တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ ဇူလုိင္ – ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ(ေလးေထာင့္ကန္)တည္ေဆာက္ေနမႈအေျခအေနမ်ားအား သြား ေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာ၊ တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ေမာင္ေမာင္ျမင့္ တုိ႔က စစ္မႈထမ္းေဟာင္းအိမ္ရာ တည္ေဆာက္ေနမႈအေျခအေနမ်ား၊ အရိပ္ရေလကာပင္မ်ားစုိက္ပ်ိဳးေနမႈ၊ အဆင့္ျမင့္ဥစားၾကက္ၿခံ တည္ေဆာက္ေနမႈႏွင့္ စစ္မႈထမ္းေဟာင္းမိသားစု၀င္မ်ား၏ အလုပ္အကုိင္အခြင့္အလမ္းရရွိေစရန္အတြက္ အထည္ခ်ဳပ္စက္႐ုံ တည္ေဆာက္ရန္ ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေဆာက္အဦမ်ားအား အရည္ အေသြးျပည့္မီစြာေဆာက္လုပ္ရန္၊ အရိပ္ရေလကာပင္မ်ားအား ရွင္သန္ျဖစ္ထြန္း ေအာင္ျမင္ေအာင္စုိ္က္ ပ်ိဳး၍ စစ္မႈထမ္းေဟာင္းအိမ္ရာပတ္၀န္းက်င္ စိမ္းလန္းစုိေျပေစေရး ေဆာင္ရြက္ရန္၊ စစ္မႈထမ္းေဟာင္း မိသားစု၀င္မ်ား အလုပ္အကုိင္အခြင့္အလမ္းမ်ား ရရွိေစရန္အတြက္ အေသးစားစက္မႈလုပ္ငန္းမ်ား လုပ္ေဆာင္ႏုိင္ေရး ေဆာင္ရြက္ရန္ႏွင့္ ေနထုိင္သူလူဦးေရတုိး တက္မ်ားျပားလာမႈေၾကာင့္ ျဖစ္ေပၚလာႏုိင္သည့္ ပညာသင္ၾကားေရးႏွင့္ က်န္းမာေရးဆုိင္ရာ လုိအပ္ခ်က္မ်ားကုိလည္း အနာဂတ္အတြက္ ႀကိဳတင္ေမွ်ာ္ေတြးၿပီး ေဆာင္ရြက္ရန္တုိ႔အား မွာၾကားသည္။

ထုိ႔ေနာက္ တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စစ္မႈထမ္းေဟာင္းအိမ္ရာ ေဆာက္ လုပ္ၿပီးစီးမႈအေျခအေနမ်ားႏွင့္ အဆင့္ျမင့္ဥစားၾကက္ၿခံေဆာက္ လုပ္ေနမႈအေျခအေနမ်ားအား လွည့္လည္ ၾကည့္႐ႈစစ္ေဆးၿပီး လုိအပ္သည္မ်ား မွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ အဆုိပါဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ၌ ၂၀၁၇ ခုႏွစ္တြင္ အျခားအဆင့္ေနအိမ္ (၂)ခန္းတြဲ(၆)ထပ္ ၇ လုံးေဆာက္လုပ္မႈမွာ ၈၂ ရာခုိင္ႏႈန္းခန္႔ၿပီးစီးၿပီျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ အရာရွိငယ္ ေနအိမ္(၂)ခန္းတြဲ(၆)ထပ္ ၄ လုံးႏွင့္ အျခားအဆင့္ေန အိမ္(၂) ခန္းတြဲ(၆)ထပ္ ၉ လုံးတုိ႔အား ပုိင္႐ုိက္ျခင္းလုပ္ငန္းမ်ား စတင္ေဆာင္ရြက္လ်က္ရွိသည္။ တစ္ခ်ိန္တည္းတြင္ စစ္မႈထမ္းေဟာင္း မိသားစုမ်ား၏ စားေရးကုိအေထာက္အကူျပဳေစရန္အတြက္ေခတ္မီ အဆင့္ျမင့္ဥစားၾကက္ၿခံအား ေဆာက္လုပ္လ်က္ရွိၿပီး အလုပ္အကုိင္အခြင့္လမ္းရရွိေရးအတြက္လည္း အထည္ခ်ဳပ္စက္႐ုံအား ဆက္လက္ တည္ေဆာက္ေပးသြားမည္ ျဖစ္ေၾကာင္းသိရွိရသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စစ္မႈထမ္းေဟာင္း အိမ္ရာအနီးရွိ အေျခခံပညာအထက္တန္းေက်ာင္း၊ အမွတ္(၁)စုိက္ပ်ိဳး ေမြးျမဴေရးရပ္ကြက္သို႔ေရာက္ရွိၾကၿပီး ေက်ာင္းစာ ၾကည့္တုိက္၊ မုန္႔ေစ်းတန္းႏွင့္ ေက်ာင္းပတ္၀န္းက်င္သန္႔ရွင္းသာယာလွပေရးေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ား၊ ေဘာလုံးကြင္း တည္ေဆာက္ရန္အတြက္ ေျမဖုိ႔ျခင္းလုပ္ငန္းေဆာင္ရြက္ထားရွိမႈ အေျခ အေနမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာသင္ၾကားေနမႈ အေျခအေနမ်ားအား လွည့္လည္ၾကည့္႐ႈရာ တုိင္းပညာေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံ ရွင္းလင္းျပသၾကသည္။

