စာပေ၊ ဂီတ၊ သုခုမနှင့်အားကစားတို့သည် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်တို့ကိုခိုင်မာစေသည့် တွန်းအားများဖြစ်၊ ထိုပညာရပ်နယ်ပယ်များကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချရမည်ဖြစ်

ေနျပည္ေတာ္၊ စက္တင္ဘာ  ၃

ႏုိင္ငံေတာ္တည္ေဆာက္ေရး၊ ကာကြယ္ေရးစသည့္နယ္ပယ္မ်ားကုိေအာင္ေအာင္ျမင္ျမင္ စီမံလုပ္ေဆာင္ ႏုိင္ရန္အတြက္ဇာတိေသြး၊ ဇာတိမာန္စိတ္ဓာတ္တစ္နည္းအားျဖင့္ စစ္မွန္သည့္ မ်ိဳးခ်စ္စိတ္ဓာတ္မ်ားကုိ လႈံ႕ေဆာ္မႈျပဳႏုိင္သည့္အရည္အေသြးစစ္မွန္ျမင့္မားေသာ ႐ုိးရာယဥ္ေက်းမႈအႏုသုခုမပညာရပ္မ်ားသည္ မရွိမျဖစ္လုိအပ္ေၾကာင္း၊ စာေပ၊ ဂီတ၊ သုခုမႏွင့္အားကစားမ်ားသည္ မ်ိဳးခ်စ္စိတ္၊ တုိင္းခ်စ္ျပည္ ခ်စ္စိတ္ ဓာတ္၊ အမ်ိဳးသားေရးစိတ္ဓာတ္တုိ႔ကုိခုိင္မာေစသည့္ တြန္းအားမ်ားျဖစ္ေၾကာင္း၊ ထုိပညာရပ္ နယ္ပယ္ မ်ားကုိတုိင္းျပည္အတြက္ အက်ိဳးရွိရွိအသုံးခ်ရမည္ျဖစ္ၿပီး တုိးတက္သည့္ႏုိင္ငံတုိင္း၊ ခုိင္မာမႈရွိသည့္ ႏုိင္ငံတုိင္းတြင္ စနစ္တက်အားေပးေဆာင္ရြက္ေနၾကသည္ကုိေတြ႕ႏုိင္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္၊ စစ္ေၾကာေရး ႏွင့္တည္းခုိေရးစခန္းရွိ ဆင္ျဖဴရွင္ခန္းမ၌ က်င္းပျပဳလုပ္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္ သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး၏(၁၇)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနား၌ အဖြင့္အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ အကဲျဖတ္အဖြဲ႕အႏုပညာရွင္ႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ားႏွင့္ ၿပိဳင္ပြဲ၀င္ စစ္သည္၊ စစ္သမီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာစိတ္ဓာတ္ေရးရာႏွင့္လူထုဆက္ဆံေရးေကာ္မတီဥကၠ႒၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးဆန္းဦးႏွင့္ ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫြန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီ တုိ႔က ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္ စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ၏(၁၇)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္းအဆုိ၊ အက၊ အေရး၊ အတီး၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲအား ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဖြင့္အမွာစကားေျပာၾကားရာတြင္ ယေန႔ကမၻာႀကီးသည္ နည္းပညာဖြံ႕ၿဖိဳးတုိးတက္မႈေၾကာင့္ရြာႀကီးသဖြယ္ျဖစ္ၿပီး ယဥ္ေက်းမႈမ်ား ဆက္စပ္ယွက္ႏြယ္ေနၾကၿပီ ဆုိေသာ္လည္း ကမၻာ့ႏုိင္ငံတုိင္း၊ လူမ်ိဳးတုိင္းသည္မိမိတုိ႔၏ ကုိယ္ပုိင္ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းမ်ားကုိ ဆက္လက္ထိန္းသိမ္းၿပီးျမႇင့္တင္ ေနၾကသည္ကုိ အထင္အရွားေတြ႕ႏုိင္ေၾကာင္း၊ မိမိတုိ႔ျမန္မာႏုိင္ငံသည္ လည္းပထမျမန္မာႏုိင္ငံေတာ္ဟု မေပၚေပါက္ေသးမီကာလကတည္းက ကုိယ္ပုိင္ယဥ္ေက်းမႈ အႏုသုခုမ ပညာရပ္မ်ားႏွင့္ ခုိင္မာသည့္သမုိင္းေၾကာင္းရွိခဲ့သည့္ႏုိင္ငံတစ္ခုျဖစ္ေၾကာင္း၊ ႏွစ္ေပါင္းေထာင္ခ်ီရွည္လ်ား ခဲ့သည့္သမုိင္းေၾကာင္းေပၚတြင္ကုိယ့္ထီး၊ ကုိယ့္နန္း၊ ကိုယ္ၾကငွန္းႏွင့္မ်ိဳး႐ုိးဂုဏ္သိကၡာ ထည္၀ါျမင့္မားစြာ တည္ရွိလာခဲ့သူမ်ားလည္းျဖစ္ေၾကာင္း၊ ႏုိင္ငံတစ္ႏုိင္ငံသည္ကမၻာ မွာကုိယ္ပုိင္ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္း မ်ားႏွင့္ကိုယ္ပုိင္အခ်ဳပ္အျခာအာဏာပုိင္စစ္စစ္ ႏုိင္ငံတစ္ခုအျဖစ္ရပ္တည္သြားႏုိင္ရန္ မ်ိဳးခ်စ္စိတ္ဆုိသည္ မွာအခရာက်ေၾကာင္း၊ ျမန္မာ့သမုိင္းျဖစ္စဥ္မ်ားတြင္ အမ်ိဳးဘာသာ၊ သာသနာေတာ္ကုိ ထိန္းသိမ္း ေစာင့္ေရွာက္ အေလးထားသည့္ မင္းဧကရာဇ္မ်ားေပၚထြန္းခဲ့ျခင္းသည္ အမ်ိဳးဘာသာ၊ သာသနာေတာ္ ႏွင့္႐ုိးရာယဥ္ေက်းမႈကုိခ်စ္ျမတ္ႏုိးသည့္ ျမန္မာႏုိင္ငံသားမ်ား၏မ်ိဳးခ်စ္စိတ္ဓာတ္ကုိ ေဖာ္ျပေနျခင္း ပင္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္စည္းလုံးညီၫြတ္မႈႏွင့္ ထက္ျမက္ျမင့္မားသည့္ ကာကြယ္ေရးအင္အားကုိ တည္ေဆာက္ရာတြင္လည္း မ်ိဳးခ်စ္စိတ္ဓာတ္သည္မရွိမျဖစ္ လုိအပ္သည့္အရာပင္ျဖစ္ေၾကာင္း၊ လက္႐ုံးရည္၊ ႏွလုံးရည္ထက္ျမက္ျမင့္မားသည့္ ႏုိင္ငံ့ေခါင္းေဆာင္တုိင္းသည္ ႐ုိးရာယဥ္ေက်းမႈ အစဥ္အလာ မ်ားကုိ ျမတ္ႏုိးတန္ဖုိးထား ၾကသကဲ့သုိ႔ ႏုိင္ငံသားတုိင္း၏႐ိုးရာယဥ္ေက်းမႈအစဥ္အလာျမတ္ႏုိးစိတ္ကုိလည္း အားေပး ျမႇင့္တင္ခဲ့ၾကသည္ကုိေတြ႕ရမည္ျဖစ္ေၾကာင္း၊ ႐ုိးရာယဥ္ေက်းမႈမ်ားအေပၚျမတ္ႏုိး တန္ဖုိးထားသည့္ စိတ္ျမင့္မားခ်ိန္တုိင္းတြင္ ထက္သန္ျမင့္မားသည့့္မ်ိဳးခ်စ္စိတ္ဓာတ္မ်ား ျဖစ္ေပၚလာခဲ့သည္ကုိျမန္မာ့ သမုိင္းတြင္ အထင္အရွားသက္ေသခံလ်က္ရွိေၾကာင္း၊ ဆန္႔က်င္ဘက္အားျဖင့္႐ုိးရာယဥ္ေက်းမႈမ်ားအေပၚ ျမတ္ႏုိးတန္ဖုိးထားစိတ္နည္းပါးခ်ိန္တြင္ ဘာသာတရားကုိမ်က္ကြယ္ျပဳၿပီး ဆုိးသြမ္းၾကမ္းတမ္းသည့္ စိတ္ေန စိတ္ထားစ႐ုိက္ဆုိးမ်ား ႀကီးစုိးၾကသည္ကုိေတြ႕ရသကဲ့သုိ႔ ႏုိင္ငံသူ၊ ႏုိင္ငံသားမ်ား၏ဇာတိေသြး၊ ဇာတိမာန္ စိတ္ဓာတ္မ်ားယုတ္ေလ်ာ့ျခင္း၊ အမ်ိဳးသစၥာတရားပ်က္ယြင္းျခင္း၊ ႏုိင္ငံေတာ္စည္းလုံးညီၫြတ္မႈယုတ္ ေလ်ာ့ျခင္း စသည္မ်ားျဖစ္ေပၚၿပီး တုိင္းျပည္ႏွင့္လူမ်ိဳးအေနျဖင့္ ႀကီးမားသည့္အႏၲရာယ္ မ်ားကုိရင္ဆုိင္ၾကရ ၿမဲျဖစ္သည္ကုိအတိတ္သမုိင္းတြင္ေတြ႕ရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

မိမိတုိ႔ျမန္မာႏုိင္ငံသည္ဗုဒၶဘာသာကုိ ကုိးကြယ္သည့္ႏုိင္ငံျဖစ္သည္ႏွင့္အညီ သမုိင္းစဥ္ တစ္ေလွ်ာက္ေပၚ ေပါက္ဖြံ႕ၿဖိဳးခဲ့သည့္ စာေပ၊ ဂီတအႏုသုခုမပညာႏွင့္ ဗိသုကာလက္ရာမ်ား သည္လည္း ဗုဒၶ၏အဆုံးအမမ်ား လႊမ္းမုိးေနသည္ကုိေတြ႕ရမည္ျဖစ္ေၾကာင္း၊ ျမန္မာ့စိတ္ရင္း ပီပီသည္းခံခြင့္လႊတ္စိတ္ရွိသူမ်ားျဖစ္ၾကသကဲ့သုိ႔ သူတစ္ပါးအေပၚရန္ေစာင္ျခင္းကင္းသူမ်ား လည္းျဖစ္ေၾကာင္း၊ သုိ႔ေသာ္မိမိတုိ႔ႏုိင္ငံသူ၊ ႏုိင္ငံသားမ်ား အေပၚ ထိပါးေစာ္ကားလာသည့္ အခ်ိန္တြင္ မိမိတုိ႔အသက္ကုိပဓာနမထားဘဲ တရားေသာစစ္ပြဲအတြက္ အသက္ စြန္႔လႊတ္တုိက္ပြဲ၀င္တတ္ၾကသူမ်ားျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံအတြင္းမွီတင္းေနထုိင္ၾကသည့္ တုိင္းရင္းသား အားလုံး၏ ဓေလ့စ႐ုိက္မ်ား၊ အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္ ထက္သန္သည့္စိတ္ထားမ်ား နီးစပ္တူညီေနျခင္းသည္ နက္နဲသိမ္ေမြ႕ေသာေဆြမ်ိဳးညာတိ ႐ိုးရာဓေလ့အျမဳေတစိတ္ထားမ်ားက