တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသည့် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၄

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ႐ုရွားႏုိင္ငံတြင္ ဘြဲ႕လြန္သင္တန္း၊ ပါရဂူသင္တန္းႏွင့္ Doctor of Science သင္တန္းမ်ား တက္ေရာက္ေနသည့္ တပ္မေတာ္အရာရွိမ်ားအား ယေန႔နံနက္ပုိင္းတြင္ ေမာ္စကုိၿမိဳ႕ရွိ D. Mendeleev University of Chemical Technology of Russia တကၠသုိလ္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဗုိလ္ခ်ဳပ္ မုိးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္ စုိး၀င္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ၫြန္႔ေဆြ၊ ႐ုရွားႏုိင္ငံတြင္ ဘြဲ႕လြန္သင္တန္း၊ ပါရဂူသင္တန္းႏွင့္ Doctor of Science သင္တန္းမ်ား တက္ေရာက္ေနသည့္ သင္တန္းသားအရာရွိမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ D. Mendeleev University of Chemical Technology of Russia တကၠသုိလ္သုိ႔ေရာက္ရွိရာ ဒုတိယပါေမာကၡခ်ဳပ္ Dmitry SAKHAROV ၊ အုပ္ခ်ဳပ္ေရးအဖြဲ႕၀င္မ်ားႏွင့္ သင္တန္းသားအရာရွိမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ အစည္းအေ၀းခန္းမတြင္ ဒုတိယပါေမာကၡခ်ဳပ္က ျမန္မာႏုိင္ငံမွ သင္တန္းသားအရာရွိမ်ား သင္တန္း တက္ေရာက္ခဲ့မႈ အေျခအေနမ်ားႏွင့္ ဆက္လက္တက္ေရာက္ေနသည့္ အေျခအေနမ်ား၊ တကၠသုိလ္ ပညာရပ္မ်ား သင္ၾကားပုိ႔ခ်လ်က္ရွိသည့္ အေျခအေနမ်ားအား ရွင္းလင္းေျပာၾကားရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံမွ တပ္မေတာ္အရာရွိမ်ားအား ႐ုရွားႏုိင္ငံသုိ႔ ပညာေတာ္သင္ ေစလႊတ္လ်က္ရွိမႈ အေျခအေနမ်ားအား ျပန္လည္ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းသားအရာရွိမ်ားအား အမွာစကားေျပာၾကားရာတြင္ ၂၀၀၁ ခုႏွစ္မွစတင္၍ ႐ုရွားႏုိင္ငံသုိ႔ တပ္မေတာ္သား ပညာေတာ္သင္ သင္တန္းသားမ်ားေစလႊတ္ခဲ့ျခင္းျဖစ္ၿပီး ဘြဲ႕လြန္ႏွင့္ ပါရဂူသင္တန္းသားမ်ားအျပင္ ႐ုရွားႏုိင္ငံတြင္ အျမင့္ဆုံးဘြဲ႕ျဖစ္သည့္ Doctor of Science ဘြဲ႕ ရရွိခဲ့သည့္ ထူးခြၽန္ေက်ာင္းသားမ်ား ထြက္ေပၚခဲ့ေၾကာင္း၊ ထုိသုိ႔ထြက္ေပၚလာျခင္းအားျဖင့္ မိမိတုိ႔ တပ္မေတာ္သားအရာရွိမ်ားအေနျဖင့္ ႏိုင္ငံတကာႏွင့္ ရင္ေပါင္တန္းႏုိင္သည့္ အရာရွိမ်ားျဖစ္သည္ကုိ ေတြ႕ရွိရေၾကာင္း၊ ထုိကဲ့သုိ႔ထူးခြၽန္ခဲ့သည့္ အရာရွိမ်ားကုိလည္း မိမိတုိ႔အေနျဖင့္ ခ်ီးျမႇင့္မႈမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း၊ တပ္မေတာ္၏အဓိကတာ၀န္မွာ ႏုိင္ငံေတာ္ကုိကာကြယ္ရန္ျဖစ္ေၾကာင္း၊ ထုိသုိ႔ ေဆာင္ရြက္ႏုိင္ရန္အတြက္ အရည္အခ်င္းရွိသည့္ တပ္မေတာ္ Standard Army အျဖစ္ တည္ေဆာက္လ်က္ရွိေၾကာင္း၊ Standard Army အျဖစ္တည္ေဆာက္ရာတြင္ တစ္ဦးခ်င္းစြမ္းရည္၊ တစ္ဦးခ်င္း စြမ္းပကားမ်ား၊ စစ္ေရးစြမ္းရည္၊ စည္း႐ုံးေရးစြမ္းရည္၊ အုပ္ခ်ဳပ္ေရးစြမ္းရည္၊ ေခါင္းေဆာင္မႈစြမ္းရည္မ်ားအျပင္ ပညာရပ္ဆုိင္ရာ စြမ္းရည္မ်ားျမႇင့္တင္ေရးအတြက္ မိမိတုိ႔တပ္မေတာ္အေနျဖင့္ အနာဂတ္အတြက္ ေမွ်ာ္မွန္း ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး တပ္မေတာ္တစ္ရပ္လုံး ပညာရည္ျမႇင့္တင္ေရးကုိ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခုအခါ တပ္မေတာ္အရာရွိမ်ားအား ႏုိင္ငံတကာဆက္ဆံေရးသင္တန္းမ်ားကုိ ပါသင္ၾကားေစလ်က္ရွိေၾကာင္း၊ ထုိသုိ႔ ပညာရပ္မ်ားအားသင္ၾကားေစခ်င္းမွာ အရည္အခ်င္းျပည့္၀သည့္ အရာရွိမ်ားထြက္ေပၚလာေအာင္ ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း၊ သင္တန္းသားအရာရွိမ်ားအေနျဖင့္ ေငြ၊ အခ်ိန္ႏွင့္လုပ္အားမ်ား ရင္းႏွီး၍ သင္တန္းတက္ေရာက္ေနျခင္း ျဖစ္သည့္အတြက္ မိမိတုိ႔သက္ဆုိင္ရာဘာသာရပ္ အလုိက္ တတ္ကြၽမ္း သည္အထိ သင္ၾကားရန္လုိေၾကာင္း၊ တုိင္းျပည္တစ္ခု၊ တပ္မေတာ္တစ္ခုကုိ တည္ေဆာက္ရာတြင္ တာ၀န္ထမ္းေဆာင္ေနသူမ်ားအေနျဖင့္ စြမ္းရည္ရွိရန္လုိအပ္ၿပီး ေခါင္းေဆာင္မႈေပးႏုိင္သည့္ လူမ်ားျဖစ္ရန္ အထူးလုိအပ္ေၾကာင္း ရွင္းလင္းမွာၾကားသည္။

ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လူတုိင္းတြင္ တူညီသည့္ အခြင့္အေရးမ်ားရွိေၾကာင္း၊ မိမိတုိ႔ႀကိဳးစားမႈအေပၚမူတည္၍ အဆင့္လုိက္ကြာျခားမႈမ်ား ျဖစ္ေပၚသြားေၾကာင္း၊ အားလုံးနံပါတ္တစ္ မျဖစ္ႏုိင္ေသာ္လည္း နံပါတ္တစ္ျဖစ္ေအာင္ ႀကိဳးစားခြင့္ရွိသည့္အတြက္ အားလုံးႀကိဳးစား ေဆာင္ရြက္ေစခ်င္ေၾကာင္း၊ မိမိတုိ႔ဘ၀ တုိးတက္ရာလမ္းေၾကာင္း မထိခုိက္ရန္အတြက္ ေနထုိင္မႈမွအစ မိမိကုိယ္ကုိတန္ဖုိးထား၍ ထိန္းသိမ္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မည္သည့္ေနရာတြင္ ေရာက္ရွိ ေနသည္ျဖစ္ေစ တပ္မေတာ္သားေကာင္း တစ္ေယာက္အျဖစ္ ေနထုိင္ရန္လုိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ႏုိင္ငံ ရပ္ျခားတြင္လာေရာက္ ပညာသင္ၾကား ေနၾကသူမ်ားျဖစ္သျဖင့္ အားလုံးညီရင္းအစ္ကုိစိတ္ဓာတ္၊ မိသားစုစိတ္ဓာတ္ျဖင့္ စည္းစည္းလုံးလုံး ေနထုိင္ၾကရန္လုိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ မိသားစု စိတ္ဓာတ္ျဖင့္ စုစုစည္းစည္းျဖင့္ေနထုိင္၍ အမိန္႔နာခံမႈေကာင္းသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး အဆင့္ဆင့္ေသာ ေခါင္းေဆာင္မႈမ်ားျဖင့္ လုပ္ငန္းမ်ား ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ေခါင္းေဆာင္လုပ္သူ မ်ားသည္ ေခါင္းေဆာင္စိတ္ဓာတ္၊ မိဘသဖြယ္စိတ္ဓာတ္ျဖင့္ ညီၫြတ္စြာကြပ္ကဲ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ႏုိင္ရန္အတြက္ အေျခခံလုိအပ္သည့္ ေခါင္းေဆာင္မႈပညာရပ္မ်ားအား သင္တန္းေက်ာင္း မ်ားတြင္ ေလ့က်င့္သင္ၾကား ေပးၿပီးျဖစ္ေၾကာင္း၊ အထက္ႏွင့္ေအာက္ အျပန္အလွန္ေလးစားမႈရွိစြာျဖင့္ ေနထုိင္ၾကရန္ လုိအပ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ ျမန္မာႏုိင္ငံ၏ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ တပ္မေတာ္၏ စြမ္းရည္ျမင့္မားေရး ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရွင္းလင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုရွားႏုိင္ငံရွိတကၠသိုလ္ အသီးသီးတြင္ သင္တန္း တက္ေရာက္လ်က္ရွိသည့္ သင္တန္းသား အရာရွိမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ ခ်ီးျမႇင့္ေငြမ်ား ေပးအပ္ရာ ေက်ာင္းအလုိက္ကုိယ္စားလွယ္ အရာရွိမ်ားက လက္ခံရယူၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အခမ္းအနားတက္ေရာက္လာၾကသည့္ သင္တန္းသားအရာရွိမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသည့် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ သြဂုတ် ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသည့် တပ်မတော်အရာရှိများအား ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ D. Mendeleev University of Chemical Technology of Russia တက္ကသိုလ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဗိုလ်ချုပ် စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေ၊ ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသည့် သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် D. Mendeleev University of Chemical Technology of Russia တက္ကသိုလ်သို့ရောက်ရှိရာ ဒုတိယပါမောက္ခချုပ် Dmitry SAKHAROV ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အစည်းအဝေးခန်းမတွင် ဒုတိယပါမောက္ခချုပ်က မြန်မာနိုင်ငံမှ သင်တန်းသားအရာရှိများ သင်တန်း တက်ရောက်ခဲ့မှု အခြေအနေများနှင့် ဆက်လက်တက်ရောက်နေသည့် အခြေအနေများ၊ တက္ကသိုလ် ပညာရပ်များ သင်ကြားပို့ချလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံမှ တပ်မတော်အရာရှိများအား ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်လျက်ရှိမှု အခြေအနေများအား ပြန်လည်ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားအရာရှိများအား အမှာစကားပြောကြားရာတွင် ၂၀၀၁ ခုနှစ်မှစတင်၍ ရုရှားနိုင်ငံသို့ တပ်မတော်သား ပညာတော်သင် သင်တန်းသားများစေလွှတ်ခဲ့ခြင်းဖြစ်ပြီး ဘွဲ့လွန်နှင့် ပါရဂူသင်တန်းသားများအပြင် ရုရှားနိုင်ငံတွင် အမြင့်ဆုံးဘွဲ့ဖြစ်သည့် Doctor of Science ဘွဲ့ ရရှိခဲ့သည့် ထူးချွန်ကျောင်းသားများ ထွက်ပေါ်ခဲ့ကြောင်း၊ ထိုသို့ထွက်ပေါ်လာခြင်းအားဖြင့် မိမိတို့ တပ်မတော်သားအရာရှိများအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အရာရှိများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ထူးချွန်ခဲ့သည့် အရာရှိများကိုလည်း မိမိတို့အနေဖြင့် ချီးမြှင့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကိုကာကွယ်ရန်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းရှိသည့် တပ်မတော် Standard Army အဖြစ် တည်ဆောက်လျက်ရှိကြောင်း၊ Standard Army အဖြစ်တည်ဆောက်ရာတွင် တစ်ဦးချင်းစွမ်းရည်၊ တစ်ဦးချင်း စွမ်းပကားများ၊ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်များအပြင် ပညာရပ်ဆိုင်ရာ စွမ်းရည်များမြှင့်တင်ရေးအတွက် မိမိတို့တပ်မတော်အနေဖြင့် အနာဂတ်အတွက် မျှော်မှန်း ဆောင်ရွက်နေခြင်းဖြစ်ပြီး တပ်မတော်တစ်ရပ်လုံး ပညာရည်မြှင့်တင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တပ်မတော်အရာရှိများအား နိုင်ငံတကာဆက်ဆံရေးသင်တန်းများကို ပါသင်ကြားစေလျက်ရှိကြောင်း၊ ထိုသို့ ပညာရပ်များအားသင်ကြားစေချင်းမှာ အရည်အချင်းပြည့်ဝသည့် အရာရှိများထွက်ပေါ်လာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် ငွေ၊ အချိန်နှင့်လုပ်အားများ ရင်းနှီး၍ သင်တန်းတက်ရောက်နေခြင်း ဖြစ်သည့်အတွက် မိမိတို့သက်ဆိုင်ရာဘာသာရပ် အလိုက် တတ်ကျွမ်း သည်အထိ သင်ကြားရန်လိုကြောင်း၊ တိုင်းပြည်တစ်ခု၊ တပ်မတော်တစ်ခုကို တည်ဆောက်ရာတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် စွမ်းရည်ရှိရန်လိုအပ်ပြီး ခေါင်းဆောင်မှုပေးနိုင်သည့် လူများဖြစ်ရန် အထူးလိုအပ်ကြောင်း ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လူတိုင်းတွင် တူညီသည့် အခွင့်အရေးများရှိကြောင်း၊ မိမိတို့ကြိုးစားမှုအပေါ်မူတည်၍ အဆင့်လိုက်ကွာခြားမှုများ ဖြစ်ပေါ်သွားကြောင်း၊ အားလုံးနံပါတ်တစ် မဖြစ်နိုင်သော်လည်း နံပါတ်တစ်ဖြစ်အောင် ကြိုးစားခွင့်ရှိသည့်အတွက် အားလုံးကြိုးစား ဆောင်ရွက်စေချင်ကြောင်း၊ မိမိတို့ဘ၀ တိုးတက်ရာလမ်းကြောင်း မထိခိုက်ရန်အတွက် နေထိုင်မှုမှအစ မိမိကိုယ်ကိုတန်ဖိုးထား၍ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သည့်နေရာတွင် ရောက်ရှိ နေသည်ဖြစ်စေ တပ်မတော်သားကောင်း တစ်ယောက်အဖြစ် နေထိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံ ရပ်ခြားတွင်လာရောက် ပညာသင်ကြား နေကြသူများဖြစ်သဖြင့် အားလုံးညီရင်းအစ်ကိုစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့တပ်မတော်သည် မိသားစု စိတ်ဓာတ်ဖြင့် စုစုစည်းစည်းဖြင့်နေထိုင်၍ အမိန့်နာခံမှုကောင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆင့်ဆင့်သော ခေါင်းဆောင်မှုများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခေါင်းဆောင်လုပ်သူ များသည် ခေါင်းဆောင်စိတ်ဓာတ်၊ မိဘသဖွယ်စိတ်ဓာတ်ဖြင့် ညီညွတ်စွာကွပ်ကဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အခြေခံလိုအပ်သည့် ခေါင်းဆောင်မှုပညာရပ်များအား သင်တန်းကျောင်း များတွင် လေ့ကျင့်သင်ကြား ပေးပြီးဖြစ်ကြောင်း၊ အထက်နှင့်အောက် အပြန်အလှန်လေးစားမှုရှိစွာဖြင့် နေထိုင်ကြရန် လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် တပ်မတော်၏ စွမ်းရည်မြင့်မားရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံရှိတက္ကသိုလ် အသီးသီးတွင် သင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ ကျောင်းအလိုက်ကိုယ်စားလှယ် အရာရှိများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် သင်တန်းသားအရာရှိများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။