင်း၊ ပြည်သူ လူထုကိုအားပေးသည့် သတင်းထုတ်ပြန်မှုများထက်အားနည်းချက်များ ကိုသာထောက်ပြသည့် ထုတ်ပြန် မှုများသည် စိတ်ဓာတ်ကျဆင်းမှုများကိုပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့် ပြည်သူများ၏ စိတ်ဓာတ်မြှင့် တင်ပေးရာ ရောက်သည့် သတင်းများကို အပြုသဘောဆောင်၍မျှတစွာဖြင့်ရေးသားဖေါ်ပြသင့်ကြောင်း၊ ဝေဖန်သင့်သည့် ကိစ္စရပ်များကိုလည်းဝေဖန်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိရန်လိုကြောင်း၊ တိုင်းပြည်ချစ်စိတ်ဆိုသည်မှာ မျိုးချစ်စိတ်၊ ရဲစွမ်းသတ္တိများနှင့်ယှဉ်တွဲနေကြောင်း၊ တိုက်ပွဲများတွင် အောင်မြင် ချိန်၌ မိမိတို့နိုင်ငံအလံနှင့်တပ်အလံများအားလွှင့်ထူခြင်းသည် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် သူရသတ္တိ တို့ကိုဖော်ပြခြင်းဖြစ်ကြောင်း၊ အလားတူနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မိမိတို့နိုင်ငံပထမဆုရရှိပါက မိမိတို့နိုင်ငံတော်အလံလွှင့်ထူချိန်၌ အားကစားသမားများနှင့် ကြည့်ရှုအားပေးသူများကပါ နိုင်ငံတော်သီချင်း အားသီဆို၍ အလေးပြုကြခြင်းသည်တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကိုဖော်ပြခြင်း ဖြစ်ကြောင်း၊ ထိုတိုင်းပြည်ချစ် စိတ်ကိုရိုက်ချိုး၍မရကြောင်း၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်တိုးပွားလာအောင် မီဒီယာများက ဖော်ပြပေးရန်လိုကြောင်း၊ တိုင်းပြည်ချစ်စိတ်ရှိမှသာ တိုင်းပြည်အားရှိမည်ဖြစ်ကြောင်း၊ သဘောထားချင်း၊ အယူ အဆချင်း၊ အကျိုးစီးပွားချင်းမတူညီသော်လည်း တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များတူညီရန်လိုကြောင်း၊ ယခု အခါမိမိတို့နိုင်ငံသည်ပြည်သူများက ရွေးချယ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိကြောင်း၊ အခြားနိုင်ငံများတွင်နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာကျင့်သုံးသည်ကို တွေ့ရှိရ ကြောင်း၊ ယခုအခါမိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိပြီး ပြည်သူတစ်ရပ်လုံးမှ ရွေးချယ်သည့်စနစ်ဖြစ်သဖြင့် ခိုင်ခိုင်မာမာဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲများကြောင့် တိုင်းပြည် ဒုက္ခရောက်ခဲ့ရသည်များရှိခဲ့ကြောင်း၊ မိမိတို့တပ်မတော်သည် ပြည်သူကြားမှပေါက်ဖွားလာသည့် တပ်မတော် ဖြစ်ကြောင်း၊ ပြည်သူများ၏ဆန္ဒကိုအလေးထားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုပြီး လုပ်ချင်တာ လုပ်၍မရဘဲ ဥပဒေ၊ စည်းကမ်းနှင့်သာဆောင်ရွက်၍ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများမှ ရွေးချယ်တင်မြှောက်ထားသည့်အစိုးရ၏ လုပ်ဆောင်ချက်များအောင်မြင်စေရေးအတွက် မိမိတို့တပ်မတော် အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးများတွင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်နှင့်ပြည်သူကိုထိခိုက်လာလျှင်၊ အုပ်ချုပ်မှုပိုင်းကို ထိခိုက်လာလျှင် ကာကွယ်ရမည်ဖြစ်ကြောင်း၊ ယခင်ခေတ်အဆက်ဆက်ကပင် တပ်မတော်မှ နိုင်ငံတော်ကာကွယ်ရေး တာဝန် များကိုဆောင်ရွက်ခဲ့ကြောင်း၊ တစ်ချို့က မိမိတို့တပ်မတော်သည် တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများရှိသည့် ဟုအထင်အမြင်လွှဲ မှားမှုများရှိကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများကိုကာကွယ်စောင့်ရှောက်ပေး နေခြင်းသာဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနက လက်လှမ်းမမီသော