တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိပ်ဖြူတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ၾသဂုတ္ ၃၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ဆိပ္ျဖဴတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ စက္႐ုံ၀န္ထမ္းမ်ားအား ၾသဂုတ္ ၂၉ ရက္ ညေနပုိင္းတြင္ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ဖုန္းျမတ္ႏွင့္ တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ စက္႐ုံ၀န္ထမ္းမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ မိမိတုိ႔တပ္မေတာ္အား စံခ်ိန္မီတပ္မေတာ္ (Standard Army)တည္ေဆာက္ရာတြင္ တပ္ဆင္ထားသည့္လက္နက္မ်ား ေခတ္မီေအာင္ေဆာင္ရြက္ ေနေၾကာင္း၊ အဆင့္ျမင့္သည့္ လက္နက္မ်ားကုိ အသုံးျပဳႏုိင္ရန္အတြက္ တပ္မေတာ္သားမ်ားအေနျဖင့္ အရည္အခ်င္း ရွိရန္လိုအပ္သျဖင့္ တပ္မေတာ္တစ္ရပ္လုံး ပညာရည္ျမႇင့္တင္ေရးကိုလည္းေဆာင္ရြက္ခဲ့ေၾကာင္း၊ (ၾကည္း၊ေရ၊ေလ) တပ္ဖြဲ႕အလုိက္အသုံးျပဳသည့္လက္နက္မ်ားကုိလည္း ကြၽမ္းက်င္မႈရွိေအာင္ေလ့က်င့္ ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားသည္ ၂၄ နာရီတာ၀န္ရွိသူမ်ားျဖစ္သျဖင့္ တပ္မေတာ္သားမ်ား၏ ေနထုိင္စားေသာက္ေရးအတြက္ လုိအပ္သည္မ်ားအဆင့္အတန္းမီေအာင္ျဖည့္ဆည္းေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ား၏ပညာရည္ျမႇင့္တင္ေရးအတြက္ ေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ မွီခုိသူ ရဲေမမ်ားႏွင့္ မိသားစု၀င္မ်ား၏ ပညာရည္ျမႇင့္တင္ေရးအတြက္လည္း ေဆာင္ရြက္ေပးလ်က္ရွိၿပီး ထူးခြၽန္သည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ထုိက္တန္စြာဆုမ်ားခ်ီးျမႇင့္ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အတူ တပ္မေတာ္သားမ်ားႏွင့္ မွီခုိသူမိသားစုမ်ား၏က်န္းမာေရးအတြက္ ေဆး၀န္ထမ္းတပ္ဖြဲ႕မွ အေလးထားေဆာင္ရြက္ေစလ်က္ရွိေၾကာင္း၊ အလားတူသတ္မွတ္ထားသည့္ စစ္မႈထမ္းသက္မ်ားအလုိက္ ျပစ္မႈကင္းရွင္းသည့္ စစ္မႈထမ္းမ်ားအား သတ္မွတ္ခ်က္မ်ားႏွင့္အညီ အဆင့္တုိးျမႇင့္ေပးျခင္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ စစ္မႈထမ္းေဟာင္းအိမ္ရာမ်ားတည္ေဆာက္ၿပီး အၿငိမ္းစား အရာရွိ၊ စစ္သည္မ်ားအား ဦးစားေပးသတ္မွတ္ခ်က္မ်ားႏွင့္အညီ ေနရာခ်ထားေပးလ်က္ရွိၿပီး စစ္မႈထမ္းေဟာင္းအိမ္ရာမ်ားအား ဘ႑ာေငြႏွင့္ရံပုံေငြရရွိမႈအေပၚမူတည္ၿပီး ဆက္လက္တည္ေဆာက္ေနရာခ်ထားေပးလ်က္ရွိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားသက္သာေခ်ာင္ခ်ိေရးအတြက္ သက္ဆုိင္ရာ တပ္/ဌာနခ်ဳပ္မ်ားအလုိက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေစၿပီး အဆုိပါစုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွထြက္ရွိလာသည့္ ဟင္းသီးဟင္းရြက္မ်ား၊ အသားငါးမ်ားႏွင့္ ၾကက္ဥမ်ားအား သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားအေနျဖင့္ စည္းကမ္းႏွင့္အညီေနထုိင္ရန္လုိအပ္ၿပီး မိမိတုိ႔အခက္အခဲႏွင့္လုိအပ္ခ်က္မ်ားအား သက္ဆုိင္ရာ အရာရွိမ်ားထံသုိ႔ စည္းကမ္းႏွင့္အညီ သတင္းပုိ႔၍ေျဖရွင္းေဆာင္ရြက္ႏုိင္ေၾကာင္း၊ ထုိ႔အတူ တပ္မေတာ္သားအခ်င္းခ်င္း အဆင့္လုိက္ေလးစားမႈရွိစြာျဖင့္ တာ၀န္ထမ္းေဆာင္ရန္လုိအပ္ၿပီး မိသားစုစိတ္ဓာတ္ျဖင့္ ေနထုိင္ရန္လုိအပ္ေၾကာင္း၊ ကြပ္ကဲအုပ္ခ်ဳပ္သူမ်ားအေနျဖင့္ တပ္မွဴးေကာင္းသဖြယ္စိတ္ဓာတ္ႏွင့္ ဖခင္သဖြယ္ စိတ္ဓာတ္ရွိရမည္ျဖစ္ေၾကာင္း၊ ကြပ္ကဲအုပ္ခ်ဳပ္ေနသူမ်ားအေနျဖင့္ အုပ္ခ်ဳပ္မႈညီၫြတ္မွ်တရန္လုိအပ္ေၾကာင္း၊ အဆင့္လုိက္ညီၫြတ္မွ်တစြာကြပ္ကဲအုပ္ခ်ဳပ္ျခင္းသည္ တပ္မေတာ္၏အစဥ္အလာေကာင္းတစ္ရပ္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းတာ၀န္ေက်ပြန္စြာ ထမ္းေဆာင္မႈမ်ားမွတစ္ဆင့္ တပ္ဖြဲ႕တစ္ဖြဲ႕လုံး၊ တပ္မေတာ္တစ္ရပ္လုံး ေကာင္းမြန္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ တုိင္းျပည္၏အစိတ္အပုိင္းတစ္ခုျဖစ္ၿပီး တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ား၏ အစိတ္အပုိင္းတစ္ခုျဖစ္ေၾကာင္း၊ တုိင္းျပည္ကုိ ကုိယ္စားျပဳသည့္ တပ္မေတာ္ျဖစ္သျဖင့္ ျပည္သူလူထုႏွင့္ႏုိင္ငံေတာ္ကုိကာကြယ္ေစာင့္ေရွာက္ရမည္ျဖစ္ၿပီး ျပည္သူလူထုက အားကိုးရသည့္ တုိင္းျပည္ကအားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ အၿမဲတမ္းႀကိဳးစားေဆာင္ရြက္သြားရန္ လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)တုိ႔က စားေသာက္ဖြယ္ရာမ်ားေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနား တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ စက္႐ုံ၀န္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ယေန႔နံနက္ပုိင္းတြင္ တပ္မေတာ္ အႀကီးစားစက္႐ုံသုိ႔ေရာက္ရွိၾကရာ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ေက်ာ္စြာလင္းႏွင့္ တာ၀န္ရွိသူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကၿပီး စက္႐ုံအစည္းအေ၀းခန္းမတြင္စက္႐ုံမွဴးက စက္႐ုံမွ ေမာ္ေတာ္ယာဥ္ႏွင့္ဆက္စပ္ပစၥည္းမ်ား ထုတ္လုပ္ေနမႈ အေျခအေနမ်ားအားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္စက္႐ုံအတြင္း ရွိအလုပ္႐ုံမ်ားအတြင္း ေမာ္ေတာ္ယာဥ္အတြက္ ဆက္စပ္ပစၥည္းမ်ားထုတ္လုပ္ေနမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈစစ္ေဆးရာ စက္႐ုံမွဴးႏွင့္တာ၀န္္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံ၀န္ထမ္းမ်ားအား ေတြ႕ဆုံ၍ မိမိတုိ႔တပ္မေတာ္ႏွင့္ ႏုိင္ငံအတြက္ အေရးႀကီးေသာစက္႐ုံ တစ္႐ုံဟုခံယူ၍ မိမိတုိ႔ကုိယ္စြမ္းဉာဏ္စြမ္းရွိသမွ် ႀကိဳးပမ္းအားထုတ္ၾကရန္မွာၾကားၿပီး စက္႐ုံ၀န္ထမ္းမ်ား၏ လုိအပ္ခ်က္မ်ားအားျဖည့္ဆည္းေပးကာ စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိပ်ဖြူတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ သြဂုတ် ၃၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဆိပ်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စက်ရုံဝန်ထမ်းများအား သြဂုတ် ၂၉ ရက် ညနေပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စက်ရုံဝန်ထမ်းများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော်အား စံချိန်မီတပ်မတော် (Standard Army)တည်ဆောက်ရာတွင် တပ်ဆင်ထားသည့်လက်နက်များ ခေတ်မီအောင်ဆောင်ရွက် နေကြောင်း၊ အဆင့်မြင့်သည့် လက်နက်များကို အသုံးပြုနိုင်ရန်အတွက် တပ်မတော်သားများအနေဖြင့် အရည်အချင်း ရှိရန်လိုအပ်သဖြင့် တပ်မတော်တစ်ရပ်လုံး ပညာရည်မြှင့်တင်ရေးကိုလည်းဆောင်ရွက်ခဲ့ကြောင်း၊ (ကြည်း၊ရေ၊လေ) တပ်ဖွဲ့အလိုက်အသုံးပြုသည့်လက်နက်များကိုလည်း ကျွမ်းကျင်မှုရှိအောင်လေ့ကျင့် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် ၂၄ နာရီတာဝန်ရှိသူများဖြစ်သဖြင့် တပ်မတော်သားများ၏ နေထိုင်စားသောက်ရေးအတွက် လိုအပ်သည်များအဆင့်အတန်းမီအောင်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများ၏ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မှီခိုသူ ရဲမေများနှင့် မိသားစုဝင်များ၏ ပညာရည်မြှင့်တင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများအား ထိုက်တန်စွာဆုများချီးမြှင့်ပေးလျက်ရှိကြောင်း၊ ထို့အတူ တပ်မတော်သားများနှင့် မှီခိုသူမိသားစုများ၏ကျန်းမာရေးအတွက် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အလေးထားဆောင်ရွက်စေလျက်ရှိကြောင်း၊ အလားတူသတ်မှတ်ထားသည့် စစ်မှုထမ်းသက်များအလိုက် ပြစ်မှုကင်းရှင်းသည့် စစ်မှုထမ်းများအား သတ်မှတ်ချက်များနှင့်အညီ အဆင့်တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာများတည်ဆောက်ပြီး အငြိမ်းစား အရာရှိ၊ စစ်သည်များအား ဦးစားပေးသတ်မှတ်ချက်များနှင့်အညီ နေရာချထားပေးလျက်ရှိပြီး စစ်မှုထမ်းဟောင်းအိမ်ရာများအား ဘဏ္ဍာငွေနှင့်ရံပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်တည်ဆောက်နေရာချထားပေးလျက်ရှိကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်သားများနှင့် မိသားစုဝင်များသက်သာချောင်ချိရေးအတွက် သက်ဆိုင်ရာ တပ်/ဌာနချုပ်များအလိုက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေပြီး အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များ၊ အသားငါးများနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် စည်းကမ်းနှင့်အညီနေထိုင်ရန်လိုအပ်ပြီး မိမိတို့အခက်အခဲနှင့်လိုအပ်ချက်များအား သက်ဆိုင်ရာ အရာရှိများထံသို့ စည်းကမ်းနှင့်အညီ သတင်းပို့၍ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း၊ ထို့အတူ တပ်မတော်သားအချင်းချင်း အဆင့်လိုက်လေးစားမှုရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန်လိုအပ်ပြီး မိသားစုစိတ်ဓာတ်ဖြင့် နေထိုင်ရန်လိုအပ်ကြောင်း၊ ကွပ်ကဲအုပ်ချုပ်သူများအနေဖြင့် တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်နှင့် ဖခင်သဖွယ် စိတ်ဓာတ်ရှိရမည်ဖြစ်ကြောင်း၊ ကွပ်ကဲအုပ်ချုပ်နေသူများအနေဖြင့် အုပ်ချုပ်မှုညီညွတ်မျှတရန်လိုအပ်ကြောင်း၊ အဆင့်လိုက်ညီညွတ်မျှတစွာကွပ်ကဲအုပ်ချုပ်ခြင်းသည် တပ်မတော်၏အစဉ်အလာကောင်းတစ်ရပ်ဖြစ်ကြောင်း၊ တစ်ဦးချင်းတာဝန်ကျေပွန်စွာ ထမ်းဆောင်မှုများမှတစ်ဆင့် တပ်ဖွဲ့တစ်ဖွဲ့လုံး၊ တပ်မတော်တစ်ရပ်လုံး ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် တိုင်းပြည်၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တိုင်းပြည်ကို ကိုယ်စားပြုသည့် တပ်မတော်ဖြစ်သဖြင့် ပြည်သူလူထုနှင့်နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး ပြည်သူလူထုက အားကိုးရသည့် တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်အောင် အမြဲတမ်းကြိုးစားဆောင်ရွက်သွားရန် လိုကြောင်းမှာကြားသည်။

ထို့နောက်တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စက်ရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော် အကြီးစားစက်ရုံသို့ရောက်ရှိကြရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး စက်ရုံအစည်းအဝေးခန်းမတွင်စက်ရုံမှူးက စက်ရုံမှ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေမှု အခြေအနေများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်စက်ရုံအတွင်း ရှိအလုပ်ရုံများအတွင်း မော်တော်ယာဉ်အတွက် ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးနှင့်တာဝန််ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအား တွေ့ဆုံ၍ မိမိတို့တပ်မတော်နှင့် နိုင်ငံအတွက် အရေးကြီးသောစက်ရုံ တစ်ရုံဟုခံယူ၍ မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ကြရန်မှာကြားပြီး စက်ရုံဝန်ထမ်းများ၏ လိုအပ်ချက်များအားဖြည့်ဆည်းပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။