တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္သုိ႕ေရာက္ရွိရာ အစည္းအေ၀းခန္းမ၌ အေရွ႕ပုိင္း တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္က တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း လုံၿခဳံေရးႏွင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး ေဆာင္ရြက္ထားရွိမႈမ်ားအားရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္မ်ားေက်ပြန္စြာထမ္းေဆာင္ႏုိင္ရန္အတြက္ စြမ္းရည္ထက္ျမက္ေသာ တပ္မ်ားျဖစ္လာေစေရး ေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ မူးယစ္ေဆး၀ါးတားဆီးကာကြယ္ ႏွိမ္နင္းေရးႏွင့္ နယ္ေျမလုံၿခဳံေရးအတြက္ နယ္ဘက္ဌာနဆုိင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းညိႇႏႈိင္းေဆာင္ရြက္သြားရန္ လုိအပ္ေၾကာင္း၊ တပ္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ တာ၀န္ရွိသူမ်ားက လက္ေတြ႕ လုပ္ေဆာင္ျပသရန္ႏွင့္ ဦးေဆာင္သြားရန္လုိအပ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ေတာင္ႀကီးတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား တုိင္းစစ္ဌာနခ်ဳပ္ရွိ သံလြင္ခန္းမ၌ ေတြ႕ဆုံ အမွာစကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိ္င္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္၊ တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္သည္ ႏုိင္ငံေတာ္ ကာကြယ္ေရးတာ၀န္မ်ားကုိ ထမ္းေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္မွေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တုိင္းရင္းသားမ်ားအား အခြင့္အေရးညီမွ်စြာ ေပးထားသည္ကုိ ဖြဲ႕စည္းပုံအေျခခံဥပေဒ၌ တုိ႔တြင္အတိအလင္း ေဖာ္ျပထားၿပီးျဖစ္ေၾကာင္း၊ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ အခန္း(၁၂)တြင္ဥပေဒႏွင့္ အညီျပင္ဆင္ႏုိင္သည္ကုိေဖာ္ျပထားၿပီးျဖစ္ေၾကာင္း၊ မိမိတုိ႔ ႏုိင္ငံသည္ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက တုိင္းရင္းသားေပါင္းစုံျဖင့္ စုစည္းထားသည့္ ျပည္ေထာင္စုႏုိင္ငံျဖစ္ေၾကာင္း၊ ၁၈၂၃ ခုႏွစ္ပထမအဂၤလိပ္-ျမန္မာစစ္မျဖစ္မီ မိမိတုိ႔ႏုိင္ငံ၏ပုိင္နက္မွာ ယခုနယ္နိမိတ္ထက္ပုိမုိက်ယ္၀န္းေၾကာင္း၊ ျမန္မာႏုိင္ငံကုိလုိနီ လက္ေအာက္က်ေရာက္ခ်ိန္တြင္ အိႏၵိယႏုိင္ငံ၏အစိတ္အပုိင္းတစ္ခုအျဖစ္ သတ္မွတ္အုပ္ခ်ဳပ္ခံခဲ့ရေၾကာင္း၊ ကုိလုိနီေခတ္တြင္ တုိင္းရင္းသားအခ်င္းခ်င္း ေသြးခြဲအုပ္ခ်ဳပ္မႈခံခဲ့ရေၾကာင္း၊ ယခုအခါတစ္ႏုိင္ငံလုံးထာ၀ရၿငိမ္းခ်မ္းေရး ရရွိေအာင္အတြက္ မိမိတုိ႔အေနျဖင့္ ေဆာင္ရြက္လ်က္ရွိၿပီး ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံအား ၂၀၁၁ ခုႏွစ္မွစတင္၍ ေဆာင္ရြက္ခဲ့ေၾကာင္း၊ထုိသုိ႔ေဆာင္ရြက္ခဲ့ၿပီး တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)အားတုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ ၈ ဖြဲ႕ျဖင့္သေဘာတူ လက္မွတ္ေရးထုိးခဲ့ေၾကာင္း၊ မိမိတုိ႔သြားေနသည့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းသည္ လက္နက္ကုိင္ ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း ရွင္းလင္း ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားသည္ျပည္သူမ်ားၾကားမွ ေပါက္ဖြားလာၾကသူ မ်ားျဖစ္ၿပီး ႏုိင္ငံေတာ္၏အစိတ္အပုိင္းတစ္ခုျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ျပည္သူႏွင့္တစ္သားတည္း၊ တစ္ေပါင္းတစ္စည္းတည္းျဖစ္ေနရန္လိုအပ္သျဖင့္ တပ္မေတာ္အေပၚ ျပည္သူမ်ားမွယုံၾကည္မႈရွိေနရန္ လုိအပ္ေၾကာင္း၊ တပ္မေတာ္သားတစ္ဦးခ်င္းမွစ၍ တပ္မေတာ္သားအားလုံး စည္းလုံးညီၫြတ္စြာ ေနထုိင္ရန္လုိေၾကာင္း၊ တစ္ဦးခ်င္းစည္းကမ္းေကာင္းမြန္မွသာ တပ္မေတာ္တစ္ရပ္လုံးစည္းကမ္း ေကာင္းမြန္မည္ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ မိမိဘ၀တုိးတက္ေရးအတြက္ ကိုယ္စီႀကိဳးစားအားထုတ္ရန္လုိေၾကာင္း၊ အိမ္ေထာင္သည္စစ္မႈထမ္းမ်ားသည္ အိမ္ေထာင္ဦးစီးမ်ား၊ မိသားစုကုိဦးေဆာင္သူမ်ားျဖစ္ေၾကာင္း၊ မိမိတုိ႔၏အိမ္ေထာင္စုတုိးတက္ေရးအတြက္ အိမ္ေထာင္ဦးစီးမ်ားကေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မိသားစု၀င္မ်ားကလည္း မိမိခင္ပြန္း၊ မိမိဖခင္ကုိၾကည့္၍ ဖခင္၏ဦးေဆာင္မႈတြင္ လုိက္ပါၾကမည္ ျဖစ္ေၾကာင္း၊ အိမ္ေထာင္ဦးစီးအားနည္းက မိသားစု၀င္မ်ားအားငယ္ၾကသည္မွာ သဘာ၀ျဖစ္သည္ကုိ စဥ္းစားၾကည့္ေစလုိေၾကာင္း၊ သုိ႔ျဖစ္၍ မိမိကုိယ္ကုိမိမိေစာင့္ထိန္းၿပီး ႀကိဳးစားအားထုတ္ရန္လုိေၾကာင္း၊ ထို႔အျပင္စစ္သည္ တစ္ဦးခ်င္း၏စြမ္းေဆာင္ရည္သည္ တပ္မေတာ္တစ္ရပ္လုံးအေပၚ သက္ေရာက္္မႈရွိၿပီး တပ္မေတာ္ကုိယ္စားျပဳေၾကာင္း၊ ထုိ႔ေၾကာင့္ တစ္ဦးခ်င္းစည္းကမ္းလုိက္နာၿပီး စြမ္းရည္တုိးတက္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဦးေဆာင္ဦးရြက္ျပဳသူမ်ားအေနျဖင့္ ညီၫြတ္မွ်တေသာ အုပ္ခ်ဳပ္မႈရွိေစေရးေဆာင္ရြက္ရမည္ျဖစ္ၿပီး မိမိ၏အသုိင္းအ၀ုိင္းအလိုက္ တုိးတက္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း၏ဘ၀တုိးတက္ေရးႏွင့္ အသိပညာျမင့္မားေရးအတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ားအားစဥ္ဆက္မပ်က္ ဖတ္႐ႈေလ့လာေနရန္လိုအပ္ေၾကာင္း၊ သုိ႔မွသာ တစ္ဦးခ်င္း၏အရည္အေသြးမ်ားတုိးတက္ ေကာင္းမြန္လာမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က တပ္နယ္ရွိ အရာရွိ၊ စစ္သည္မိသားစုမ်ားစားေသာက္ဖြယ္ရာမ်ားအားေပးအပ္ရာ တုိင္းမွဴးမွလက္ခံရယူသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္ရွိ မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ တုိင္းမွဴး၏ဇနီးကလက္ခံရယူသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ စစ္ေထာက္ခ်ဳပ္ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာတုိ႕က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္စားေသာက္ဖြယ္ရာမ်ား၊ အားကစားပစၥည္းမ်ားႏွင့္ သုတ၊ရသ စာအုပ္စာေစာင္မ်ားအား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊ နန္းသီတာဘက္စုံစုိက္ပ်ိဳးေမြးျမဴေရးစခန္းသို႔ေရာက္ရွိၾကၿပီး ေမြးျမဴေရးၿခံမ်ားအတြင္း (DYL) ၀က္မ်ားအားေမြးျမဴထားရွိမႈ၊ ႏုိ႕စားႏြားမ်ားေမြးျမဴထားရွိမႈႏွင့္ အသားစားၾကက္မ်ား ေမြးျမဴထားရွိမႈ တုိ႔အားလုိက္လံၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ား ကရွင္းလင္းတင္ျပၾကသည္။

