တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယတပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal BS Dhanoa, PVSM, AVSM, YSM, VM, ADC အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယတပ္မေတာ္ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal BS Dhanoa, PVSM, AVSM, YSM, VM, ADC အား ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌လက္ခံ ေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္ အရာရွိႀကီး မ်ားတက္ေရာက္ၾကၿပီး အိႏၵိယတပ္မေတာ္ေလတပ္ဦးစီးခ်ဳပ္ႏွင့္အတူ အိႏၵိယတပ္မေတာ္ေလတပ္မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာအိႏၵိယႏုိင္ငံစစ္သံမွဴး Colonel Naveen Mahajan ႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ျမန္မာ-အိႏၵိယႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ ရင္းႏွီးမႈတုိးတက္ခုိင္ၿမဲေနမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံေလတပ္မ်ားအၾကားအေတြ႕အႀကဳံမ်ား ဖလွယ္ေရးႏွင့္ေလ့က်င့္ေရးဆုိင္ရာကိစၥရပ္ မ်ား၊ ေလပုိင္နက္ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္မႈမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ထိန္းသိမ္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္သြားေရာက္ျခင္း ျဖင့္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈ ကုိပါပုိမုိ တုိးျမႇင့္ႏုိင္သည့္အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အိႏၵိယတပ္မေတာ္ ေလတပ္ဦးစီးခ်ဳပ္တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယတပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal BS Dhanoa, PVSM, AVSM, YSM, VM, ADC အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော်လေတပ်ဦးစီးချုပ် Air Chief Marshal BS Dhanoa, PVSM, AVSM, YSM, VM, ADC အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော် အရာရှိကြီး များတက်ရောက်ကြပြီး အိန္ဒိယတပ်မတော်လေတပ်ဦးစီးချုပ်နှင့်အတူ အိန္ဒိယတပ်မတော်လေတပ်မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံစစ်သံမှူး Colonel Naveen Mahajan နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုတိုးတက်ခိုင်မြဲနေမှု အခြေအနေများ၊ နှစ်နိုင်ငံလေတပ်များအကြားအတွေ့အကြုံများ ဖလှယ်ရေးနှင့်လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ် များ၊ လေပိုင်နက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်း ဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကိုပါပိုမို တိုးမြှင့်နိုင်သည့်အခြေအနေများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယတပ်မတော် လေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။