ရေဆင်းဆည်အတွင်းသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ငါးမျိုးများ စိုက်ထည့်ပေး

ေနျပည္ေတာ္၊ စက္တင္ဘာ ၇

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းရွိ ေရဆင္းဆည္ အတြင္းငါးသယံဇာတမ်ား တုိးပြား ေစရန္အတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ငါးမ်ိဳးမ်ားစုိက္ထည့္ေပးျခင္းအခမ္းအနားအား ယေန႔ညေနပုိင္းတြင္က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ငါးမ်ိဳးမ်ားအား ဦးေဆာင္စုိက္ထည့္ေပးသည္။


အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္ႏွင့္ဇနီး၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ဇနီး၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။


ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားက ေရဆင္းဆည္ အတြင္းသုိ႔ငါးမ်ိဳးမ်ားအားဦးေဆာင္စုိက္ထည့္ေပးၾကသည္။ ယင္းေနာက္ အရာရွိ၊ စစ္သည္မိသားစုမ်ားႏွင့္ ဇနီးမ်ားက ငါးျမစ္ခ်င္းေကာင္ေရ ၆၂၉၀၀ ကုိေရဆင္းဆည္အတြင္းစုိက္ထည့္ေပးၾကရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး တပ္မေတာ္အရာရွိႀကီးမ်ားကလုိက္လံၾကည့္႐ႈအားေပးၾကသည္။

ေရဆင္းဆည္သည္ ကန္ေရျပည့္ ေရေလွာင္ပမာဏ ၇၃၀၀၀ ဧကေပထိန္းသိမ္း ႏုိင္ၿပီး ေရဆင္းေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ား၏ စုိက္ပ်ိဳးဧက ၃ ေသာင္းခန္႔အား ႏွစ္စဥ္ေရေပးေ၀၍ ေဒသခံျပည္သူမ်ားအား ေသာက္သုံးေရမ်ားျဖန္႔ေ၀ေပးႏုိင္သည့္အျပင္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရး တုိ႔အတြက္ အေထာက္အကူျပဳသည့္ေရေလွာင္တမံျဖစ္သည္။ ယင္းေရေလွာင္တမံတြင္ငါးသယံဇာတ မ်ား ေပ်ာက္ကြယ္ျပဳန္းတီးမႈမရွိေစရန္ႏွင့္ ငါးမ်ိဳးမ်ားထိန္းသိမ္းႏုိင္ရန္အတြက္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားက ၂၀၁၁ ခုႏွစ္မွစတင္၍ ငါးမ်ိဳးမ်ားစုိက္ထည့္ ျခင္းအားေဆာင္ရြက္ခဲ့ရာယေန႔အထိ ထုိင္းငါးခုံးမ၊ ေငြေရာင္ငါးၾကင္း၊ ငါးျမစ္ခ်င္းႏွင့္ ျမက္စားငါးၾကင္းအပါအ၀င္ ငါးမ်ိဳးစုံေကာင္ေရ ၄၈၅၇၀၀ အား စုိက္ထည့္ေပးခဲ့ၿပီးျဖစ္သည္။

(Unicode Version)

ရေဆင်းဆည်အတွင်းသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ငါးမျိုးများ စိုက်ထည့်ပေး 

နေပြည်တော်၊ စက်တင်ဘာ  ၇ 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းဆည် အတွင်းငါးသယံဇာတများ တိုးပွား စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ငါးမျိုးများစိုက်ထည့်ပေးခြင်းအခမ်းအနားအား ယနေ့ညနေပိုင်းတွင်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ပေးသည်။ 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ 

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ရေဆင်းဆည် အတွင်းသို့ငါးမျိုးများအားဦးဆောင်စိုက်ထည့်ပေးကြသည်။ ယင်းနောက် အရာရှိ၊ စစ်သည်မိသားစုများနှင့် ဇနီးများက ငါးမြစ်ချင်းကောင်ရေ ၆၂၉၀၀ ကိုရေဆင်းဆည်အတွင်းစိုက်ထည့်ပေးကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တပ်မတော်အရာရှိကြီးများကလိုက်လံကြည့်ရှုအားပေးကြသည်။ 

ရေဆင်းဆည်သည် ကန်ရေပြည့် ရေလှောင်ပမာဏ ၇၃၀၀၀ ဧကပေထိန်းသိမ်း နိုင်ပြီး ရေဆင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၏ စိုက်ပျိုးဧက ၃ သောင်းခန့်အား နှစ်စဉ်ရေပေးဝေ၍ ဒေသခံပြည်သူများအား သောက်သုံးရေများဖြန့်ဝေပေးနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေး တို့အတွက် အထောက်အကူပြုသည့်ရေလှောင်တမံဖြစ်သည်။ ယင်းရေလှောင်တမံတွင်ငါးသယံဇာတ များ ပျောက်ကွယ်ပြုန်းတီးမှုမရှိစေရန်နှင့် ငါးမျိုးများထိန်းသိမ်းနိုင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊ လေ) မိသားစုများက ၂၀၁၁ ခုနှစ်မှစတင်၍ ငါးမျိုးများစိုက်ထည့် ခြင်းအားဆောင်ရွက်ခဲ့ရာယနေ့အထိ ထိုင်းငါးခုံးမ၊ ငွေရောင်ငါးကြင်း၊ ငါးမြစ်ချင်းနှင့် မြက်စားငါးကြင်းအပါအဝင် ငါးမျိုးစုံကောင်ရေ ၄၈၅၇၀၀ အား စိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။