နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့အနွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာ တစ်ခုသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ငွေ ပဒေသာပင်အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကျင်းပ 

ေနျပည္ေတာ္၊ စက္တင္ဘာ ၂ 

ေနျပည္ေတာ္၊ လယ္ေ၀းၿမိဳ႕နယ္ရွိ ပရိယတၱိစာသင္တုိက္မ်ား၊ သာသနာ့အႏြယ္၀င္သီလရွင္စာသင္တုိက္မ်ားႏွင့္ ဘိုးဘြားရိပ္သာ တစ္ခုသုိ႔ တပ္မေတာ္(ၾကည္း၊ ေရ၊ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ေငြ ပေဒသာပင္ အလွဴေငြမ်ားလွဴဒါန္းပြဲအခမ္းအနားကုိ ယေန႔မြန္းလြဲပုိင္းတြင္ လယ္ေ၀းၿမိဳ႕ရွိ ေပါက္ၿမိဳင္ေတာရေက်ာင္းတုိက္၌ က်င္းပျပဳလုပ္ရာ ေပါက္ၿမိဳင္ေတာရေက်ာင္းတုိက္ ဦးစီးပဓာနနာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲဇနိႏၵႏွင့္ သံဃာေတာ္မ်ား တက္ေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။ 

အခမ္းအနားသုိ႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ေနျပည္ေတာ္ေကာင္စီ၀င္မ်ား၊ ေစတနာရွင္အလွဴရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ၀တ္အသင္းအဖြဲ႕မ်ားတက္ေရာက္ၾကသည္။ 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ေပါက္ၿမိဳင္ေတာရေက်ာင္းတုိက္ ဦးစီး ပဓာနနာယက ဆရာေတာ္ႀကီးထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားအားနာယူၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပါက္ၿမိဳင္ေတာရ ေက်ာင္းတုိက္ ဦစီးပဓာနနာယကဆရာေတာ္ႀကီးထံ လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းသည္။

ယင္းေနာက္ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) က ေတာင္သုံးလုံးေဇတ၀န္ေက်ာင္း တုိက္ဆရာေတာ္ ဘဒၵႏၲေ၀ပုလႅထံသုိ႔လည္းေကာင္း ျပည္ေထာင္စု၀န္ႀကီးမ်ား၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္အလွဴရွင္မ်ားက သံဃာေတာ္ မ်ားႏွင့္ သီလရွင္ဆရာႀကီးမ်ားအားလည္းေကာင္း လွဴဖြယ္ပစၥည္းမ်ားအသီးသီးဆက္ကပ္ လွဴဒါန္းၾကသည္။ 

ထုိ႔ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားမွလွဴဒါန္းေသာ ဆြမ္းဆန္ေတာ္ ၃၈၁ အိတ္ႏွင့္ ပဲ ၁၁၄၃ ပိႆာအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္းေကာင္း၊ ျမန္မာ့စီးပြားေရးဦးပုိင္လီမိတက္မွလွဴဒါန္းသည့္ ဆီ ၁၁၄ ပိႆာ ၃၀ က်ပ္သားႏွင့္ ဆား ၃၁၅ ပိႆာအား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ကလည္းေကာင္း၊ အလွဴရွင္မ်ားကဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးမ်ားအား လည္းေကာင္း ေပါက္ၿမိဳင္ေတာရေက်ာင္းတုိက္ဦးစီးပဓာန နာယက ဆရာေတာ္ႀကီးထံ အသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။ 

၎ေနာက္ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးက တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွ လွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအား လည္းေကာင္း၊ အလွဴရွင္မ်ားကလွဴဒါန္းသည့္ ဆြမ္းပေဒသာပင္ အလွဴေငြမ်ား အားလည္း ေကာင္းအသီးသီးလွဴဒါန္းၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ကလက္ခံ ရယူသည္။ ယင္းေနာက္အလွဴရွင္မ်ားက အလွဴေငြမ်ားအသီးသီးေပးအပ္လွဴဒါန္းၾကရာ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက အသီးသီးလက္ခံရယူၾကသည္။ 

ထုိ႔ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္အလွဴရွင္မ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ေငြပေဒသာပင္ အလွဴေငြမ်ားေပးအပ္လွဴဒါန္းရျခင္း၏ ရည္ရြယ္ခ်က္ႏွင့္ပတ္သက္ၿပီး တာ၀န္ရွိသူတစ္ဦးကေလွ်ာက္ထားတင္ျပသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္ လာၾကသူမ်ားက ေပါက္ၿမိဳင္ေတာရေက်ာင္းတုိက္ ဦးစီးပဓာနနာယက ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရားနာယူ၍လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ 

တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ေစတနာရွင္ျပည္သူမ်ားစုေပါင္း၍ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ပ်ဥ္းမနားၿမိဳ႕နယ္၊ တပ္ကုန္းၿမိဳ႕နယ္ႏွင့္ လယ္ေ၀းၿမိဳ႕နယ္မ်ားအတြင္းရွိ ပရိယတၱိစာသင္တုိက္မ်ား၊ သာသနာ့အႏြယ္၀င္ သီလရွင္ စာသင္တုိက္မ်ားႏွင့္ဘိုးဘြားရိပ္သာမ်ားသုိ႔ ၂၀၀၆ ခုႏွစ္မွစတင္၍ ႏွစ္စဥ္လွဴဒါန္းလ်က္ရွိၿပီး ယေန႔က်င္းပ ျပဳလုပ္သည့္ အခမ္းအနားတြင္ လွဴဒါန္းမႈအစုစုမွာ ၁၄၁၇၇၀၀၀ က်ပ္၊ ဆန္ ၄၆၆ အိတ္၊ ဆီ ၁၁၄ ပိႆာ ၃၀ က်ပ္သား၊ ပဲ ၁၁၄၃ ပိႆာ၊ ဆား ၁၄၅၈ ပိႆာ၊ င႐ုပ္သီးမႈန္႔ ၂၁၀၀ ထုပ္၊ နႏြင္းမႈန္႔ ၇၀၀ ထုတ္၊ မဆလာ ၇၀၀ ထုပ္၊ ငါးပိေထာင္း ၁၀၀၀ ဘူး၊ ေဆးမ်ိဳးစုံ ၇၂၈၀ ဘူးႏွင့္ လွဴဖြယ္ပစၥည္းမ်ားအားလွဴဒါန္းခဲ့သည္။ 

(Unicode Version)

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့အနွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာ တစ်ခုသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ငွေ ပဒေသာပင်အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကျင်းပ 

နေပြည်တော်၊ စက်တင်ဘာ  ၂ 

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့အနွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာ တစ်ခုသို့ တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ငွေ ပဒေသာပင် အလှူငွေများလှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့ရှိ ပေါက်မြိုင်တောရကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ပေါက်မြိုင်တောရကျောင်းတိုက် ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူကြသည်။ 

အခမ်းအနားသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များ၊ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝတ်အသင်းအဖွဲ့များတက်ရောက်ကြသည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများသည် ပေါက်မြိုင်တောရကျောင်းတိုက် ဦးစီး ပဓာနနာယက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များအားနာယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေါက်မြိုင်တောရ ကျောင်းတိုက် ဦစီးပဓာနနာယကဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ 

ယင်းနောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က တောင်သုံးလုံးဇေတဝန်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လထံသို့လည်းကောင်း ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်အလှူရှင်များက သံဃာတော် များနှင့် သီလရှင်ဆရာကြီးများအားလည်းကောင်း လှူဖွယ်ပစ္စည်းများအသီးသီးဆက်ကပ် လှူဒါန်းကြသည်။ 

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှလှူဒါန်းသော ဆွမ်းဆန်တော် ၃၈၁ အိတ်နှင့် ပဲ ၁၁၄၃ ပိဿာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှလှူဒါန်းသည့် ဆီ ၁၁၄ ပိဿာ ၃၀ ကျပ်သားနှင့် ဆား ၃၁၅ ပိဿာအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကလည်းကောင်း၊ အလှူရှင်များကဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးများအား လည်းကောင်း ပေါက်မြိုင်တောရကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်ကြီးထံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအား လည်းကောင်း၊ အလှူရှင်များကလှူဒါန်းသည့် ဆွမ်းပဒေသာပင် အလှူငွေများ အားလည်း ကောင်းအသီးသီးလှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလက်ခံ ရယူသည်။ ယင်းနောက်အလှူရှင်များက အလှူငွေများအသီးသီးပေးအပ်လှူဒါန်းကြရာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် တပ်မတော်အရာရှိကြီးများက အသီးသီးလက်ခံရယူကြသည်။ 

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့်အလှူရှင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ငွေပဒေသာပင် အလှူငွေများပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကလျှောက်ထားတင်ပြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ပေါက်မြိုင်တောရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။ 

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင်ပြည်သူများစုပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်များအတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့အနွယ်ဝင် သီလရှင် စာသင်တိုက်များနှင့်ဘိုးဘွားရိပ်သာများသို့ ၂၀၀၆ ခုနှစ်မှစတင်၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့ကျင်းပ ပြုလုပ်သည့် အခမ်းအနားတွင် လှူဒါန်းမှုအစုစုမှာ ၁၄၁၇၇၀၀၀ ကျပ်၊ ဆန် ၄၆၆ အိတ်၊ ဆီ ၁၁၄ ပိဿာ ၃၀ ကျပ်သား၊ ပဲ ၁၁၄၃ ပိဿာ၊ ဆား ၁၄၅၈ ပိဿာ၊ ငရုပ်သီးမှုန့် ၂၁၀၀ ထုပ်၊ နနွင်းမှုန့် ၇၀၀ ထုတ်၊ မဆလာ ၇၀၀ ထုပ်၊ ငါးပိထောင်း ၁၀၀၀ ဘူး၊ ဆေးမျိုးစုံ ၇၂၈၀ ဘူးနှင့် လှူဖွယ်ပစ္စည်းများအားလှူဒါန်းခဲ့သည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။