တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်၊ စစ်တက္ကသိုလ်စာပေဌာနမှ နည်းပြပါမောက္ခ၊ ကထိကအ ရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအားတွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ၾသဂုတ္ ၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ၾသဂုတ္ ၈ ရက္ႏွင့္ ယေန႔တုိ႔တြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ စစ္တကၠသုိလ္၊ သီရိေဆာင္၌ ျပဳလုပ္သည့္ စစ္တကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၆၁) စစ္လက္႐ုံးေရြးခ်ယ္ပြဲသုိ႔ တက္ေရာက္ စိစစ္ေရြးခ်ယ္သည္။

အဆုိပါစစ္လက္႐ုံးေရြးခ်ယ္ပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ စစ္တကၠသုိလ္ ေက်ာင္းအုပ္ႀကီး ဗုိလ္မွဴးခ်ဳပ္ ထင္လတ္ဦးတုိ႔တက္ေရာက္ၾကၿပီး ဗုိလ္ေလာင္းမ်ားအား စစ္လက္႐ုံးအသီးသီးအတြက္ စိစစ္ေရြးခ်ယ္ေပးၾကသည္။

ထုိ႔ေနာက္ ေန႔လယ္ပုိင္းမ်ားတြင္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား သည္ အေနာ္ရထာတပ္ရင္းစားရိပ္သာႏွင့္ ဘုရင့္ေနာင္တပ္ရင္းစားရိပ္သာတုိ႔၌ သင္တန္းသား ဗုိလ္ေလာင္းမ်ားႏွင့္အတူ ေန႔လယ္စာကုိအတူတကြသုံးေဆာင္ၾကၿပီး စစ္လက္႐ုံးေရြးခ်ယ္မႈအား ဆက္လက္ျပဳလုပ္ခဲ့ၾကသည္။

ယင္းေနာက္ ယေန႔ ညေနပုိင္းတြင္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ စစ္တကၠသုိလ္ စာေပဌာနမွ နည္းျပ ပါေမာကၡ၊ ကထိက အရာရွိႀကီးမ်ားႏွင့္ ဆရာ၊ ဆရာမမ်ားအား န၀ေဒးခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။ ဦးစြာ ပါေမာကၡခ်ဳပ္ ဗုိလ္မွဴးခ်ဳပ္ သန္႔ဇင္အုံးက စာေပဌာနဖြဲ႕စည္းပုံႏွင့္ လုပ္ငန္းတာ၀န္မ်ား၊ မဟာဘြဲ႕သင္တန္းမ်ား၊ ပါရဂူဘြဲ႕သင္တန္းမ်ားႏွင့္ ဘာသာစကားသင္တန္းမ်ားဖြင့္လွစ္သင္ၾကားလ်က္ရွိမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ စစ္ဘက္ေခါင္းေဆာင္မ်ားသည္ ပညာတတ္သည့္သူမ်ားျဖစ္ရန္လုိေၾကာင္း၊ စစ္တကၠသုိလ္ ဆုိသည္မွာ စစ္ဘက္ေခါင္းေဆာင္မ်ားအားပညာတတ္မ်ားျဖစ္ေအာင္ သင္ၾကားေမြးထုတ္ ေပးလ်က္ရွိသည့္ တကၠသိုလ္တစ္ခုျဖစ္ေၾကာင္း၊ ပညာတတ္မ်ားျဖစ္ေစရန္အတြက္ သတ္မွတ္အရည္အခ်င္း ကုိက္ညီသူမ်ားကုိ မဟာဘြဲ႕ႏွင့္ ပါရဂူဘြဲ႕မ်ားရရွိေအာင္ ေမြးထုတ္ေပးလ်က္ရွိၿပီး အမွန္တကယ္အရည္အခ်င္းရွိရန္ လုိအပ္ေၾကာင္း၊ ဗုိလ္ေလာင္းမ်ားအား ေလ့က်င့္ေရးပုိင္းမ်ားတြင္ တပ္စုတစ္စုအား ကိုင္တြယ္ကြပ္ကဲ ႏုိင္သည့္ အရာရွိတစ္ဦးျဖစ္ေစရန္ (ၾကည္း၊ ေရ၊ ေလ) မည္သည့္ တပ္ဖြဲ႕မ်ားတြင္တာ၀န္ ထမ္းေဆာင္သည္ျဖစ္ေစ ေျခလ်င္တပ္ႏွင့္အတူတုိက္ပြဲ၀င္ႏုိင္ ေစရန္အတြက္အေျခခံမ်ား အား ေလ့က်င့္ေပးလ်က္ရွိေၾကာင္း၊ ထို႔အတူစာေပပညာသင္ၾကားမႈပုိင္းတြင္လည္း မိမိတုိ႔ရရွိသည့္ ဘာသာရပ္အလုိက္ဘြဲ႕မ်ားအား ထုိက္ထုိက္တန္တန္ျဖစ္ေစရန္အတြက္ အမွန္တကယ္တတ္ကြၽမ္းေအာင္ ေလ့က်င့္သင္ၾကားေပး ရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္တကၠသိုလ္ပညာဆုိသည္မွာ လူတစ္ဦး၏ေတြးေခၚေမွ်ာ္ျမင္မႈ ကုိ ျမႇင့္တင္ေပးသည့္ေနရာျဖစ္သျဖင့္ စာက်က္သည္ထက္ စာဖတ္မႈကုိဦးစားေပးရမည္ ျဖစ္ေၾကာင္း၊ သုိ႔မွသာ မိမိတုိ႔ဘ၀အတြက္ စဥ္းစားေတြးေခၚေမွ်ာ္ျမင္တတ္သူမ်ား ျဖစ္လာမည္ျဖစ္ေၾကာင္း၊ ထုိ႔အတူဗုိလ္ေလာင္းမ်ားဗဟုသုတရရွိေရးအတြက္ စာၾကည့္တုိက္ ဖြင့္လွစ္ေပး၍ လုိအပ္သည့္စာအုပ္မ်ားအားျဖည့္ဆည္း
ေဆာင္ရြက္ေပးထားၿပီး စာအုပ္မ်ားအားဖတ္႐ႈေစရန္ တာ၀န္ရွိသူမ်ားကႀကီးၾကပ္ကြပ္ကဲသြားရန္လုိေၾကာင္း၊ မိမိတုိ႔သင္ၾကားရသည့္ သင္တန္းသားဗုိလ္ေလာင္းမ်ားအား ေတြးေခၚေျမာ္ျမင္တတ္သည့္ စစ္ဘက္ေခါင္းေဆာင္မ်ားျဖစ္ေအာင္ သင္ၾကားေလ့က်င့္ေမြးထုတ္ေပးသည့္ေနရာတြင္ ေတြးေခၚေျမာ္ျမင္မႈကုိ အေထာက္အကူျဖစ္ေစသည့္ ၀ိဇၨာဘာသာရပ္မ်ားအားသင္ၾကားေပး ေစလ်က္ရွိျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အား ေခတ္မီတပ္မေတာ္ (Standard Army) တည္ေဆာက္ေရးတြင္ ပညာရည္ျမင့္မားမႈသည္အေရးႀကီးသည့္ အခန္းက႑မွပါ၀င္ ေၾကာင္း၊ ယေန႔ေခတ္ကာလသည္ ဘာသာရပ္ဆုိ္င္ရာတစ္ခုတည္းမဟုတ္ဘဲ အုိင္တီ နည္းပညာမ်ားလည္းပါ၀င္လာသည့္အတြက္ သက္ဆုိင္ရာနည္းပညာမ်ားအားတတ္ကြၽမ္း ရန္လုိအပ္သျဖင့္ လုိအပ္သည့္သင္ေထာက္ကူပစၥည္းမ်ားအားျဖည့္ဆည္းေဆာင္ရြက္ေပး ထားေၾကာင္း၊ ထုိ႔အတူမိမိတုိ႔တပ္မေတာ္သည္ ႏုိင္ငံတကာတပ္မေတာ္မ်ားႏွင့္ ရင္းႏွီးသည့္ ဆက္ဆံမႈရွိရန္လုိအပ္သည့္အတြက္ အဂၤလိပ္စာ တတ္ကြၽမ္းမႈရွိရန္လုိအပ္ သျဖင့္ စနစ္တက်တတ္ေျမာက္ေအာင္ သင္ၾကားေလ့က်င့္ေပးရန္လုိေၾကာင္း၊ သစၥာ၊ သူရ၊ သိပၸ ဆုိသည့္ စစ္တကၠသုိလ္၏ေဆာင္ပုဒ္ႏွင့္အညီျဖစ္ေစေရးအုပ္ထိန္းရသည့္ Guardian မ်ားက တပ္မွဴးေကာင္းသဖြယ္ မိဘစိတ္ေမြး၍ သြန္သင္ဆုံးမရန္လုိၿပီး ေကာင္းမြန္သည့္ အက်င့္မ်ားရရွိေအာင္သင္ၾကား ျပသေပးရန္လုိအပ္ေၾကာင္း၊ မဟာဘြဲ႕ႏွင့္ပါရဂူဘြဲ႕ သင္တန္းမ်ားသုိ႕ တက္ေရာက္လ်က္ရွိသည့္ အရာရွိမ်ားအား ႏုိင္ငံတကာအဆင့္မီ ထုိက္ထုိက္တန္တန္ျဖစ္ေအာင္ေလ့က်င့္သင္ၾကားၿပီး ေဆာင္ရြက္ရန္လုိေၾကာင္း၊ ဘြဲ႕လြန္ဘြဲ႕ရရွိၿပီးသား အရာရွိမ်ားအေနျဖင့္လည္း မိမိတုိ႔အရည္အေသြး ျမႇင့္တင္ရန္ အတြက္ႀကိဳးစား ေဆာင္ရြက္သြားရန္လုိေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်၊ စစ်တက္ကသိုလ်စာပေဌာနမှ နည်းပြပါမောက္ခ၊ ကထိကအ ရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ သြဂုတ် ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သြဂုတ် ၈ ရက်နှင့် ယနေ့တို့တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ သီရိဆောင်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထင်လတ်ဦးတို့တက်ရောက်ကြပြီး ဗိုလ်လောင်းများအား စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။

ထို့နောက် နေ့လယ်ပိုင်းများတွင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အနော်ရထာတပ်ရင်းစားရိပ်သာနှင့် ဘုရင့်နောင်တပ်ရင်းစားရိပ်သာတို့၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ကြပြီး စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ယနေ့ ညနေပိုင်းတွင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်တက္ကသိုလ် စာပေဌာနမှ နည်းပြ ပါမောက္ခ၊ ကထိက အရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအား နဝဒေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။ ဦးစွာ ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သန့်ဇင်အုံးက စာပေဌာနဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများနှင့် ဘာသာစကားသင်တန်းများဖွင့်လှစ်သင်ကြားလျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်ဘက်ခေါင်းဆောင်များသည် ပညာတတ်သည့်သူများဖြစ်ရန်လိုကြောင်း၊ စစ်တက္ကသိုလ် ဆိုသည်မှာ စစ်ဘက်ခေါင်းဆောင်များအားပညာတတ်များဖြစ်အောင် သင်ကြားမွေးထုတ် ပေးလျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ပညာတတ်များဖြစ်စေရန်အတွက် သတ်မှတ်အရည်အချင်း ကိုက်ညီသူများကို မဟာဘွဲ့နှင့် ပါရဂူဘွဲ့များရရှိအောင် မွေးထုတ်ပေးလျက်ရှိပြီး အမှန်တကယ်အရည်အချင်းရှိရန် လိုအပ်ကြောင်း၊ ဗိုလ်လောင်းများအား လေ့ကျင့်ရေးပိုင်းများတွင် တပ်စုတစ်စုအား ကိုင်တွယ်ကွပ်ကဲ နိုင်သည့် အရာရှိတစ်ဦးဖြစ်စေရန် (ကြည်း၊ ရေ၊ လေ) မည်သည့် တပ်ဖွဲ့များတွင်တာဝန် ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်နှင့်အတူတိုက်ပွဲဝင်နိုင် စေရန်အတွက်အခြေခံများ အား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့အတူစာပေပညာသင်ကြားမှုပိုင်းတွင်လည်း မိမိတို့ရရှိသည့် ဘာသာရပ်အလိုက်ဘွဲ့များအား ထိုက်ထိုက်တန်တန်ဖြစ်စေရန်အတွက် အမှန်တကယ်တတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားပေး ရန်လိုကြောင်းမှာကြားသည်။

