တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျီနီဗာမြို့ အခြေစိုက် International Committee of the Red Cross (ICRC) အဖွဲ့ဥက္ကဋ္ဌ Mr. Peter Maurerဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် – ၂၉



ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားသည့်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေး လုပ်ငန်းများအား ICRC အဖွဲ့မှ ဆောင်ရွက်နေမှုများနှင့် တပ်မတော်မှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ICRC အဖွဲ့မှ ဆောင်ရွက်ပေးသည့်အကူအညီများအား အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးအတွက် စိစစ်ဆောင် ရွက်မှုများပြုလုပ်ရန် လိုအပ်သည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများအတွက် လူမှုစီးပွား များဖွံ့ဖြိုးတိုးတက်မှု၊ ဘ၀ပြန်လည်ရှင်သန်နိုင်ရေး အခြေခံအဆောက်အဦများပြန်လည်ထူထောင်ရေးအတွက် ICRC နှင့်အစိုးရအဖွဲ့တို့ ဆက်လက်ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များတွင် တပ်မတော်မှ ၀ိုင်းဝန်းကူညီ ဆောင် ရွက် ပေးမည့်အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းပဋိပက္ခများမရှိဘဲ ငြိမ်းချမ်းသည့်ဒေသများ တွင်လည်း ကူညီ ဆောင်ရွက်ပေးရန်လိုအပ်မှုအခြေအနေများ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပဋိပက္ခ ဖြေရှင်းမှုသင်တန်းများ စေလွှတ်တက်ရောက်နိုင်မည့်အခြေအနေများ၊ ဆေးပညာရပ်ဆိုင်ရာနှင့် မိုင်း အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် တပ်မတော်နှင့် ICRC အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့အား ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျီနီဗာမြို့ အခြေစိုက် International Committee of the Red Cross (ICRC) အဖွဲ့ဥက္ကဋ္ဌ Mr. Peter Maurerဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် – ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျီနီဗာမြို့ အခြေစိုက် International Committee of the Red Cross (ICRC) အဖွဲ့ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ညနေပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး International Committee of the Red Cross (ICRC) အဖွဲ့ဥက္ကဋ္ဌနှင့်အတူ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွား သည့်ဒေသများတွင် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေး လုပ်ငန်းများအား ICRC အဖွဲ့မှ ဆောင်ရွက်နေမှုများနှင့် တပ်မတော်မှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ICRC အဖွဲ့မှ ဆောင်ရွက် ပေးသည့်အကူအညီများအား အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးအတွက် စိစစ်ဆောင် ရွက်မှုများပြုလုပ်ရန် လိုအပ်သည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများအတွက် လူမှုစီးပွား များဖွံ့ဖြိုးတိုးတက်မှု၊ ဘဝပြန်လည်ရှင်သန်နိုင်ရေး အခြေခံအဆောက်အဦများပြန်လည်ထူထောင်ရေးအတွက် ICRC နှင့်အစိုးရအဖွဲ့တို့ ဆက်လက်ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များတွင် တပ်မတော်မှ ၀ုိင်းဝန်းကူညီ ဆောင် ရွက် ပေးမည့်အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းပဋိပက္ခများမရှိဘဲ ငြိမ်းချမ်းသည့်ဒေသများ တွင်လည်း ကူညီ ဆောင်ရွက်ပေးရန်လိုအပ်မှုအခြေအနေများ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပဋိပက္ခ ဖြေရှင်းမှုသင်တန်းများ စေလွှတ်တက်ရောက် နိုင်မည့်အခြေအနေများ၊ ဆေးပညာရပ်ဆိုင်ရာနှင့် မိုင်း အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် တပ်မတော်နှင့် ICRC အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့အား ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် International Committee of the Red Cross (ICRC) အဖွဲ့ဥက္ကဋ္ဌအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ပြီးစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။