တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥပဒေဒီပလိုမာ (အရာရှိ)သင်တန်းမှ သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ၾသဂုတ္ ၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိ ႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းႏွင့္တာ၀န္ရွိသူ မ်ားလုိက္ပါၿပီး ယေန႔ ညေနပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္မေတာ္အုပ္ခ်ဳပ္မႈေက်ာင္းတြင္ သင္ၾကားပုိ႔ခ်လ်က္ရွိသည့္ ဥပေဒဒီပလုိမာ(အရာရွိ) သင္တန္းမွ သင္တန္းသားအရာရွိႀကီးမ်ားအားသြားေရာက္ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

ထုိသို႔ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္မွာေခါင္းေဆာင္အျဖစ္ ေဆာင္ရြက္ေနေသာ တပ္မွဴးႀကီးမ်ားႏွင့္ တပ္မွဴးငယ္မ်ားတြင္ တရားစီရင္ေရးအာဏာႏွင့္ အုပ္ခ်ဳပ္ေရးအာဏာခြဲေ၀ေပးထားသျဖင့္ဥပေဒႏွင့္ပတ္သက္ၿပီး အကြၽမ္းတ၀င္ရွိၿပီး နားလည္မႈရွိရန္လုိအပ္သျဖင့္ ယခုကဲ့သုိ႕ဥပေဒသင္တန္းမ်ားအား ဖြင့္လွစ္သင္ၾကားေပး ရျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားအေနျဖင့္ စစ္ဘက္ဆုိင္ရာ စစ္စည္းကမ္းမ်ား၊ အရပ္ဘက္ဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းဥပေဒမ်ားအားလုိက္နာေဆာင္ရြက္ရေၾကာင္း၊ လက္နက္ကုိင္သည့္အဖြဲ႕အစည္းျဖစ္ၿပီး အဆုိပါလက္နက္မ်ားအားယုံၾကည္စိတ္ခ်စြာျဖင့္ တုိင္းျပည္ကာကြယ္ရန္ေပးအပ္ထားျခင္းျဖစ္သျဖင့္ ဥပေဒႏွင့္အညီကုိင္တြယ္ေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းဆုိသည္မွာ တုိက္တြန္းခ်က္ႏွင့္ တားျမစ္ခ်က္ပင္ျဖစ္ၿပီး တပ္မေတာ္၏ေက်ာ႐ုိးမ႑ဳိင္ျဖစ္ေၾကာင္း၊ အဆုိပါစည္းကမ္းကုိလုိက္နာျခင္းသည္ဥပေဒ ကုိလုိက္နာျခင္းပင္ျဖစ္ေၾကာင္း၊ 
ဥပေဒစည္းကမ္းမ်ားကုိမိမိတုိ႔ကုိယ္တုိင္လုိက္နာရမည္ ျဖစ္သကဲ့သုိ႔ မိမိတုိ႔ကြပ္ကဲအုပ္ခ်ဳပ္ရသည့္ အရာရွိ၊ အရာခံ၊ အၾကပ္၊ စစ္သည္မ်ား အားလည္း ဥပေဒ၏သေဘာတရားကုိသိရွိၿပီး မိမိတုိ႔အသိတရားျဖင့္လုိက္နာေဆာင္ရြက္ ႏုိင္ေအာင္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တပ္မွဴးမ်ားသည္ တရားသူႀကီး၊ ေရွ႕ေန၊ အုပ္ခ်ဳပ္သူစသည့္ လုပ္ငန္းမ်ားကုိတစ္ဦးတည္းေဆာင္ရြက္ရသူမ်ားျဖစ္သျဖင့္ တရားသူ ႀကီးကဲ့သို႔ အေတြးေခၚေကာင္းမြန္ေအာင္ေဆာင္ရြက္ရန္လုိၿပီး တရားမွ်တစြာေဆာင္ ရြက္ရန္၊ ေရွ႕ေနကဲ့သုိ႔ အျပစ္ရွိသည့္သူအားအျပစ္ေပးႏုိင္ေအာင္၊ အျပစ္မရွိသူအား အျပစ္မွလြတ္ကင္းေအာင္ေဆာင္ရြက္ေပးႏုိင္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔သုိ႔ေဆာင္ရြက္ ႏုိင္ရန္အတြက္ ဥပေဒအေၾကာင္းအရာမ်ားအား နားလည္သိရွိထားရန္လုိအပ္ေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ ယေန႔ေခတ္သည္ျပည္သူမ်ားမွေရြးခ်ယ္သည့္ပါတီစုံဒီမုိကေရစီစနစ္ ကုိေလွ်ာက္လွမ္းလ်က္ရွိသျဖင့္ မိမိတုိ႔တပ္မေတာ္အေနျဖင့္ ဥပေဒကုိအေလးထား ေဆာင္ရြက္ရန္ပုိမုိအေရးႀကီးေၾကာင္း၊ ႏုိင္ငံေတာ္မွထုတ္ျပန္ထားသည့္ဥပေဒမ်ားကုိ လုိက္နာရန္ႏွင့္သိရွိနားလည္ေအာင္ေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ ျပည္သူမ်ားဥပေဒ ႏွင့္အညီေနထုိင္ႏုိင္ရန္အတြက္ သိရွိေအာင္ေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ ကာကြယ္ေရးတာ၀န္ထမ္းေဆာင္မႈအား အေၾကာင္းျပဳၿပီး ဥပေဒခ်ိဳးေဖာက္မႈမ်ားကုိ ျပဳလုပ္၍မရေၾကာင္း၊ တပ္မေတာ္တြင္ ဥပေဒလိုက္နာမႈမရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား စိစစ္အေရးယူေဆာင္ရြက္ရသည္မ်ားရွိေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မွဴးအျဖစ္တာ၀န္ ထမ္းေဆာင္ေနသူမ်ားသည္ ဥပေဒမ်ားကုိသိရွိနားလည္ၿပီး မိမိတုိ႔ ပတ္၀န္းက်င္ရွိသူမ်ား ကုိပါဥပေဒမ်ားအားနားလည္သိရွိေအာင္ရွင္းလင္းေျပာၾကားရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားအေနျဖင့္ စစ္ပြဲဆုိင္ရာဥပေဒမ်ားႏွင့္ ပတ္သက္သည့္ ဂ်ီနီဗာ ကြန္ဗင္းရွင္းကုိလည္း လုိက္နာေဆာင္ရြက္သြားရန္လိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

အဆုိပါ ဥပေဒဒီပလုိမာ(အရာရွိ)သင္တန္းတြင္ ဗုိလ္မွဴးခ်ဳပ္ႏွင့္ဗုိလ္မွဴးႀကီး အဆင့္ရွိ အရာရွိႀကီး ၂၁ ဦးတက္ေရာက္သင္ၾကားလ်က္ရွိၿပီး သင္တန္းကာလအေနျဖင့္ ၆ လၾကာသင္ၾကားပုိ႔ခ်လ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥပဒေဒီပလိုမာ (အရာရှိ)သင်တန်းမှ သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ သြဂုတ် ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့်တာဝန်ရှိသူ များလိုက်ပါပြီး ယနေ့ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်အုပ်ချုပ်မှုကျောင်းတွင် သင်ကြားပို့ချလျက်ရှိသည့် ဥပဒေဒီပလိုမာ(အရာရှိ) သင်တန်းမှ သင်တန်းသားအရာရှိကြီးများအားသွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်မှာခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသော တပ်မှူးကြီးများနှင့် တပ်မှူးငယ်များတွင် တရားစီရင်ရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာခွဲဝေပေးထားသဖြင့်ဥပဒေနှင့်ပတ်သက်ပြီး အကျွမ်းတဝင်ရှိပြီး နားလည်မှုရှိရန်လိုအပ်သဖြင့် ယခုကဲ့သို့ဥပဒေသင်တန်းများအား ဖွင့်လှစ်သင်ကြားပေး ရခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် စစ်ဘက်ဆိုင်ရာ စစ်စည်းကမ်းများ၊ အရပ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းဥပဒေများအားလိုက်နာဆောင်ရွက်ရကြောင်း၊ လက်နက်ကိုင်သည့်အဖွဲ့အစည်းဖြစ်ပြီး အဆိုပါလက်နက်များအားယုံကြည်စိတ်ချစွာဖြင့် တိုင်းပြည်ကာကွယ်ရန်ပေးအပ်ထားခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီကိုင်တွယ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်ပင်ဖြစ်ပြီး တပ်မတော်၏ကျောရိုးမဏ္ဍိုင်ဖြစ်ကြောင်း၊ အဆိုပါစည်းကမ်းကိုလိုက်နာခြင်းသည်ဥပဒေ ကိုလိုက်နာခြင်းပင်ဖြစ်ကြောင်း၊ 