ထို့နောက်တက္ကသိုလ်ပညာဆိုသည်မှာ လူတစ်ဦး၏တွေးခေါ်မျှော်မြင်မှု ကို မြှင့်တင်ပေးသည့်နေရာဖြစ်သဖြင့် စာကျက်သည်ထက် စာဖတ်မှုကိုဦးစားပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ဘဝအတွက် စဉ်းစားတွေးခေါ်မျှော်မြင်တတ်သူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အတူဗိုလ်လောင်းများဗဟုသုတရရှိရေးအတွက် စာကြည့်တိုက် ဖွင့်လှစ်ပေး၍ လိုအပ်သည့်စာအုပ်များအားဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး စာအုပ်များအားဖတ်ရှုစေရန် တာဝန်ရှိသူများကကြီးကြပ်ကွပ်ကဲသွားရန်လိုကြောင်း၊ မိမိတို့သင်ကြားရသည့် သင်တန်းသားဗိုလ်လောင်းများအား တွေးခေါ်မြော်မြင်တတ်သည့် စစ်ဘက်ခေါင်းဆောင်များဖြစ်အောင် သင်ကြားလေ့ကျင့်မွေးထုတ်ပေးသည့်နေရာတွင် တွေးခေါ်မြော်မြင်မှုကို အထောက်အကူဖြစ်စေသည့် ဝိဇ္ဇာဘာသာရပ်များအားသင်ကြားပေး စေလျက်ရှိဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အား ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေးတွင် ပညာရည်မြင့်မားမှုသည်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင် ကြောင်း၊ ယနေ့ခေတ်ကာလသည် ဘာသာရပ်ဆိုင်ရာတစ်ခုတည်းမဟုတ်ဘဲ အိုင်တီ နည်းပညာများလည်းပါဝင်လာသည့်အတွက် သက်ဆိုင်ရာနည်းပညာများအားတတ်ကျွမ်း ရန်လိုအပ်သဖြင့် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများအားဖြည့်ဆည်းဆောင်ရွက်ပေး ထားကြောင်း၊ ထို့အတူမိမိတို့တပ်မတော်သည် နိုင်ငံတကာတပ်မတော်များနှင့် ရင်းနှီးသည့် ဆက်ဆံမှုရှိရန်လိုအပ်သည့်အတွက် အင်္ဂလိပ်စာ တတ်ကျွမ်းမှုရှိရန်လိုအပ် သဖြင့် စနစ်တကျတတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ သစ္စာ၊ သူရ၊ သိပ္ပ ဆိုသည့် စစ်တက္ကသိုလ်၏ဆောင်ပုဒ်နှင့်အညီဖြစ်စေရေးအုပ်ထိန်းရသည့် Guardian များက တပ်မှူးကောင်းသဖွယ် မိဘစိတ်မွေး၍ သွန်သင်ဆုံးမရန်လိုပြီး ကောင်းမွန်သည့် အကျင့်များရရှိအောင်သင်ကြား ပြသပေးရန်လိုအပ်ကြောင်း၊ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ သင်တန်းများသို့ တက်ရောက်လျက်ရှိသည့် အရာရှိများအား နိုင်ငံတကာအဆင့်မီ ထိုက်ထိုက်တန်တန်ဖြစ်အောင်လေ့ကျင့်သင်ကြားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ဘွဲ့လွန်ဘွဲ့ရရှိပြီးသား အရာရှိများအနေဖြင့်လည်း မိမိတို့အရည်အသွေး မြှင့်တင်ရန် အတွက်ကြိုးစား ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။