မိမိတို့သည် ပြည်သူကြားမှ ပေါက်ဖွားလာသူများဖြစ်သဖြင့် မိမိတို့တိုင်းပြည်အတွက် နိုင်ငံသားတစ်ဦး၊ တပ်မတော်သားတစ်ဦးအနေဖြင့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်

နေပြည်တော်၊ သြဂုတ် – ၅

မိမိတို့သည် ပြည်သူကြားမှ ပေါက်ဖွားလာသူများဖြစ်သဖြင့် မိမိတို့တိုင်းပြည်အတွက် နိုင်ငံသားတစ်ဦး၊ တပ်မ တော်သားတစ်ဦးအနေဖြင့်လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့တာဝန် များကိုထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သားတစ်ဦးချင်း၏ နေထိုင်စားသောက်ရေးနှင့် ၀တ်စားဆင်ယင်မှု များကို အဆင်ပြေကောင်းမွန်အောင် ဆောင်ရွက်ပေးထားသကဲ့သို့ တပ်မတော်မှအငြိမ်းစား ယူချိန်တွင်လည်း နေထိုင် စရာများရရှိအောင်တတ်နိုင်သမျှစီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့မွန်းလွဲပိုင်း၌ သွားရောက် တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။








(Unicode Version)

မိမိတို့သည် ပြည်သူကြားမှပေါက်ဖွားလာသူများဖြစ်သဖြင့် မိမိတို့တိုင်းပြည်အတွက် နိုင်ငံသားတစ်ဦး၊ တပ်မ တော်သားတစ်ဦးအနေဖြင့်လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်

နေပြည်တော်၊ သြဂုတ် – ၅

မိမိတို့သည်ပြည်သူကြားမှပေါက်ဖွားလာသူများဖြစ်သဖြင့် မိမိတို့တိုင်းပြည်အတွက် နိုင်ငံသားတစ်ဦး၊ တပ်မ တော်သားတစ်ဦးအနေဖြင့်လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့တာဝန် များကိုထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သားတစ်ဦးချင်း၏ နေထိုင်စားသောက်ရေးနှင့် ဝတ်စားဆင်ယင်မှု များကို အဆင်ပြေကောင်းမွန်အောင် ဆောင်ရွက်ပေးထားသကဲ့သို့ တပ်မတော်မှအငြိမ်းစားယူချိန်တွင်လည်း နေထိုင်စရာများရရှိအောင် တတ်နိုင်သမျှစီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့မွန်းလွဲပိုင်း၌ သွားရောက် တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းေပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော်သည် နိုင်ငံတော်ကို ကိုယ်စားပြုသည့် တပ်မတော်ဖြစ်ပြီး တပ်မတော်၏အဓိကတာဝန်မှာ တိုင်းပြည်ကို ကာကွယ်ရန်ဖြစ်ကြောင်း၊ ထိုသို့ကာကွယ် နိုင်ရန်အတွက် တပ်မတော်အားယခုအခါ ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်ဖြစ်အောင် တည် ဆောက်လျက်ရှိကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများစွာလုပ်ဆောင် ရကြောင်း၊ စစ်ရေးစွမ်းရည်သာမက စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည် စသည့်စွမ်းရည်သုံးရပ် ထက်မြက်ရမည်ဖြစ်ကြောင်း၊ သို့မှသာစွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်တစ်ရပ် ဖြစ်လာ မည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် ရာထူး၊ အဆင့်အလိုက် တတ်ကျွမ်းသင့်သည့် စစ်ပညာ ရပ်များနှင့် ကိုင်တွယ်အသုံးပြုရသည့်လက်နက်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင် ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အသိပညာဗဟုသုတများရရှိစေရန် အတွက်သက်ဆိုင်ရာ တပ်များအလိုက် စာကြည့်တိုက်များ တည်ဆောက်ပေးထားပြီး လိုအပ်သည့်စာအုပ် စာစောင်များအားထားရှိပေးထားကြောင်း၊ တပ်မတော် သားများနှင့် မိသားစုဝင်များ အမြဲမပြတ် ဖတ်ရှုလေ့လာနိုင်ရန်အတွက် သုတ၊ ရသ စာအုပ်စာစောင် များအား တတ်နိုင်သလောက်စဉ်ဆက်မပြတ် ထုတ်ဝေပေးလျက်ရှိကြောင်း၊ ထို့အတူမိမိတို့ တပ်မတော်သား မိသားစုဝင်များနှင့် သားသမီးများပညာရည်မြင့်မားရေး အတွက်လည်း တပ်မတော်မှဆောင်ရွက်ပေးလျက်ရှိပြီး ထူးချွန်စွာအောင်မြင်သည့် တပ်မတော်သားမိသားစုဝင်သားသမီးများနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများအား ထိုက်တန်စွာဆုများပေးအပ်ချီးမြှင့်လျက်ရှိကြောင်း၊ မိမိတို့တပ်မတော်သားများ အနေဖြင့် သားသမီးများအား ပညာအမွေကိုသာအဓိကပေးနိုင်သူများဖြစ်သဖြင့် သားသမီးများ၏ပညာရေးကို အားပေး ဆောင်ရွက် စေလိုကြောင်းမှာကြားသည်။

