တော်တည့်မှန်ကန်သည့်ခေါင်းဆောင်မှုဖြင့် လက်အောက်ကိုဦးဆောင်ရန်နှင့် လက်အောက်က ယုံကြည်အားကိုးရသောခေါင်းဆောင်များဖြစ်ရန်လိုအပ်

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၅

ေခါင္းေဆာင္မႈဆုိသည္မွာ ေခါင္းေဆာင္ပီသ၍ လက္ေအာက္ကယုံၾကည္အားကုိး ၿပီးအားလုံးလုိက္ပါ ေဆာင္ရြက္သည့္ေခါင္းေဆာင္မႈမ်ိဳးျဖစ္ရန္လိုေၾကာင္း၊ ေတာ္တည့္မွန္ကန္သည့္ ေခါင္းေဆာင္မႈျဖင့္ လက္ေအာက္ကုိဦးေဆာင္ရန္ႏွင့္ လက္ေအာက္ အေျခအေနကုိသိရန္လုိေၾကာင္း၊ “မသိလွ်င္ေမး၊ မစင္လွ်င္ေဆး” ဆုိသည့္အတုိင္း မိမိ မသိသည္မ်ားကုိ ေမးျမန္းေလ့လာရန္လိုၿပီး အေျခအေနမွန္ သိမွသာ မွန္ကန္ေသာဆုံးျဖတ္ခ်က္ခ်ႏုိင္မည္ျဖစ္ေၾကာင္း၊ တပ္မွဴးေကာင္းဆုိသည္မွာ ဖခင္စိတ္ဓာတ္၊ တပ္မွဴးေကာင္းစိတ္ဓာတ္ရွိရန္လုိေၾကာင္း၊ တပ္မွဴးေကာင္းတစ္ဦးျဖစ္ေစရန္အတြက္အေျခခံ သင္တန္း မ်ားမွစ၍ စတင္ေလ့က်င့္ေပးခဲ့ၿပီး (Chain of Command)ဆုိသည့္ အဆင့္ဆင့္ေသာ ကြပ္ကဲမႈ မ်ားျဖင့္ လက္ေတြ႕ေဆာင္ရြက္ရေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ကေလာတပ္နယ္ရွိ စစ္ဦးစီးတကၠသုိလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ားအား ယေန႕နံနက္ပုိင္းတြင္ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္၊ စစ္ဦးစီးတကၠသုိလ္ေက်ာင္းအုပ္ႀကီး၊ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ဦးစီးအရာရွိ ဆုိသည္မွာ သင္ၾကား ေလ့က်င့္ေပး႐ုံျဖင့္မရဘဲ မိမိတုိ႔ကုိယ္တုိင္အၿမဲေလ့လာရန္ႏွင့္ လုပ္ငန္း တာ၀န္မ်ား ထမ္းေဆာင္ ရာတြင္ စိတ္၀င္စားမႈရွိရန္လုိအပ္ေၾကာင္း၊ ဦးစီးအရာရွိေကာင္းဆုိသည္မွာ အထက္ေအာက္၊ ၀ဲယာလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္အဆင္ေျပ ေခ်ာေမြ႕မႈရွိေစရန္ ၫႇိႏႈိင္း ေဆာင္ရြက္ေပးရသူ မ်ားျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ႏုိင္ရန္အတြက္ အမိန္႔ႏွင့္ၫႊန္ၾကားခ်က္မ်ားကုိ နားလည္ရန္ လုိသျဖင့္ အၿမဲမပ်က္ေလ့လာေနရမည္ျဖစ္သကဲ့သုိ႔ တပ္မွဴးႀကီးမ်ားကုိယ္စား တာ၀န္ခံရသူမ်ား ျဖစ္သျဖင့္ မူ၀ါဒပုိင္းဆုိင္ရာမ်ားကုိလည္း သိရွိေအာင္ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ ယခုသင္တန္း သည္ ဦးစီးအရာရွိႀကီးေကာင္းျဖစ္ေစရန္ႏွင့္ တပ္မွဴးႀကီးေကာင္းတစ္ေယာက္ျဖစ္ေစရန္ သင္ၾကား ေလ့က်င့္ေပးေနျခင္းျဖစ္သျဖင့္ ႀကိဳးစားေလ့လာသင္ယူၾကရန္လုိအပ္ၿပီး