တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) တက်ရောက်ရန်ထွက်ခွာ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၁၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွား ဖက္ဒေရးရွင္း ႏုိင္ငံတြင္က်င္းပျပဳလုပ္မည့္ ႏုိင္ငံတကာစစ္ဘက္နည္းပညာဖိုရမ္ (Army Forum-2018) ႏွင့္ ႏုိင္ငံတကာအမ်ိဳးသားလုံၿခဳံေရးဖုိရမ္ (Week of National Security) သုိ႕တက္ေရာက္ရန္အတြက္ ယေန႔ညေနပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕အား ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးမ်ဳိးေဇာ္သိန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ၊ ျမန္မာႏုိင္ငံဆုိင္ရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသံ႐ုံးဒုတိယအႀကီးအကဲ Dr. Sergey LIZOGUB၊ ဒုတိယစစ္သံမွဴး Lieutenant Colonel Alexey N. Yumatov ႏွင့္တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ပုိ႔ေဆာင္ ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗိုလ္ခ်ဳပ္ မုိးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္ စုိး၀င္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား အဖြဲ႕၀င္အျဖစ္ လုိက္ပါသြားၾကၿပီး ခရီးစဥ္အတြင္း ႏုိင္ငံတကာစစ္ဘက္နည္းပညာဖိုရမ္(Army Forum-2018) ႏွင့္ ႏုိင္ငံတကာအမ်ိဳးသားလုံၿခဳံေရးဖုိရမ္ (Week of National Security) သုိ႔ တက္ေရာက္ၿပီး ႐ုရွားႏုိင္ငံရွိ အထင္ကရေနရာမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာသြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ရေးရှင်း နိုင်ငံတွင်ကျင်းပပြုလုပ်မည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) တက်ရောက်ရန်ထွက်ခွာ

နေပြည်တော်၊ သြဂုတ် – ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတွင်ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) သို့တက်ရောက်ရန်အတွက် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးဒုတိယအကြီးအကဲ Dr. Sergey LIZOGUB၊ ဒုတိယစစ်သံမှူး Lieutenant Colonel Alexey N. Yumatov နှင့်တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင် နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဗိုလ်ချုပ် စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပြီး ခရီးစဉ်အတွင်း နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်(Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) သို့ တက်ရောက်ပြီး ရုရှားနိုင်ငံရှိ အထင်ကရနေရာများအား လှည့်လည်ကြည့်ရှုလေ့လာသွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။