တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တန့်ယန်းတပ်နယ် ရှိ နယ်မြေခံတန်းမြင့် သင်တန်းကျောင်းမှအရာရှိ၊ စစ်သည်များ၊ မိသားစုများနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များ၊ တန့်ယန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ေန႔လယ္ပုိင္းႏွင့္ မြန္းလြဲပုိင္းတြင္ တန္႔ယန္းတပ္နယ္ရွိ နယ္ေျမခံတန္းျမင့္ သင္တန္းေက်ာင္းမွအရာရွိ၊ စစ္သည္မ်ား၊ မိသားစုမ်ားႏွင့္ သင္တန္းသားအရာရွိ၊ စစ္သည္မ်ား၊ တန္႔ယန္းတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားေတြ႕ဆုံအမွာ စကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ တာ၀န္ရွိသူမ်ား ႏွင့္ တပ္နယ္ရွိ နယ္ေျမခံတန္းျမင့္သင္တန္းေက်ာင္းမွအရာရွိ၊ စစ္သည္မိသားစုမ်ား၊ သင္တန္းသားအရာရွိ၊ စစ္သည္မ်ားႏွင့္ တန္႔ယန္းတပ္နယ္မွ အရာရွိ၊ စစ္သည္မိသားစု မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကား ေျပာၾကားရာတြင္ ႏုိင္ငံေတာ္ ကာကြယ္ေရးအတြက္ အၿမဲတမ္းစစ္ေရးသတိရွိရန္၊ အၿမဲတမ္း ေလ့က်င့္ရန္ႏွင့္အၿမဲတမ္းတုိက္ပြဲ၀င္ အသင့္ျဖစ္ေနရန္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အဆုိပါၿမဲသုံးၿမဲရွိေနရန္အတြက္သင္တန္းေက်ာင္းမ်ားမွ ေလ့က်င့္ေဆာင္ရြက္ေပး ေနရမည္ျဖစ္ေၾကာင္း၊ႏုိင္ငံတုိင္းရွိတပ္မေတာ္တုိင္းသည္ ကာကြယ္ေရးစြမ္းရည္ ထက္ျမက္ေစရန္ေန႔စဥ္ ေလ့က်င့္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနၾကၿပီး မိမိတုိ႔အေနျဖင့္ ေလ့က်င့္ေရး လုပ္ငန္းမ်ားကုိေဆာင္ရြက္ရာ၌ သင္တန္းမ်ားတြင္သာမက တပ္ဌာနခ်ဳပ္မ်ားတြင္လည္း သတ္မွတ္ထားသည့္ ကိုယ္လက္ႀကံ့ခုိင္ေရးေလ့က်င့္မႈမ်ားမွ အစမွန္ကန္ကန္ေလ့က်င့္ ေနၾကရမည္ျဖစ္ေၾကာင္း၊ သင္တန္းေက်ာင္း မ်ားသည္ တစ္ဦးခ်င္းစြမ္းရည္၊ တပ္ဖြဲ႕အလုိက္စြမ္းရည္မ်ားကုိျမင့္မားေအာင္ေလ့က်င့္သင္ၾကား ေပးသည့္ေနရာ မ်ား ျဖစ္ေၾကာင္း၊ႏုိင္ငံေတာ္ကာကြယ္ေရးဆုိသည္မွာ ခ်က္ခ်င္းထလုပ္၍မရဘဲ အၿမဲတမ္းအသင့္ ျဖစ္ေအာင္ႀကိဳတင္ျပင္ဆင္ေလ့က်င့္ ေဆာင္ရြက္ေနၾကရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္သားမ်ားအားလုံးသည္သတၱိရွိရန္လုိအပ္ၿပီး ေမြးရာပါ သတၱိရွိသကဲ့သုိ႔ ေလ့က်င့္ေရးဆုိင္ရာမ်ားျဖင့္လည္းသတၱိရွိလာေအာင္ေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ သတၱိဆုိသည္မွာ စည္းကမ္းမဲ့ေဆာင္ရြက္ျခင္္းမဟုတ္ဘဲ မွန္ကန္သည့္ သတၱိမ်ိဳးျဖင့္ ရန္သူကုိေခ်မႈန္းတုိက္ခုိက္ႏုိင္စြမ္း ရွိရမည္ျဖစ္ေၾကာင္း၊ မိမိတို႕တပ္မေတာ္သည္ ေခါင္းေဆာင္မႈအဆင့္ဆင့္ျဖင့္ကြပ္ကဲအုပ္ခ်ဳပ္ရသည့္ အဖြဲ႕ အစည္းျဖစ္ေၾကာင္း၊ အထက္မွေပးအပ္ေသာေတာ္တည့္မွန္ကန္သည့္အမိန္႔မ်ားကုိနာခံ၍ ရည္မွန္းခ်က္ တာ၀န္မ်ားကုိ ေက်ပြန္စြာေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တာ၀န္ထမ္းေဆာင္ရာတြင္လည္း ဥပေဒစည္းမ်ဥ္း စည္းကမ္းႏွင့္အညီေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ျဖတ္သန္းခဲ့ရ သည့္အေတြ႕အႀကဳံ၊ သင္ၾကားထား သည့္ပညာအရည္အခ်င္းမ်ားကုိအသုံးခ်ၿပီး အသိတရား၊ သတိတရားမ်ားျဖင့္ေပးအပ္လာသည့္ ရည္မွန္းခ်က္ တာ၀န္မ်ားကုိေက်ပြန္စြာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

