တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လောက်ကိုင်တပ်နယ်၊ ကုန်းကြမ်းတပ်နယ်နှင့် ညံခွမ်းတပ်နယ်များရှိအရာရှိ၊ စစ်သည်များ၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔ နံနက္ပုိင္းတြင္အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္သုိ႕ ေရာက္ရွိရာ အစည္းအေ၀းခန္းမ၌ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအးက တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း လုံၿခဳံေရးႏွင့္နယ္ေျမတည္ၿငိမ္ ေအးခ်မ္း ေရးေဆာင္ရြက္ထားရွိမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ေလာက္ကိုင္တပ္နယ္၊ ကုန္းၾကမ္းတပ္နယ္ႏွင့္ညံခြမ္းတပ္နယ္မ်ားသုိ႔ သြားေရာက္၍ တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား သီးျခားစီေတြ႕ဆုံအမွာစကား ေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ တာ၀န္ရွိသူမ်ားႏွင့္တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္မိသားစုမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုေဒသ၌တာ၀န္ ထမ္းေဆာင္ေနၾကသူမ်ားသည္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တာ၀န္ထမ္းေဆာင္ေနၾကရသူမ်ားျဖစ္ေၾကာင္း၊ လမ္းပန္းဆက္ သြယ္မႈခက္ခဲၿပီး ရာသီဥတု၊ ေျမအေနအထားၾကမ္းတမ္းမႈမ်ားကုိရင္ဆုိင္ကာ ေပးအပ္ေသာတာ၀န္မ်ားကုိ စြန္႔လႊတ္စြန္႔စားထမ္းေဆာင္ေနၾကသျဖင့္ ၀မ္းေျမာက္ဂုဏ္ယူအသိအမွတ္ျပဳပါေၾကာင္းဦးစြာ ေျပာၾကားသည္။

ထုိ႔ေနာက္မိမိတုိ႔တပ္မေတာ္၏တာ၀န္မွာ ႏုိင္ငံေတာ္၏လြတ္လပ္ေရးႏွင့္ အခ်ဳပ္ အျခာအာဏာတည္တံ့ခုိင္ၿမဲေရး၊ ႏုိင္ငံသားမ်ား၏အသက္အုိးအိမ္စည္းစိမ္လုံၿခဳံေရး အတြက္ ကာကြယ္ေစာင့္ေရွာက္ေပးရမည့္တာ၀န္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ အေနျဖင့္ေခတ္အဆက္ဆက္တြင္ အစုိးရအဆက္ဆက္ႏွင့္ႏုိင္ငံေတာ္ကုိ ကာကြယ္ေပးခဲ့ ေၾကာင္း၊ဆက္လက္၍လည္းကာကြယ္ေစာင့္ေရွာက္ေပးသြားရမည္သာျဖစ္ေၾကာင္း၊ လူတုိင္းမွာေအးေအးခ်မ္း ခ်မ္းျဖင့္ ေနထုိင္လုိၾကၿပီး ေကာင္းေကာင္းမြန္မြန္လုပ္ကုိင္ စားေသာက္၍ ဘ၀တုိးတက္မႈအခြင့္အေရး မ်ားကုိခံစားခ်င္ၾကေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္အေနျဖင့္ျပည္သူမ်ား ေအးေအးခ်မ္းခ်မ္းလုံလုံၿခဳံံၿခဳံေနႏုိင္ေစရန္အတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိ႔အျပင္သဘာ၀ေဘးအႏၲရာယ္ကူညီကယ္ဆယ္ေရး၊ က်န္းမာေရးႏွင့္ လူမႈေရးလုိအပ္ခ်က္မ်ားကုိလည္း တတ္ႏုိင္သည့္ဘက္မွပါ၀င္ကူညီ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ အဆုိပါတာ၀န္မ်ားကုိထမ္းေဆာင္ရာတြင္ တပ္မေတာ္သားေကာင္းပီသစြာ စည္းကမ္းေကာင္းမြန္၍ စြမ္းရည္ရွိရန္လုိအပ္ေၾကာင္း၊ စည္းမ်ဥ္းစည္းကမ္းဟူသည္ တုိက္တြန္းခ်က္၊ တားျမစ္ခ်က္မ်ားျဖစ္ၿပီး တိက်စြာ လုိက္နာရန္လိုေၾကာင္း၊ တစ္ဦးခ်င္းစည္းကမ္းေကာင္းမြန္မႈရွိမွသာ တပ္မေတာ္ တစ္ရပ္လုံးေကာင္းမြန္မႈ ရွိမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ထမ္းေဆာင္ရသည့္ ရည္မွန္းခ်က္တာ၀န္မ်ားကုိ မွန္မွန္ကန္ကန္ ႏွင့္ေက်ပြန္စြာထမ္း ေဆာင္ၾကရန္လုိေၾကာင္း မွာၾကားသည္။