၎ေနာက္ရွင္းလင္းေဆာင္တြင္ တုိင္းမွဴးႏွင့္ နန္းသီတာဘက္စုံစုိက္ပ်ိဳးေမြးျမဴေရး စခန္းတာ၀န္ခံတုိ႔က စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ထားရွိမႈႏွင့္ ထြက္ရွိလာသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥႏွင့္ႏြားႏုိ႕မ်ားအားတပ္မေတာ္ သားမိသားစု၀င္မ်ားထံ သက္သာေသာေစ်းႏႈန္း မ်ားျဖင့္ေရာင္းခ်ေပးေနမႈအေျခအေနမ်ား အားရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသႏွင့္ ကုိက္ညီၿပီး ျဖစ္ထြန္းႏုိင္ေသာစုိက္ပ်ိဳးေရးကုိဦးစားေပးေဆာင္ရြက္ရန္၊ ေမြးျမဴေရးအစာ မ်ားျပဳလုပ္ရာတြင္ ဓာတုေဗဒေဆး၀ါးသုံးစြဲမႈမ်ား နည္းႏုိင္သမွ်နည္းပါးေအာင္ေဆာင္ရြက္ရန္၊ တပ္မိသားစုမ်ားအား ေရာင္းခ်ၿပီးပုိလွ်ံပါက ေဒသတြင္းရွိ ဌာနဆုိင္ရာ၀န္ထမ္းမ်ား အားသက္သာေသာေစ်းႏႈန္းျဖင့္ ဦးစားေပးေရာင္းခ်ေပးႏုိင္ေရးေဆာင္ရြက္ရန္၊ ေဒသအတြင္း စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ေဒသခံျပည္သူမ်ားလာ ေရာက္အတုယူေလ့လာႏုိင္သည္အထိ စံျပစုိက္ပ်ိဳးေမြးျမဴေရး စခန္းျဖစ္ေအာင္ေဆာင္ရြက္ရန္တုိ႔အား မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ညေနပုိင္းတြင္ ေအာင္ပန္းၿမိဳ႕ရွိနယ္ေျမခံတပ္မေတာ္ေဆး႐ုံ၌ တက္ေရာက္ကုသလ်က္ရွိသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားသြားေရာက္ၾကည့္႐ႈအားေပးသည္။ ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အထူးၾကပ္မတ္ကုသေဆာင္အတြင္းတက္ေရာက္ ကုသလ်က္ရွိသည့္ စစ္ေျမျပင္တြင္ ထိခုိက္ဒဏ္ရာ ရရွိခဲ့ေသာ အရာရွိ၊ စစ္သည္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္အားေပး စကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာ မ်ားေပးအပ္သည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွသည္လည္း ေမြးကင္းစ ကေလးကုသမႈဌာနႏွင့္ ကေလးဖ်ားနာႏွင့္ ခြဲစိတ္ကုသမႈဌာနတြင္တက္ေရာက္လ်က္ရွိသည့္ တပ္္မေတာ္သားမိသားစု၀င္ကေလးငယ္မ်ားႏွင့္ မိသားစု၀င္မ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ အားေပးစကားေျပာၾကားၿပီးစားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ယင္းေနာက္ ပညာရင္ခြင္ကုိယ့္အား ကုိယ္ကုိးတပ္တြင္းမူလတန္းႀကိဳေက်ာင္းသုိ႔သြားေရာက္ၿပီး ကေလးငယ္မ်ား ကဗ်ာရြတ္ဆုိေနမႈအား ၾကည့္႐ႈအားေပး၍ ကေလးငယ္မ်ားအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္ကာ ခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ေဆး႐ုံအတြင္း ကုသေဆာင္မ်ားထပ္မံတုိးခ်ဲ႕တည္ေဆာက္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေး တာဝန်များကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် စွမ်းရည်ထက်မြက်သော တပ်များဖြစ်လာစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် နယ်ဘက်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက လက်တွေ့ လုပ်ဆောင်ပြသရန်နှင့် ဦးဆောင်သွားရန်လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တောင်ကြီး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို်င်းမှူး ဗိုလ်ချုပ်လင်းအောင်၊ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားများအား အခွင့်အရေးညီမျှစွာ ပေးထားသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တို့တွင်အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခန်း(၁၂)တွင်ဥပဒေနှင့် အညီပြင်ဆင်နိုင်သည်ကိုဖော်ပြထားပြီးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည်ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားပေါင်းစုံဖြင့် စုစည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ ၁၈၂၃ ခုနှစ်ပထမအင်္ဂလိပ်-မြန်မာစစ်မဖြစ်မီ မိမိတို့နိုင်ငံ၏ပိုင်နက်မှာ ယခုနယ်နိမိတ်ထက်ပိုမိုကျယ်ဝန်းကြောင်း၊ မြန်မာနိုင်ငံကိုလိုနီ လက်အောက်ကျရောက်ချိန်တွင် အိန္ဒိယနိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်အုပ်ချုပ်ခံခဲ့ရကြောင်း၊ ကိုလိုနီခေတ်တွင် တိုင်းရင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်မှုခံခဲ့ရကြောင်း၊ ယခုအခါတစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိအောင်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ထိုသို့ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)အားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြင့်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မိမိတို့သွားနေသည့် ငြိမ်းချမ်းရေးလမ်းကြောင်းသည် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော်သားများနှင့် မိသားစုဝင်များသည်ပြည်သူများကြားမှ ပေါက်ဖွားလာကြသူ များဖြစ်ပြီး နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူနှင့်တစ်သားတည်း၊ တစ်ပေါင်းတစ်စည်းတည်းဖြစ်နေရန်လိုအပ်သဖြင့် တပ်မတော်အပေါ် ပြည်သူများမှယုံကြည်မှုရှိနေရန် လိုအပ်ကြောင်း၊ တပ်မတော်သားတစ်ဦးချင်းမှစ၍ တပ်မတော်သားအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ရန်လိုကြောင်း၊ တစ်ဦးချင်းစည်းကမ်းကောင်းမွန်မှသာ တပ်မတော်တစ်ရပ်လုံးစည်းကမ်း ကောင်းမွန်မည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက် မိမိဘဝတိုးတက်ရေးအတွက် ကိုယ်စီကြိုးစားအားထုတ်ရန်လိုကြောင်း၊ အိမ်ထောင်သည်စစ်မှုထမ်းများသည် အိမ်ထောင်ဦးစီးများ၊ မိသားစုကိုဦးဆောင်သူများဖြစ်ကြောင်း၊ မိမိတို့၏အိမ်ထောင်စုတိုးတက်ရေးအတွက် အိမ်ထောင်ဦးစီးများကဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိသားစုဝင်များကလည်း မိမိခင်ပွန်း၊ မိမိဖခင်ကိုကြည့်၍ ဖခင်၏ဦးဆောင်မှုတွင် လိုက်ပါကြမည် ဖြစ်ကြောင်း၊ အိမ်ထောင်ဦးစီးအားနည်းက မိသားစုဝင်များအားငယ်ကြသည်မှာ သဘာဝဖြစ်သည်ကို စဉ်းစားကြည့်စေလိုကြောင်း၊ သို့ဖြစ်၍ မိမိကိုယ်ကိုမိမိစောင့်ထိန်းပြီး ကြိုးစားအားထုတ်ရန်လိုကြောင်း၊ ထို့အပြင်စစ်သည် တစ်ဦးချင်း၏စွမ်းဆောင်ရည်သည် တပ်မတော်တစ်ရပ်လုံးအပေါ် သက်ရောက််မှုရှိပြီး တပ်မတော်ကိုယ်စားပြုကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းစည်းကမ်းလိုက်နာပြီး စွမ်းရည်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဦးဆောင်ဦးရွက်ပြုသူများအနေဖြင့် ညီညွတ်မျှတသော အုပ်ချုပ်မှုရှိစေရေးဆောင်ရွက်ရမည်ဖြစ်ပြီး