သေႏၶတည္ေပးထားျခင္း ေၾကာင့္ ျဖစ္ေၾကာင္း၊ ျမန္မာ့႐ုိးရာယဥ္ေက်းမႈမ်ားသည္ ျမန္မာႏုိင္ငံသား တုိင္းရင္းသားညီအစ္ကုိအားလုံး၏ ရတနာ တစ္ပါးျဖစ္သည္ဆုိသည္ကုိ နားလည္သေဘာေပါက္ထားၾကရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္႐ုိးရာယဥ္ေက်း မႈကုိ ထိန္္းသိမ္းျမႇင့္တင္ၾကရမည့္တာ၀န္သည္ မိမိတုိ႔ႏုိင္ငံသား တုိင္းရင္းသားညီအစ္ကုိအားလုံး၏ ေမြးရာပါ အမ်ိဳးသားေရးတာ၀န္တစ္ရပ္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီးမိမိတုိ႔ႏုိင္ငံအေနျဖင့္ နယ္ခ်ဲ႕သူ႕ကြၽန္ဘ၀လက္ေအာက္မွလြတ္ေျမာက္ခဲ့ျခင္းသည္ မိမိတုိ႔ ႏုိင္ငံသားမ်ား၏စိတ္ႏွလုံးထဲတြင္ ႐ုိးရာယဥ္ေက်းမႈကုိခ်စ္ျမတ္ႏုိးသည့္စိတ္ တစ္နည္းအားျဖင့္ ဇာတိေသြး၊ ဇာတိမာန္စိတ္ဓာတ္ကုိအေျခခံသည့္ သူ႕ကြၽန္မခံလုိသည့္ မ်ိဳးခ်စ္စိတ္ဓာတ္မ်ား ပ်က္စီးသြားျခင္း မရွိခဲ့ျခင္း ေၾကာင့္လည္းျဖစ္ေၾကာင္း၊ ကုိလုိနီေခတ္ ျမန္မာ့လြတ္လပ္ေရးကုိႀကိဳးပမ္းေဆာင္ရြက္ရာတြင္ ပထမဆုံး စုစည္းညီၫြတ္စြာေပၚေပါက္ခဲ့သည့္ အမ်ိဳးသားႏုိင္ငံေရးအဖြဲ႕အစည္းႀကီးမွာ ဗုဒၶဘာသာကလ်ာဏယု၀ အသင္းႀကီး (YMBA- Young Men’s Buddhist Association) ပင္ျဖစ္ေၾကာင္း၊ ထုိအသင္းႀကီးသည္ ၁၉၀၆ ခုႏွစ္(လြတ္လပ္ေရးမရမီ ၄၂ ႏွစ္အလုိ) ကတည္းကေပၚေပါက္ခဲ့ၿပီး ျမန္မာ့မ်ိဳးခ်စ္စိတ္ႏွင့္ ကုိယ္ပုိင္ ယဥ္ေက်းမႈကုိျမႇင့္တင္ေပးျခင္းျဖင့္ ျမန္မာ့လြတ္လပ္ေရးတုိက္ပြဲကုိစတင္ဆင္ႏႊဲခဲ့သည့္ ႏုိင္ငံလုံးဆုိင္ရာ အဖြဲ႕ႀကီးျဖစ္ေၾကာင္း၊ ထုိအဖြဲ႕ႀကီး၏မူလရည္ရြယ္ခ်က္မွာ အမ်ိဳး၊ ဘာသာႏွင့္ ပညာကုိျမႇင့္တင္ရန္ ျဖစ္ၿပီး ေၾကြးေၾကာ္သံမ်ားကေတာ့ “အမ်ိဳးကုိခ်စ္ပါ”၊ “ဘာသာကုိေလးစားပါ”၊ “သာသနာကုိခ်ီးျမႇင့္ပါ”၊ “ပညာ ေရးကုိအားေပးပါ” တုိ႔ျဖစ္ေၾကာင္း၊ ျမန္္မာ့လြတ္လပ္ေရးသည္ ထုိအေၾကာင္းအရာမ်ား၊ မ်ိဳးခ်စ္စိတ္ဓာတ္ မ်ားႏွင့္ အေျခခံခဲ့ျခင္းျဖစ္သျဖင့္ ယေန႔ေခတ္လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ ခုိင္ၿမဲေရး၊ ေခတ္မီဖြံ႕ၿဖိဳးတုိးတက္ေသာ ဒီမုိကေရစီႏုိင္ငံတည္ေဆာက္ေရးမွာလည္း ထုိအေၾကာင္းတရားမ်ားကုိပင္ အေျခခံသြားႏုိင္ရန္လုိအပ္ေၾကာင္း၊ အႏုသုခုမပညာရပ္ဆုိသည္မွာလည္း လူသားတစ္ဦး၏ စိတ္ေန စိတ္ထားအေပၚ အလြယ္ကူဆုံးႏွင့္အလ်င္ျမန္ဆုံးလႈံ႕ေဆာ္မႈျပဳႏုိင္သည့္ အင္အားတစ္ရပ္ျဖစ္ေၾကာင္း၊ ကြၽမ္းက်င္ပုိင္ႏုိင္သည့္အရည္အခ်င္းရွိေသာ အႏုပညာသည္ပညာရွင္မ်ားျဖစ္ရန္အတြက္ စဥ္ဆက္မျပတ္ ႀကိဳးပမ္းအားထုတ္သြား ၾကရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ယေန႔ေခတ္ကဲ့သုိ႔ တုိးတက္ျမန္ဆန္သည့္ ေခတ္မီဆက္သြယ္ေရးနည္း ပညာရပ္မ်ား ထြန္းကား ေနခ်ိန္တြင္ ေဖ်ာ္ေျဖေရးႏွင့္ဆက္သြယ္ေရးနည္းပညာက႑ပုိင္းကုိဟန္ခ်က္ညီညီအကြက္ျမင္ျမင္ အသုံး ခ်ၿပီး ထိေရာက္ေအာင္ျမင္သည့္ ေဖ်ာ္ေျဖမႈပုံစံတစ္ရပ္အျဖစ္ တီထြင္ႀကံဆႀကိဳးပမ္းသြားရန္လုိအပ္ လာၿပီ ျဖစ္ေၾကာင္း၊ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းကုိအေျချပဳသည့္ အႏုသုခုမပညာရပ္မ်ားမွ တစ္ဆင့္ ထက္သန္ျပင္းျပေသာ မ်ိဳးခ်စ္စိတ္ဓာတ္အေျခခံေကာင္းမ်ားကုိ မိမိတုိ႔တပ္မေတာ္သားမ်ားႏွင့္ မိသားစု ၀င္မ်ား သာမကမိမိတုိ႔ႏုိင္ငံသူ၊ ႏုိင္ငံသားမ်ား၏စိတ္ထဲ၊ ႏွလုံးသားထဲေရာက္သည္အထိ စြမ္းေဆာင္ႏုိင္ ေစရန္အတြက္ တပ္ဖြဲ႕တြင္းၿပိဳင္ပြဲမ်ားကုိယခုကဲ့သုိ႕က်င္းပေနရျခင္းျဖစ္ ေၾကာင္း၊ ယခုက်င္းပျပဳလုပ္သည့္ ၿပိဳင္ပြဲသည္ ႏုိင္ငံသူ၊ ႏုိင္ငံသားမ်ား၏ဇာတိေသြး၊ ဇာတိမာန္စိတ္ထားမ်ားျပင္းထန္တက္ၾကြေနေစရန္၊ အမ်ိဳး ဘာသာ၊ သာသနာခ်စ္စိတ္မ်ား ႏုိးၾကားတက္ၾကြေနေစရန္အတြက္ အမ်ိဳးသားေရးအားေဆး တုိက္ေကြၽး သည့္ အေနျဖင့္ ေဆာင္ရြက္ေပးေနျခင္းပင္ျဖစ္ေၾကာင္း၊ ျမန္မာ့ယဥ္ေက်းမႈအႏုသုခုမပညာရပ္မ်ားႏွင့္ ေဖာ္စပ္ထားသည့္ပညာရပ္မ်ားကုိပုိမုိထက္ျမက္လာေစရန္အတြက္လည္းပညာရွင္မ်ားအေနျဖင့္ အစဥ္ ေလ့က်င့္ျမႇင့္တင္ေနၾကရန္လုိအပ္ေၾကာင္း၊ ႐ုိးရာယဥ္ေက်းမႈဆုိသည္မွာ ႏုိင္ငံတုိင္း၊ လူမ်ိဳးတုိင္း၏ ထူးျခား သည့္ ၀ိေသသကုိေဖာ္ၫႊန္းျပသေနသည့္ ကုိယ္ပုိင္အမ်ိဳးသားေရးသေကၤတျဖစ္သကဲ့သုိ႔ ႐ုပ္ရည္သြင္ျပင္ လကၡဏာ၊ ၀တ္စားဆင္ယင္ ထုံးဖြဲ႕မႈ၊ ဘာသာစကားအသုံးအႏႈန္း၊ ယဥ္ေက်းမႈဓေလ့စ႐ုိက္အစဥ္အလာႏွင့္ လူမႈက်င့္၀တ္ စံႏႈန္းတုိ႔သည္ ႏုိင္ငံႏွင့္လူမ်ိဳးမ်ား၏အမ်ိဳးသားေရးဥပဓိ႐ုပ္မ်ားျဖစ္သည့္အတြက္ ထုိအရာမ်ား ေပ်ာက္ဆုံးပ်က္ယြင္းသည့္ေန႔သည္ ႏုိင္ငံႏွင့္လူမ်ိဳးေပ်ာက္ကြယ္မည့္ေန႔ျဖစ္ သည္ကုိအားလုံးသတိျပဳၾကရန္ လုိအပ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကား ေရးမွဴး႐ုံးကြပ္ကဲမႈေအာက္ နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမ်ားမွ စစ္သည္၊ စစ္သမီးမ်ားက ႀကိဳးတပ္ တူရိယာေခတ္ေပၚတီး၀ုိင္းႏွင့္ျမန္မာ့ဆုိင္း၀ုိင္းတုိ႕ျဖင့္ မႈံေရႊရည္သီခ်င္းအားတီးမႈတ္ျခင္း၊ ေပဖူးလႊာေတး သီခ်င္းအားသီဆုိျခင္း၊ ေဒ၀စၦရာ ယိမ္းအကအားကျပေဖ်ာ္ေျဖျခင္း၊ မဂၤလာေန႔ပါရွင္ ေတးသီခ်င္းအား ေစာင္း၊ ပတၱလားတုိ႔ ျဖင့္တီးခတ္ေဖ်ာ္ေျဖျခင္း၊ မ်က္လွည့္ျပကြက္မ်ားျပသေဖ်ာ္ေျဖျခင္းႏွင့္ တပ္မေတာ္ အင္အား ရွိမွတုိင္းျပည္အင္အားရွိမည္ ေတးသီခ်င္းတုိ႔အား သီဆုိတီးမႈတ္ကျပေဖ်ာ္ၾကရာတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ၾကည့္႐ႈအား ေပးၾကသည္။

အခမ္းအနားအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ ေရာက္ လာၾကသည့္ အကဲျဖတ္အဖြဲ႕အႏုပညာရွင္ႀကီးမ်ားႏွင့္ စစ္သည္၊ စစ္သမီးမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ၾကသည္။

အဆုိပါကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကားေရး မွဴး႐ုံး၏တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲမ်ားအား ျမန္မာ့ ႐ုိးရာယဥ္ေက်းမႈ အႏုသုခုမပညာရပ္မ်ားကုိထိန္းသိမ္းရန္၊ ပုိမုိတုိးတက္ ျမင့္မားလာေစရန္ႏွင့္ ႏုိင္ငံေတာ္ ႏွင့္တပ္မေတာ္အဆင့္ေဖ်ာ္ေျဖေရးမ်ားတြင္ အဆင့္အတန္းျမင့္မားစြာ ေဖ်ာ္ေျဖႏုိင္ေစရန္အတြက္ ရည္ရြယ္၍ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲ မႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕မ်ားႏွင့္ နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမ်ားမွ စစ္သည္၊ စစ္သမီးမ်ား ျဖင့္ ႏွစ္စဥ္က်င္းပျပဳလုပ္ေနျခင္းျဖစ္ၿပီး ၿပိဳင္ပြဲတြင္ေခတ္ေဟာင္းေတး၊ ကာလေပၚေတး၊ ေခတ္ေပၚေတး၊ အၿငိမ့္ၿပိဳင္ပြဲ၊ အကၿပိဳင္ပြဲ၊ ျမန္မာ့ဆုိင္းၿပိဳင္ပြဲ၊ ျမန္မာ့႐ုိးရာယဥ္ေက်းမႈ(စိတ္ႀကိဳက္)ယိမ္းအက၊ ႏွစ္ပါးသြား အက၊ ျပဇာတ္ၿပိဳင္ပြဲ၊ ေခတ္ေပၚတီး၀ုိင္း၊ မ်က္လွည့္ၿပိဳင္ပြဲႏွင့္အေရးၿပိဳင္ပြဲမ်ားအား စက္တင္ဘာ ၈ ရက္ အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