စစ္ေျမျပင္တြင္ေအာင္ျမင္စြာ ဦးေဆာင္ႏုိင္သည့္ တပ္မွဴးႀကီးေကာင္းမ်ားျဖစ္ရန္ လုိအပ္ေၾကာင္း၊ မိမိတုိ႔သည္ လက္နက္ ကုိင္ေဆာင္၍ တုိက္ပြဲ၀င္ေနရသူမ်ားျဖစ္သျဖင့္ စစ္၏အေျခခံသေဘာတရားမ်ားကုိ နားလည္ သိရွိေအာင္ေလ့လာၿပီး မွန္ကန္စြာ ေဆာင္ရြက္ႏုိင္ရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး တပ္မွဴးေကာင္းတစ္ေယာက္သည္ အခ်ိန္ရာသီမေရြးတာ၀န္ ထမ္းေဆာင္ႏုိင္ရန္ အတြက္ အေျခခံက်န္းမာေရးလုိအပ္ခ်က္မ်ားျပည့္စုံေနရမည္ျဖစ္သျဖင့္ မိမိတုိ႔၏က်န္းမာေရးကုိ အၿမဲဂ႐ုစုိက္ထိန္းသိမ္းရန္လုိအပ္ၿပီး ေဆးလိပ္၊ ကြမ္း၊ အရက္မ်ား ေသာက္သုံးျခင္းမ်ားအား ေရွာင္ၾကဥ္ရန္လုိအပ္ေၾကာင္း၊ ထုိ႔အတူက်န္းမာေရး ႏွင့္ ေလ်ာ္ညီသည့္ေနထုိင္မႈ၊ စားေသာက္မႈ၊ ၀တ္စားဆင္ယင္မႈမ်ားကုိ မိမိတို႕ကုိယ္တုိင္ ေဆာင္ရြက္ရမည္ျဖစ္သကဲ့သုိ႔ လက္ေအာက္သုိ႔ လည္းၾကပ္မတ္ကြပ္ကဲရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ယင္းေနာက္ ေခါင္းေဆာင္မႈႏွင့္ပတ္သက္၍ မိမိတုိ႔သည္ တပ္ရင္းမွဴးတာ၀န္မ်ား ထမ္းေဆာင္ေနရ သူမ်ားျဖစ္ၿပီး အုပ္ခ်ဳပ္ေရးအာဏာ၊ တရားစီရင္ေရးအာဏာႏွင့္ဘ႑ာေရးအာဏာရွိသူမ်ားျဖစ္သျဖင့္ ေခါင္းေဆာင္မႈက႑တြင္ အေရးႀကီးသူမ်ားျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈအရည္အခ်င္းသည္ တစ္ဦးခ်င္း၏ အရည္အခ်င္းေပၚတြင္မူတည္ေၾကာင္း၊ စစ္သားဆုိသည္မွာ မိမိကုိယ္တုိင္အမိန္႔နာခံမႈ ရွိသကဲ့သုိ႔ လက္ေအာက္သုိ႔လည္း အဆင့္ဆင့္အမိန္႔ေပးႏုိင္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အတူတပ္မွဴး မ်ားသည္ဖခင္သဖြယ္ စိတ္ဓာတ္ျဖင့္ မိမိတုိ႔လက္ေအာက္မွ လုိအပ္ခ်က္မ်ားကုိလည္း ျဖည့္ဆည္းေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ မွန္ကန္သည့္ေခါင္းေဆာင္မႈ၊ မွန္ကန္သည့္အမိန္႔၊ မွန္ကန္သည့္ ဆုံးျဖတ္ခ်က္မ်ားျဖင့္မိမိတုိ႔တပ္ဖြဲ႕အား စစ္ေျမျပင္တြင္ ဦးေဆာင္ႏုိင္ရန္အတြက္ စစ္ပညာရပ္မ်ားအားသင္ၾကားေပးေနျခင္းျဖစ္ေၾကာင္း၊ အထက္ႏွင့္ မိမိတုိ႔ကြပ္ကဲရသည့္ လက္ေအာက္မွ မိမိကုိယုံၾကည္မႈရွိေနရန္လုိၿပီး ယုံၾကည္မႈမရွိပါက ပူးေပါင္း ေဆာင္ရြက္မႈ မရွိႏုိင္ေၾကာင္း၊ ပူးေပါင္းေဆာင္ရြက္မႈမရွိပါကလုပ္ငန္းမ်ားတြင္ ေအာင္ျမင္မႈရရွိမည္မဟုတ္ေၾကာင္း၊ ယုံၾကည္မႈဆုိသည္မွာ ေခါင္းေဆာင္၏ လက္ေတြ႕လုပ္ကုိင္ႏုိင္မႈအေပၚမူတည္သျဖင့္ ႀကိဳးစား ေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ ေခါင္းေဆာင္မႈပုံစံအမ်ိဳးမ်ိဳးကြဲျပားေသာ္လည္း ပုဂၢိဳလ္ေရးမျဖစ္ရန္ လုိေၾကာင္း မွာၾကား သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္းသားအရာရွိႀကီး မ်ားအားရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ စာသင္ေဆာင္အတြင္းရွိ လက္ေတြ႕ ေလ့က်င့္ေရးခန္းမမ်ားႏွင့္ အေထာက္အကူျပဳခန္းမ မ်ားအတြင္းလွည့္လည္ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ကေလာတပ္နယ္ရွိ နယ္ေျမခံတပ္မဌာနခ်ဳပ္သုိ႔ေရာက္ရွိရာ တပ္မမွဴးက ဦး၊ ေရး၊ ေထာက္ ဆုိင္ရာ လုပ္ငန္း တာ၀န္မ်ားေဆာင္ရြက္ထားရွိမႈမ်ားႏွင့္ တပ္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ားအားရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မ်ား၏ စြမ္းရည္ျမင့္မားေရး အစဥ္တစုိက္အေလးထားေဆာင္ရြက္ရန္၊ စစ္ေရးစြမ္းရည္ျမင့္မားေစေရး တစ္ဦးခ်င္းႏွင့္အဖြဲ႕လုိက္ ေလ့က်င့္ေရးမ်ားကုိစဥ္ဆက္မျပတ္ေဆာင္ရြက္ရန္ႏွင့္ တပ္အင္အားထိန္းသိမ္းေရးဆုိင္ရာကိစၥရပ္မ်ား၊ စစ္စည္းကမ္းထိန္းသိမ္းေရးဆုိင္ရာကိစၥရပ္မ်ားအား မွာၾကားသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ကေလာတပ္နယ္အတြင္း ေမာ္ေတာ္ယဥ္မ်ားျဖင့္ လွည့္လည္ၾကည့္႐ႈစစ္ေဆးခဲ့သည္။

(Unicode Version)

တော်တည့်မှန်ကန်သည့်ခေါင်းဆောင်မှုဖြင့် လက်အောက်ကိုဦးဆောင်ရန်နှင့် လက်အောက်က ယုံကြည်အားကိုးရသောခေါင်းဆောင်များဖြစ်ရန်လိုအပ်

နေပြည်တော်၊ စက်တင်ဘာ – ၁၅

ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင်ပီသ၍ လက်အောက်ကယုံကြည်အားကိုး ပြီးအားလုံးလိုက်ပါ ဆောင်ရွက်သည့်ခေါင်းဆောင်မှုမျိုးဖြစ်ရန်လိုကြောင်း၊ တော်တည့်မှန်ကန်သည့် ခေါင်းဆောင်မှုဖြင့် လက်အောက်ကိုဦးဆောင်ရန်နှင့် လက်အောက် အခြေအနေကိုသိရန်လိုကြောင်း၊ “မသိလျှင်မေး၊ မစင်လျှင်ဆေး” ဆိုသည့်အတိုင်း မိမိ မသိသည်များကို မေးမြန်းလေ့လာရန်လိုပြီး အခြေအနေမှန် သိမှသာ မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းဆိုသည်မှာ ဖခင်စိတ်ဓာတ်၊ တပ်မှူးကောင်းစိတ်ဓာတ်ရှိရန်လိုကြောင်း၊ တပ်မှူးကောင်းတစ်ဦးဖြစ်စေရန်အတွက်အခြေခံ သင်တန်း များမှစ၍ စတင်လေ့ကျင့်ပေးခဲ့ပြီး (Chain of Command)ဆိုသည့် အဆင့်ဆင့်သော ကွပ်ကဲမှု များဖြင့် လက်တွေ့ဆောင်ရွက်ရကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီချုပ်က