တာ၀န္ထမ္းေဆာင္ရာတြင္ တစ္ဦးခ်င္းကြၽမ္းက်င္မႈရွိေစရန္ႏွင့္ က်န္းမာႀကံ့ခိုင္ေစရန္အတြက္ ေလ့က်င့္မႈမ်ား အား သတ္မွတ္ခ်က္မ်ားအတုိင္း ေဆာင္ရြက္ရန္လိုေၾကာင္း၊ ရာသီဥတုျပင္းထန္သည့္ေဒသမ်ားတြင္ သတ္မွတ္ ထားသည့္ စစ္၀တ္မ်ားကုိစနစ္တက်၀တ္ဆင္ရန္လိုၿပီး က်န္းမာေအာင္ေနထုိင္ၾကရန္လုိေၾကာင္း၊ ထုိ႔အတူ တပ္မေတာ္သားမိသားစု၀င္မ်ားသက္သာေခ်ာင္ခ်ိေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားကုိလည္း စနစ္တက်ေဆာင္ရြက္၍က်န္းမာေရးႏွင့္ ညီၫြတ္သည့္ စားေသာက္မႈပုံစံအတုိင္း အာဟာရျပည့္၀သည့္ အစားအေသာက္မ်ားကုိ စနစ္တက်စားသုံးၾကရန္လိုေၾကာင္း၊ က်န္းမာေရးခ်ိဳ႕တဲ့ၿပီးေရာဂါျဖစ္ပြားပါက အခ်ိန္၊ ေငြ၊ လုပ္အားမ်ား ဆုံး႐ႈံးမႈျဖစ္ေပၚသျဖင့္”အသက္ကုိဥာဏ္ေစာင့္” ဆုိသည့္အတုိင္း မိမိတုိ႔၏က်န္းမာေရးကုိ ထိခိုက္ေစႏုိင္သည့္ ေဆးလိပ္၊ ကြမ္း၊ အရက္စသည့္အေပ်ာ္အပါး အေသာက္အစားမ်ားကုိ တတ္ႏုိင္သမွ် ေရွာင္ၾကဥ္ရန္လိုအပ္ေၾကာင္း၊ ကြပ္ကဲအုပ္ခ်ဳပ္ေနရသူမ်ားအေနျဖင့္ စစ္မႈထမ္းမ်ားအားလုံး စည္းကမ္းတက် ျဖင့္စိတ္ခ်မ္းသာ၊ ကုိယ္က်န္းမာတာ၀န္ထမ္းေဆာင္ႏုိင္ေစရန္အတြက္ ညီၫြတ္မွ်တစြာစီမံေဆာင္ရြက္ ေပးၾကရ မည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႔အျပင္ မိမိတုိ႔စည္း႐ုံးေရးနယ္ေျမအတြင္း ျပည္သူလူထုတုိင္းရင္းသားမ်ား ႏွင့္တစ္သားျဖစ္ေအာင္ ေနထုိင္ ရမည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္လည္း မိမိတုိ႔အေနျဖင့္တတ္ႏုိင္သည့္ ဘက္မွ ကူညီေဆာင္ရြက္ေပးရမည္ျဖစ္ၿပီး အေတြ႕အႀကဳံမ်ားကုိမွ်ေ၀ေပးရန္လုိေၾကာင္း၊ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားက ယုံၾကည္အားကုိးရသည့္တပ္မ်ားျဖစ္ေအာင္ ႀကိဳးစားၾကရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တပ္နယ္မ်ားရွိ အရာရွိ၊ စစ္သည္မိသားစုမ်ားစားေသာက္ဖြယ္ရာမ်ားအားေပးအပ္ရာ တာ၀န္ရွိသူမ်ားမွလက္ခံရယူသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္ရွိမိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရး အသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာတာ၀န္ရွိသူမ်ားကလက္ခံရယူသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး တုိ႕က တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္သုတ၊ရသစာအုပ္ စာေစာင္မ်ား၊ စားေသာက္ဖြယ္ ရာမ်ား၊ အားကစားပစၥည္းမ်ားအား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ေရာက္ လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားအားရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ၿပီး တပ္ရင္းဌာနခ်ဳပ္ကုိရြပ္ရြပ္ခြၽံခြၽံ ကာကြယ္ေစာင့္ေရွာက္ခဲ့ၾကသည့္ရဲေမမ်ားအား ဂုဏ္ျပဳေငြမ်ားခ်ီးျမႇင့္ၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္ႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တာ၀န္ရွိ သူမ်ားလုိက္ပါၿပီး ေလာက္ကုိင္တပ္နယ္ရွိ တပ္မေတာ္ေဆး႐ုံ၌ တက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္အားေပး ကားေျပာၾကားၿပီး စားေသာက္ ဖြယ္ရာမ်ားေပးအပ္သည္။

အလားတူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးေဒၚၾကဴၾကဴလွသည္လည္း အမ်ိဳးသမီး ကုသေဆာင္တြင္ တက္ေရာက္ကုသလ်က္ရွိသည့္ တပ္မေတာ္သား မိသားစု၀င္မ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ အားေပး စကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္ၿပီး ယေန႔ေမြးဖြား ေသာမိခင္ႏွင့္ကေလးအတြက္ ခ်ီးျမႇင့္ေငြ မ်ားေပးအပ္သည္။ထို႕ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေဆး႐ုံအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ား အေပၚလုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ညပုိင္းတြင္ လား႐ႈိးၿမိဳ႕ရွိ ရန္တုိင္းေအာင္ ဆုေတာင္းျပည့္ေစတီသုိ႔သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီေတာ္ရွိ ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္အားဖူး ေျမာ္ၾကည္ ညိဳၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္၍ အလွဴေငြမ်ားအား ေဂါပကအဖြဲ႕ထံေပးအပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ေစတီေတာ္ႀကီး၏ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးၿပီး ေစတီေတာ္ႀကီးအား လက္ယာရစ္လွည့္လည္ဖူးေျမာ္ၾကည္ညိဳခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လောက်ကိုင်တပ်နယ်၊ ကုန်းကြမ်းတပ်နယ်နှင့် ညံခွမ်းတပ်နယ်များရှိအရာရှိ၊ စစ်သည်များ၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးနှင့်နယ်မြေတည်ငြိမ် အေးချမ်း ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လောက်ကိုင်တပ်နယ်၊ ကုန်းကြမ်းတပ်နယ်နှင့်ညံခွမ်းတပ်နယ်များသို့ သွားရောက်၍ တပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများအား သီးခြားစီတွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးနှင့် တာဝန်ရှိသူများနှင့်တပ်နယ်များမှ အရာရှိ၊ စစ်သည်မိသားစုများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုဒေသ၌တာဝန် ထမ်းဆောင်နေကြသူများသည် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ထမ်းဆောင်နေကြရသူများဖြစ်ကြောင်း၊ လမ်းပန်းဆက် သွယ်မှုခက်ခဲပြီး ရာသီဥတု၊ မြေအနေအထားကြမ်းတမ်းမှုများကိုရင်ဆိုင်ကာ ပေးအပ်သောတာဝန်များကို စွန့်လွှတ်စွန့်စားထမ်းဆောင်နေကြသဖြင့် ဝမ်းမြောက်ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းဦးစွာ ပြောကြားသည်။

ထို့နောက်မိမိတို့တပ်မတော်၏တာဝန်မှာ နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံသားများ၏အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး အတွက် ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့်ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်နှင့်နိုင်ငံတော်ကို ကာကွယ်ပေးခဲ့ ကြောင်း၊ဆက်လက်၍လည်းကာကွယ်စောင့်ရှောက်ပေးသွားရမည်သာဖြစ်ကြောင်း၊ လူတိုင်းမှာအေးအေးချမ်း ချမ်းဖြင့် နေထိုင်လိုကြပြီး ကောင်းကောင်းမွန်မွန်လုပ်ကိုင် စားသောက်၍ ဘဝတိုးတက်မှုအခွင့်အရေး များကိုခံစားချင်ကြကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့်ပြည်သူများ အေးအေးချမ်းချမ်းလုံလုံခြုံံခြုံနေနိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များကိုလည်း တတ်နိုင်သည့်ဘက်မှပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါတာဝန်များကိုထမ်းဆောင်ရာတွင် တပ်မတော်သားကောင်းပီသစွာ စည်းကမ်းကောင်းမွန်၍ စွမ်းရည်ရှိရန်လိုအပ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းဟူသည် တိုက်တွန်းချက်၊ တားမြစ်ချက်များဖြစ်ပြီး တိကျစွာ လိုက်နာရန်လိုကြောင်း၊ တစ်ဦးချင်းစည်းကမ်းကောင်းမွန်မှုရှိမှသာ တပ်မတော် တစ်ရပ်လုံးကောင်းမွန်မှု ရှိမည်ဖြစ်ကြောင်း၊ မိမိတို့ထမ်းဆောင်ရသည့် ရည်မှန်းချက်တာဝန်များကို မှန်မှန်ကန်ကန် နှင့်ကျေပွန်စွာထမ်း ဆောင်ကြရန်လိုကြောင်း မှာကြားသည်။