(Unicode Version)

စာပေ၊ ဂီတ၊ သုခုမနှင့်အားကစားတို့သည် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်တို့ကိုခိုင်မာစေသည့် တွန်းအားများဖြစ်၊ ထိုပညာရပ်နယ်ပယ်များကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချရမည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ  ၃

နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးစသည့်နယ်ပယ်များကိုအောင်အောင်မြင်မြင် စီမံလုပ်ဆောင် နိုင်ရန်အတွက်ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်တစ်နည်းအားဖြင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်များကို လှုံ့ဆော်မှုပြုနိုင်သည့်အရည်အသွေးစစ်မှန်မြင့်မားသော ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များသည် မရှိမဖြစ်လိုအပ်ကြောင်း၊ စာပေ၊ ဂီတ၊ သုခုမနှင့်အားကစားများသည် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည် ချစ်စိတ် ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ကိုခိုင်မာစေသည့် တွန်းအားများဖြစ်ကြောင်း၊ ထိုပညာရပ် နယ်ပယ် များကိုတိုင်းပြည်အတွက် အကျိုးရှိရှိအသုံးချရမည်ဖြစ်ပြီး တိုးတက်သည့်နိုင်ငံတိုင်း၊ ခိုင်မာမှုရှိသည့် နိုင်ငံတိုင်းတွင် စနစ်တကျအားပေးဆောင်ရွက်နေကြသည်ကိုတွေ့နိုင်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည် သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်အဖွဲ့အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက်ရောက်ကြသည်။

ဦးစွာစိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီ တို့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်းအဆို၊ အက၊ အရေး၊ အတီး၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာကြီးသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့်ရွာကြီးသဖွယ်ဖြစ်ပြီး ယဉ်ကျေးမှုများ ဆက်စပ်ယှက်နွယ်နေကြပြီ ဆိုသော်လည်း ကမ္ဘာ့နိုင်ငံတိုင်း၊ လူမျိုးတိုင်းသည်မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဆက်လက်ထိန်းသိမ်းပြီးမြှင့်တင် နေကြသည်ကို အထင်အရှားတွေ့နိုင်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် လည်းပထမမြန်မာနိုင်ငံတော်ဟု မပေါ်ပေါက်သေးမီကာလကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များနှင့် ခိုင်မာသည့်သမိုင်းကြောင်းရှိခဲ့သည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နှစ်ပေါင်းထောင်ချီရှည်လျား ခဲ့သည့်သမိုင်းကြောင်းပေါ်တွင်ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြငှန်းနှင့်မျိုးရိုးဂုဏ်သိက္ခာ ထည်ဝါမြင့်မားစွာ တည်ရှိလာခဲ့သူများလည်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံသည်ကမ္ဘာ မှာကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များနှင့်ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်စစ်စစ် နိုင်ငံတစ်ခုအဖြစ်ရပ်တည်သွားနိုင်ရန် မျိုးချစ်စိတ်ဆိုသည် မှာအခရာကျကြောင်း၊ မြန်မာ့သမိုင်းဖြစ်စဉ်များတွင် အမျိုးဘာသာ၊ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက် အလေးထားသည့် မင်းဧကရာဇ်များပေါ်ထွန်းခဲ့ခြင်းသည် အမျိုးဘာသာ၊ သာသနာတော် နှင့်ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသည့် မြန်မာနိုင်ငံသားများ၏မျိုးချစ်စိတ်ဓာတ်ကို ဖော်ပြနေခြင်း ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စည်းလုံးညီညွတ်မှုနှင့် ထက်မြက်မြင့်မားသည့် ကာကွယ်ရေးအင်အားကို တည်ဆောက်ရာတွင်လည်း မျိုးချစ်စိတ်ဓာတ်သည်မရှိမဖြစ် လိုအပ်သည့်အရာပင်ဖြစ်ကြောင်း၊ လက်ရုံးရည်၊ နှလုံးရည်ထက်မြက်မြင့်မားသည့် နိုင်ငံ့ခေါင်းဆောင်တိုင်းသည် ရိုးရာယဉ်ကျေးမှု အစဉ်အလာ များကို မြတ်နိုးတန်ဖိုးထား ကြသကဲ့သို့ နိုင်ငံသားတိုင်း၏ရိုးရာယဉ်ကျေးမှုအစဉ်အလာမြတ်နိုးစိတ်ကိုလည်း အားပေး မြှင့်တင်ခဲ့ကြသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုများအပေါ်မြတ်နိုး တန်ဖိုးထားသည့် စိတ်မြင့်မားချိန်တိုင်းတွင် ထက်သန်မြင့်မားသည့့်မျိုးချစ်စိတ်ဓာတ်များ ဖြစ်ပေါ်လာခဲ့သည်ကိုမြန်မာ့ သမိုင်းတွင် အထင်အရှားသက်သေခံလျက်ရှိကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့်ရိုးရာယဉ်ကျေးမှုများအပေါ် မြတ်နိုးတန်ဖိုးထားစိတ်နည်းပါးချိန်တွင် ဘာသာတရားကိုမျက်ကွယ်ပြုပြီး ဆိုးသွမ်းကြမ်းတမ်းသည့် စိတ်နေ စိတ်ထားစရိုက်ဆိုးများ ကြီးစိုးကြသည်ကိုတွေ့ရသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ၏ဇာတိသွေး၊ ဇာတိမာန် စိတ်ဓာတ်များယုတ်လျော့ခြင်း၊ အမျိုးသစ္စာတရားပျက်ယွင်းခြင်း၊ နိုင်ငံတော်စည်းလုံးညီညွတ်မှုယုတ် လျော့ခြင်း စသည်များဖြစ်ပေါ်ပြီး တိုင်းပြည်နှင့်လူမျိုးအနေဖြင့် ကြီးမားသည့်အန္တရာယ် များကိုရင်ဆိုင်ကြရ မြဲဖြစ်သည်ကိုအတိတ်သမိုင်းတွင်တွေ့ရမည်ဖြစ်ကြောင်းပြောကြားသည်။

မိမိတို့မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းစဉ် တစ်လျှောက်ပေါ် ပေါက်ဖွံ့ဖြိုးခဲ့သည့် စာပေ၊ ဂီတအနုသုခုမပညာနှင့် ဗိသုကာလက်ရာများ သည်လည်း ဗုဒ္ဓ၏အဆုံးအမများ လွှမ်းမိုးနေသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာ့စိတ်ရင်း ပီပီသည်းခံခွင့်လွှတ်စိတ်ရှိသူများဖြစ်ကြသကဲ့သို့ သူတစ်ပါးအပေါ်ရန်စောင်ခြင်းကင်းသူများ လည်းဖြစ်ကြောင်း၊ သို့သော်မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ အပေါ် ထိပါးစော်ကားလာသည့် အချိန်တွင် မိမိတို့အသက်ကိုပဓာနမထားဘဲ တရားသောစစ်ပွဲအတွက် အသက် စွန့်လွှတ်တိုက်ပွဲဝင်တတ်ကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား အားလုံး၏ ဓလေ့စရိုက်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထက်သန်သည့်စိတ်ထားများ နီးစပ်တူညီနေခြင်းသည် နက်နဲသိမ်မွေ့သောဆွေမျိုးညာတိ ရိုးရာဓလေ့အမြုတေစိတ်ထားများက သန္ဓေတည်ပေးထားခြင်း ကြောင့် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုများသည် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုအားလုံး၏ ရတနာ တစ်ပါးဖြစ်သည်ဆိုသည်ကို နားလည်သဘောပေါက်ထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ရိုးရာယဉ်ကျေး မှုကို ထိန််းသိမ်းမြှင့်တင်ကြရမည့်တာဝန်သည် မိမိတို့နိုင်ငံသား တိုင်းရင်းသားညီအစ်ကိုအားလုံး၏ မွေးရာပါ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီးမိမိတို့နိုင်ငံအနေဖြင့် နယ်ချဲ့သူ့ကျွန်ဘဝလက်အောက်မှလွတ်မြောက်ခဲ့ခြင်းသည် မိမိတို့ နိုင်ငံသားများ၏စိတ်နှလုံးထဲတွင် ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသည့်စိတ် တစ်နည်းအားဖြင့် ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်ကိုအခြေခံသည့် သူ့ကျွန်မခံလိုသည့် မျိုးချစ်စိတ်ဓာတ်များ ပျက်စီးသွားခြင်း မရှိခဲ့ခြင်း ကြောင့်လည်းဖြစ်ကြောင်း၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးကိုကြိုးပမ်းဆောင်ရွက်ရာတွင် ပထမဆုံး စုစည်းညီညွတ်စွာပေါ်ပေါက်ခဲ့သည့် အမျိုးသားနိုင်ငံရေးအဖွဲ့အစည်းကြီးမှာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA- Young Men’s Buddhist Association) ပင်ဖြစ်ကြောင်း၊ ထိုအသင်းကြီးသည် ၁၉၀၆ ခုနှစ်(လွတ်လပ်ရေးမရမီ ၄၂ နှစ်အလို) ကတည်းကပေါ်ပေါက်ခဲ့ပြီး မြန်မာ့မျိုးချစ်စိတ်နှင့် ကိုယ်ပိုင် ယဉ်ကျေးမှုကိုမြှင့်တင်ပေးခြင်းဖြင့် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကိုစတင်ဆင်နွှဲခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အဖွဲ့ကြီးဖြစ်ကြောင်း၊ ထိုအဖွဲ့ကြီး၏မူလရည်ရွယ်ချက်မှာ အမျိုး၊ ဘာသာနှင့် ပညာကိုမြှင့်တင်ရန် ဖြစ်ပြီး ကြွေးကြော်သံများကတော့ “အမျိုးကိုချစ်ပါ”၊ “ဘာသာကိုလေးစားပါ”၊ “သာသနာကိုချီးမြှင့်ပါ”၊ “ပညာ ရေးကိုအားပေးပါ” တို့ဖြစ်ကြောင်း၊ မြန််မာ့လွတ်လပ်ရေးသည် ထိုအကြောင်းအရာများ၊ မျိုးချစ်စိတ်ဓာတ် များနှင့် အခြေခံခဲ့ခြင်းဖြစ်သဖြင့် ယနေ့ခေတ်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာလည်း ထိုအကြောင်းတရားများကိုပင် အခြေခံသွားနိုင်ရန်လိုအပ်ကြောင်း၊ အနုသုခုမပညာရပ်ဆိုသည်မှာလည်း လူသားတစ်ဦး၏ စိတ်နေ စိတ်ထားအပေါ် အလွယ်ကူဆုံးနှင့်အလျင်မြန်ဆုံးလှုံ့ဆော်မှုပြုနိုင်သည့် အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ကျွမ်းကျင်ပိုင်နိုင်သည့်အရည်အချင်းရှိသော အနုပညာသည်ပညာရှင်များဖြစ်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်သွား ကြရမည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက်ယနေ့ခေတ်ကဲ့သို့ တိုးတက်မြန်ဆန်သည့် ခေတ်မီဆက်သွယ်ရေးနည်း ပညာရပ်များ ထွန်းကား နေချိန်တွင် ဖျော်ဖြေရေးနှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍပိုင်းကိုဟန်ချက်ညီညီအကွက်မြင်မြင် အသုံး ချပြီး ထိရောက်အောင်မြင်သည့် ဖျော်ဖြေမှုပုံစံတစ်ရပ်အဖြစ် တီထွင်ကြံဆကြိုးပမ်းသွားရန်လိုအပ် လာပြီ ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကိုအခြေပြုသည့် အနုသုခုမပညာရပ်များမှ တစ်ဆင့် ထက်သန်ပြင်းပြသော မျိုးချစ်စိတ်ဓာတ်အခြေခံကောင်းများကို