ဥပဒေစည်းကမ်းများကိုမိမိတို့ကိုယ်တိုင်လိုက်နာရမည် ဖြစ်သကဲ့သို့ မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ အားလည်း ဥပဒေ၏သဘောတရားကိုသိရှိပြီး မိမိတို့အသိတရားဖြင့်လိုက်နာဆောင်ရွက် နိုင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မှူးများသည် တရားသူကြီး၊ ရှေ့နေ၊ အုပ်ချုပ်သူစသည့် လုပ်ငန်းများကိုတစ်ဦးတည်းဆောင်ရွက်ရသူများဖြစ်သဖြင့် တရားသူ ကြီးကဲ့သို့ အတွေးခေါ်ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုပြီး တရားမျှတစွာဆောင် ရွက်ရန်၊ ရှေ့နေကဲ့သို့ အပြစ်ရှိသည့်သူအားအပြစ်ပေးနိုင်အောင်၊ အပြစ်မရှိသူအား အပြစ်မှလွတ်ကင်းအောင်ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက် နိုင်ရန်အတွက် ဥပဒေအကြောင်းအရာများအား နားလည်သိရှိထားရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ယနေ့ခေတ်သည်ပြည်သူများမှရွေးချယ်သည့်ပါတီစုံဒီမိုကရေစီစနစ် ကိုလျှောက်လှမ်းလျက်ရှိသဖြင့် မိမိတို့တပ်မတော်အနေဖြင့် ဥပဒေကိုအလေးထား ဆောင်ရွက်ရန်ပိုမိုအရေးကြီးကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့်ဥပဒေများကို လိုက်နာရန်နှင့်သိရှိနားလည်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်သူများဥပဒေ နှင့်အညီနေထိုင်နိုင်ရန်အတွက် သိရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုအား အကြောင်းပြုပြီး ဥပဒေချိုးဖောက်မှုများကို ပြုလုပ်၍မရကြောင်း၊ တပ်မတော်တွင် ဥပဒေလိုက်နာမှုမရှိသည့် အရာရှိ၊ စစ်သည်များအား စိစစ်အရေးယူဆောင်ရွက်ရသည်များရှိကြောင်း၊ ထို့ကြောင့် တပ်မှူးအဖြစ်တာဝန် ထမ်းဆောင်နေသူများသည် ဥပဒေများကိုသိရှိနားလည်ပြီး မိမိတို့ ပတ်ဝန်းကျင်ရှိသူများ ကိုပါဥပဒေများအားနားလည်သိရှိအောင်ရှင်းလင်းပြောကြားရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် စစ်ပွဲဆိုင်ရာဥပဒေများနှင့် ပတ်သက်သည့် ဂျီနီဗာ ကွန်ဗင်းရှင်းကိုလည်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

အဆိုပါ ဥပဒေဒီပလိုမာ(အရာရှိ)သင်တန်းတွင် ဗိုလ်မှူးချုပ်နှင့်ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိကြီး ၂၁ ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလအနေဖြင့် ၆ လကြာသင်ကြားပို့ချလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။