တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁

တပ္မေတာ္၏မူ၀ါဒမွာႏုိင္ငံေတာ္ကုိ ကာကြယ္ေပးရန္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ ႏုိင္ငံ့ အေရးျဖစ္သည့္ ႏုိင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳး တုိးတက္ေရးကုိ ေဆာင္ရြက္ေပးရန္ ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ျပည္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားယေန႔နံနက္ပုိင္းတြင္ ျပည္တပ္နယ္ရွိ န၀ေဒးခန္းမ၌ေတြ႕ဆုံအမွာ စကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။
အဆုိပါေတြ႕ဆုံပြဲသုိ႔ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ မ်ိဳး၀င္းႏွင့္ တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

 

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတုိ႔ႏုိင္ငံ၌ ႏုိင္ငံေရးအရမူ၀ါဒမ်ား မည္သုိ႔ေျပာင္းလဲေနသည္ျဖစ္ေစႏုိင္ငံေရးအရ၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရွိရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသည္ ၂၀၁၁ ခုႏွစ္မွစ၍ ျပည္သူမ်ားမွ ေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္း ေပၚတြင္ေလွ်ာက္လွမ္းလ်က္ရွိေၾကာင္း၊ မည္သည့္ႏုိင္ငံေရးစနစ္တြင္မဆုိ ၿပီးျပည့္စုံသည့္ စနစ္ မရွိေၾကာင္း၊ အခ်ိဳ႕ႏုိင္ငံမ်ားတြင္ ပါတီစုံဒီမုိကေရစီနစ္ကုိက်င့္သုံးလ်က္ရွိေသာ္လည္း တစ္ႏုိင္ငံႏွင့္ တစ္ႏုိင္ငံတူညီမႈမရွိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္လည္းမိမိတုိ႔ႏွင့္ကုိက္ညီသည့္ ႏုိင္ငံေရးစနစ္အေပၚတြင္ ေလွ်ာက္လွမ္းလ်က္ရွိေၾကာင္း၊ တုိင္းရင္းသားအေရးႏွင့္ ပတ္သက္၍ မိမိတုိ႔အေနျဖင့္ ကုိလိုနီ ေခတ္တြင္ ခြဲျခားအုပ္ခ်ဳပ္ခံရမႈမ်ားေၾကာင့္ လြတ္လပ္ေရး ႀကိဳးပမ္းမႈကာလႏွင့္ လြတ္လပ္ေရးရရွိခ်ိန္ ေနာက္ပုိင္းတြင္တုိင္းရင္းသားမ်ားအေနျဖင့္ အယူ၀ါဒေရးရာမ်ားကြဲျပားမႈျဖစ္ေပၚခဲ့ေၾကာင္း၊ မိမိတုိ႔ ျမန္မာႏုိင္ငံသည္ေရွးယခင္ကတည္းက စည္းစည္းလုံးလုံးျဖင့္ ေနထုိင္ခဲ့ၾကသူမ်ားျဖစ္ၿပီး မိမိတုိ႔ ကုိယ္ပုိင္ယဥ္ေက်းမႈႏွင့္ေနထုိင္ခဲ့ၾကသူမ်ားျဖစ္ေၾကာင္း၊ ကုိလုိနီေခတ္တြင္ေသြးခြဲအုပ္ခ်ဳပ္ခံခဲ့ရမႈမ်ား ႏွင့္ ႏုိင္ငံေရးအရထုိးႏွက္ခ်က္မ်ားရွိျခင္းေၾကာင့္ တုိင္းရင္းသားလက္နက္ကုိင္ပဋိပကၡမ်ား ျဖစ္ေပၚေန ျခင္းျဖစ္ေၾကာင္း၊ ယေန႔ဒီမုိကေရစီလမ္းေၾကာင္းကုိေလွ်ာက္လွမ္းရာတြင္ အေျခခံဥပေဒႏွင့္အညီသာ သြားရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ႏုိင္ငံ့အေရး အတြက္ေဆာင္ရြက္ေနရသျဖင့္ တပ္မေတာ္သားမ်ားအေနျဖင့္ စည္းလုံးညီၫြတ္ရန္၊ စည္းကမ္းရွိရန္လုိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ တာ၀န္အရလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ ဥပေဒႏွင့္အညီသာေဆာင္ရြက္လ်က္ရွိၿပီး ဥပေဒခ်ိဳးေဖာက္ သူမ်ားကုိအေရးယူမႈမ်ားျပဳလုပ္ခဲ့ရေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ စစ္ဘက္ဥပေဒမ်ားကုိသာမက အရပ္ဘက္ဥပေဒမ်ားကုိပါ လုိက္နာေဆာင္ရြက္ရသူမ်ားျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ တုိင္းျပည္ႏွင့္ ျပည္သူလူထု အက်ိဳးစီးပြားကုိကာကြယ္ရန္အတြက္ တရားေသာစစ္ကုိ ဆင္ႏႊဲေနျခင္းသာျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ျပည္နယ္၊ တုိင္းအဆင့္ဆင့္မွ စ၍ၫႇိႏႈိင္း ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္ရာတြင္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မ်ားကုိမေဖာက္ ဖ်က္ရန္လုိေၾကာင္း၊ ႏုိင္ငံ တစ္ႏုိင္ငံသည္ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ားမရွိမွသာ တုိးတက္မည္ျဖစ္ေၾကာင္း၊ တုိင္းရင္းသား အားလုံးတန္းတူအခြင့္အေရးအတြက္ အေျခခံဥပေဒတြင္ျပ႒ာန္းေပးထားၿပီးျဖစ္ကာ ႏုိင္ငံေရးအတြက္ အာမခံခ်က္ေပးထားၿပီး ျဖစ္ေၾကာင္း၊ ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ေဆာင္ရြက္ခ်ိန္၊ သဘာ၀ေဘး အႏၲရာယ္က်ေရာက္ခ်ိန္မ်ားႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္လည္း တပ္မေတာ္မွ အၿမဲမျပတ္ ကူညီေဆာင္ရြက္ေပးေနရမည္ျဖစ္သကဲ့သုိ႔ ႏုိင္ငံေတာ္၏လုိအပ္ခ်က္မ်ားကုိ ၀ုိင္း၀န္း ကူညီေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတစ္၀န္းရွိေ၀းလံေခါင္ပါးသည့္ ေဒသမ်ားမွ ေဒသခံ ျပည္သူလူထု၏က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိလည္း တပ္မေတာ္မွ ကူညီေဆာင္ရြက္ ေပးလ်က္ရွိေၾကာင္းေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္သားမ်ားႏွင့္မိသားစု၀င္မ်ားသက္သာေခ်ာင္ခ်ိေရးႏွင့္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈ ကုိ တစ္ဖက္တစ္လမ္းမွထိန္းခ်ဳပ္ႏုိင္ရန္အတြက္ တပ္ပုိင္စုိက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးထြက္ရွိလာသည့္ အသား၊ ငါး၊ ဟင္းသီး ဟင္းရြက္မ်ားႏွင့္ ၾကက္ဥမ်ားအား ျပင္ပေပါက္ေစ်းထက္သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အတူ ေနထုိင္ေရး၊ ပညာေရးႏွင့္ က်န္းမာေရးက႑မ်ားကုိလည္းျပည့္စုံမႈရွိေအာင္ ေဆာင္ရြက္ေပး ထားေၾကာင္း၊ မိမိတုိ႔၏တပ္မေတာ္သားဘ၀ကုိ ဂုဏ္ယူတတ္ရန္လုိအပ္ေၾကာင္း၊ မိမိတုိ႔၏က်န္းမာေရး ႏွင့္ စီးပြားေရးကုိ ထိခုိက္ေစႏုိင္သည့္ ကြမ္း၊ ေဆးလိပ္ႏွင့္ အရက္ေသစာေသာက္စားျခင္းမ်ားကုိ မိမိတုိ႔၏အသိတရားျဖင့္ တတ္ႏုိင္သမွ်ေရွာင္ၾကဥ္ရန္လုိအပ္ေၾကာင္းမွာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)တုိ႔က စားေသာက္ဖြယ္ရာမ်ားေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူ ၾကသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနား တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ျပည္ၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ ေဆး႐ုံတြင္တက္ေရာက္ကုသလ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ား အားရင္းရင္းႏွီးႏွီး လုိက္လံ ႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေန႔လယ္ ပုိင္းတြင္ ထုံးဘုိရွိ တပ္မေတာ္အႀကီးစားစက္႐ုံသုိ႔ေရာက္ရွိၾကရာ စက္႐ုံအစည္းအေ၀းခန္းမတြင္တာ၀န္ရွိသူတစ္ဦးက စက္႐ုံမွေမာ္ေတာ္ယာဥ္မ်ားထုတ္လုပ္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကသိရွိလုိသည္မ်ားေမးျမန္းၿပီး လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

 

