တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များအားတွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ အေရွ႕ ေျမာက္တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ အတြင္းရွိ တုိင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ျပည္သူ႕စစ္(ဌာေန)အဖြဲ႕ေခါင္းေဆာင္မ်ားအား ယေန႔ညေနပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္အစည္းအေ၀း ခန္းမ၌ေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္းရွိ တုိင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ျပည္သူ႕စစ္(ဌာေန)အဖြဲ႕ေခါင္းေဆာင္မ်ားတက္ေရာက္ၾကသည္။

ဦးစြာ တုိင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ျပည္သူ႕စစ္(ဌာေန)အဖြဲ႕ေခါင္းေဆာင္မ်ားက နယ္ေျမေဒသအေျခအေနမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ာ းစီမံျဖည့္ဆည္းေပးသည္။

ထုိ႔ေနာက္ တပ္ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ရွမ္းျပည္နယ္ေျမာက္ပုိင္း ေဒသသည္ တုိင္းရင္းသားမ်ားစုေပါင္းေနထုိင္ၾကေၾကာင္း၊ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္ ေနထုိင္ၾက သူမ်ားျဖစ္သျဖင့္ အားလုံးမိသားစုစိတ္ဓာတ္၊ ညီအစ္ကုိစိတ္ဓာတ္ျဖင့္ စည္းစည္းလုံးလုံးညီညီၫြတ္ၫြတ္ ေနထုိင္ၾကေစလုိေၾကာင္း၊ မိမိတုိ႔ ၾကည္း၊ေရ၊ေလ တပ္မေတာ္သားမ်ားအေနျဖင့္လည္း စည္းစည္းလုံးလုံးျဖင့္ က်ရာတာ၀န္ကုိထမ္းေဆာင္ေနၾကျခင္းျဖစ္ေၾကာင္း၊ ယခုအခါလက္နက္ကုိင္ပဋိပကၡမ်ားမခ်ဳပ္ၿငိမ္းေသးဘဲ ႏုိင္ငံေရး၊ တုိင္းရင္းသားေရး၊ အယူ၀ါဒေရးႏွင့္ အုပ္ခ်ဳပ္ေရးသေဘာထားကြဲလြဲမႈမ်ားရွိေနေသာ္လည္း ျပည္သူ မ်ားမွ ေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းကုိေလွ်ာက္လွမ္းေနၿပီျဖစ္သျဖင့္ ကြဲျပားေနသည့္ အျမင္မ်ားတူညီေစရန္အတြက္ အားလုံးၫႇိႏႈိင္းတုိင္ပင္ေဆာင္ရြက္ျခင္းျဖင့္ လက္နက္ကုိင္ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္း ရန္လိုအပ္ေၾကာင္း၊ မိမိတုိ႔ေဒသအတြက္ လူမ်ိဳးစြဲ၊ ေဒသစြဲမထားဘဲ စိတ္ရွည္သည္းခံၾကၿပီး နားလည္မႈ ရွိရန္လိုေၾကာင္း၊ မိမိတုိ႔နယ္ေျမ အလိုက္တည္ၿငိမ္ေအးခ်မ္းေအာင္ ေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ ကာကြယ္ ေရးဟုဆုိရာတြင္ ႏုိင္ငံေတာ္အတြက္အႏၲရာယ္မ်ားကုိကာကြယ္ျခင္းသာျဖစ္ေစခ်င္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ အခ်ဳပ္အျခာအာဏာကုိထိပါးလာလွ်င္တုိင္းရင္းသားအားလုံး တပ္မေတာ္ ႏွင့္လက္ခ်င္းခ်ိတ္ၿပီး ကာကြယ္ၾကရ မည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ႏုိင္ရန္အတြက္ ဥပေဒႏွင့္အညီေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ လက္နက္ကုိင္နည္းျဖင့္မေျဖရွင္းဘဲ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚတြင္သာေလွ်ာက္လွမ္းရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ မည္သူ မဆုိ ဥပေဒႏွင့္အညီတရား၀င္သမၼာအာဇီ၀က်သည့္ စီးပြားေရးလုပ္ငန္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးကုိ အေထာက္အကူျပဳႏုိင္သည့္ စီးပြားေရးလုပ္ငန္းမ်ားကုိ သာလုပ္ကုိင္ေစလိုေၾကာင္းရွင္းလင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အခမ္းအနားတက္ေရာက္လာၾကသည့္ တုိင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ျပည္သူ႕စစ္(ဌာေန)အဖြဲ႕ေခါင္းေဆာင္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ားေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ခေါင်းဆောင်များအားတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့်ပြည်သူ့စစ် (ဌာနေ)အဖွဲ့ခေါင်းဆောင်များအား ယနေ့ညနေ ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အစည်းအဝေး ခန်းမ၌တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တိုင်းရင်း သားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များတက်ရောက်ကြသည်။

ဦးစွာ တိုင်းရင်းသားခေါင်းဆောင်များနှင့်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များက နယ်မြေဒေသ အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များစီမံဖြည့်ဆည်းပေးသည်။

ထို့နောက် တပ်တော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသသည် တိုင်းရင်းသားများစုပေါင်းနေထိုင်ကြကြောင်း၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် နေထိုင်ကြ သူများဖြစ်သဖြင့် အားလုံးမိသားစုစိတ်ဓာတ်၊ ညီအစ်ကိုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နေထိုင်ကြစေလိုကြောင်း၊ မိမိတို့ ကြည်း၊ရေ၊လေ တပ်မတော်သားများအနေဖြင့်လည်း စည်းစည်းလုံးလုံးဖြင့် ကျရာတာဝန်ကိုထမ်းဆောင်နေကြခြင်းဖြစ်ကြောင်း၊ ယခုအခါလက်နက်ကိုင်ပဋိပက္ခများမချုပ်ငြိမ်းသေးဘဲ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ အယူဝါဒရေးနှင့် အုပ်ချုပ်ရေးသဘောထားကွဲလွဲမှုများရှိနေသော်လည်း ပြည်သူ များမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေပြီဖြစ်သဖြင့် ကွဲပြားနေသည့် အမြင်များတူညီစေရန်အတွက် အားလုံးညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းဖြင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း ရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသအတွက် လူမျိုးစွဲ၊ ဒေသစွဲမထားဘဲ စိတ်ရှည်သည်းခံကြပြီး နားလည်မှု ရှိရန်လိုကြောင်း၊ မိမိတို့နယ်မြေ အလိုက်တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကာကွယ် ရေးဟုဆိုရာတွင် နိုင်ငံတော်အတွက်အန္တရာယ်များကိုကာကွယ်ခြင်းသာဖြစ်စေချင်ကြောင်း၊ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးလာလျှင်တိုင်းရင်းသားအားလုံး တပ်မတော် နှင့်လက်ချင်းချိတ်ပြီး ကာကွယ်ကြရ မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေနှင့်အညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်နည်းဖြင့်မဖြေရှင်းဘဲ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင်သာလျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့်ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မည်သူ မဆို ဥပဒေနှင့်အညီတရားဝင်သမ္မာအာဇီဝကျသည့် စီးပွားရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများကို သာလုပ်ကိုင်စေလိုကြောင် းရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။