တာဝန်ထမ်းဆောင်ရာတွင် တစ်ဦးချင်းကျွမ်းကျင်မှုရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် လေ့ကျင့်မှုများ အား သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ ရာသီဥတုပြင်းထန်သည့်ဒေသများတွင် သတ်မှတ် ထားသည့် စစ်ဝတ်များကိုစနစ်တကျဝတ်ဆင်ရန်လိုပြီး ကျန်းမာအောင်နေထိုင်ကြရန်လိုကြောင်း၊ ထို့အတူ တပ်မတော်သားမိသားစုဝင်များသက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်၍ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံအတိုင်း အာဟာရပြည့်ဝသည့် အစားအသောက်များကို စနစ်တကျစားသုံးကြရန်လိုကြောင်း၊ ကျန်းမာရေးချို့တဲ့ပြီးရောဂါဖြစ်ပွားပါက အချိန်၊ ငွေ၊ လုပ်အားများ ဆုံးရှုံးမှုဖြစ်ပေါ်သဖြင့်”အသက်ကိုဉာဏ်စောင့်” ဆိုသည့်အတိုင်း မိမိတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်၊ ကွမ်း၊ အရက်စသည့်အပျော်အပါး အသောက်အစားများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ ကွပ်ကဲအုပ်ချုပ်နေရသူများအနေဖြင့် စစ်မှုထမ်းများအားလုံး စည်းကမ်းတကျ ဖြင့်စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာတာဝန်ထမ်းဆောင်နိုင်စေရန်အတွက် ညီညွတ်မျှတစွာစီမံဆောင်ရွက် ပေးကြရ မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့အပြင် မိမိတို့စည်းရုံးရေးနယ်မြေအတွင်း ပြည်သူလူထုတိုင်းရင်းသားများ နှင့်တစ်သားဖြစ်အောင် နေထိုင် ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့အနေဖြင့်တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး အတွေ့အကြုံများကိုမျှဝေပေးရန်လိုကြောင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများက ယုံကြည်အားကိုးရသည့်တပ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်နယ်များရှိ အရာရှိ၊ စစ်သည်မိသားစုများစားသောက်ဖွယ်ရာများအားပေးအပ်ရာ တာဝန်ရှိသူများမှလက်ခံရယူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်ရှိမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး တို့က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်သုတ၊ရသစာအုပ် စာစောင်များ၊ စားသောက်ဖွယ် ရာများ၊ အားကစားပစ္စည်းများအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်များအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး တပ်ရင်းဌာနချုပ်ကိုရွပ်ရွပ်ချွံချွံ ကာကွယ်စောင့်ရှောက်ခဲ့ကြသည့်ရဲမေများအား ဂုဏ်ပြုငွေများချီးမြှင့်ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တာဝန်ရှိ သူများလိုက်ပါပြီး လောက်ကိုင်တပ်နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး ကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်သည်။

အလားတူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည်လည်း အမျိုးသမီး ကုသဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ပြီး ယနေ့မွေးဖွား သောမိခင်နှင့်ကလေးအတွက် ချီးမြှင့်ငွေ များပေးအပ်သည်။ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ညပိုင်းတွင် လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီသို့သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အားဖူး မြော်ကြည် ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ အလှူငွေများအား ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး၏ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။