နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်(၄)မြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် နှိုင်းယှဉ်စဉ်းစားလေ့လာသုံးသပ်ကြရန်လို

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၈

ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရး၊ လုံၿခဳံေရးႏွင့္ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ႏုိင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရး အျမင္(၄)ျမင္ျဖင့္ က်ယ္က်ယ္ျပန္႔ျပန္႔ႏႈိင္းယွဥ္ စဥ္းစားေလ့လာသုံးသပ္ၾကရန္ လုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္  ႏုိင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ရွိ သင္တန္းသား အရာရွိႀကီးမ်ားအား ယေန႔နံနက္ပုိင္းတြင္ ႏုိင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ရွိ သင္တန္းခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ တုိင္းမွဴး၊ တပ္မမွဴးမ်ား၊ ႏုိင္ငံေတာ္ကာကြယ္ေရး တကၠသုိလ္မွသင္တန္းသား အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ယခုပါတီစုံဒီမုိကေရစီလမ္းေၾကာင္း ေပၚေလွ်ာက္လွမ္း ေနခ်ိန္၌ မိမိတုိ႔တပ္မေတာ္သားမ်ားအေနျဖင့္ ဥပေဒအားနားလည္ သိရွိၿပီးလုိက္နာ ေဆာင္ရြက္ရန္ လုိအပ္ေၾကာင္း၊ ထုိ႔အတူဗဟုသုတအသိပညာမ်ား တုိးပြားေစရန္ႏွင့္က်ယ္က်ယ္ ျပန္႔ျပန္႔စဥ္းစား ႏုိင္ေစရန္အတြက္လည္း စာဖတ္ရန္လုိေၾကာင္း၊ သင္တန္းတက္ေရာက္ေနစဥ္ကာလအတြင္း ႏုိင္ငံေရးအျမင္၊ စီးပြားေရးအျမင္၊ ကာကြယ္ေရးအျမင္၊ အုပ္ခ်ဳပ္ေရးအျမင္စသည့္ အျမင္(၄)ျမင္အား ႏုိင္ငံတကာအေျခအေနမ်ားႏွင့္ ေပါင္းစပ္ေလ့လာသြားရန္လုိအပ္ေၾကာင္း၊ တစ္ႏုိင္ငံႏွင့္တစ္ႏုိင္ငံ၊ တပ္မေတာ္တစ္ရပ္ႏွင့္တစ္ရပ္ အုပ္ခ်ဳပ္မႈပုံစံမ်ားႏွင့္ စံသတ္မွတ္ခ်က္မ်ားတူညီမႈ မရွိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ ပကတိအေျခအေနမ်ား၊ တပ္မေတာ္အေျခအေနမ်ားႏွင့္ ေနထုိင္သည့္ လူမ်ိဳးမ်ား အေပၚတြင္ မူတည္ၿပီးသတ္မွတ္ထားၾကေၾကာင္း၊  မည္သည့္ႏုိင္ငံတြင္မဆုိ ႏုိင္ငံတကာသတ္မွတ္ခ်က္ မ်ားႏွင့္ ေဆာင္ရြက္၍မရသည့္ အေၾကာင္းအရာမ်ားရွိေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔အေနျဖင့္ အျမင္က်ယ္ေစရန္အတြက္ စစ္ေရး၊ စီးပြားေရး၊ ကာကြယ္ေရးႏွင့္ အုပ္ခ်ဳပ္ေရးပုိင္းဆုိင္ရာ မ်ားအား စဥ္ဆက္မျပတ္ေလ့လာေနရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္ အရာရွိမ်ားအား အရာရွိငယ္ဘ၀မွစၿပီး အရာရွိႀကီးျဖစ္သည္အထိ တစ္ဆင့္ၿပီးတစ္ဆင့္အေျခခံမွစ၍ အဆင့္ျမင့္သင္တန္းမ်ားအထိ တာ၀န္ ထမ္းေဆာင္သည့္အဆင့္ႏွင့္ေလ်ာ္ညီသည့္ သက္ဆုိင္ရာ သင္တန္းမ်ားအလုိက္ သင္ၾကား ေလ့က်င့္ေပးလ်က္ရွိေၾကာင္း၊ တပ္ရင္းမွဴး အဆင့္မွစ၍ သက္ဆုိင္ရာကြပ္ကဲမႈအလုိက္ အုပ္ခ်ဳပ္ေရး အာဏာ၊ တရားစီရင္ေရးအာဏာႏွင့္ ဘ႑ာေရးအာဏာမ်ားအားေပးအပ္ထားၿပီး က႑အလိုက္ အဆင့္ဆင့္ေသာ စီမံခန္႔ခြဲမႈ အေတြ႕အႀကဳံမ်ားရရွိေအာင္ေဆာင္ရြက္ေပးထားေၾကာင္းေျပာၾကားသည္။