၂၀၀၈ ခုႏွစ္ႏုိင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒသည္ ႏုိင္ငံသားတစ္ဦးခ်င္းအတြက္ ေသာ္လည္းေကာင္း၊ ႏုိင္ငံေတာ္ အဖြဲ႕အစည္းအဆင့္ဆင့္အတြက္ေသာ္လည္းေကာင္း ရရွိမည့္အခြင့္အေရး၊ ထမ္းေဆာင္ရမည့္ တာ၀န္၊ ဖြဲ႕စည္းမႈအသီးသီးကုိ သတ္မွတ္ျပဌာန္း ေပးထားသျဖင့္ ႏုိင္ငံေတာ္ကုိေပးထားသည့္ အာမခံခ်က္ ပင္ျဖစ္ေၾကာင္း၊ ဒီမုိကေရစီ လမ္းေၾကာင္းကုိ ေလွ်ာက္လွမ္းရာတြင္ ႏုိင္ငံေတာ္တည္ၿငိမ္ေအးခ်မ္း ဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အေရးႀကီးေၾကာင္း၊ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕ အစည္းမ်ား ထာ၀ရၿငိမ္းခ်မ္းေရးလမ္းေၾကာင္းတြင္လုိက္ပါႏုိင္ေအာင္ ဆက္လက္ႀကိဳးစား ေဆာင္ရြက္ေပး သြားမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတုိင္းတြင္ တပ္မေတာ္တစ္ရပ္သာရွိိေၾကာင္း၊ တပ္မေတာ္ဆုိသည္မွာ ဥပေဒျပဌာန္းခ်က္ႏွင့္အညီ ႏုိင္ငံေတာ္၏ အမိန္႔ျပန္တမ္း ထုတ္ျပန္၍ဖြဲ႕စည္းတာ၀န္ေပးထားေသာ အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ တပ္မေတာ္ အရာထမ္းမ်ားသည္လည္း ႏုိင္ငံေတာ္အစိုးရ၏အမိန္႔့ျပန္တမ္း ထုတ္ျပန္၍ ခန္႔အပ္ရသူမ်ားျဖစ္သလုိ အမႈထမ္းမ်ားသည္လည္း အဆင့္ဆင့္ေသာ အမိန္႔မ်ားထုတ္ျပန္ ခန္႔အပ္ထားသူမ်ားျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔တာ၀န္ထမ္းေဆာင္ရာတြင္ႏုိင္ငံေတာ္မွျပ႒ာန္းထားသည့္ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ား၊ ႏုိင္ငံတကာဥပေဒမ်ားႏွင့္အညီ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တာ၀န္ယူၾကရသည့္နယ္ေျမမ်ား ေအးခ်မ္းတည္ၿငိမ္ဖြံ႕ၿဖိဳးတုိးတက္ေအာင္ ေဆာင္ရြက္ေပးၾကရမည္ ျဖစ္ေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး စစ္မႈထမ္းမ်ား၊ မိသားစု၀င္မ်ား၏ ပညာရည္ျမင့္မားေရး ေဆာင္ရြက္ေပးျခင္း၊ စား၀တ္ ေနေရးအတြက္ တစ္ဦးခ်င္း၊ တပ္အလိုက္သက္သာေခ်ာင္ခ်ိေရး လုပ္ငန္းမ်ားကုိ စနစ္တက် မွန္မွန္ကန္ကန္ေဆာင္ရြက္ေပးျခင္းျဖင့္ အုပ္ခ်ဳပ္မႈစြမ္းရည္မ်ား ျမင့္မားေအာင္ ေဆာင္ရြက္ၾကရန္၊ အားလုံးစည္းစည္းလုံးလုံးညီညီၫြတ္ၫြတ္ရွိၾကရန္၊ မိမိကုိယ္ကုိကာကြယ္ႏုိင္ၿပီး မိမိတပ္၊ မိသားစု၊ မိမိတပ္မေတာ္၊ မိမိႏုိင္ငံေတာ္၊ ႏုိင္ငံသား မ်ားကုိကာကြယ္ေစာင့္ေရွာက္ႏုိင္သည့္ စြမ္းရည္ရွိေသာတပ္မေတာ္၊ ျပည္သူကအားကုိးရ၊ တုိင္းျပည္ကအားထားရသူမ်ားျဖစ္ေအာင္အားလုံးႀကိဳးစားေဆာင္ရြက္ၾကရန္ မွာၾကား သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တပ္နယ္မ်ားရွိ အရာရွိ၊ စစ္သည္မိသားစုမ်ားစားေသာက္ဖြယ္ရာမ်ားအားေပးအပ္ရာ တာ၀န္ရွိသူမ်ားမွလက္ခံရယူသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္ရွိမိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရး အသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာတာ၀န္ရွိသူမ်ားကလက္ခံရယူသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ စစ္ေထာက္ခ်ဳပ္ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး တုိ႕က နယ္ေျမခံတန္းျမင့္သင္တန္းေက်ာင္းႏွင့္ တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္သုတ၊ရသစာအုပ္ စာေစာင္မ်ား၊ စားေသာက္ဖြယ္ရာမ်ား၊ အားကစားပစၥည္းမ်ားအား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲ အၿပီးတြင္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားအားရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ခဲ့သည္။ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ နယ္ေျမခံတန္းျမင့္သင္တန္းေက်ာင္းမွ သင္တန္းသားမ်ားႏွင့္အတူ ေန႔လယ္စာ စားသုံးၿပီး ေနာက္ တန္႔ယန္းတပ္နယ္အတြင္းေမာ္ေတာ္ယဥ္ မ်ားျဖင့္လွည့္လည္ၾကည့္႐ႈစစ္ေဆးၾက သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္ႀကီး မင္းေအာင္လႈိင္သည္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ လား႐ႈိးတပ္နယ္ရွိ တပ္မေတာ္ေဆး႐ုံ၌ တက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာ မ်ားေပးအပ္သည္။ အလားတူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးေဒၚၾကဴၾကဴလွသည္လည္း အမ်ိဳးသမီး ကုသေဆာင္တြင္တက္ေရာက္ကုသလ်က္ရွိသည့္ တပ္မေတာ္သားမိသားစု၀င္မ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပး အပ္သည္။ ထို႕ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေဆး႐ုံအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိ သူမ်ား၏တင္ျပခ်က္မ်ားအေပၚလုိအပ္သည္မ်ား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ တန္႔ယန္းတပ္နယ္ရွိ တပ္မေတာ္ေဆး႐ုံ၌ တက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ သံဃာေတာ္၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ေဒသခံျပည္သူမ်ား အားတစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တန့်ယန်းတပ်နယ် ရှိ နယ်မြေခံတန်းမြင့် သင်တန်းကျောင်းမှအရာရှိ၊ စစ်သည်များ၊ မိသားစုများနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များ၊ တန့်ယန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် တန့်ယန်းတပ်နယ်ရှိ နယ်မြေခံတန်းမြင့် သင်တန်းကျောင်းမှအရာရှိ၊ စစ်သည်များ၊ မိသားစုများနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များ၊ တန့်ယန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာ စကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးနှင့် တာဝန်ရှိသူများ နှင့် တပ်နယ်ရှိ နယ်မြေခံတန်းမြင့်သင်တန်းကျောင်းမှအရာရှိ၊ စစ်သည်မိသားစုများ၊ သင်တန်းသားအရာရှိ၊ စစ်သည်များနှင့် တန့်ယန်းတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစု များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော် ကာကွယ်ရေးအတွက် အမြဲတမ်းစစ်ရေးသတိရှိရန်၊ အမြဲတမ်း လေ့ကျင့်ရန်နှင့်အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်နေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါမြဲသုံးမြဲရှိနေရန်အတွက်သင်တန်းကျောင်းများမှ လေ့ကျင့်ဆောင်ရွက်ပေး နေရမည်ဖြစ်ကြောင်း၊နိုင်ငံတိုင်းရှိတပ်မတော်တိုင်းသည် ကာကွယ်ရေးစွမ်းရည် ထက်မြက်စေရန်နေ့စဉ် လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြပြီး မိမိတို့အနေဖြင့် လေ့ကျင့်ရေး လုပ်ငန်းများကိုဆောင်ရွက်ရာ၌ သင်တန်းများတွင်သာမက တပ်ဌာနချုပ်များတွင်လည်း သတ်မှတ်ထားသည့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်မှုများမှ အစမှန်ကန်ကန်လေ့ကျင့် နေကြရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်း များသည် တစ်ဦးချင်းစွမ်းရည်၊ တပ်ဖွဲ့အလိုက်စွမ်းရည်များကိုမြင့်မားအောင်လေ့ကျင့်သင်ကြား ပေးသည့်နေရာ များ ဖြစ်ကြောင်း၊နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းထလုပ်၍မရဘဲ အမြဲတမ်းအသင့် ဖြစ်အောင်ကြိုတင်ပြင်ဆင်လေ့ကျင့် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက် တပ်မတော်သားများအားလုံးသည်သတ္တိရှိရန်လိုအပ်ပြီး မွေးရာပါ သတ္တိရှိသကဲ့သို့ လေ့ကျင့်ရေးဆိုင်ရာများဖြင့်လည်းသတ္တိရှိလာအောင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သတ္တိဆိုသည်မှာ စည်းကမ်းမဲ့ဆောင်ရွက်ခြင်းမဟုတ်ဘဲ မှန်ကန်သည့် သတ္တိမျိုးဖြင့် ရန်သူကိုချေမှုန်းတိုက်ခိုက်နိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် ခေါင်းဆောင်မှုအဆင့်ဆင့်ဖြင့်ကွပ်ကဲအုပ်ချုပ်ရသည့် အဖွဲ့ အစည်းဖြစ်ကြောင်း၊ အထက်မှပေးအပ်သောတော်တည့်မှန်ကန်သည့်အမိန့်များကိုနာခံ၍ ရည်မှန်းချက် တာဝန်များကို ကျေပွန်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်လည်း ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်အညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဖြတ်သန်းခဲ့ရ သည့်အတွေ့အကြုံ၊ သင်ကြားထား သည့်ပညာအရည်အချင်းများကိုအသုံးချပြီး အသိတရား၊ သတိတရားများဖြင့်ပေးအပ်လာသည့် ရည်မှန်းချက် တာဝန်များကိုကျေပွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားသည်။

၂၀၀၈ ခုနှစ်နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသားတစ်ဦးချင်းအတွက် သော်လည်းကောင်း၊ နိုင်ငံတော် အဖွဲ့အစည်းအဆင့်ဆင့်အတွက်သော်လည်းကောင်း ရရှိမည့်အခွင့်အရေး၊ ထမ်းဆောင်ရမည့် တာဝန်၊ ဖွဲ့စည်းမှုအသီးသီးကို သတ်မှတ်ပြဌာန်း ပေးထားသဖြင့် နိုင်ငံတော်ကိုပေးထားသည့် အာမခံချက် ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထာဝရငြိမ်းချမ်းရေးရရှိရန်အရေးကြီးကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းတွင်လိုက်ပါနိုင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်သာရှိကြောင်း၊ တပ်မတော်ဆိုသည်မှာ ဥပဒေပြဌာန်းချက်နှင့်အညီ နိုင်ငံတော်၏ အမိန့်ပြန်တမ်း ထုတ်ပြန်၍ဖွဲ့စည်းတာဝန်ပေးထားသော အဖွဲ့အစည်းဖြစ်ကြောင်း၊ တပ်မတော် အရာထမ်းများသည်လည်း နိုင်ငံတော်အစိုးရ၏အမိန့့်ပြန်တမ်း ထုတ်ပြန်၍ ခန့်အပ်ရသူများဖြစ်သလို အမှုထမ်းများသည်လည်း အဆင့်ဆင့်သော အမိန့်များထုတ်ပြန် ခန့်အပ်ထားသူများဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့တာဝန်ထမ်းဆောင်ရာတွင်နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူကြရသည့်နယ်မြေများ အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်းမှာကြားသည်။

ဆက်လက်ပြီး စစ်မှုထမ်းများ၊ မိသားစုဝင်များ၏ ပညာရည်မြင့်မားရေး ဆောင်ရွက်ပေးခြင်း၊ စားဝတ် နေရေးအတွက် တစ်ဦးချင်း၊ တပ်အလိုက်သက်သာချောင်ချိရေး လုပ်ငန်းများကို စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးခြင်းဖြင့် အုပ်ချုပ်မှုစွမ်းရည်များ မြင့်မားအောင် ဆောင်ရွက်ကြရန်၊ အားလုံးစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိကြရန်၊ မိမိကိုယ်ကိုကာကွယ်နိုင်ပြီး မိမိတပ်၊ မိသားစု၊ မိမိတပ်မတော်၊ မိမိနိုင်ငံတော်၊ နိုင်ငံသား များကိုကာကွယ်စောင့်ရှောက်နိုင်သည့် စွမ်းရည်ရှိသောတပ်မတော်၊ ပြည်သူကအားကိုးရ၊ တိုင်းပြည်ကအားထားရသူများဖြစ်အောင်အားလုံးကြိုးစားဆောင်ရွက်ကြရန် မှာကြား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်နယ်များရှိ အရာရှိ၊ စစ်သည်မိသားစုများစားသောက်ဖွယ်ရာများအားပေးအပ်ရာ တာဝန်ရှိသူများမှလက်ခံရယူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်ရှိမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့က နယ်မြေခံတန်းမြင့်သင်တန်းကျောင်းနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်သုတ၊ရသစာအုပ် စာစောင်များ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲ အပြီးတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။ထို့နောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတန်းမြင့်သင်တန်းကျောင်းမှ သင်တန်းသားများနှင့်အတူ နေ့လယ်စာ စားသုံးပြီး နောက် တန့်ယန်းတပ်နယ်အတွင်းမော်တော်ယဉ် များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးကြ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ များပေးအပ်သည်။ အလားတူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည်လည်း အမျိုးသမီး ကုသဆောင်တွင်တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေး အပ်သည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တန့်ယန်းတပ်နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် သံဃာတော်၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများ အားတစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။