အဆုိပါအေျခခံပညာအထက္တန္းေက်ာင္း၊ အမွတ္(၁)စုိက္ပ်ိဳးေမြးျမဴေရးရပ္ကြက္တြင္ စစ္မႈထမ္းေဟာင္း မိသားစု၀င္မ်ား၏ သား၊ သမီးမ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ သား၊ သမီးမ်ား အဆင္ေျပေခ်ာေမြ႕စြာ ပညာသင္ၾကားႏုိင္ေရးအတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ေက်ာင္း၏လုိအပ္ခ်က္ မ်ားျဖစ္သည့္ ထရန္စေဖာ္မာ တပ္ဆင္ျခင္း၊ စာသင္စားပြဲႏွင့္ထုိင္ခုံမ်ား၊ ကြန္ပ်ဴတာမ်ားျဖည့္ဆည္းေပးျခင္း၊ ေက်ာင္းသန္႔ရွင္းေရးအတြက္ေဆာင္ရြက္ေပးျခင္းႏွင့္ မုန္႔ေစ်း တန္းျပဳျပင္ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ၿပီး အားကစားကြင္းတည္ေဆာက္ေရးအတြက္ေျမဖုိ႔ျခင္း၊ ေက်ာင္းပတ္၀န္းက်င္သန္႔ရွင္းသာယာလွပေရး အတြက္ ျမက္ခင္းႏွင့္သစ္ပင္မ်ားစုိက္ပ်ိဳးေပးျခင္းလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ေပးလ်က္ရွိသည္။

ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အမွတ္(၁)စုိက္ပ်ိဳးေမြးျမဴေရး ရပ္ကြက္ရွိ တုိက္နယ္ေဆး႐ုံသုိ႔ေရာက္ရွိၾကၿပီး ေဆး႐ုံခြဲစိတ္ကုသေဆာင္အား တပ္မေတာ္မွ ျပန္လည္ ျပဳျပင္မြမ္းမံေပးထားမႈ အေျခအေနမ်ားအား လွည့္လည္ၾကည့္႐ႈၿပီး ေဆး႐ုံတက္ေရာက္ကုသလ်က္ရွိသည့္ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးအားေပး စကား ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အင္းတုိင္တပ္နယ္ရွိ တပ္မေတာ္ ေဆး႐ုံသုိ႔ေရာက္ရွိၾကရာ ဦးစြာေဆး႐ုံတပ္မွဴးက တပ္တည္ေဆာက္ေရးလုပ္ငန္းႀကီး(၄) ရပ္ေဆာင္ရြက္ထားရွိမႈ၊ ေဆးကုေဆာင္ရြက္ေပးမႈႏွင့္ စည္း႐ုံးေရးနယ္ေျမမ်ားအတြင္းရွိ ေဒသခံျပည္သူမ်ားအား နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း မ်ားေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် – ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့ သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)တည်ဆောက်နေမှုအခြေအနေများအား သွား ရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်မြင့် တို့ကစစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများ၊ အရိပ်ရလေကာပင်များစိုက်ပျိုးနေမှု၊ အဆင့်မြင့်ဥစားကြက်ခြံတည်ဆောက်နေမှုနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အထည်ချုပ်စက်ရုံ တည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆောက်အဦများအား အရည် အသွေးပြည့်မီစွာဆောက်လုပ်ရန်၊ အရိပ်ရလေကာပင်များအား ရှင်သန်ဖြစ်ထွန်း အောင်မြင်အောင်စိုက် ပျိုး၍ စစ်မှုထမ်းဟောင်းအိမ်ရာပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရန်၊ စစ်မှုထမ်းဟောင်း မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသေးစားစက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး ဆောင်ရွက်ရန်နှင့် နေထိုင်သူလူဦးရေတိုး