ႏုိင္ငံေရးအျမင္ႏွင့္ပတ္သက္၍ ၁၉ ရာစုႏွင့္ ၂၀ ရာစုအတြင္းႏုိင္ငံေရးစနစ္ ေျပာင္းလဲမႈမ်ား အမ်ားဆုံး ျဖစ္ေပၚလာေၾကာင္း၊ ဒီမုိကေရစီစနစ္က်င့္သုံးလ်က္ရွိသည့္ ႏုိင္ငံမ်ားရွိသကဲ့သုိ႔ ကြန္ျမဴနစ္ အယူအဆမ်ားျဖင့္ အုပ္ခ်ဳပ္လ်က္ရွိသည့္ႏုိင္ငံမ်ားလည္း ရွိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ လြတ္လပ္ေရး ႀကိဳးပမ္းမႈတြင္ ရဲေဘာ္သုံးက်ိပ္သည္ လူငယ္မ်ားျဖင့္ စတင္ဖြဲ႕စည္းေဆာင္ရြက္ခဲ့ၾကေၾကာင္း၊ အဆုိပါလူငယ္မ်ားတြင္ ႏုိင္ငံေရးအရ၀ါဒ ကြဲျပားသည့္လူမ်ားပါ၀င္ခဲ့ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ အေနျဖင့္ မည္သည့္ႏုိင္ငံေရးအယူအဆမွမပါဘဲ ႏုိင္ငံ့အေရး၊ အမ်ိဳးသားႏုိင္ငံေရးကုိသာေဆာင္ရြက္ ေနေၾကာင္း၊  တပ္မေတာ္အေနျဖင့္ အိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ထာ၀ရတည္ၿငိမ္ေအးခ်မ္း ေအာင္ ေဆာင္ရြက္လ်က္ရွိၿပီး ခုိင္မာမႈရွိေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံ၏ ႏုိင္ငံျခားေရးမူ၀ါဒမွာ လြတ္လပ္၍တက္ၾကြသည့္ ႏုိင္ငံျခားေရးမူ၀ါဒကုိက်င့္သုံးလ်က္ရွိၿပီး ႏုိင္ငံအားလုံးႏွင့္ မိတ္၀တ္ မပ်က္ဆက္ဆံေရးရွိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္ လြတ္လပ္ေရးရရွိသည့္ အခ်ိန္မွစ၍ ႏုိင္ငံေရးစနစ္ ေျပာင္းလဲမႈမ်ားျဖစ္ေပၚခဲ့ၿပီး ႏုိင္ငံေရးအရတည္ၿငိမ္မႈ မရွိခဲ့ေၾကာင္း၊ ထုိ႔ေၾကာင့္ယခုအခ်ိန္တြင္ ႏုိင္ငံေရးအရတည္ၿငိမ္မႈရွိေစရန္အတြက္ ပါတီစုံ ဒီမုိကေရစီလမ္းေၾကာင္းကုိ ခုိင္ခုိင္မာမာေလွ်ာက္လွမ္း ႏိုင္ရန္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီးတုိင္းရင္းသားအေရးႏွင့္ပတ္သက္၍ မိမိတုိ႔ႏုိင္ငံတြင္ တုိင္းရင္းသားလူမ်ိဳး ၁၃၅ မ်ိဳး ေက်ာ္ရွိေၾကာင္း၊ တုိင္းရင္းသားအားလုံးအေနျဖင့္ ျမန္မာစိတ္ေမြးၿပီး စည္းစည္းလုံးလုံး ေဆာင္ရြက္ၾက ရမည္ျဖစ္ေၾကာင္း၊ တုိင္းရင္းသားမ်ားအေနျဖင့္ ႏုိင္ငံေရး အရသေဘာထားကြဲလြဲမႈမ်ားရွိပါက မိမိတုိ႔ႏုိင္ငံအေနျဖင့္ႏုိင္ငံေရးအရတည္ၿငိမ္မႈရရွိမည္ မဟုတ္ေၾကာင္း၊ အေျခခံဥပေဒတြင္ ျမန္မာႏုိင္ငံ အတြင္းရွိ တုိင္းရင္းသားမ်ားအားလုံး တန္းတူအခြင့္အေရးေပးထားၿပီး ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္အတတ္ႏုိင္ဆုံး ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္လည္း ေဆာင္ရြက္ေပးေနေၾကာင္း၊ ေ၀းလံေခါင္းပါးသည့္ေဒသမ်ားရွိ တုိင္းရင္းသားျပည္သူမ်ားအတြက္ ပုိမုိအေလးထား ေဆာင္ရြက္ေပးေနေၾကာင္း၊ ထုိ႔အတူမိမိတုိ႔ႏုိင္ငံအတြင္းေနထုိင္လ်က္ရွိသည့္ တုိင္းရင္းသားမ်ားအား တုိင္းရင္းသားအခြင့္အေရးမ်ား အျပည့္အ၀ေပးထားသကဲ့သုိ႔ ႏုိင္ငံသား ျဖစ္ခြင့္ရွိသူမ်ားကုိလည္း ဥပေဒႏွင့္အညီအခြင့္အေရးမ်ားေပးထားေၾကာင္း၊ ႏုိင္ငံေရးသည္ က်ယ္ျပန္႔မႈ မ်ားစြာရွိၿပီး တုိင္းရင္းသားအေရး၊ ႏုိင္ငံ့အေရးႏွင့္ ႏုိင္ငံသားမ်ား ႏွင့္ပတ္သက္သည့္ အေရးကိစၥရပ္ မ်ားအားမိမိတုိ႔အေနျဖင့္သိရွိနားလည္ေအာင္ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ ႏုိင္ငံေရးအျမင္တြင္ႏုိင္ငံတကာအေရးႏွင့္ပတ္သက္၍ မိမိတုိ႔အေနျဖင့္ ကုလသမဂၢ အဖြဲ႕၀င္ႏုိင္ငံတစ္ႏုိင္ငံျဖစ္သကဲ့သုိ႔ အာဆီယံအဖြဲ႕၀င္ႏုိင္ငံတစ္ႏုိင္ငံ ျဖစ္ေၾကာင္း၊ အာဆီယံအဖြဲ႕၀င္ ႏုိင္ငံမ်ားသည္ ဘာသာမတူသည့္ႏုိင္ငံမ်ားရွိေသာ္လည္း တစ္ႏုိင္ငံႏွင့္ တစ္ႏုိင္ငံကူညီ ေဆာင္ရြက္ေပး မႈမ်ားရွိသည္မွာ ထူးျခားခ်က္ပင္ျဖစ္ေၾကာင္း၊  ပထမကမၻာစစ္ႏွင့္ဒုတိယကမၻာစစ္မ်ားေၾကာင့္ ႏုိင္ငံေပါင္းခ်ဳပ္အသင္းႀကီးႏွင့္ ကမၻာ့ကုလသမဂၢအဖြဲ႕ႀကီး ေပၚေပါက္ခဲ့ေၾကာင္း၊ ကုလသမဂၢကုိ ကုိလုိနီျပဳႏုိင္ငံမ်ား၊ ႏုိင္ငံငယ္မ်ားက ပုိမုိအားကုိးခဲ့ၾကေၾကာင္း၊ ပုိမုိ၍ထိေရာက္စြာေဆာင္ရြက္ႏုိင္ရန္ EU, AU, ေတာင္အာရွ၊ အေရွ႕အာရွ၊ အာဆီယံစသည့္ ကမၻာ့အဖြဲ႕အစည္းမ်ားေပၚေပါက္လာေၾကာင္း၊ ကမၻာေပၚရွိႏုိင္ငံေရးအေျပာင္းအလဲမ်ားကုိေလ့လာ၍ မိမိတုိ႔ႏုိင္ငံ၏ႏုိင္ငံေရးႏွင့္ခ်ိန္ထုိး ေလ့လာ ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသည္လြတ္လပ္၍ အခ်ဳပ္အျခာအာဏာပုိင္သည့္ႏုိင္ငံျဖစ္ၿပီး အခ်ဳပ္အျခာအာဏာပုိင္ဆုိင္သည့္ ႏုိင္ငံတစ္ႏုိင္ငံဆုိသည္မွာ အုပ္ခ်ဳပ္ခြင့္တရား၀င္ျဖစ္ျခင္း (Legitimacy of Rule) ဟုအဓိပၸါယ္ဖြင့္ဆုိၿပီး အျခားႏုိင္ငံတစ္ခု၏ ၾသဇာလႊမ္းမုိးမႈႏွင့္ ၀င္ေရာက္စြက္ဖက္မႈကို လက္ခံရမည္ဆုိပါက အဆုိပါႏုိင္ငံသည္ အခ်ဳပ္အျခာအာဏာပုိင္ဆုိင္သည့္ ႏုိင္ငံမဟုတ္ပါေၾကာင္းရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ စီးပြားေရးအျမင္ႏွင့္ပတ္သက္၍ စီးပြားေရးသည္ ႏုိင္ငံတစ္ခု၏ အဓိက ေမာင္းႏွင္အား ပင္ျဖစ္ေၾကာင္း၊ ႏုိင္ငံႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ စီးပြားေရး အားေကာင္းပါက အျခား ႏုိင္ငံမ်ားက ေလးစားၾကေၾကာင္း၊ စီးပြားေရးေကာင္းမြန္မွသာ တုိင္းျပည္ဖြံ႕ၿဖိဳး တုိးတက္ေကာင္းမြန္ မည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ စီးပြားေရးဆုိင္ရာ စာရင္းဇယား၊ အခ်က္အလက္မ်ား တိက် မွန္ကန္ေအာင္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံလူဦးေရ၏ ၃၀ ရာခုိင္ႏႈန္းသာ ၿမိဳ႕ေပၚတြင္ေနထုိင္၍ ၇၀ ရာခုိင္ႏႈန္းသည္ ေက်းလက္ေဒသတြင္ ေနထုိင္ၾကသူမ်ားျဖစ္ေၾကာင္း၊ ၿမိဳ႕နယ္ေပါင္း ၃၃၀ ႏွင့္ ေက်းရြာေပါင္း ေျခာက္ေသာင္းေက်ာ္ရွိေၾကာင္း၊ ေက်းလက္ ေဒသတြင္ေနထုိင္ၾကသူမ်ားသည္ စုိက္ပ်ိဳးေရးကို အဓိကထားေဆာင္ရြက္ၾကသူမ်ားျဖစ္သျဖင့္ လက္ရွိအေျခအေနတြင္စုိက္ပ်ိဳးေရးကုိအေျခခံ၍ ေခတ္မီနည္းပညာမ်ားျဖင့္ ကုန္ေခ်ာမ်ား ထြက္ရွိေအာင္ေဆာင္ရြက္ၿပီး ျပည္ပႏုိင္ငံမ်ားသုိ႔ တင္ပုိ႔ေရာင္းခ်ႏုိင္ရမည္ျဖစ္ေၾကာင္း၊  ထုိ႔အတူ ျမန္မာႏုိင္ငံမွထြက္ရွိသည့္ အျခားကုန္ၾကမ္း ပစၥည္းမ်ားကုိလည္းကုန္ေခ်ာအျဖစ္ ထြက္ရွိေအာင္ ေဆာင္ရြက္၍ ျပည္ပႏုိင္ငံမ်ားသုိ႔တင္ပုိ႔ ေရာင္းခ်ႏုိင္ရန္ႀကိဳးစားရမည္ျဖစ္ေၾကာင္း၊ ကုန္ေခ်ာအဆင့္ကုိ ေဆာင္ရြက္ႏုိင္မွ အလုပ္အကုိင္အခြင့္အလမ္းမ်ားရရွိၿပီး ၀င္ေငြရရွိျခင္း၊ ၀ယ္လုိအားျမင့္မားျခင္းတုိ႔ကုိ ခံစားရမည္ျဖစ္ေၾကာင္း၊ စုိက္ပ်ိဳးေရး၊ ၀န္ေဆာင္မႈႏွင့္စက္မႈလုပ္ငန္းမ်ားကုိ သက္ဆုိင္ရာက႑အလိုက္ အခ်ိဳးညီစြာျဖင့္ေပါင္းစပ္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ကုန္ေခ်ာမ်ား ထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ ေခတ္မီစက္ပစၥည္းကိရိယာမ်ားကုိ အသုံးျပဳႏုိင္ရန္အတြက္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားလုိအပ္သျဖင့္ ႏုိင္ငံ၏ ပညာရည္ျမင့္မားေရးကိုေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္ ႏုိင္ငံ၏ ေငြေၾကး တန္ဖုိးကုိလည္းခုိင္မာတည္ၿငိမ္ေအာင္ ေဆာင္ရြက္ရမည္ကုိ ေလ့လာသိရွိၾကရန္လုိေၾကာင္း ေျပာၾကားသည္။

အုပ္ခ်ဳပ္ေရးႏွင့္ပတ္သက္၍ ဒီမုိကေရစီလမ္းေၾကာင္းေပၚ၌ေလွ်ာက္လွမ္းခ်ိန္၌ ဥပေဒႏွင့္အညီ ေဆာင္ရြက္ရန္လုိၿပီး ညီၫြတ္မွ်တသည့္အုပ္ခ်ဳပ္ေရးစနစ္ရွိရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား အေနျဖင့္ စစ္စည္းကမ္းမ်ားကုိတိက်စြာလုိက္နာရန္လုိအပ္ေၾကာင္း၊ ထုတ္ျပန္ထားသည့္ စည္းကမ္း၊ ဥပေဒ၊ အမိန္႔မ်ားကုိ က်ား/မ၊ အသက္အရြယ္ မခြဲျခားဘဲ မွန္မွန္ကန္ကန္လုိက္နာက်င့္သုံး လုပ္ေဆာင္ရန္လုိအပ္ေၾကာင္း၊ ကာကြယ္ေရးႏွင့္ပတ္သက္ၿပီး ႏုိင္ငံေတာ္ကာကြယ္ေရးသည္ တပ္မေတာ္တစ္ရပ္တည္းေဆာင္ရြက္၍ မရဘဲ ျပည္သူမ်ားပါ၀င္ပူးေပါင္းေဆာင္ရြက္မွေအာင္ျမင္မႈ ရရွိမည္ျဖစ္ေၾကာင္း၊ အျခားႏုိင္ငံမ်ား၏ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ျပည္သူမ်ားမွ ပူးေပါင္း ပါ၀င္ေဆာင္ရြက္မႈမ်ားရွိေၾကာင္း၊ ကာကြယ္ေရးအျမင္ႏွင့္ပတ္သက္ၿပီး ေဒသတြင္းႏွင့္ ႏုိင္ငံတကာရွိတပ္မေတာ္မ်ား၏ ကာကြယ္ေရးမူ၀ါဒမ်ား၊ ကာကြယ္ေရးဥပေဒ၊ စစ္မႈထမ္းဥပေဒ၊ သံတမန္ေရး၊ ႏုိင္ငံျခားဆက္ဆံေရး၊ ႏုိင္ငံအေပၚသက္ေရာက္မႈမ်ား၊ သမုိင္းေၾကာင္း၊ ေနာက္ခံအေၾကာင္းအရာမ်ားစသည္ျဖင့္ က်ယ္က်ယ္ျပန္႔ျပန္႔ နက္နက္နဲနဲ ႏႈိင္းယွဥ္စဥ္းစား ဆင္ျခင္သုံးသပ္ႏုိင္ရမည္ျဖစ္ၿပီး ယခုသင္တန္းတက္ေရာက္ရာမွရရွိေသာ သင္ခန္းစာ၊ အေတြ႕အႀကဳံမ်ားကုိအသုံးခ်၍ မိမိုကုိယ္ကုိတန္ဖုိးရွိေအာင္၊ တပ္မေတာ္ႏွင့္တုိင္းျပည္အတြက္ အားထားရသူမ်ားျဖစ္ေအာင္ ႀကိဳစားၾကရန္လုိေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

