တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာ 

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၀ 

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lieutenant General Chansamone CHANYALATH ၏ ဖိတ္ၾကား ခ်က္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ေနျပည္ေတာ္ေလဆိပ္မွ လာအုိ ျပည္သူ႕ဒီမုိကရက္ တစ္သမၼတႏုိင္ငံ သုိ႔ထြက္ခြာၾကသည္။ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံ ဆုိင္ရာလာအုိႏုိင္ငံသံအမတ္ႀကီး H.E. Mr. Lyying SAYAXANG ႏွင့္ဇနီး၊ လက္ေထာက္ စစ္သံမွဴး Lieutenant Colonel Latsamy KEOMIXAY ႏွင့္တာ၀န္ရွိ သူမ်ား ကေလဆိပ္ တြင္ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ အဖြဲ႕၀င္မ်ားအျဖစ္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ခင္လႈိင္ႏွင့္တာ၀န္ရွိသူမ်ား အဖြဲ႕၀င္အျဖစ္ လုိက္ပါ သြားၾကသည္။ 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္ အဖြဲ႕သည္ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံ၊ Wattay အျပည္ျပည္ဆုိင္ရာေလဆိပ္သုိ႔ေရာက္ရွိရာ လာအုိျပည္သူ႕တပ္မေတာ္မွ Brigadier General Kenchanh Nanthalangsy ႏွင့္ဇနီး၊ လာအုိႏုိင္ငံဆုိင္ရာ ျမန္္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္ႏွင့္ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းႏွင့္ဇနီး၊ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ 

ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ လာအုိျပည္သူ႕ဒီမုိကရက္တစ္ သမၼတ ႏုိင္ငံရွိနယ္ဘက္၊ စစ္ဘက္အႀကီးအကဲမ်ားႏွင့္ေတြ႕ဆုံ ေဆြးေႏြးျခင္းမ်ားေဆာင္ရြက္ၿပီး လာအုိႏုိင္ငံရွိ အထင္ကရ ေနရာမ်ားအား လွည့္လည္ ၾကည့္႐ႈေလ့လာသြားမည္ျဖစ္သည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ 

နေပြည်တော်၊ အောက်တိုဘာ – ၁၀ 

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH ၏ ဖိတ်ကြား ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်နေပြည်တော်လေဆိပ်မှ လာအို ပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ သို့ထွက်ခွာကြသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာလာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG နှင့်ဇနီး၊ လက်ထောက် စစ်သံမှူး Lieutenant Colonel Latsamy KEOMIXAY နှင့်တာဝန်ရှိ သူများ ကလေဆိပ် တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်တာဝန်ရှိသူများ အဖွဲ့ဝင်အဖြစ် လိုက်ပါ သွားကြသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ လာအိုပြည်သူ့တပ်မတော်မှ Brigadier General Kenchanh Nanthalangsy နှင့်ဇနီး၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်နှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။ 

ချစ်ကြည်ရေးခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံရှိနယ်ဘက်၊ စစ်ဘက်အကြီးအကဲများနှင့်တွေ့ဆုံ ဆွေးနွေးခြင်းများဆောင်ရွက်ပြီး လာအိုနိုင်ငံရှိ အထင်ကရ နေရာများအား လှည့်လည် ကြည့်ရှုလေ့လာသွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။