အမှာစကားပြောကြားရာတွင် ဦးစီးအရာရှိ ဆိုသည်မှာ သင်ကြား လေ့ကျင့်ပေးရုံဖြင့်မရဘဲ မိမိတို့ကိုယ်တိုင်အမြဲလေ့လာရန်နှင့် လုပ်ငန်း တာဝန်များ ထမ်းဆောင် ရာတွင် စိတ်ဝင်စားမှုရှိရန်လိုအပ်ကြောင်း၊ ဦးစီးအရာရှိကောင်းဆိုသည်မှာ အထက်အောက်၊ ဝဲယာလုပ်ငန်းများ ဆောင်ရွက်ရာတွင်အဆင်ပြေ ချောမွေ့မှုရှိစေရန် ညှိနှိုင်း ဆောင်ရွက်ပေးရသူ များဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အမိန့်နှင့်ညွှန်ကြားချက်များကို နားလည်ရန် လိုသဖြင့် အမြဲမပျက်လေ့လာနေရမည်ဖြစ်သကဲ့သို့ တပ်မှူးကြီးများကိုယ်စား တာဝန်ခံရသူများ ဖြစ်သဖြင့် မူဝါဒပိုင်းဆိုင်ရာများကိုလည်း သိရှိအောင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ယခုသင်တန်း သည် ဦးစီးအရာရှိကြီးကောင်းဖြစ်စေရန်နှင့် တပ်မှူးကြီးကောင်းတစ်ယောက်ဖြစ်စေရန် သင်ကြား လေ့ကျင့်ပေးနေခြင်းဖြစ်သဖြင့် ကြိုးစားလေ့လာသင်ယူကြရန်လိုအပ်ပြီး စစ်မြေပြင်တွင်အောင်မြင်စွာ ဦးဆောင်နိုင်သည့် တပ်မှူးကြီးကောင်းများဖြစ်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် လက်နက် ကိုင်ဆောင်၍ တိုက်ပွဲဝင်နေရသူများဖြစ်သဖြင့် စစ်၏အခြေခံသဘောတရားများကို နားလည် သိရှိအောင်လေ့လာပြီး မှန်ကန်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်းမှာကြားသည်။

ဆက်လက်ပြီး တပ်မှူးကောင်းတစ်ယောက်သည် အချိန်ရာသီမရွေးတာဝန် ထမ်းဆောင်နိုင်ရန် အတွက် အခြေခံကျန်းမာရေးလိုအပ်ချက်များပြည့်စုံနေရမည်ဖြစ်သဖြင့် မိမိတို့၏ကျန်းမာရေးကို အမြဲဂရုစိုက်ထိန်းသိမ်းရန်လိုအပ်ပြီး ဆေးလိပ်၊ ကွမ်း၊ အရက်များ သောက်သုံးခြင်းများအား ရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ ထို့အတူကျန်းမာရေး နှင့် လျော်ညီသည့်နေထိုင်မှု၊ စားသောက်မှု၊ ဝတ်စားဆင်ယင်မှုများကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လက်အောက်သို့ လည်းကြပ်မတ်ကွပ်ကဲရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ခေါင်းဆောင်မှုနှင့်ပတ်သက်၍ မိမိတို့သည် တပ်ရင်းမှူးတာဝန်များ ထမ်းဆောင်နေရ သူများဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့်ဘဏ္ဍာရေးအာဏာရှိသူများဖြစ်သဖြင့် ခေါင်းဆောင်မှုကဏ္ဍတွင် အရေးကြီးသူများဖြစ်ကြောင်း၊ ခေါင်းဆောင်မှုအရည်အချင်းသည် တစ်ဦးချင်း၏ အရည်အချင်းပေါ်တွင်မူတည်ကြောင်း၊ စစ်သားဆိုသည်မှာ မိမိကိုယ်တိုင်အမိန့်နာခံမှု ရှိသကဲ့သို့ လက်အောက်သို့လည်း အဆင့်ဆင့်အမိန့်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထို့အတူတပ်မှူး များသည်ဖခင်သဖွယ် စိတ်ဓာတ်ဖြင့် မိမိတို့လက်အောက်မှ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့်ခေါင်းဆောင်မှု၊ မှန်ကန်သည့်အမိန့်၊ မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြင့်မိမိတို့တပ်ဖွဲ့အား စစ်မြေပြင်တွင် ဦးဆောင်နိုင်ရန်အတွက် စစ်ပညာရပ်များအားသင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ အထက်နှင့် မိမိတို့ကွပ်ကဲရသည့် လက်အောက်မှ မိမိကိုယုံကြည်မှုရှိနေရန်လိုပြီး ယုံကြည်မှုမရှိပါက ပူးပေါင်း ဆောင်ရွက်မှု မရှိနိုင်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိပါကလုပ်ငန်းများတွင် အောင်မြင်မှုရရှိမည်မဟုတ်ကြောင်း၊ ယုံကြည်မှုဆိုသည်မှာ ခေါင်းဆောင်၏ လက်တွေ့လုပ်ကိုင်နိုင်မှုအပေါ်မူတည်သဖြင့် ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း၊ ခေါင်းဆောင်မှုပုံစံအမျိုးမျိုးကွဲပြားသော်လည်း ပုဂ္ဂိုလ်ရေးမဖြစ်ရန် လိုကြောင်း မှာကြား သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းသားအရာရှိကြီး များအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် စာသင်ဆောင်အတွင်းရှိ လက်တွေ့ လေ့ကျင့်ရေးခန်းမများနှင့် အထောက်အကူပြုခန်းမ များအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကလောတပ်နယ်ရှိ နယ်မြေခံတပ်မဌာနချုပ်သို့ရောက်ရှိရာ တပ်မမှူးက ဦး၊ ရေး၊ ထောက် ဆိုင်ရာ လုပ်ငန်း တာဝန်များဆောင်ရွက်ထားရှိမှုများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်များ၏ စွမ်းရည်မြင့်မားရေး အစဉ်တစိုက်အလေးထားဆောင်ရွက်ရန်၊ စစ်ရေးစွမ်းရည်မြင့်မားစေရေး တစ်ဦးချင်းနှင့်အဖွဲ့လိုက် လေ့ကျင့်ရေးများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် တပ်အင်အားထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ စစ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များအား မှာကြားသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကလောတပ်နယ်အတွင်း မော်တော်ယဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။