တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်နာယက ဦးမန်းဗဟာဒူး ဦးဆောင်သည့် အဖွဲ့အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕ခ်ဳပ္နာယက ဦးမန္းဗဟာဒူး ဦးေဆာင္သည့္ အဖြဲ႕အား ယေန႔နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ ေက်ာက္ဆည္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းတုိ႔ တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံလုံးဆုိင္ရာ ေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕ခ်ဳပ္နာယက ဦးမန္းဗဟာဒူးႏွင့္အတူ နာယကျဖစ္သည့္ ဦးရာဂ်န္းႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-နီေပါႏွစ္ႏုိင္ငံသည္ ယခင္ကတည္းက ခ်စ္ၾကည္ရင္းႏွီးမႈရွိခဲ့သည့္ႏုိင္ငံမ်ားျဖစ္ၿပီး ပုိမုိခ်စ္ၾကည္ရင္းႏွီးမႈ ရွိေစရန္အတြက္ ယခုကဲ့သုိ႔ေတြ႕ဆုံျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔ျမန္မာႏုိင္ငံတြင္ေရာက္ရွိေနသည့္ နီေပါႏြယ္ဖြားေဂၚရခါးလူမ်ိဳးမ်ားမွာ ယခင္ကုိလုိနီေခတ္ကပင္ ျမန္မာႏုိင္ငံတြင္ ေရာက္ရွိေနထုိင္ခဲ့ၾကၿပီး ႏုိင္ငံေတာ္အေပၚသစၥာေစာင့္သိသူမ်ားျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္ သစၥာရွိစြာျဖင့္တာ၀န္ထမ္းေဆာင္သူမ်ားလည္းရွိေၾကာင္း၊ နီေပါဖက္ဒေရးရွင္းႏုိင္ငံရွိ နီေပါ-ျမန္မာခ်စ္ၾကည္ေရးအသင္းႏွင့္အတူ ျမန္မာႏုိင္ငံႏွင့္နီေပါႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈဆက္ဆံေရးႏွင့္ ကုန္သြယ္မႈမ်ားျမႇင့္တင္ေဆာင္ရြက္ေစလုိေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္းႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးပုိမုိတုိးတက္ေကာင္းမြန္ေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈမ်ားႏွင့္ပူးေပါင္း ေဆာင္ရြက္မႈမ်ား၊ ႏွစ္ႏုိင္ငံအက်ိဳးတူကိစၥရပ္မ်ားကုိ ပုိမုိခုိင္မာေအာင္ေဆာင္ရြက္ေစလုိေၾကာင္း၊ မည္သည့္ႏုိင္ငံသားမဆုိ၊ မည္သည့္အဖြဲ႕အစည္းမဆုိ အစြဲမႀကီးဘဲအားလုံး ညီညီၫြတ္ၫြတ္၊ စည္းစည္းလုံးလုံးျဖင့္ ေနထုိင္ၾကေစလုိေၾကာင္း၊ အမ်ိဳးသားေရးစ႐ုိက္လကၡဏာ ယဥ္ေက်းမႈအစဥ္အလာမ်ားကုိ ထိန္းသိမ္းရန္အေရးႀကီးေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ေဂၚရခါးလူမ်ိဳးမ်ားျမန္မာ့တပ္မေတာ္တြင္ သစၥာရွိစြာျဖင့္ တာ၀န္ထမ္းေဆာင္ခဲ့မႈအေျခအေနမ်ားႏွင့္ လက္ရွိတြင္လည္း တာ၀န္ထမ္းေဆာင္ေနမႈအေျခအေန မ်ား၊ ေဂၚရခါးလူမ်ိဳးမ်ား၏ က်န္းမာေရး၊ ပညာေရးႏွင့္ လူမႈေရးကိစၥရပ္မ်ားအား ျမန္မာႏုိင္ငံလုံးဆိုင္ရာ ေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕ခ်ဳပ္မွ ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ေဂၚရခါးလူမ်ိဳးမ်ား၏ ယဥ္ေက်းမႈမ်ားအား ထိန္းသိမ္းေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရင္းႏွီးစြာေဆြးေႏြးခဲ့ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံလုံးဆုိင္ရာ ေဂၚရခါး အဖြဲ႕ခ်ဳပ္နာယက ဦးမန္းဗဟာဒူးႏွင့္အဖြဲ႕၀င္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ရာ ဦးမန္းဗဟာဒူးႏွင့္ အဖြဲ႕၀င္မ်ားကလက္ခံရယူၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ျပန္လည္ေပးအပ္ခဲ့ကာ စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်နာယက ဦးမန်းဗဟာဒူး ဦးဆောင်သည့် အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်နာယက ဦးမန်းဗဟာဒူး ဦးဆောင်သည့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ကျောက်ဆည်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းတို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်နာယက ဦးမန်းဗဟာဒူးနှင့်အတူ နာယကဖြစ်သည့် ဦးရာဂျန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-နီပေါနှစ်နိုင်ငံသည် ယခင်ကတည်းက ချစ်ကြည်ရင်းနှီးမှုရှိခဲ့သည့်နိုင်ငံများဖြစ်ပြီး ပိုမိုချစ်ကြည်ရင်းနှီးမှု ရှိစေရန်အတွက် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် နီပေါနွယ်ဖွားဂေါ်ရခါးလူမျိုးများမှာ ယခင်ကိုလိုနီခေတ်ကပင် မြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်ခဲ့ကြပြီး နိုင်ငံတော်အပေါ်သစ္စာစောင့်သိသူများဖြစ်ကြောင်း၊ တပ်မတော်တွင် သစ္စာရှိစွာဖြင့်တာဝန်ထမ်းဆောင်သူများလည်းရှိကြောင်း၊ နီပေါဖက်ဒရေးရှင်းနိုင်ငံရှိ နီပေါ-မြန်မာချစ်ကြည်ရေးအသင်းနှင့်အတူ မြန်မာနိုင်ငံနှင့်နီပေါနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးနှင့် ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့်ပူးပေါင်း ဆောင်ရွက်မှုများ၊ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ပိုမိုခိုင်မာအောင်ဆောင်ရွက်စေလိုကြောင်း၊ မည်သည့်နိုင်ငံသားမဆို၊ မည်သည့်အဖွဲ့အစည်းမဆို အစွဲမကြီးဘဲအားလုံး ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် နေထိုင်ကြစေလိုကြောင်း၊ အမျိုးသားရေးစရိုက်လက္ခဏာ ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းရန်အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် ဂေါ်ရခါးလူမျိုးများမြန်မာ့တပ်မတော်တွင် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့မှုအခြေအနေများနှင့် လက်ရှိတွင်လည်း တာဝန်ထမ်းဆောင်နေမှုအခြေအနေ များ၊ ဂေါ်ရခါးလူမျိုးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စရပ်များအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဂေါ်ရခါးလူမျိုးများ၏ ယဉ်ကျေးမှုများအား ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး အဖွဲ့ချုပ်နာယက ဦးမန်းဗဟာဒူးနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ ဦးမန်းဗဟာဒူးနှင့် အဖွဲ့ဝင်များကလက်ခံရယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကာ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။