တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် စစ်သည်၊ စစ်သမီးများ၏ဖျော်ဖြေတင်ဆက်မှုများအား တက်ရောက်ကြည့်ရှုအားပေး

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၇

ျမန္မာ့႐ုိးရာယဥ္ေက်းမႈ အႏုသုခုမပညာရပ္မ်ားကုိထိန္းသိမ္းရန္၊ ပုိမုိတုိးတက္ ျမင့္မားလာေစရန္ႏွင့္ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အဆင့္ေဖ်ာ္ေျဖေရးမ်ားတြင္ အဆင့္အတန္းျမင့္မားစြာေဖ်ာ္ေျဖႏုိင္ေစရန္ အတြက္ရည္ရြယ္၍ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္ စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး၏ စက္တင္ဘာလ အတြင္းက်င္းပျပဳလုပ္ခဲ့သည့္(၁၇)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္မ်က္လွည့္ၿပိဳင္ပြဲတြင္ ဆုခ်ီးျမႇင့္ျခင္းခံခဲ့ရေသာ စစ္သည္၊ စစ္သမီးမ်ားသည္ ေအာက္တိုဘာ ၆ ရက္ညပုိင္းတြင္ ေနျပည္ေတာ္ရွိ၊ ေဇယ်ာသီရိဗိမာန္၊ သဘင္ေဆာင္၌ အဆုိ၊ အက၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္မ်က္လွည့္ျပကြက္မ်ားအား ကျပေဖ်ာ္ေျဖ တင္ဆက္ၾကရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ ၾကည့္႐ႈအားေပးသည္။

အဆုိပါေဖ်ာ္ေျဖပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြႏွင့္ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) ႐ုံး/ဌာနအသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကည့္႐ႈအားေပးၾကသည္။

ေဖ်ာ္ေျဖပြဲအခမ္းအနားတြင္ အမွတ္(၁)တပ္မေတာ္႐ုပ္ျမင္သံၾကားထုတ္လႊင့္ေရး တပ္မွ စစ္သည္ မ်ားက “စံေတာ္ခ်ိန္တီးလုံး၊ ႏွဲထပ္ပတ္ထပ္လက္စြမ္းျပ” တီးလုံးျဖင့္လည္းေကာင္း၊ အမွတ္(၁) နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ တပ္ၾကပ္ႀကီး(အစားခန္႔)ေအးသူဇာေက်ာ္ က ေတးေရး ေရႊတုိင္ၫြန္႔ေရးဖြဲ႕ခဲ့ၿပီး ေတးသံရွင္စိန္ပါတီကသီဆုိခဲ့သည့္ “စံပယ္တင္မွဲ႕” ေတးသီခ်င္းျဖင့္ လည္းေကာင္း၊ တပ္သားေအးမင္းထြန္းႏွင့္ တပ္ၾကပ္ႀကီး (အစားခန္႔)ႏြယ္နီ၀င္းတုိ႔က “အေပါင္းေမြ႕ဘြယ္ေသာင္းေရႊ႕လယ္” ၿမိဳင္ထႏွစ္ပါးသြား အကျဖင့္လည္းေကာင္း၊ ဒုတိယအရာခံဗုိလ္ စန္းလြင္က ေတးေရးမင္းယုႏုိင္(ကဗ်ာ)က ေရးဖြဲ႕ခဲ့ၿပီး ေတးသံရွင္စႏၵရားထြန္းၫြန္႕သီဆုိခဲ့သည့္ “စာဆုိစစ္သည္” သီခ်င္းျဖင့္ လည္းေကာင္း၊ အမွတ္(၃)နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ စစ္သည္၊ စစ္သမီးမ်ား က “စင္တင္မ်က္လွည့္” ျဖင့္လည္းေကာင္း၊ အမွတ္(၁) နယ္လွည့္ျပည္သူ႕ ဆက္ဆံေရး တပ္ခြဲမွ စစ္သည္၊ စစ္သမီးမ်ားက “စိန္သရဖူအၿငိမ့္”ျဖင့္လည္းေကာင္း၊ အမွတ္(၂) နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ စစ္သည္၊ စစ္သမီးမ်ားက “နန္းဘုံသီဟာေဘြ အုိးစည္ယိမ္း အက” ျဖင့္လည္းေကာင္းသီဆုိကျပေဖ်ာ္ေျဖၾကသည္။

ယင္းေနာက္ အမွတ္(၁)နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ စစ္သည္၊ စစ္သမီးမ်ားက သကၠရာဇ္ ၁၂၄၇ ခုႏွစ္ နယ္ခ်ဲ႕အဂၤလိပ္အစုိးရလက္ေအာက္သုိ႔ က်ေရာက္စဥ္ သူ႕ကြၽန္မခံလုိသည့္ ပုဂံ ေညာင္ဦးၿမိဳ႕နယ္၊ ငါ့သေရာက္ဆယ္ရြာမွ တုိင္းရင္းေဆးဆရာ ဆရာခ်ိဳမွသားႏွစ္ေယာက္ႏွင့္ အတူမ်ိဳးခ်စ္စိတ္ရွိသည့္ေဒသခံ မ်ားႏွင့္စုေပါင္း၍ ဗုိလ္ခ်ဳိအမည္ခံၿပီးနယ္ခ်ဲ႕အစုိးရအား ေလးႏွစ္ခန္႔ ေတာ္လွန္ တုိက္ခုိက္ခဲ့စဥ္ အႏုိင္ယူေအာင္ျမင္ခဲ့မႈမ်ားႏွင့္ က်န္းမာေရးအေျခအေန ေၾကာင့္သီရိပစၥယာ ဂူေျပာက္ဘုရားတြင္အနားယူေနခ်ိန္၌ သစၥာေဖာက္နယ္ခ်ဲ႕အလုိေတာ္ရိတစ္ေယာက္ေၾကာင့္ အဖမ္းခံခဲ့ရၿပီး ႀကိဳးစင္တက္ခဲ့ရမႈမ်ားအား ပုံေဖာ္တင္ဆက္ထားသည့္ “ရဲမာန္၀ံ့ၾကြားပုဂံသား” ျပဇာတ္ျဖင့္ေဖ်ာ္ေျဖတင္ဆက္ၾကၿပီး ေနာက္ (၁၇)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္မ်က္လွည့္ ၿပိဳင္ပြဲတြင္ ဆုခ်ီးျမႇင့္ျခင္းခံခဲ့ရသည့္ စစ္သည္၊ စစ္သမီးမ်ားက “ဇာတိမာန္”သီခ်င္းျဖင့္သီဆုိေဖ်ာ္ေျဖၾကသည္။