မိမိ၏အသိုင်းအဝိုင်းအလိုက် တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ဘဝတိုးတက်ရေးနှင့် အသိပညာမြင့်မားရေးအတွက် သုတ၊ ရသ စာအုပ်စာစောင်များအားစဉ်ဆက်မပျက် ဖတ်ရှုလေ့လာနေရန်လိုအပ်ကြောင်း၊ သို့မှသာ တစ်ဦးချင်း၏အရည်အသွေးများတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများစားသောက်ဖွယ်ရာများအားပေးအပ်ရာ တိုင်းမှူးမှလက်ခံရယူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တိုင်းမှူး၏ဇနီးကလက်ခံရယူသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် သုတ၊ရသ စာအုပ်စာစောင်များအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းသီတာဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိကြပြီး မွေးမြူရေးခြံများအတွင်း (DYL) ၀က်များအားမွေးမြူထားရှိမှု၊ နို့စားနွားများမွေးမြူထားရှိမှုနှင့် အသားစားကြက်များ မွေးမြူထားရှိမှု တို့အားလိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ ကရှင်းလင်းတင်ပြကြသည်။

၎င်းနောက်ရှင်းလင်းဆောင်တွင် တိုင်းမှူးနှင့် နန်းသီတာဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းတာဝန်ခံတို့က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့်နွားနို့များအားတပ်မတော် သားမိသားစုဝင်များထံ သက်သာသောစျေးနှုန်း များဖြင့်ရောင်းချပေးနေမှုအခြေအနေများ အားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသနှင့် ကိုက်ညီပြီး ဖြစ်ထွန်းနိုင်သောစိုက်ပျိုးရေးကိုဦးစားပေးဆောင်ရွက်ရန်၊ မွေးမြူရေးအစာ များပြုလုပ်ရာတွင် ဓာတုဗေဒဆေးဝါးသုံးစွဲမှုများ နည်းနိုင်သမျှနည်းပါးအောင်ဆောင်ရွက်ရန်၊ တပ်မိသားစုများအား ရောင်းချပြီးပိုလျှံပါက ဒေသတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ အားသက်သာသောစျေးနှုန်းဖြင့် ဦးစားပေးရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများလာ ရောက်အတုယူလေ့လာနိုင်သည်အထိ စံပြစိုက်ပျိုးမွေးမြူရေး စခန်းဖြစ်အောင်ဆောင်ရွက်ရန်တို့အား မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ညနေပိုင်းတွင် အောင်ပန်းမြို့ရှိနယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားသွားရောက်ကြည့်ရှုအားပေးသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အထူးကြပ်မတ်ကုသဆောင်အတွင်းတက်ရောက် ကုသလျက်ရှိသည့် စစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာ များပေးအပ်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည်လည်း မွေးကင်းစ ကလေးကုသမှုဌာနနှင့် ကလေးဖျားနာနှင့် ခွဲစိတ်ကုသမှုဌာနတွင်တက်ရောက်လျက်ရှိသည့် တပ််မတော်သားမိသားစုဝင်ကလေးငယ်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီးစားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် ပညာရင်ခွင်ကိုယ့်အား ကိုယ်ကိုးတပ်တွင်းမူလတန်းကြိုကျောင်းသို့သွားရောက်ပြီး ကလေးငယ်များ ကဗျာရွတ်ဆိုနေမှုအား ကြည့်ရှုအားပေး၍ ကလေးငယ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်ဆေးရုံအတွင်း ကုသဆောင်များထပ်မံတိုးချဲ့တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။