တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၈

တာ၀န္ၿပီးဆုံး၍ျပန္လည္ထြက္ခြာမည့္ ျမန္မာႏုိင္ငံဆုိင္ရာထုိင္းႏုိင္ငံသံ အမတ္ႀကီး H.E. Mr. Jukr Boon-Long အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္   ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိဘုရင့္ေနာင္ ရိပ္သာဧည့္ခန္းမ ေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ ထုိင္းဘုရင့္တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)စစ္သံမွဴးမ်ားႏွင့္ တာ၀န္ရွိ သူမ်ားတက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာ၌ ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-ထုိင္းႏွစ္ႏုိင္ငံသည္ နယ္နိမိတ္ခ်င္းထိစပ္လ်က္ရွိၿပီး သမုိင္း၊ ယဥ္ေက်းမႈႏွင့္ ထုံးတမ္းစဥ္လာမ်ား တြင္မ်ားစြာတူညီမႈရွိသည့္ ထူးျခားသည့္အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ မိမိတုိ႔ ႏုိင္ငံ၏ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ အာဆီယံအဖြဲ႕၀င္ႏုိင္ငံအျဖစ္၀င္ေရာက္ခ်ိန္တြင္ ထုိင္းႏုိင္ငံမွကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း၊ ယခုအခါ ႏွစ္ႏုိင္ငံႏွင့့္ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးပုိမုိက်ယ္ျပန္႔၍ ပူးေပါင္း ေဆာင္ရြက္မႈမ်ား တုိးတက္ ေကာင္းမြန္လ်က္ရွိၿပီး ဆက္လက္၍လည္း ႏွစ္ႏုိင္ငံႏွင့္ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား မိတ္ေဆြရင္း၊ ညီရင္းအစ္ကုိစိတ္ဓာတ္ျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းေျပာၾကား သည္။

ျမန္မာႏုိင္ငံဆုိင္ရာထုိင္းႏုိင္ငံသံအမတ္ႀကီးက ျမန္မာႏုိင္ငံတြင္တာ၀န္ ထမ္းေဆာင္ခဲ့ရာ၌ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးႏွင့္ ႏွစ္ႏုိင္ငံျပည္သူမ်ားအတြက္ အက်ိဳးရွိမည့္ ကိစၥရပ္မ်ားကုိအေလးထား ေဆာင္ရြက္ခဲ့ေၾကာင္း၊ ယခုအခါတြင္ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ဆက္ဆံေရးအေျခအေနမွာ မဟာဗ်ဴဟာမိတ္ဖက္ႏုိင္ငံမ်ားအျဖစ္အေကာင္းဆုံး အေျခအေနတြင္ေရာက္ရွိေနပါေၾကာင္း၊ ႏွစ္ႏုိင္ငံ တပ္မေတာ္ခ်င္းဆက္ဆံေရးေကာင္းမြန္ခုိင္မာမႈမ်ားမွတစ္ဆင့္ႏွစ္ႏုိင္ငံဆက္ဆံေရးမ်ားပုိမုိတုိးတက္ ခုိင္ၿမဲေစပါေၾကာင္းျပန္လည္ ေျပာၾကားသည္။

ထုိ႕ေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ၾကည္း၊ေရ၊ေလတပ္ဖြဲ႕မ်ား အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေဆာင္ရြက္ႏုိင္မႈမ်ားကုိအေျခခံ၍ ႏွစ္ႏုိင္ငံခ်စ္ၾကည္ ေရးတုိးတက္ခုိင္ၿမဲေအာင္ လုပ္ေဆာင္ႏုိင္သည့္အေျခအေနမ်ား၊ ထုိင္းႏုိင္ငံတြင္အလုပ္လုပ္ ကုိင္လ်က္ရွိသည့္ျမန္မာ အလုပ္သမားမ်ား စည္းကမ္းစနစ္တက်ရွိေရးထုိင္းႏုိင္ငံကကူညီ ေစာင့္ေရွာက္ေပးေနသည့္ အေျခအေနမ်ား၊ ခရီးသြားလုပ္ငန္းပူးေပါင္းေဆာင္ရြက္ျခင္း အပါအ၀င္ႏွစ္ႏုိင္ငံစီးပြားေရး တုိးျမႇင့္ ေဆာင္ရြက္ႏုိင္မည့္အေျခအေနမ်ား၊ စစ္ဘက္ ေဆးပညာရပ္မ်ားႏွင့္ စုိက္ပ်ိဳးေရးနည္းပညာမ်ား အျပန္အလွန္ဖလွယ္ေရးဆုိင္ရာ ကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံနယ္နိမိတ္ဆုိင္ရာကိစၥရပ္မ်ားႏွင့္ နယ္စပ္ ေဒသတည္ၿငိမ္  ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတုိးတက္ေရးဆုိင္ရာကိစၥရပ္မ်ားအားရင္းႏွီး ပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံဆုိင္ရာထုိင္းႏုိင္ငံ သံအမတ္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ား ႏွင့္အတူစုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၁၈

တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံ အမတ်ကြီး H.E. Mr. Jukr Boon-Long အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင် ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ရေ၊လေ)စစ်သံမှူးများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်းနှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး သမိုင်း၊ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများ တွင်များစွာတူညီမှုရှိသည့် ထူးခြားသည့်အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ချိန်တွင် ထိုင်းနိုင်ငံမှကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုကျယ်ပြန့်၍ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်လျက်ရှိပြီး ဆက်လက်၍လည်း နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား မိတ်ဆွေရင်း၊ ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြား သည်။

မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံတွင်တာဝန် ထမ်းဆောင်ခဲ့ရာ၌ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိမည့် ကိစ္စရပ်များကိုအလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးအခြေအနေမှာ မဟာဗျူဟာမိတ်ဖက်နိုင်ငံများအဖြစ်အကောင်းဆုံး အခြေအနေတွင်ရောက်ရှိနေပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော်ချင်းဆက်ဆံရေးကောင်းမွန်ခိုင်မာမှုများမှတစ်ဆင့်နှစ်နိုင်ငံဆက်ဆံရေးများပိုမိုတိုးတက် ခိုင်မြဲစေပါကြောင်းပြန်လည် ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကြည်း၊ရေ၊လေတပ်ဖွဲ့များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်နိုင်မှုများကိုအခြေခံ၍ နှစ်နိုင်ငံချစ်ကြည် ရေးတိုးတက်ခိုင်မြဲအောင် လုပ်ဆောင်နိုင်သည့်အခြေအနေများ၊ ထိုင်းနိုင်ငံတွင်အလုပ်လုပ် ကိုင်လျက်ရှိသည့်မြန်မာ အလုပ်သမားများ စည်းကမ်းစနစ်တကျရှိရေးထိုင်းနိုင်ငံကကူညီ စောင့်ရှောက်ပေးနေသည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင်နှစ်နိုင်ငံစီးပွားရေး တိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ စစ်ဘက် ဆေးပညာရပ်များနှင့် စိုက်ပျိုးရေးနည်းပညာများ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ် ဒေသတည်ငြိမ်  အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအားရင်းနှီး ပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံ သံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများ နှင့်အတူစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။