မိမိတို့တပ်မတော်သားများနှင့် မိသားစု ၀င်များ သာမကမိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏စိတ်ထဲ၊ နှလုံးသားထဲရောက်သည်အထိ စွမ်းဆောင်နိုင် စေရန်အတွက် တပ်ဖွဲ့တွင်းပြိုင်ပွဲများကိုယခုကဲ့သို့ကျင်းပနေရခြင်းဖြစ် ကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ပြိုင်ပွဲသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ဇာတိသွေး၊ ဇာတိမာန်စိတ်ထားများပြင်းထန်တက်ကြွနေစေရန်၊ အမျိုး ဘာသာ၊ သာသနာချစ်စိတ်များ နိုးကြားတက်ကြွနေစေရန်အတွက် အမျိုးသားရေးအားဆေး တိုက်ကျွေး သည့် အနေဖြင့် ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များနှင့် ဖော်စပ်ထားသည့်ပညာရပ်များကိုပိုမိုထက်မြက်လာစေရန်အတွက်လည်းပညာရှင်များအနေဖြင့် အစဉ် လေ့ကျင့်မြှင့်တင်နေကြရန်လိုအပ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ ထူးခြား သည့် ၀ိသေသကိုဖော်ညွှန်းပြသနေသည့် ကိုယ်ပိုင်အမျိုးသားရေးသင်္ကေတဖြစ်သကဲ့သို့ ရုပ်ရည်သွင်ပြင် လက္ခဏာ၊ ၀တ်စားဆင်ယင် ထုံးဖွဲ့မှု၊ ဘာသာစကားအသုံးအနှုန်း၊ ယဉ်ကျေးမှုဓလေ့စရိုက်အစဉ်အလာနှင့် လူမှုကျင့်ဝတ် စံနှုန်းတို့သည် နိုင်ငံနှင့်လူမျိုးများ၏အမျိုးသားရေးဥပဓိရုပ်များဖြစ်သည့်အတွက် ထိုအရာများ ပျောက်ဆုံးပျက်ယွင်းသည့်နေ့သည် နိုင်ငံနှင့်လူမျိုးပျောက်ကွယ်မည့်နေ့ဖြစ် သည်ကိုအားလုံးသတိပြုကြရန် လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ကြိုးတပ် တူရိယာခေတ်ပေါ်တီးဝိုင်းနှင့်မြန်မာ့ဆိုင်းဝိုင်းတို့ဖြင့် မှုံရွှေရည်သီချင်းအားတီးမှုတ်ခြင်း၊ ပေဖူးလွှာတေး သီချင်းအားသီဆိုခြင်း၊ ဒေဝစ္ဆရာ ယိမ်းအကအားကပြဖျော်ဖြေခြင်း၊ မင်္ဂလာနေ့ပါရှင် တေးသီချင်းအား စောင်း၊ ပတ္တလားတို့ ဖြင့်တီးခတ်ဖျော်ဖြေခြင်း၊ မျက်လှည့်ပြကွက်များပြသဖျော်ဖြေခြင်းနှင့် တပ်မတော် အင်အား ရှိမှတိုင်းပြည်အင်အားရှိမည် တေးသီချင်းတို့အား သီဆိုတီးမှုတ်ကပြဖျော်ကြရာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအား ပေးကြသည်။

အခမ်းအနားအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက် ရောက် လာကြသည့် အကဲဖြတ်အဖွဲ့အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

အဆိုပါကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေး မှူးရုံး၏တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများအား မြန်မာ့ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကိုထိန်းသိမ်းရန်၊ ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံတော် နှင့်တပ်မတော်အဆင့်ဖျော်ဖြေရေးများတွင် အဆင့်အတန်းမြင့်မားစွာ ဖျော်ဖြေနိုင်စေရန်အတွက် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် မြဝတီတေးဂီတအဖွဲ့များနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများ ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(စိတ်ကြိုက်)ယိမ်းအက၊ နှစ်ပါးသွား အက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့်အရေးပြိုင်ပွဲများအား စက်တင်ဘာ ၈ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။