စိန်ခေါ်သူ ဂျပန်နိုင်ငံသားဟာစီဂါဝါအားအနိုင်ရရှိသည့် မြန်မာအမျိုးသား ကချင်တိုင်းရင်းသားအောင်လအန်ဆန် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဂုဏ်ပြုစာလွှာပေးအပ်

ေနျပည္ေတာ္၊ ဇြန္ ၃၀

၂၀၁၈ ခုႏွစ္၊ ဇြန္ ၂၉ ရက္ ညပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ သု၀ဏၰမုိးလုံေလလုံ အားကစား႐ုံႀကီး၌ က်င္းပျပဳလုပ္သည့္ ONE MIDDLEWEIGHT WORLD CHAMPIONSHIP ၿပိဳင္ပြဲတြင္ အဓိကပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ထုိးသတ္သည့္ MMAမစ္ဒယ္၀ိတ္တန္း လက္ရွိ ကမၻာ့ခ်န္ပီယံျဖစ္သူ ေအာင္လအန္ဆန္အေနျဖင့္ စိန္ေခၚသူ ဂ်ပန္ႏိုင္ငံသား ဟာစီဂါ၀ါအား အား ငါးခ်ီျပည့္ေရကုန္ေရခမ္းထိုးသတ္၍ အလဲထိုးအႏုိင္ရခဲ့သည္။

မစ္ဒယ္၀ိတ္တန္းကမၻာ့ခ်န္ပီယံကာကြယ္ပြဲတြင္ ဂ်ပန္ႏိုင္ငံသား ဟာစီဂါ၀ါအား ပထမအခ်ီမွ ငါးခ်ီေျမာက္အထိ တစ္ဖက္ႏွင့္တစ္ဖက္ ပညာစုံထုတ္သုံး၍ ယွဥ္ၿပဳိင္ထိုးသတ္ အလဲထိုးအႏိုင္ယူႏိုင္ခဲ့သည့္အတြက္ ျမန္မာအမ်ဳိး သား ကခ်င္တုိင္းရင္းသား ေအာင္လအန္ဆန္အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွေပးပို႔သည့္ ဂုဏ္ျပဳစာလႊာ ႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြက်ပ္သိန္း ၁၀၀ တို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္စား ရန္ကုန္ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပုံက ယေန႔ညေနပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ Rose Garden Hotel ၌ သြားေရာက္ေပးအပ္ ခ်ီးျမႇင့္သည္။

ထုိ႔ေနာက္ လက္ရွိ လိုက္ဟဲဗီး၀ိတ္တန္းကမၻာ႔ခ်န္ပီယံႏွင့္မစ္ဒယ္၀ိတ္တန္းကမၻာ႔ခ်န္ပီယံ ေအာင္လအန္ဆန္က ယခုလုိေပးအပ္ခ်ီး ျမႇင့္ျခင္းအတြက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အရာရွိ၊ စစ္သည္၊ မိသားစု မ်ားအားလုံး ကိုေက်းဇူးတင္ရွိပါေၾကာင္း၊ေနာက္ထပ္ခ်န္ပီယံကာကြယ္ပြဲမ်ားတြင္လည္းႏိုင္ငံႏွင့္ပရိသတ္ အတြက္ အစြမ္းကုန္ ႀကဳိးစားကာကြယ္သြားမည္ျဖစ္ေၾကာင္းေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အမွတ္ တရလက္ေဆာင္ လက္ေ၀ွ႕အိတ္ကို ေပးအပ္ရာ တုိင္းမွဴးကလက္ခံရယူခဲ့သည္။

(Unicode Version)

စိန်ခေါ်သူ ဂျပန်နိုင်ငံသားဟာစီဂါဝါအားအနိုင်ရရှိသည့် မြန်မာအမျိုးသား ကချင်တိုင်းရင်းသားအောင်လအန်ဆန် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဂုဏ်ပြုစာလွှာပေးအပ်

နေပြည်တော်၊ ဇွန် ၃၀

၂၀၁၈ ခုနှစ်၊ ဇွန် ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီး၌ ကျင်းပပြုလုပ်သည့် ONE MIDDLEWEIGHT WORLD CHAMPIONSHIP ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် MMAမစ်ဒယ်ဝိတ်တန်း လက်ရှိ ကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်အနေဖြင့် စိန်ခေါ်သူ ဂျပန်နိုင်ငံသား ဟာစီဂါဝါအား အား ငါးချီပြည့်ရေကုန်ရေခမ်းထိုးသတ်၍ အလဲထိုးအနိုင်ရခဲ့သည်။

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား ဟာစီဂါဝါအား ပထမအချီမှ ငါးချီမြောက်အထိ တစ်ဖက်နှင့်တစ်ဖက် ပညာစုံထုတ်သုံး၍ ယှဉ်ပြိုင်ထိုးသတ် အလဲထိုးအနိုင်ယူနိုင်ခဲ့သည့်အတွက် မြန်မာအမျိုး သား ကချင်တိုင်းရင်းသား အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှပေးပို့သည့် ဂုဏ်ပြုစာလွှာ နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ သွားရောက်ပေးအပ် ချီးမြှင့်သည်။

ထို့နောက် လက်ရှိ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံနှင့်မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ယခုလိုပေးအပ်ချီး မြှင့်ခြင်းအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ မိသားစု များအားလုံး ကိုကျေးဇူးတင်ရှိပါကြောင်း၊နောက်ထပ်ချန်ပီယံကာကွယ်ပွဲများတွင်လည်းနိုင်ငံနှင့်ပရိသတ် အတွက် အစွမ်းကုန် ကြိုးစားကာကွယ်သွားမည်ဖြစ်ကြောင်းပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ် တရလက်ဆောင် လက်ဝှေ့အိတ်ကို ပေးအပ်ရာ တိုင်းမှူးကလက်ခံရယူခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။