တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA  အား ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီးႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ ဂ်ပန္ႏုိင္ငံကကူညီ ေဆာင္ရြက္ေပး လ်က္ရွိသည့္အေျခအေနမ်ား၊ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထုိးထားသည့္နယ္ေျမမ်ား၌ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ဂ်ပန္ႏုိင္ငံက ကူညီ ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ ရင္းႏွီးမႈတုိးျမႇင့္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် – ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA  အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံကကူညီ ဆောင်ရွက်ပေး လျက်ရှိသည့်အခြေအနေများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်နယ်မြေများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ကူညီ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် တပ်မတော်နှစ်ရပ်အကြားချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။