(Unicode Version)

နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်(၄)မြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် နှိုင်းယှဉ်စဉ်းစားလေ့လာသုံးသပ်ကြရန်လို

နေပြည်တော်၊ အောက်တိုဘာ – ၈

နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်(၄)မြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှိုင်းယှဉ် စဉ်းစားလေ့လာသုံးသပ်ကြရန် လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရှိ သင်တန်းသား အရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရှိ သင်တန်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူး၊ တပ်မမှူးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှသင်တန်းသား အရာရှိကြီးများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် ယခုပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်လျှောက်လှမ်း နေချိန်၌ မိမိတို့တပ်မတော်သားများအနေဖြင့် ဥပဒေအားနားလည် သိရှိပြီးလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အတူဗဟုသုတအသိပညာများ တိုးပွားစေရန်နှင့်ကျယ်ကျယ် ပြန့်ပြန့်စဉ်းစား နိုင်စေရန်အတွက်လည်း စာဖတ်ရန်လိုကြောင်း၊ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ ကာကွယ်ရေးအမြင်၊ အုပ်ချုပ်ရေးအမြင်စသည့် အမြင်(၄)မြင်အား နိုင်ငံတကာအခြေအနေများနှင့် ပေါင်းစပ်လေ့လာသွားရန်လိုအပ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တပ်မတော်တစ်ရပ်နှင့်တစ်ရပ် အုပ်ချုပ်မှုပုံစံများနှင့် စံသတ်မှတ်ချက်များတူညီမှု မရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများ၊ တပ်မတော်အခြေအနေများနှင့် နေထိုင်သည့် လူမျိုးများ အပေါ်တွင် မူတည်ပြီးသတ်မှတ်ထားကြကြောင်း၊  မည်သည့်နိုင်ငံတွင်မဆို နိုင်ငံတကာသတ်မှတ်ချက် များနှင့် ဆောင်ရွက်၍မရသည့် အကြောင်းအရာများရှိကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် အမြင်ကျယ်စေရန်အတွက် စစ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ များအား စဉ်ဆက်မပြတ်လေ့လာနေရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် အရာရှိများအား အရာရှိငယ်ဘဝမှစပြီး အရာရှိကြီးဖြစ်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့်အခြေခံမှစ၍ အဆင့်မြင့်သင်တန်းများအထိ တာဝန် ထမ်းဆောင်သည့်အဆင့်နှင့်လျော်ညီသည့် သက်ဆိုင်ရာ သင်တန်းများအလိုက် သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ တပ်ရင်းမှူး အဆင့်မှစ၍ သက်ဆိုင်ရာကွပ်ကဲမှုအလိုက် အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဘဏ္ဍာရေးအာဏာများအားပေးအပ်ထားပြီး ကဏ္ဍအလိုက် အဆင့်ဆင့်သော စီမံခန့်ခွဲမှု အတွေ့အကြုံများရရှိအောင်ဆောင်ရွက်ပေးထားကြောင်းပြောကြားသည်။

