တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ် ရေးဆိုင်ရာဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းနှင့် ဆာဆာကာဝါဖောင်ဒေးရှင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္  ၁၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးဆုိင္ရာဂ်ပန္အစုိးရ၏ အထူးကုိယ္စားလွယ္၊ နီပြန္ေဖာင္ေဒးရွင္းႏွင့္ ဆာဆာကာ၀ါေဖာင္ေဒးရွင္း ဥကၠ႒ Mr. Yohei SASAKAWA အား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ ေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံအမ်ိဳးသားျပန္လည္ သင့္ျမတ္ ေရးဆုိင္ရာဂ်ပန္အစုိးရ၏ အထူးကုိယ္စားလွယ္ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံ႐ုံးေခတၱအႀကီးအကဲ Mr. Tatsuki NAKAJIMA ႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ(၂၁)ရာစုပင္လုံ(တတိယအစည္းအေ၀း) က်င္းပႏုိင္မႈ အေျခအေနမ်ား၊ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)အား လက္မွတ္ေရးထုိး ႏုိင္ေရးေဆာင္ရြက္ေနမႈအေျခအေနမ်ား ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ဂ်ပန္ႏုိင္ငံမွ ကူညီ ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈမ်ားႏွင့္ သဘာ၀ေဘးအႏၲရာယ္ကူညီ ကယ္ဆယ္ေရးအေတြ႕အႀကဳံမ်ားအား အျပန္အလွန္ဖလွယ္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေစရန္အတြက္ အစိုးရႏွင့္တပ္မေတာ္မွေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြး ခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံအမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးဆုိင္ရာ ဂ်ပန္အစုိးရ၏ အထူးကုိယ္စားလွယ္တုိ႔သည္အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ် ရေးဆိုင်ရာဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းနှင့် ဆာဆာကာဝါဖောင်ဒေးရှင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်  ၁၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းနှင့် ဆာဆာကာဝါဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ် ရေးဆိုင်ရာဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးခေတ္တအကြီးအကဲ Mr. Tatsuki NAKAJIMA နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ(တတိယအစည်းအဝေး) ကျင်းပနိုင်မှု အခြေအနေများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အား လက်မှတ်ရေးထိုး နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဂျပန်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုများနှင့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေးအတွေ့အကြုံများအား အပြန်အလှန်ဖလှယ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်အတွက် အစိုးရနှင့်တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်တို့သည်အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။