တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံဝန်ကြီးချုပ် ၏အထူးအကြံပေး ပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္ ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္ႏုိင္ငံ၀န္ႀကီးခ်ဳပ္၏ အထူးအႀကံ ေပးပုဂၢိဳလ္ H.E. Mr. Hiroto IZUMI အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

 

 

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးညိဳေစာ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ႏုိင္ငံ၀န္ႀကီးခ်ဳပ္၏ အထူးအႀကံေပး ပုဂၢိဳလ္ႏွင့္ အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Ichiro ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာႏုိင္ငံအေနျဖင့္ ျပည္သူမ်ားမွေရြးခ်ယ္သည့္ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ အစုိးရႏွင့္တပ္မေတာ္မွ ေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ ျပည္ေထာင္စုၿငိမ္းခ်မ္း ေရးညီလာခံ(၂၁)ရာစုပင္လုံတတိယအစည္းအေ၀း ေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့သည့္ျပႆနာမ်ားအား အစုိးရႏွင့္တပ္မေတာ္မွေျဖရွင္း ေဆာင္ရြက္ေနမႈမ်ားႏွင့္ ဂ်ပန္ႏုိင္ငံမွကူညီေဆာင္ရြက္ေပးမႈအေျခအေနမ်ား၊ ကာကြယ္ေရးဆုိင္ရာ ကိစၥရပ္မ်ား တြင္ဆက္ဆံမႈတုိးျမႇင့္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ျမႇင့္တင္မႈ လုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ႏုိင္ငံ၀န္ႀကီးခ်ဳပ္၏ အထူးအႀကံေပးပုဂၢိဳလ္ တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ၾကၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံဝန်ကြီးချုပ် ၏အထူးအကြံပေး ပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံ ပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်သူများမှရွေးချယ်သည့်ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက် နေမှုအခြေအနေများ၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(၂၁)ရာစုပင်လုံတတိယအစည်းအဝေး ဆောင်ရွက် နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့်ပြဿနာများအား အစိုးရနှင့်တပ်မတော်မှဖြေရှင်း ဆောင်ရွက်နေမှုများနှင့် ဂျပန်နိုင်ငံမှကူညီဆောင်ရွက်ပေးမှုအခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ တွင်ဆက်ဆံမှုတိုးမြှင့်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။