တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏုိင္ငံဆုိင္ရာအထူးကုိယ္စားလွယ္ Ms. Christine Schraner Burgener အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏုိင္ငံဆုိင္ရာအထူးကုိယ္စားလွယ္ ႏွင့္အတူ ေတာင္ႏွင့္အေရွ႕ေတာင္အာရွအဖြဲ႕ေခါင္းေဆာင္ Mr. Shin Umezu တုိ႔တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံ၏ ဒီမုိကေရစီစနစ္က်င့္ သုံးအေကာင္ အထည္ေဖာ္ေဆာင္ရြက္ေနမႈ၊ ထာ၀ရၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ ေဆာင္ရြက္ေနမႈႏွင့္ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ေမာင္ေတာေဒသတြင္ ျဖစ္ပြားလ်က္ရွိသည့္ျပႆနာမ်ားအား မိမိတုိ႔ႏုိင္ငံ အစုိးရႏွင့္တပ္မေတာ္မွ အေကာင္းဆုံး ျဖစ္ေအာင္ေျဖရွင္းေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ ရခုိင္ျပည္နယ္ အတြင္း INGO အဖြဲ႕အစည္းမ်ားမွကူညီေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ကူညီ ေဆာင္ရြက္ေပးရန္လုိအပ္မႈအေျခအေနမ်ားအားရွင္းလင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ျမန္မာႏုိင္ငံ၏ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ေလွ်ာက္လွမ္းေနမႈ အေျခအေနမ်ား၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ(၂၁)ရာစုပင္လုံ တတိယအစည္း အေ၀းက်င္းပျပဳလုပ္ေနမႈအေျခအေနမ်ားႏွင့္ ထာ၀ရ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ အစုိးရႏွင့္တပ္မေတာ္မွ ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ မူးယစ္ေဆး၀ါးတုိက္ဖ်က္ ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြး ခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္တုိ႔သည္ အမွတ္တရဓာတ္ပုံ႐ုိက္ခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နှင့်အတူ တောင်နှင့်အရှေ့တောင်အာရှအဖွဲ့ခေါင်းဆောင် Mr. Shin Umezu တို့တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကျင့် သုံးအကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မောင်တောဒေသတွင် ဖြစ်ပွားလျက်ရှိသည့်ပြဿနာများအား မိမိတို့နိုင်ငံ အစိုးရနှင့်တပ်မတော်မှ အကောင်းဆုံး ဖြစ်အောင်ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရခိုင်ပြည်နယ် အတွင်း INGO အဖွဲ့အစည်းများမှကူညီရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကူညီ ဆောင်ရွက်ပေးရန်လိုအပ်မှုအခြေအနေများအားရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေမှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ တတိယအစည်း အဝေးကျင်းပပြုလုပ်နေမှုအခြေအနေများနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့သည် အမှတ်တရဓာတ်ပုံရိုက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။