ဝေးလံခေါင်ပါးသည့် ဒေသများတွင်လိုအပ်သည့် ဆရာဝန်များအားတပ်မတော်သား ဆရာဝန်များအား သဘောဆန္ဒများ ကောက်ယူ ၍စေလွှတ်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း မိမိတို့ရောက်ရှိသည့်နေရာဒေသဖွံ့ ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးများတွင်တတ်နိုင်သည့်ဘက်မှကူညီ ဆောင်ရွက်ပေးခြင်းများ ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်များကျရောက်ပါကလည်း ကူညီဆောင်ရွက်ပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်တိုင်းရင်းသားများ အားအနိုင်ကျင့်သတ်ဖြတ်မှုမရှိဘဲ ပြည်သူများအားလက်နက်ကိုင်၍အနိုင်ကျင့် ခြိမ်းခြောက်နေသူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အား ပြည်သူကအားကိုးရသည့်၊ တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများကလည်း စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာအပေါ်အားကိုးသည့်စိတ်၊ တိုင်းပြည်ကလည်းအားထားရသည့်စိတ်ဖြစ်အောင် စိတ်တူကိုယ်တူဖြင့် ဆောင်ရွက်သွားစေလိုကြောင်း အကြံပြုပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁)ဦးအုန်းကြိုင်က မိမိတို့အနေဖြင့် တပ်မတော် နှင့်သဘောထားတူညီမှုရှိပြီး ယခုအခါအပြန်အလှန် ယုံကြည်မှုများတည်ဆောက်ထားနိုင်ပြီဖြစ်ကြောင်း၊ မီဒီယာ အား နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်အဖြစ် တည်ရှိရန်အတွက် ယခင်သတင်းစာဆရာကြီးများအဆက်ဆက် မှကြိုးပမ်း ဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် “ပြည်ကြီးပုခုံး၊ ပြည့်လက်ရုံး” မီဒီယာအနေဖြင့် “ပြည်ကြီးပုခုံး၊ ပြည့်မျက်လုံး” ဟူသော ဝန်ကြီးပဒေသရာဇာ၏ ဆိုရိုးစကားရှိပါကြောင်း၊ မိမိတို့အနေဖြင့် မဏ္ဍိုင်ကြီး (၄)ရပ်ဆွေးနွေးပွဲများအား တိုင်းနှင့် ပြည်နယ်များတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မီဒီယာအနေဖြင့် တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်အနေဖြင့် အာဏာသိမ်းတော့မည်ဟူ၍ ကောလဟာလများ၊ လိုရာဆွဲ၍ မဟုတ်မမှန်သတင်းများထုတ်ပြန်ကာ တပ်မတော်အပေါ်ယုံကြည်မှု ပျက်ပြားအောင်လုပ် ဆောင်နေသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာကိစ္စရပ်များ၊ အတတ် ပညာ၊ အတန်းပညာသင်ကြားနိုင်ရေး၊ ပညာရည်မြှင့်တင်ရေးဆောင်ရွက်ရန်လိုအပ်မှုများ၊ သတင်းမီဒီယာ ကောင်စီအား ၂၀၁၈ ခုနှစ်တွင် ၃ နှစ်တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်၍ ပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်နေမှု အခြေအနေများ၊ သတင်းရယူရေးခရီးစဉ်များ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တပ်မတော်နှင့် အစိုးရ ဆက်ဆံရေးတွင်အခက်အခဲမရှိဘဲ တပ်မတော်ကအပြည့်အ၀ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများအတွက် သိသင့်သိထိုက်သည့်သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်နိုင်ရေးအခြေအနေများ၊ ကျန်းမာရေး ဆိုင်ရာပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး၊ သတင်းမီဒီယာဆိုင်ရာ အဆင့်မြင့်သင်တန်းများဖွင့်လှစ်နိုင်ရေး၊ သတင်းမီဒီယာကောင်စီ အနေဖြင့် နိုင်ငံအသီးသီးနှင့် နိုင်ငံတကာရှိသတင်းမီဒီယာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေများအား သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင်နှင့် ဒုတိယဥက္ကဋ္ဌ(၂) မျိုးသန့်တင်တို့က အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။