တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံ အမတ်ကြီးH. E. Mr. Daniel Patrick Chugg အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္ – ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာၿဗိတိန္ ႏုိင္ငံသံအမတ္ႀကီးအျဖစ္ခန္႔အပ္ခံရသည့္ H. E. Mr. Daniel Patrick Chugg အား ယေန႔နံနက္ပုိင္း တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ၿဗိတိန္ႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Col. Nigel Goodwi ႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾက သည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံႏွင့္ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံမႈ တုိးျမႇင့္ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကျမန္မာႏုိင္ငံဆုိင္ရာ ၿဗိတိန္ႏုိင္ငံသံအမတ္ႀကီး အား အမွတ္တရလက္ေဆာင္ ပစၥည္းေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံ အမတ်ကြီးH. E. Mr. Daniel Patrick Chugg အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် – ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာဗြိတိန် နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသည့် H. E. Mr. Daniel Patrick Chugg အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Nigel Goodwi နှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြားဆက်ဆံမှု တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး အား အမှတ်တရလက်ဆောင် ပစ္စည်းပေး အပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။