ေဖ်ာ္ေျဖပြဲအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတို႔က သီဆုိကျပေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကသည့္ စစ္သည္၊ စစ္သမီးမ်ားအား ဂုဏ္ျပဳပန္းျခင္းႏွင့္ဂုဏ္ျပဳဆုေငြမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် စစ်သည်၊ စစ်သမီးများ၏ဖျော်ဖြေတင်ဆက်မှုများအား တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ ရ

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကိုထိန်းသိမ်းရန်၊ ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံတော်နှင့်တပ်မတော်အဆင့်ဖျော်ဖြေရေးများတွင် အဆင့်အတန်းမြင့်မားစွာဖျော်ဖြေနိုင်စေရန် အတွက်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ စက်တင်ဘာလ အတွင်းကျင်းပပြုလုပ်ခဲ့သည့်(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသော စစ်သည်၊ စစ်သမီးများသည် အောက်တိုဘာ ၆ ရက်ညပိုင်းတွင် နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြကွက်များအား ကပြဖျော်ဖြေ တင်ဆက်ကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။

အဆိုပါဖျော်ဖြေပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဖျော်ဖြေပွဲအခမ်းအနားတွင် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေး တပ်မှ စစ်သည် များက “စံတော်ချိန်တီးလုံး၊ နှဲထပ်ပတ်ထပ်လက်စွမ်းပြ” တီးလုံးဖြင့်လည်းကောင်း၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး(အစားခန့်)အေးသူဇာကျော် က တေးရေး ရွှေတိုင်ညွန့်ရေးဖွဲ့ခဲ့ပြီး တေးသံရှင်စိန်ပါတီကသီဆိုခဲ့သည့် “စံပယ်တင်မှဲ့” တေးသီချင်းဖြင့် လည်းကောင်း၊ တပ်သားအေးမင်းထွန်းနှင့် တပ်ကြပ်ကြီး (အစားခန့်)နွယ်နီဝင်းတို့က “အပေါင်းမွေ့ဘွယ်သောင်းရွှေ့လယ်” မြိုင်ထနှစ်ပါးသွား အကဖြင့်လည်းကောင်း၊ ဒုတိယအရာခံဗိုလ် စန်းလွင်က တေးရေးမင်းယုနိုင်(ကဗျာ)က ရေးဖွဲ့ခဲ့ပြီး တေးသံရှင်စန္ဒရားထွန်းညွန့်သီဆိုခဲ့သည့် “စာဆိုစစ်သည်” သီချင်းဖြင့် လည်းကောင်း၊ အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများ က “စင်တင်မျက်လှည့်” ဖြင့်လည်းကောင်း၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲမှ စစ်သည်၊ စစ်သမီးများက “စိန်သရဖူအငြိမ့်”ဖြင့်လည်းကောင်း၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက “နန်းဘုံသီဟာဘွေ အိုးစည်ယိမ်း အက” ဖြင့်လည်းကောင်းသီဆိုကပြဖျော်ဖြေကြသည်။

ယင်းနောက် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက သက္ကရာဇ် ၁၂၄၇ ခုနှစ် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်အောက်သို့ ကျရောက်စဉ် သူ့ကျွန်မခံလိုသည့် ပုဂံ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ဆယ်ရွာမှ တိုင်းရင်းဆေးဆရာ ဆရာချိုမှသားနှစ်ယောက်နှင့် အတူမျိုးချစ်စိတ်ရှိသည့်ဒေသခံ များနှင့်စုပေါင်း၍ ဗိုလ်ချိုအမည်ခံပြီးနယ်ချဲ့အစိုးရအား လေးနှစ်ခန့် တော်လှန် တိုက်ခိုက်ခဲ့စဉ် အနိုင်ယူအောင်မြင်ခဲ့မှုများနှင့် ကျန်းမာရေးအခြေအနေ ကြောင့်သီရိပစ္စယာ ဂူပြောက်ဘုရားတွင်အနားယူနေချိန်၌ သစ္စာဖောက်နယ်ချဲ့အလိုတော်ရိတစ်ယောက်ကြောင့် အဖမ်းခံခဲ့ရပြီး ကြိုးစင်တက်ခဲ့ရမှုများအား ပုံဖော်တင်ဆက်ထားသည့် “ရဲမာန်ဝံ့ကြွားပုဂံသား” ပြဇာတ်ဖြင့်ဖျော်ဖြေတင်ဆက်ကြပြီး နောက် (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့် ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် စစ်သည်၊ စစ်သမီးများက “ဇာတိမာန်”သီချင်းဖြင့်သီဆိုဖျော်ဖြေကြသည်။

ဖျော်ဖြေပွဲအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။