တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၌တက်ရောက်ကုသလျက်ရှိသည့် စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းများနှင့် ဒေသခံတိုင်းရင်း သားများအားသွားရောက်တွေ့ဆုံအားပေး၊ ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာ သိပ္ပံကျောင်း သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိ္င္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ေတာင္ႀကီးၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ ေဆး႐ုံ၌ တက္ေရာက္ကုသလ်က္ရွိသည့္ စစ္သည္၊ မိသားစုမ်ား၊ စစ္မႈထမ္းေဟာင္း မ်ားႏွင့္ ေဒသခံတိုင္းရင္းသားမ်ား အားသြားေရာက္ေတြ႕ဆုံအားေပးစကားေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္အမ်ိဳးသားကုသေဆာင္တြင္ တက္ေရာက္ကုသလ်က္ရွိသည့္ စစ္သည္မ်ား၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ ေဒသခံတုိင္းရင္းသားမ်ားအားတစ္ဦးခ်င္း ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္၍ ေရာဂါျဖစ္ပြားမႈ အေျခအေနမ်ား အားေမးျမန္းအားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးေဒၚၾကဴၾကဴလွသည္ လည္း အမ်ိဳးသမီးကုသ ေဆာင္တြင္ တက္ေရာက္ကုသလ်က္ရွိသည့္ စစ္သည္မိသားစုမ်ား ႏွင့္ေဒသခံျပည္သူ ကုိယ္၀န္ေဆာင္မိခင္မ်ား အားတစ္ဦးခ်င္းရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေဆး႐ုံအတြင္းလွည့္လည္ ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိ သူမ်ား၏တင္ျပခ်က္မ်ားအေပၚလုိအပ္သည္မ်ားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဟုိပုံးတပ္နယ္ရွိ တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံေက်ာင္းသုိ႔ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမတြင္ ေက်ာင္းအုပ္ႀကီးက သင္တန္းမ်ားေလ့က်င့္ သင္ၾကားေပးေနမႈအေျခအေနမ်ား၊ တပ္တည္ေဆာက္ေရးလုပ္ငန္းဆုိင္ရာမ်ားႏွင့္ သင္တန္းေက်ာင္းရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားသက္သာေခ်ာင္ခ်ိေရးအတြက္တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ ေပးထားမႈအေျခအေနမ်ားအားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က တပ္မေတာ္ကြန္ပ်ဴတာ ႏွင့္နည္းပညာသိပၸံေက်ာင္း၏ ရြယ္ရြယ္ခ်က္ျဖစ္သည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အတြက္လုိအပ္ေသာ အရည္အခ်င္းႏွင့္ျပည့္စုံသည့္အတတ္ ပညာရွင္ဒီပလုိမာလက္မွတ္ရ ပညာသည္တပ္ၾကပ္ႀကီးမ်ား ေမြးထုတ္ေပး ရန္ဆုိသည့္အတုိင္း အမွန္တကယ္တတ္ကြၽမ္းေနေအာင္သင္ၾကားေပးရန္၊ စစ္ပညာ၊ စာေပပညာ ႏွင့္ အင္ဂ်င္နီယာနည္းပညာမ်ား သင္ၾကားေပးေနသည့္ေက်ာင္းျဖစ္၍စည္းကမ္း ေကာင္းမြန္ေရးအတြက္ စနစ္တက် ၾကပ္မတ္ေဆာင္ရြက္ရန္၊ သင္တန္းသားမ်ား မိမိတုိ႔သင္ၾကားရသည့္ဘာသာရပ္အလုိက္ ကြၽမ္းက်င္မႈရွိေစေရး ဘာသာရပ္အေထာက္ အကူျပဳျဖတ္ပုိင္းပုံ၊ စံျပဳပုံမ်ားထားရွိ၍ေလ့က်င့္ေပးရန္၊ အင္ဂ်င္နီယာပညာရပ္တြင္ အေရးႀကီးသည့္ အီလက္ထေရာနစ္ဘာသာရပ္၊ အဂၤလိပ္စာႏွင့္ ကြန္ပ်ဴတာဘာသာရပ္မ်ားကုိ ကြၽမ္းက်င္မႈ ရွိေအာင္သင္ၾကားေပးရန္၊ အင္ဂ်င္နီယာပုိင္းဆုိင္ရာအသိအျမင္မ်ား ပုိမုိတုိးတက္ေစေရး Philosophy of Engineering အျမင္အားတတ္ႏုိင္သမွ်သင္ၾကား ေပးရန္တုိ႔အားမွာၾကားသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေက်ာင္းျပခန္း အတြင္းခင္းက်င္းျပသထားမႈ မ်ားအားၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ စာသင္ခန္းမ်ားအတြင္း သင္တန္းသားမ်ားအား သင္ခန္းစာမ်ား သင္ၾကားပုိ႔ခ်ေပးေနမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ား အေပၚလုိအပ္ သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ နည္းပညာျပခန္း အတြင္း ခင္းက်င္းျပသထား သည့္ စက္မႈအင္ဂ်င္နီယာဌာနျပခန္း၊ အီလက္ထေရာနစ္ အင္ဂ်င္နီယာဌာနျပခန္း၊ ဓာတုအင္ဂ်င္နီယာဌာန ျပခန္း၊ ကြန္ပ်ဴတာအင္ဂ်င္နီယာ ဌာနျပခန္း၊ သတၱဳေဗဒအင္ဂ်င္နီယာျပခန္း၊ စက္မႈအီလက္ထေရာနစ္ အင္ဂ်င္နီယာျပခန္း၊ ၿမိဳ႕ျပအင္ဂ်င္နီယာျပခန္း၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာျပခန္းမ်ားအတြင္းခင္းက်င္း ျပသထားရွိမႈမ်ားအား လွည့္လည္ၾကည့္႐ႈစစ္ေဆးရာတာ၀န္ရွိသူမ်ားကလုိက္လံ ရွင္းလင္းတင္ျပၾကသည္။ ၎ေနာက္ေန႔လယ္ပုိင္းတြင္သင္တန္းသားစားရိပ္သာ၌ သင္တန္းသားမ်ားႏွင့္အတူ ေန႔လယ္စာအား အတူ တကြသုံးေဆာင္ၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္းေက်ာင္း အတြင္းရွိ ရာသီသီးႏွံ စုိက္ခင္းႏွင့္ Green House မ်ားအတြင္း ရာသီသီးႏွံမ်ားစုိက္ပ်ိဳး ထားရွိမႈအေျခအေနမ်ား၊ ေမြးျမဴေရးၿခံမ်ား အတြင္း DYL ၀က္မ်ားေမြးျမဴထားရွိမႈ၊ ႏုိ႕စားႏြားမ်ားေမြးျမဴထားရွိမႈ၊ အသားစားၾကက္ႏွင့္ ဥစားၾကက္မ်ား ေမြးျမဴ ထားရွိမႈမ်ား အားၾကည့္႐ႈစစ္ေဆးၿပီးတာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚလုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၌တက်ရောက်ကုသလျက်ရှိသည့် စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းများနှင့် ဒေသခံတိုင်းရင်း သားများအားသွားရောက်တွေ့ဆုံအားပေး၊ ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာ သိပ္ပံကျောင်း သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင်တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည့် စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း များနှင့် ဒေသခံတိုင်းရင်းသားများ အားသွားရောက်တွေ့ဆုံအားပေးစကားပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်အမျိုးသားကုသဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် စစ်သည်များ၊ စစ်မှုထမ်းဟောင်းများနှင့် ဒေသခံတိုင်းရင်းသားများအားတစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ ရောဂါဖြစ်ပွားမှု အခြေအနေများ အားမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှသည် လည်း အမျိုးသမီးကုသ ဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် စစ်သည်မိသားစုများ နှင့်ဒေသခံပြည်သူ ကိုယ်ဝန်ဆောင်မိခင်များ အားတစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းသို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းများလေ့ကျင့် သင်ကြားပေးနေမှုအခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများနှင့် သင်တန်းကျောင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများသက်သာချောင်ချိရေးအတွက်တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ပေးထားမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ကွန်ပျူတာ နှင့်နည်းပညာသိပ္ပံကျောင်း၏ ရွယ်ရွယ်ချက်ဖြစ်သည့် တပ်မတော်(ကြည်း၊ရေ၊လေ)အတွက်လိုအပ်သော အရည်အချင်းနှင့်ပြည့်စုံသည့်အတတ် ပညာရှင်ဒီပလိုမာလက်မှတ်ရ ပညာသည်တပ်ကြပ်ကြီးများ မွေးထုတ်ပေး ရန်ဆိုသည့်အတိုင်း အမှန်တကယ်တတ်ကျွမ်းနေအောင်သင်ကြားပေးရန်၊ စစ်ပညာ၊ စာပေပညာ နှင့် အင်ဂျင်နီယာနည်းပညာများ သင်ကြားပေးနေသည့်ကျောင်းဖြစ်၍စည်းကမ်း ကောင်းမွန်ရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ သင်တန်းသားများ မိမိတို့သင်ကြားရသည့်ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိစေရေး ဘာသာရပ်အထောက် အကူပြုဖြတ်ပိုင်းပုံ၊ စံပြုပုံများထားရှိ၍လေ့ကျင့်ပေးရန်၊ အင်ဂျင်နီယာပညာရပ်တွင် အရေးကြီးသည့် အီလက်ထရောနစ်ဘာသာရပ်၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်များကို ကျွမ်းကျင်မှု ရှိအောင်သင်ကြားပေးရန်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာအသိအမြင်များ ပိုမိုတိုးတက်စေရေး Philosophy of Engineering အမြင်အားတတ်နိုင်သမျှသင်ကြား ပေးရန်တို့အားမှာကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းပြခန်း အတွင်းခင်းကျင်းပြသထားမှု များအားကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စာသင်ခန်းများအတွင်း သင်တန်းသားများအား သင်ခန်းစာများ သင်ကြားပို့ချပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ် သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နည်းပညာပြခန်း အတွင်း ခင်းကျင်းပြသထား သည့် စက်မှုအင်ဂျင်နီယာဌာနပြခန်း၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနပြခန်း၊ ဓာတုအင်ဂျင်နီယာဌာန ပြခန်း၊ ကွန်ပျူတာအင်ဂျင်နီယာ ဌာနပြခန်း၊ သတ္တုဗေဒအင်ဂျင်နီယာပြခန်း၊ စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာပြခန်း၊ မြို့ပြအင်ဂျင်နီယာပြခန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာပြခန်းများအတွင်းခင်းကျင်း ပြသထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကလိုက်လံ ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက်နေ့လယ်ပိုင်းတွင်သင်တန်းသားစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာအား အတူ တကွသုံးဆောင်ကြသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်း အတွင်းရှိ ရာသီသီးနှံ စိုက်ခင်းနှင့် Green House များအတွင်း ရာသီသီးနှံများစိုက်ပျိုး ထားရှိမှုအခြေအနေများ၊ မွေးမြူရေးခြံများ အတွင်း DYL ဝက်များမွေးမြူထားရှိမှု၊ နို့စားနွားများမွေးမြူထားရှိမှု၊ အသားစားကြက်နှင့် ဥစားကြက်များ မွေးမြူ ထားရှိမှုများ အားကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။