တက်များပြားလာမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် ပညာသင်ကြားရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အနာဂတ်အတွက် ကြိုတင်မျှော်တွေးပြီး ဆောင်ရွက်ရန်တို့အားမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက် လုပ်ပြီးစီးမှုအခြေအနေများနှင့် အဆင့်မြင့်ဥစားကြက်ခြံဆောက် လုပ်နေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ၌ ၂၀၁၇ ခုနှစ်တွင် အခြားအဆင့်နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံးဆောက်လုပ်မှုမှာ ၈၂ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အရာရှိငယ် နေအိမ်(၂)ခန်းတွဲ(၆)ထပ် ၄ လုံးနှင့် အခြားအဆင့်နေ အိမ်(၂) ခန်းတွဲ(၆)ထပ် ၉ လုံးတို့အား ပိုင်ရိုက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် စစ်မှုထမ်းဟောင်း မိသားစုများ၏ စားရေးကိုအထောက်အကူပြုစေရန်အတွက်ခေတ်မီ အဆင့်မြင့်ဥစားကြက်ခြံအား ဆောက်လုပ်လျက်ရှိပြီး အလုပ်အကိုင်အခွင့်လမ်းရရှိရေးအတွက်လည်း အထည်ချုပ်စက်ရုံအား ဆက်လက် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအနီးရှိ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)စိုက်ပျိုး မွေးမြူရေးရပ်ကွက်သို့ရောက်ရှိကြပြီး ကျောင်းစာ ကြည့်တိုက်၊ မုန့်ဈေးတန်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင် ရွက်ထားရှိမှု အခြေအနေများ၊ ဘောလုံးကွင်း တည်ဆောက်ရန်အတွက် မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုရာ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။

အဆိုပါအခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးရပ်ကွက်တွင် စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ သား၊ သမီးများနှင့် ဒေသခံပြည်သူများ၏ သား၊ သမီးများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ကျောင်း၏လိုအပ်ချက် များဖြစ်သည့် ထရန်စဖော်မာ တပ်ဆင်ခြင်း၊ စာသင်စားပွဲနှင့်ထိုင်ခုံများ၊ ကွန်ပျူတာများဖြည့်ဆည်းပေးခြင်း၊ ကျောင်းသန့်ရှင်းရေးအတွက်ဆောင်ရွက်ပေးခြင်းနှင့် မုန့်ဈေး တန်းပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အားကစားကွင်းတည်ဆောက်ရေးအတွက်မြေဖို့ခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အ တွက် မြက်ခင်းနှင့်သစ်ပင်များစိုက်ပျိုးပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၁)စိုက်ပျိုးမွေးမြူရေး ရပ်ကွက်ရှိ တိုက်နယ်ဆေးရုံသို့ရောက်ရှိကြပြီး ဆေးရုံခွဲစိတ်ကုသဆောင်အား တပ်မတော်မှ ပြန်လည် ပြုပြင်မွမ်းမံပေးထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးအားပေး စကား ပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းတိုင်တပ်နယ်ရှိ တပ်မတော် ဆေးရုံသို့ရောက်ရှိကြရာ ဦးစွာဆေးရုံတပ်မှူးက တပ်တည်ဆောက် ရေးလုပ်ငန်းကြီး(၄) ရပ်ဆောင်ရွက် ထားရှိမှု၊ ဆေးကုဆောင်ရွက်ပေးမှုနှင့် စည်းရုံးရေး နယ်မြေများအတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။