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း ေမာ္ေတာ္ယာဥ္မ်ား တပ္ဆင္ထုတ္လုပ္ေနမႈအေျခအေနမ်ားႏွင့္ အလုပ္႐ုံမ်ားအတြင္း လွည့္လည္ ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚလုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က စက္႐ုံ၀န္ထမ္း မ်ားအားေတြ႕ဆုံ၍ ယခုစက္႐ုံသည္ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ ေမာ္ေတာ္ယာဥ္မ်ား ထုတ္လုပ္ႏုိင္သည့္ အဓိကအားထားရသည့္ စက္႐ုံတစ္ခုျဖစ္ေၾကာင္း၊ ေမာ္ေတာ္ယာဥ္မ်ားအား ထုတ္လုပ္ႏုိင္ျခင္းသည္ စက္႐ုံ၏ဂုဏ္ပုဒ္ တစ္ခုပင္ျဖစ္ေၾကာင္း၊ မိမိတုိ႔ရွိၿပီးျဖစ္ေသာ အေတြ႕ အႀကဳံမ်ားအေပၚအေျခခံ၍ အရည္အေသြးျမင့္မားေသာ ေမာ္ေတာ္ယာဥ္မ်ားထုတ္လုပ္ႏုိင္ေအာင္ ထုတ္လုပ္မႈအဆင့္တုိင္း အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးပမ္းေဆာင္ရြက္ၾကရန္မွာၾကားၿပီး စက္႐ုံ ၀န္ထမ္းမ်ား၏ လုိအပ္ခ်က္မ်ားအားျဖည့္ဆည္းေပးကာ စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၁

တပ်မတော်၏မူဝါဒမှာနိုင်ငံတော်ကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံ့ အရေးဖြစ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ပေးရန် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားယနေ့နံနက်ပိုင်းတွင် ပြည်တပ်နယ်ရှိ နဝဒေးခန်းမ၌တွေ့ဆုံအမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံ၌ နိုင်ငံရေးအရမူဝါဒများ မည်သို့ပြောင်းလဲနေသည်ဖြစ်စေနိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ၂၀၁၁ ခုနှစ်မှစ၍ ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင်လျှောက်လှမ်းလျက်ရှိကြောင်း၊ မည်သည့်နိုင်ငံရေးစနစ်တွင်မဆို ပြီးပြည့်စုံသည့် စနစ် မရှိကြောင်း၊ အချို့နိုင်ငံများတွင် ပါတီစုံဒီမိုကရေစီနစ်ကိုကျင့်သုံးလျက်ရှိသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှုမရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်းမိမိတို့နှင့်ကိုက်ညီသည့် နိုင်ငံရေးစနစ်အပေါ်တွင် လျှောက်လှမ်းလျက်ရှိကြောင်း၊ တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ကိုလိုနီ ခေတ်တွင် ခွဲခြားအုပ်ချုပ်ခံရမှုများကြောင့် လွတ်လပ်ရေး ကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိချိန် နောက်ပိုင်းတွင်တိုင်းရင်းသားများအနေဖြင့် အယူဝါဒရေးရာများကွဲပြားမှုဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည်ရှေးယခင်ကတည်းက စည်းစည်းလုံးလုံးဖြင့် နေထိုင်ခဲ့ကြသူများဖြစ်ပြီး မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင်သွေးခွဲအုပ်ချုပ်ခံခဲ့ရမှုများ နှင့် နိုင်ငံရေးအရထိုးနှက်ချက်များရှိခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေ ခြင်းဖြစ်ကြောင်း၊ ယနေ့ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းရာတွင် အခြေခံဥပဒေနှင့်အညီသာ သွားရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည်နိုင်ငံ့အရေး အတွက်ဆောင်ရွက်နေရသဖြင့် တပ်မတော်သားများအနေဖြင့် စည်းလုံးညီညွတ်ရန်၊ စည်းကမ်းရှိရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တာဝန်အရလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာဆောင်ရွက်လျက်ရှိပြီး ဥပဒေချိုးဖောက် သူများကိုအရေးယူမှုများပြုလုပ်ခဲ့ရကြောင်း၊ တပ်မတော်သားများသည် စစ်ဘက်ဥပဒေများကိုသာမက အရပ်ဘက်ဥပဒေများကိုပါ လိုက်နာဆောင်ရွက်ရသူများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးစီးပွားကိုကာကွယ်ရန်အတွက် တရားသောစစ်ကို ဆင်နွှဲနေခြင်းသာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ပြည်နယ်၊ တိုင်းအဆင့်ဆင့်မှ စ၍ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးသဘောတူညီချက်များကိုမဖောက် ဖျက်ရန်လိုကြောင်း၊ နိုင်ငံ တစ်နိုင်ငံသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများမရှိမှသာ တိုးတက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အားလုံးတန်းတူအခွင့်အရေးအတွက် အခြေခံဥပဒေတွင်ပြဋ္ဌာန်းပေးထားပြီးဖြစ်ကာ နိုင်ငံရေးအတွက် အာမခံချက်ပေးထားပြီး ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ချိန်၊ သဘာဝဘေး အန္တရာယ်ကျရောက်ချိန်များနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း တပ်မတော်မှ အမြဲမပြတ် ကူညီဆောင်ရွက်ပေးနေရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏လိုအပ်ချက်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းရှိဝေးလံခေါင်ပါးသည့် ဒေသများမှ ဒေသခံ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း တပ်မတော်မှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်သားများနှင့်မိသားစုဝင်များသက်သာချောင်ချိရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ကို တစ်ဖက်တစ်လမ်းမှထိန်းချုပ်နိုင်ရန်အတွက် တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပြီးထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များနှင့် ကြက်ဥများအား ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ထို့အတူ နေထိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကိုလည်းပြည့်စုံမှုရှိအောင် ဆောင်ရွက်ပေး ထားကြောင်း၊ မိမိတို့၏တပ်မတော်သားဘဝကို ဂုဏ်ယူတတ်ရန်လိုအပ်ကြောင်း၊ မိမိတို့၏ကျန်းမာရေး နှင့် စီးပွားရေးကို ထိခိုက်စေနိုင်သည့် ကွမ်း၊ ဆေးလိပ်နှင့် အရက်သေစာသောက်စားခြင်းများကို မိမိတို့၏အသိတရားဖြင့် တတ်နိုင်သမျှရှောင်ကြဉ်ရန်လိုအပ်ကြောင်းမှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ရေ)တို့က စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူ ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင်တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ အားရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေ့လယ် ပိုင်းတွင် ထုံးဘိုရှိ တပ်မတော်အကြီးစားစက်ရုံသို့ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမတွင်တာဝန်ရှိသူတစ်ဦးက စက်ရုံမှမော်တော်ယာဉ်များထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကသိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများနှင့် အလုပ်ရုံများအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စက်ရုံဝန်ထမ်း များအားတွေ့ဆုံ၍ ယခုစက်ရုံသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်သည့် အဓိကအားထားရသည့် စက်ရုံတစ်ခုဖြစ်ကြောင်း၊ မော်တော်ယာဉ်များအား ထုတ်လုပ်နိုင်ခြင်းသည် စက်ရုံ၏ဂုဏ်ပုဒ် တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့ရှိပြီးဖြစ်သော အတွေ့ အကြုံများအပေါ်အခြေခံ၍ အရည်အသွေးမြင့်မားသော မော်တော်ယာဉ်များထုတ်လုပ်နိုင်အောင် ထုတ်လုပ်မှုအဆင့်တိုင်း အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး စက်ရုံ ဝန်ထမ်းများ၏ လိုအပ်ချက်များအားဖြည့်ဆည်းပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပါသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။