နိုင်ငံရေးအမြင်နှင့်ပတ်သက်၍ ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်းနိုင်ငံရေးစနစ် ပြောင်းလဲမှုများ အများဆုံး ဖြစ်ပေါ်လာကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးလျက်ရှိသည့် နိုင်ငံများရှိသကဲ့သို့ ကွန်မြူနစ် အယူအဆများဖြင့် အုပ်ချုပ်လျက်ရှိသည့်နိုင်ငံများလည်း ရှိကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ရဲဘော်သုံးကျိပ်သည် လူငယ်များဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါလူငယ်များတွင် နိုင်ငံရေးအရဝါဒ ကွဲပြားသည့်လူများပါဝင်ခဲ့ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် မည်သည့်နိုင်ငံရေးအယူအဆမှမပါဘဲ နိုင်ငံ့အရေး၊ အမျိုးသားနိုင်ငံရေးကိုသာဆောင်ရွက် နေကြောင်း၊  တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ထာဝရတည်ငြိမ်အေးချမ်း အောင် ဆောင်ရွက်လျက်ရှိပြီး ခိုင်မာမှုရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမွာ လွတ်လပ်၍တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးလျက်ရှိပြီး နိုင်ငံအားလုံးနှင့် မိတ်ဝတ် မပျက်ဆက်ဆံရေးရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိသည့် အချိန်မှစ၍ နိုင်ငံရေးစနစ် ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေးအရတည်ငြိမ်မှု မရှိခဲ့ကြောင်း၊ ထို့ကြောင့်ယခုအချိန်တွင် နိုင်ငံရေးအရတည်ငြိမ်မှုရှိစေရန်အတွက် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာလျှောက်လှမ်း နိုင်ရန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီးတိုင်းရင်းသားအရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ကျော်ရှိကြောင်း၊ တိုင်းရင်းသားအားလုံးအနေဖြင့် မြန်မာစိတ်မွေးပြီး စည်းစည်းလုံးလုံး ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် နိုင်ငံရေး အရသဘောထားကွဲလွဲမှုများရှိပါက မိမိတို့နိုင်ငံအနေဖြင့်နိုင်ငံရေးအရတည်ငြိမ်မှုရရှိမည် မဟုတ်ကြောင်း၊ အခြေခံဥပဒေတွင် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားများအားလုံး တန်းတူအခွင့်အရေးပေးထားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက်လည်း ဆောင်ရွက်ပေးနေကြောင်း၊ ဝေးလံခေါင်းပါးသည့်ဒေသများရှိ တိုင်းရင်းသားပြည်သူများအတွက် ပိုမိုအလေးထား ဆောင်ရွက်ပေးနေကြောင်း၊ ထို့အတူမိမိတို့နိုင်ငံအတွင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားများအား တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝပေးထားသကဲ့သို့ နိုင်ငံသား ဖြစ်ခွင့်ရှိသူများကိုလည်း ဥပဒေနှင့်အညီအခွင့်အရေးများပေးထားကြောင်း၊ နိုင်ငံရေးသည် ကျယ်ပြန့်မှု များစွာရှိပြီး တိုင်းရင်းသားအရေး၊ နိုင်ငံ့အရေးနှင့် နိုင်ငံသားများ နှင့်ပတ်သက်သည့် အရေးကိစ္စရပ် များအားမိမိတို့အနေဖြင့်သိရှိနားလည်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် နိုင်ငံရေးအမြင်တွင်နိုင်ငံတကာအရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ဘာသာမတူသည့်နိုင်ငံများရှိသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံကူညီ ဆောင်ရွက်ပေး မှုများရှိသည်မှာ ထူးခြားချက်ပင်ဖြစ်ကြောင်း၊  ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်များကြောင့် နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ပေါက်ခဲ့ကြောင်း၊ ကုလသမဂ္ဂကို ကိုလိုနီပြုနိုင်ငံများ၊ နိုင်ငံငယ်များက ပိုမိုအားကိုးခဲ့ကြကြောင်း၊ ပိုမို၍ထိရောက်စွာဆောင်ရွက်နိုင်ရန် EU, AU, တောင်အာရှ၊ အရှေ့အာရှ၊ အာဆီယံစသည့် ကမ္ဘာ့အဖွဲ့အစည်းများပေါ်ပေါက်လာကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံရေးအပြောင်းအလဲများကိုလေ့လာ၍ မိမိတို့နိုင်ငံ၏နိုင်ငံရေးနှင့်ချိန်ထိုး လေ့လာ ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံဖြစ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဆိုသည်မှာ အုပ်ချုပ်ခွင့်တရားဝင်ဖြစ်ခြင်း (Legitimacy of Rule) ဟုအဓိပ္ပါယ်ဖွင့်ဆိုပြီး အခြားနိုင်ငံတစ်ခု၏ သြဇာလွှမ်းမိုးမှုနှင့် ဝင်ရောက်စွက်ဖက်မှုကို လက်ခံရမည်ဆိုပါက အဆိုပါနိုင်ငံသည် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံမဟုတ်ပါကြောင်းရှင်းလင်းပြောကြားသည်။

ယင်းနောက် စီးပွားရေးအမြင်နှင့်ပတ်သက်၍ စီးပွားရေးသည် နိုင်ငံတစ်ခု၏ အဓိက မောင်းနှင်အား ပင်ဖြစ်ကြောင်း၊ နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စီးပွားရေး အားကောင်းပါက အခြား နိုင်ငံများက လေးစားကြကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ကောင်းမွန် မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးဆိုင်ရာ စာရင်းဇယား၊ အချက်အလက်များ တိကျ မှန်ကန်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းသာ မြို့ပေါ်တွင်နေထိုင်၍ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ နှင့် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိကြောင်း၊ ကျေးလက် ဒေသတွင်နေထိုင်ကြသူများသည် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်ကြသူများဖြစ်သဖြင့် လက်ရှိအခြေအနေတွင်စိုက်ပျိုးရေးကိုအခြေခံ၍ ခေတ်မီနည်းပညာများဖြင့် ကုန်ချောများ ထွက်ရှိအောင်ဆောင်ရွက်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊  ထို့အတူ မြန်မာနိုင်ငံမှထွက်ရှိသည့် အခြားကုန်ကြမ်း ပစ္စည်းများကိုလည်းကုန်ချောအဖြစ် ထွက်ရှိအောင် ဆောင်ရွက်၍ ပြည်ပနိုင်ငံများသို့တင်ပို့ ရောင်းချနိုင်ရန်ကြိုးစားရမည်ဖြစ်ကြောင်း၊ ကုန်ချောအဆင့်ကို ဆောင်ရွက်နိုင်မှ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေရရှိခြင်း၊ ဝယ်လိုအားမြင့်မားခြင်းတို့ကို ခံစားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ ဝန်ဆောင်မှုနှင့်စက်မှုလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အချိုးညီစွာဖြင့်ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ကုန်ချောများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ခေတ်မီစက်ပစ္စည်းကိရိယာများကို အသုံးပြုနိုင်ရန်အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်သဖြင့် နိုင်ငံ၏ ပညာရည်မြင့်မားရေးကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ၏ ငွေကြေး တန်ဖိုးကိုလည်းခိုင်မာတည်ငြိမ်အောင် ဆောင်ရွက်ရမည်ကို လေ့လာသိရှိကြရန်လိုကြောင်း ပြောကြားသည်။

အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ဒီမိုကရေစီလမ်းကြောင်းပေါ်၌လျှောက်လှမ်းချိန်၌ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုပြီး ညီညွတ်မျှတသည့်အုပ်ချုပ်ရေးစနစ်ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် စစ်စည်းကမ်းများကိုတိကျစွာလိုက်နာရန်လိုအပ်ကြောင်း၊ ထုတ်ပြန်ထားသည့် စည်းကမ်း၊ ဥပဒေ၊ အမိန့်များကို ကျား/မ၊ အသက်အရွယ် မခွဲခြားဘဲ မှန်မှန်ကန်ကန်လိုက်နာကျင့်သုံး လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ကာကွယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်ကာကွယ်ရေးသည် တပ်မတော်တစ်ရပ်တည်းဆောင်ရွက်၍ မရဘဲ ပြည်သူများပါဝင်ပူးပေါင်းဆောင်ရွက်မှအောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများရှိကြောင်း၊ ကာကွယ်ရေးအမြင်နှင့်ပတ်သက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာရှိတပ်မတော်များ၏ ကာကွယ်ရေးမူဝါဒများ၊ ကာကွယ်ရေးဥပဒေ၊ စစ်မှုထမ်းဥပဒေ၊ သံတမန်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ နိုင်ငံအပေါ်သက်ရောက်မှုများ၊ သမိုင်းကြောင်း၊ နောက်ခံအကြောင်းအရာများစသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ နှိုင်းယှဉ်စဉ်းစား ဆင်ခြင်သုံးသပ်နိုင်ရမည်ဖြစ်ပြီး ယခုသင်တန်းတက်ရောက်ရာမှရရှိသော သင်ခန်းစာ၊ အတွေ့အကြုံများကိုအသုံးချ၍ မိမိုကိုယ်ကိုတန်ဖိုးရှိအောင်၊ တပ်မတော်နှင့်တိုင်းပြည်အတွက် အားထားရသူများဖြစ်အောင် ကြိုစားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။