ဆက်လက်ပြီး တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်များ အနေဖြင့် ကျရာ တာဝန်များကို ပျော်ပျော်ရွှင်ရွှင် စိတ်အားထက်သန်စွာဖြင့် ထမ်းဆောင်နိုင်မှသာ စစ်သားကောင်း၊ အရာရှိ ကောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ တပ်နေပျော်စေရေး အတွက်မူဝါဒများ ချမှတ်ပြီးဆောင်ရွက်ပေးထားသလို သတ်မှတ်ချက်များနှင့်အညီ အဆင့်တိုးမြှင့်မှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုများရှိပါကလည်း အရေးယူဆောင်ရွက်ခြင်း များရှိကြောင်း၊ မိမိတို့တပ်များကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသာယာလှပရေးအတွက် မိမိတို့ကိုယ်တိုင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်သူအရာရှိများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို စနစ်တကျစီမံခန့်ခွဲ ဆောင် ရွက်ပြီး လက်အောက်သို့ နည်းလမ်းတကျဖြင့်အုပ်ချုပ်မှုမျှတစွာ ဆောင်ရွက်သွားရန်လိုကြောင်းမှာကြားသည်။

တပ်မတော်သားများအားလုံးသည်စစ်တိုက်နိုင်စွမ်းရှိရမည်ဖြစ်ပြီး ထိုသို့စစ်တိုက်နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင် နေရန်လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိစေရန် အတွက်နေ့စဉ်သတ်မှတ်ချက်များနှင့် အညီလေ့ကျင့် နေရန် လိုအပ်ကြောင်း၊ မိမိတို့ အသက်အရွယ်နှင့်ကိုက်ညီသည့် ကျန်းမာရေးလေ့ကျင့်မှုများကို ကိုယ်စီဆောင် ရွက်ကြရန်လိုကြောင်း၊ ထို့အတူတပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းသည် တပ်မ တော်သားမိသားစုဝင်များသက်သာ ချောင်ချိရေးအတွက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကိုလည်း မိသားစုဝင်များ၏ စားရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာတပ်နေပျော်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်းရှင်းလင်းမှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာများကိုပေးအပ်ရာ တပ်နယ်မှူးမှလက်ခံရယူသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်း များ နှင့် သုတ၊ ရသစာအုပ်စာစောင်များပေးအပ်ရာ တာဝန်ရှိသူများကလက်ခံ ရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်း အနား တက်ရောက်လာကြ သည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြပြီး ဇွန်လ ပထမအပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းစဉ် ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သည့် နေရာ များအား ရေစီးရေလာကောင်းမွန်စေရေး အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုကြောင့် ရေဝင်ရောက်မှုမရှိတော့ သည့်အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။